HomeCelebs Update NewsInternationalWill Smith ရဲ့လုပ်ရပ်ကြောင့် ခံစားနေရဆဲဖြစ်ပြီး ခွင့်လွှတ်ဖို့မဖြစ်နိုင်သေးဘူးဆိုတဲ့ Chris Rock

Will Smith ရဲ့လုပ်ရပ်ကြောင့် ခံစားနေရဆဲဖြစ်ပြီး ခွင့်လွှတ်ဖို့မဖြစ်နိုင်သေးဘူးဆိုတဲ့ Chris Rock

Chris Rock ဟာ မင်းသား Will Smith ဆီက ရရှိလိုက်တဲ့ တိုက်ခိုက်မှုကြောင့် သူ့ရဲ့ဘဝနဲ့ ကျန်ရှိနေတဲ့ သူ့ရဲ့ career တလျှောက်လုံးကို သတ်မှတ်ခံလိုက်ရတာမျိုး မဖြစ်ချင်တာကြောင့် Will Smith ဘက်က တောင်းပန်မှုကို တော်တော်နဲ့ လက်ခံနိုင်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Chris Rock ဟာ အော်စကာပွဲညက စင်ပေါ်မှာ ပါးတက်ရိုက်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး အခုအချိန်ထိ စိတ်အနာမကျက်နိုင်သေးဘဲ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် Will Smith ဘက်က တောင်းပန်မှုကိုလည်း သူ့အနေနဲ့ လက်ခံပေးဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ Chris Rock နဲ့ နီးစပ်တဲ့ အတွင်းလူတစ်ယောက်က Hollywood Life သတင်းဌာနကို ပြောပြထားတာ ဖြစ်ပါတယ်။

Photo: chrisrock/ Instagram

“Will နဲ့ မိတ်ဆွေတွေလည်း ဖြစ်နေတော့ သူ့အနေနဲ့ Will ကို ခွင့်လွှတ်လို့ ရဦးမှာ မဟုတ်သေးပါဘူး။ ဒီကိစ္စက တော်တော်လေး အထိတ်တလန့် ဖြစ်စရာကောင်းတဲ့ ကိစ္စမျိုးဆိုတော့ လွယ်လွယ်နဲ့ ပြည်ဖုံးကားချလို့ ဘယ်ရပါ့မလဲ …” လို့ အဆိုပါ အတွင်းလူက ပြောပါတယ်။

“Chris Rock ဟာ Will Smith ရဲ့ ပါးရိုက်မှုကြောင့် သူ့ကိုရော၊ သူ့ရဲ့ career တစ်ခုလုံးကိုပါ အသတ်မှတ်ခံလိုက်ရမှာ မလိုလားပါဘူး။ အခု ဒီဟာကြီးက သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတာကတော့ တော်တော်ဆိုးရွားတဲ့ကိစ္စပါပဲ … ” လို့ ဆိုပါတယ်။

photo via screenrant

Chris Rock ဟာ အော်စကာပွဲမှာ host လုပ်ရင်း နာမည်ကျော်ဆယ်လီတွေကို roast လုပ်ရာက Will Smith ရဲ့ဇနီး Jada Pinkett Smith ကို GI Jane 2 ကြည့်ဖို့ မစောင့်နိုင်တော့ဘူးလို့ နောက်ပြောင်လိုက်တာ ဖြစ်ပါတယ်။ ဒီဟာသကြောင့် Chris Rock ဟာ Will Smith ရဲ့ ဒေါသတကြီး တုံ့ပြန်မှုကို ရရှိခဲ့ပါတယ်။

တကယ်တော့ Jada ဟာ alopecia လို့ခေါ်တဲ့ auto-immune disease တစ်ခုကို ခံစားနေရပြီး ဆံပင်တွေ ကျွတ်နေတာကြောင့် အခုလို ကတုံးတုံးထားရတာ ဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့ Chris Rock ဟာ သူမရဲ့ ဒီရောဂါအခြေအနေကို မသိခဲ့ဘူးလို့လည်း ဆိုထားပါတယ်။

Photo via Instagram

အော်စကာပွဲမှာ ဒီဟိုးလေးတကျော်ကိစ္စ ဖြစ်ပြီးတည်းက Chris Rock ရဲ့ comedy show လက်မှတ်တွေကတော့ ကြောက်ခမန်းလိလိ ရောင်းအားတက်လာတယ်လို့ ဆိုပါတယ်။ Chris Rock ရဲ့ ပရိသတ်တွေအနေနဲ့ Will Smith ဆီက ပါးရိုက်ခံလိုက်ရတဲ့ ကိစ္စကို Chris အနေနဲ့ သူ့ရဲ့ရှိုးမှာ ဘယ်လို ပြန်ပြောမယ်ဆိုတာ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ သို့သော်လည်း Chris ကတော့ ဒီအကြောင်းပြောဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။

“ဒီအကြောင်းနဲ့ ပတ်သက်ပြီး တချိန်ချိန်မှာတော့ ထုတ်ပြောရမှာ မှန်ပေမယ့် ဘယ်အချိန်မှာ ပြောဖြစ်သွားမယ်ဆိုတာ သူလည်း မသိသေးပါဘူး။ အခုလောလောဆယ်မှာတော့ Chris ဟာ သူ့ရဲ့ နယ်လှည့်ဖျော်ဖြေရေးကိုပဲ အာရုံစိုက်နေပြီး ဒီကိစ္စတွေအားလုံး အနယ်ထိုင်သွားမယ့်အချိန်ကို စောင့်ဆိုင်းနေပါတယ်။ သူ့အတွက်တော့ ဒီကိစ္စက လတ်လတ်ဆတ်ဆတ် ဖြစ်နေတုန်းပါပဲ။ ပြီးတော့ သူ့စိတ်မှာလည်း ခံစားနေရတုန်းပါပဲ။ တကယ် စိတ်ရှုပ်ထွေးစရာလည်း ကောင်းတာမို့လို့ သူ့အနေနဲ့ ဒါကြီးတစ်ခုလုံးကို နားလည်ပြီး လက်ခံပေးဖို့ နည်းလမ်းရှာနေရတုန်းပါပဲ … ”

Photo: chrisrock/ Instagram

“အခုအချိန်မှာ အရေးကြီးဆုံးကတော့ Chris အနေနဲ့ အပြုသဘောဆန်ဆန် ရှေ့ဆက်သွားချင်တာပါ။ သူ့အနေနဲ့ ဒီကိစ္စကြီးကို လိုအပ်တာထက် ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းအောင် ခဏခဏ ပြောမနေချင်တော့ပါဘူး … ” လို့ Chris Rock နဲ့ နီးစပ်တဲ့ အတွင်းသတင်းက ပြောပြထားပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular