HomeCelebs Update NewsInternationalစိတ်ဝိဉာဉ်သန့်စင်ဖို့ အိန္ဒိယကိုသွားရောက်ခဲ့တဲ့ Will Smith

စိတ်ဝိဉာဉ်သန့်စင်ဖို့ အိန္ဒိယကိုသွားရောက်ခဲ့တဲ့ Will Smith

မင်းသားကြီး Will Smith ကတော့ အော်စကာဆုပေးပွဲက ဖြစ်ရပ်တွေအပြီး တစ်လခန့်အကြာမှာ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ မင်းသားကြီးအနေနဲ့ အော်စကာပွဲက ဖြစ်ရပ်အပြီးမှာ ပထမဆုံး လူမြင်ကွင်းကို ထွက်လာတာလည်း ဖြစ်ပါတယ်။

အသက်(၅၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသားကြီးကိုတော့ ပြီးခဲ့တဲ့ စနေနေ့မှာပဲ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့က private လေယာဉ်ကွင်းတစ်ခုမှာ တွေ့မြင်လိုက်ရတာ ဖြစ်ပါတယ်။ Will ကတော့ လေယာဉ်ကွင်းမှာ သူ့ကို စောင့်ဆိုင်းနေတဲ့ ပါပါရာဇီ သတင်းထောက်တစ်ယောက်နဲ့ တွေ့ဆုံခဲ့သေးပြီး သူ့ရဲ့ ပရိသတ်တစ်ယောက်နဲ့လည်း တွေ့ဆုံကာ ဓာတ်ပုံတောင် အတူတွဲရိုက်ခဲ့ပါသေးတယ်။

Photo: willsmith_lover4ever/ Instagram

မင်းသားကြီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက People မဂ္ဂဇင်းကို ပြောကြားချက်အရ Will ဟာ အိန္ဒိယနိုင်ငံကို စိတ်ဝိဉာဉ် သန့်စင်ဖို့အတွက် သွားရောက်ခဲ့တာလို့ သိရပါတယ်။ အဲဒါကတော့ မင်းသားကြီးဟာ အိန္ဒိယနိုင်ငံမှာ ယောဂလေ့ကျင့်ခန်းနဲ့ တရားထိုင်တာတွေကို ပြုလုပ်ခဲ့ပြီး သူ့စိတ်ထဲက အညစ်အကြေးတွေကို သန့်စင်ကာ စိတ်အေးချမ်းအောင် ကြိုးစားခဲ့တာလို့ ဆိုပါတယ်။

တကယ်တော့ မင်းသားကြီး ကျူးလွန်လိုက်မိတဲ့ အော်စကာဆုပေးပွဲက ဖြစ်ရပ်ကြောင့် တစ်ကမ္ဘာလုံး အုံးအုံးကျွတ်ကျွတ် ဖြစ်ခဲ့ကြပြီး လူတွေမှာလည်း အမြင်ကိုယ်စီနဲ့ ကွဲပြားကုန်ကြပါတယ်။ လူတွေရဲ့ တစ်ယောက်တစ်မျိုး ထင်မြင်ချက်တွေဟာ သူတို့ရဲ့ အတွေးထဲမှာတင် ရပ်တန့်နေတာ မဟုတ်ဘဲ ဆိုရှယ်မီဒီယာပေါ်က ကောမန့်တွေမှာ ပြည့်လျှံနေတာ ဖြစ်တဲ့အတွက် ဒါတွေအားလုံးရဲ့ ရိုက်ခတ်မှုကို ဘယ်သူမဆို အနည်းနဲ့အများတော့ ခံစားကြရမှာ အမှန်ပါပဲ။

Photo: willsmith_lover4ever/ Instagram

Will ဟာ သူ့ရဲ့လုပ်ရပ်အတွက် Chris Rock အပါအဝင် အော်စကာဆုပေးပွဲက ဘုတ်အဖွဲ့ဝင်တွေကို တောင်းပန်စကားဆိုခဲ့ပြီး အဲဒီနေ့က အဖြစ်အပျက်ကို ကြည့်ရှုခဲ့ရတဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေအားလုံးကိုပါ တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အော်စကာ အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီး သူ့ကိုယ်သူ ပြောင်းလဲမယ့်အကြောင်း ကတိပေးခဲ့ပြီး ပြောင်းလဲမှုအတွက် အချိန်လိုအပ်တဲ့ အကြောင်းကိုလည်း ကြေညာချက်မှာ တပါတည်း ပြောထားပါတယ်။

Will ဟာ အော်စကာဆုပေးပွဲ စင်မြင့်ထက်မှာ တင်ဆက်သူ Chris Rock ကို စင်ပေါ်တက် ပါးရိုက်ခဲ့ပြီး စင်အောက်ကနေ မကြားဝံ့ မနာသာတွေ အော်ဟစ် ဆဲရေးခဲ့တဲ့အတွက် နောက်ဆက်တွဲအနေနဲ့ အော်စကာဆုပေးပွဲနဲ့ ပတ်သက်သမျှ ပွဲအားလုံးကို တက်ရောက်ခွင့် (၁၀)နှစ် ပိတ်ပင်ခံလိုက်ရပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular