HomeEntertainmentFilmသရုပ်ဆောင်ဘယ်သူမှန်း ပရိသတ်အများစု မသိကြသေးတဲ့ Iconic ဇာတ်ကောင်များ

သရုပ်ဆောင်ဘယ်သူမှန်း ပရိသတ်အများစု မသိကြသေးတဲ့ Iconic ဇာတ်ကောင်များ

ရုပ်ရှင်လောကမှာတော့ လူတိုင်းသိကြတဲ့ Iconic ဇာတ်ကောင်များစွာ ရှိပါတယ်။ သို့သော်လည်း အချို့သော ဇာတ်ကောင်တွေကိုတော့ ပရိသတ်အများစု ကြားတောင် မကြားဖူးကြတဲ့ သရုပ်ဆောင်တွေက သရုပ်ဆောင်ထားကြပါတယ်။ Iconic ဇာတ်ကောင်အချို့ဟာ မျက်နှာဖုံးတွေ ဝတ်ထားတာ၊ ဒါမှမဟုတ် မျက်နှာမပြတာမျိူး ရှိကြတာကြောင့် ပရိသတ်တွေကလည်း သရုပ်ဆောင် ဘယ်သူမှန်းမသိကြပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ပရိသတ်အများစု သရုပ်ဆောင် ဘယ်သူမှန်း မသိကြသေးတဲ့ Iconic ဇာတ်ကောင်အချို့ကို ဖော်ပြပေးချင်ပါတယ်။

Leatherface (Gunnar Hansen)

photo credit New Line Cinema

Low-Budget နဲ့ ရိုက်ကူးခဲ့ပေမယ့် Classic Horror Slasher ရုပ်ရှင် ဖြစ်လာတဲ့ The Texas Chain Saw Massacre ထဲမှာတော့ သရုပ်ဆောင် Gunnar Hansen က Leatherface အဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး သရုပ်ဆောင် Gunnar ရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် Leatherface ဟာ Horror Icon တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်ကောင်ဟာ Horror ပရိသတ်တွေကြားထဲ အလွန်ရေပန်းစားပေမယ့် Leatherface ရဲ့ သရုပ်ဆောင်ကိုတော့ အများစုက မသိကြပါဘူး။ Gunnar ကတော့ ၂၀၁၅ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

C-3PO (Anthony Daniels)

photo credit 20th Century Studios

C-3PO ကတော့ Skywalker Saga ထဲက Star Wars ရုပ်ရှင်(၉)ကားလုံးမှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ကတော့ Star Wars မကြည့်ဖူးတဲ့ ပရိသတ်တွေကတောင် ရင်းနှီးနေကြတဲ့အထိ အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။

ဒါပေမယ့် မျက်နှာဖုံးနောက်ကွယ်မှာ သရုပ်ဆောင်ခဲ့တဲ့ Anthony Daniels ကိုတော့ ပရိသတ်အများစုက မသိကြပါဘူး။ Star Wars ရုပ်ရှင်(၉)ကားလုံးမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်အများစုဟာ အသီးသီးအောင်မြင်မှုတွေ ရရှိခဲ့ကြပေမယ့်လည်း Anthony Daniels ကတော့ သူနဲ့ထိုက်တန်တဲ့ အောင်မြင်မှုမျိုး မရရှိခဲ့ပါဘူး။

Ghostface (Roger L. Jackson)

photo credit Paramount Pictures

Scream Franchise ထဲမှာတော့ Ghostface ဇာတ်ကောင်အနေနဲ့ သရုပ်ဆောင်များစွာက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Ghostface ရဲ့ Iconic အသံကိုတော့ သရုပ်ဆောင်တစ်ယောက်တည်းက သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကတော့ Roger L. Jackson ပဲ ဖြစ်ပါတယ်။ ဥပမာ – “What’s Your Favorite Scary Movie?” ဆိုတဲ့ Iconic ဒိုင်ယာလော့ခ်တွေကို Roger ကပဲ အသံသရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Michael Mayers (Nick Castle)

photo credit Sony Pictures

ဒါရိုက်တာ John Carpenter ရဲ့ Classic ရုပ်ရှင် Halloween ဟာလည်း Horror ပရိသတ်တွေကြားမှာ Icon တစ်ခုဖြစ်လာမယ့် Michael Mayers ဇာတ်ကောင်ကို မွေးထုတ်ပေးခဲ့ပါတယ်။ Michael Mayers နေရာမှာတော့ Tony Moran ၊ Dick Warlock ၊ George P. Wilbur ၊ Don Sharks ၊ Brad Loree နဲ့ Tyler Mane တို့လို စတန့်သမားများစွာက ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း မူလသရုပ်ဆောင်ကတော့ Nick Castle ဖြစ်ပြီး အသစ်ထွက်ထားတဲ့ Halloween Kills နဲ့ Halloween Ends ရုပ်ရှင်တွေမှာလည်း Nick ဟာ Cameo ပါဝင်ထားပါသေးတယ်။

HAL 9000 (Douglas Rain)

photo credit Stanley Kubrick Production

2001: A Space Odyssey ရုပ်ရှင်ကတော့ Classic Sci-Fi ရုပ်ရှင်တစ်ကား ဖြစ်ပြီး ဒီရုပ်ရှင်ထဲက HAL 9000 ကလည်း Sci-Fi ဇာတ်လမ်းတွေထဲက အထင်ကရဗီလိန်တစ်ယောက်ပဲ ဖြစ်ပါတယ်။ AI တစ်ခုဖြစ်တဲ့ HAL 9000 နေရာမှာတော့ Douglas Rain က အသံသရုပ်ဆောင်ထားပါတယ်။ Douglas ကတော့ ၂၀၁၈ ခုနှစ်တုန်းက ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

Amphibian (Doug Jones)

photo credit Searchlight Pictures

သရုပ်ဆောင် Doug Jones ကတော့ ဟောလိဝုဒ်ရဲ့ အကောင်းဆုံး Creature နေရာက ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ Hellboy ထဲမှာ Abe Sapian အနေနဲ့ ပါဝင်ခဲ့သလို Hocus Pocus ထဲမှာလည်း Billy Butcher အနေနဲ့ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ Iconic အဖြစ်ဆုံးဇာတ်ကောင်ကတော့ ဒါရိုက်တာ Guillermo del Toro ရဲ့ The Shape of Water ထဲက Amphibian ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ Doug Jones ဟာ ဒီဇာတ်ကောင်အနေနဲ့ သရုပ်ဆောင်တဲ့အချိန်မှာ စကားတစ်ခွန်းမှ မပြောခဲ့ပေမယ့်လည်း လူသားတစ်ယောက်နဲ့ Creature တစ်ယောက်ရဲ့ကြားက အချစ်ဇာတ်လမ်းလေးကို ပြောင်မြောက်စွာ ပုံဖော်နိုင်ခဲ့ပါတယ်။

Predator (Kevin Peter Hall)

photo credit 20th Century Studios

မူလ Predator ရုပ်ရှင်ထဲမှာ မင်းသားကြီး Arnold Schwarzenegger နဲ့အတူ သူတင်ကိုယ်တင် တိုက်ခိုက်ခဲ့တဲ့ Predator ဇာတ်ကောင်ကိုတော့ Kevin Peter Hall က သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Predator ဟာလည်း Sci-Fi ဇာတ်လမ်းအမျိုးအစားတွေရဲ့ Iconic ဗီလိန်တစ်ယောက် ဖြစ်ပြီး မကြာသေးခင်ကလည်း Reboot ပြန်လည်ထွက်ရှိထားပါတယ်။ Kevin Peter Hall ကတော့ ကိုယ်ခံပညာရှင်နဲ့ အကသမားတစ်ယောက် ဖြစ်ပြီး အသက်(၃၆)နှစ်အရွယ်နဲ့သာ မကွယ်လွန်ခဲ့ဘူးဆိုရင် အခြားသော Iconic ဇာတ်ကောင်တွေနဲ့လည်း မြင်တွေ့ရဦးမှာပါ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular