HomeEntertainmentFilmBET Awards ဆုပေးပွဲမှာ King Richard ရုပ်ရှင်နဲ့ Best Actor ဆုရသွားပြန်တဲ့ Will Smith

BET Awards ဆုပေးပွဲမှာ King Richard ရုပ်ရှင်နဲ့ Best Actor ဆုရသွားပြန်တဲ့ Will Smith

မင်းသား Will Smith ကတော့ အော်စကာဆုပေးပွဲက အဖြစ်အပျက်အပြီး သုံးလအကြာမှာ BET Awards ဆုပေးပွဲမှာလည်း အကောင်းဆုံးသရုပ်ဆောင်ဆုကို King Richard ရုပ်ရှင်နဲ့ ထပ်မံရရှိသွားပြန်ပါတယ်။ ဒါဟာ Will Smith အနေနဲ့ အော်စကာဆုပေးပွဲမှာ ဒေါသမထိန်းနိုင် ဖြစ်ပြီးနောက် အော်စကာတက်ရောက်ခွင့် ဆယ်နှစ်တာ အပိတ်ပင်ခံရပြီးနောက် ထပ်မံရရှိလာတဲ့ ရုပ်ရှင်ထူးချွန်ဆုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ BET Awards ဆုပေးပွဲမှာတော့ အသက်(၅၃)နှစ်အရွယ် Will Smith ဟာ အားကစားဒရာမာ ရုပ်ရှင်အမျိုးအစား ဖြစ်တဲ့ King Richard ရုပ်ရှင်နဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို ထပ်မံရရှိသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ အကောင်းဆုံးဇာတ်ကားဆုကိုလည်း သိမ်းပိုက်သွားပါသေးတယ်။ သို့သော်လည်း Will Smith ကတော့ ဒီဆုပေးပွဲကို မတက်ရောက်ခဲ့တာကြောင့် ဆုကိုတော့ လူကိုယ်တိုင် တက်ရောက် ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

Photo via IMDb

အကောင်းဆုံးသရုပ်ဆောင်ဆု category မှာ စံကာတင်ဝင်ခဲ့ကြတဲ့ အခြားသရုပ်ဆောင်တွေကတော့ Bel Air ရုပ်ရှင်နဲ့ Adrian Holmes နဲ့ Jabari Banks ၊ Black-ish နဲ့ Anthony Anderson ၊ Snowfall နဲ့ Damson Idris ၊ The Tragedy of Macbeth နဲ့ Denzel Washington ၊ Respect နဲ့ Forest Whitaker ၊ This Is Us နဲ့ Sterling K. Brown တို့ပဲ ဖြစ်ပါတယ်။

BET Awards ကတော့ အမေရိကန်ဆုပေးပွဲတစ်ခု ဖြစ်ပြီး နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ ရှိပါတယ်။ ၂၀၀၁ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး Black Entertainment Television network ကနေ ကျင်းပပေးတာ ဖြစ်ပြီး အာဖရိကန်-အမေရိကန် လူမည်းတွေရဲ့ တေးဂီတ၊ ရုပ်ရှင်၊ တီဗွီ၊ အနုပညာတွေကို ချီးမြှင့်ပေးတဲ့ ဆုပေးပွဲတစ်ခု ဖြစ်ပါတယ်။

Photo: willsmith/ Instagram

Will Smith ဟာ King Richard ဇာတ်ကားနဲ့ပဲ အခြားသော နာမည်ကျော် ရုပ်ရှင်ထူးချွန်ဆုတွေကိုလည်း တပွေ့တပိုက် ရရှိထားပါသေးတယ်။ အဲဒီဆုတွေကတော့ BAFTA Award ၊ Golden Globe ၊ NAACP Image Award ၊ Critics Choice Award နဲ့ Oscar Award တို့ပဲ ဖြစ်ပါတယ်။

King Richard ရုပ်ရှင်ကတော့ နာမည်ကျော် တင်းနစ်အားကစားသမားတွေ ဖြစ်တဲ့ Venus Williams နဲ့ Serena Williams တို့ညီအစ်မကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဖခင်ဖြစ်သူ Richard Williams ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ Will Smith ကတော့ Richard Williams ရဲ့နေရာမှာ သရုပ်ဆောင်ထားပြီး အခုလို ရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာကို ရရှိထားတာ ဖြစ်ပါတယ်။

photo via screenrant

ပုံမှန်ဆိုရင်တော့ ဒါဟာ အလွန်ဝမ်းမြောက်စရာကောင်းတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ပြီးခဲ့တဲ့ မတ်လက အော်စကာဆုပေးပွဲမှာ စိတ်မထိန်းနိုင်ဖြစ်ပြီး အစီအစဉ်တင်ဆက်သူ Chris Rock ကို စင်ပေါ်တက် ပါးရိုက်ခဲ့မိတာကြောင့် သူကိုယ်တိုင်ရဲ့ အော်စကာ အခိုက်အတန့်အပြင် အခြားသူတွေရဲ့ အောင်ပွဲခံရမယ့် အချိန်ကိုပါ ဖျက်ဆီးလိုက်မိသလို ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Will ဟာ နောက်ပိုင်း ကျင်းပတဲ့ ဆုပေးပွဲတွေမှာတော့ လူကိုယ်တိုင် တက်ရောက်ခြင်း မရှိတော့ပါဘူး။ ဒါ့အပြင် အော်စကာဆုပေးပွဲကနေလည်း ဆယ်နှစ်တာ ပွဲတက်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတာကြောင့် ဝမ်းနည်းစရာ၊ နှမျောစရာတစ်ခုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular