HomeEntertainmentFilmစတန့်တွေကို ကိုယ်တိုင်လုပ်ချင်လို့ No Way Home ထဲမှာ ပြန်လည်ပါဝင်ခဲ့တဲ့ Willem Dafoe

စတန့်တွေကို ကိုယ်တိုင်လုပ်ချင်လို့ No Way Home ထဲမှာ ပြန်လည်ပါဝင်ခဲ့တဲ့ Willem Dafoe

မင်းသားကြီး Willem Dafoe ဟာ စတန့်တွေကို ကိုယ်တိုင် လုပ်ခွင့်ရတာကြောင့်သာ Spider-Man: No Way Home ထဲမှာ Green Goblin အနေနဲ့ ပြန်လည်ပါဝင်ခဲ့တာလို့ ဆိုပါတယ်။

Willem Dafoe ဟာ Tobey Maguire ရဲ့ ပထမဆုံး Spider-Man ရုပ်ရှင်ထဲမှာ Green Goblin အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပြီး ဇာတ်လမ်းအဆုံးသတ်မှာတော့ သေဆုံးသွားပါတယ်။ No Way Home ထဲမှာတော့ Multiverse အကြောင်းတွေကို ရိုက်ပြသွားမှာ ဖြစ်ပေမယ့်လည်း သူဟာ ဘယ်လိုကြောင့် ပြန်လည် ပါဝင်လာတာလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။

photo via screenrant

Willem Dafoe ဟာ Tobey Maguire ရဲ့ Spider-Man ရုပ်ရှင်ထဲမှာတော့ စတန့်တွေများစွာကို သူကိုယ်တိုင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မင်းသားကြီးဟာ အခုဆိုရင်တော့ အသက်(၆၆)နှစ် ရှိနေပြီ ဖြစ်တာကြောင့် တကယ်ဆိုရင် No Way Home ထဲကစတန့်တွေကို လူစားထိုးပြီး ရိုက်ကူးလိုက်လို့ ရပါတယ်။ ဒါပေမယ့်လည်း သူဟာ လူစားမထိုးဘဲ စတန့်တွေကို ကိုယ်တိုင်ပြုလုပ်ခဲ့ပြီး အဲ့ဒီအချက်ကြောင့်ပဲ Green Goblin အဖြစ် ပြန်လည်ပါဝင်ဖို့ သဘောတူခဲ့တာလို့ သိရပါတယ်။

တွစ်တာပေါ်မှာတော့ Official Spider-Man Movie စာမျက်နှာက ဗွီဒီယိုတစ်ခုကို ပြန်လည် ဝေမျှပေးထားပါတယ်။ အဆိုပါဗွီဒီယိုကတော့ Willem Dafoe ဟာ ဒီဇာတ်ကောင်အနေနဲ့ ဘယ်လိုမျိူး ပြန်လည် ပါဝင်ဖြစ်ခဲ့တယ်ဆိုတာ ပြောပြထားတာ ဖြစ်ပါတယ်။

“စတန့်တွေ ပြုလုပ်ရတာ ကျွန်တော့်အတွက် အရေးပါတယ်ဗျ။ ဇာတ်ညွှန်းတောင် မရေးရသေးခင်ကတည်းက ကျွန်တော့်ကို ဒီဇာတ်ကောင်အတွက် ကမ်းလှမ်းခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်ကလည်း Cameo လောက်ပဲဆိုရင် မပါချင်ဘူးလို့ ပြောခဲ့တယ်လေ။ ကျွန်တော်က အက်ရှင်ခန်းတွေ ရိုက်ချင်တာဗျ။ အဲ့ဒါတွေ သရုပ်ဆောင်ရတာက ပျော်ဖို့ကောင်းတယ်လေ … “

photo via screenrant

Willem Dafoe ကတော့ No Way Home လိုမျိူး အက်ရှင် Blockbuster တွေတင် မဟုတ်ဘဲ The Florida Project လိုမျိူး သာမန်ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း သူဟာ ဘယ်လိုရုပ်ရှင်ကားမျိူးမှာပဲ ဖြစ်ဖြစ် စိတ်ရော ကိုယ်ပါနှစ်ပြီး သရုပ်ဆောင်လေ့ရှိသူ ဖြစ်ကာ စတန့်တွေကိုလည်း အမြဲတမ်း သူကိုယ်တိုင် ပြုလုပ်ချင်သူ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ သူဟာ No Way Home ထဲမှာ ပြန်လည်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular