HomeEntertainmentFilmဝက်ဝံလေး Pooh ကို လူသတ်သမားအဖြစ် မြင်တွေ့ရမယ့် Winnie-The-Pooh: Blood & Honey

ဝက်ဝံလေး Pooh ကို လူသတ်သမားအဖြစ် မြင်တွေ့ရမယ့် Winnie-The-Pooh: Blood & Honey

Winnie-The-Pooh: Blood & Honey ရုပ်ရှင်ရဲ့ Official ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ၁၉၇၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Disney ရဲ့ Classic ဖြစ်တဲ့ The Many Adventures of Winnie the Pooh ဇာတ်လမ်းနဲ့ ဝက်ဝံကလေး Pooh ဟာ လူသိများခဲ့ပါတယ်။ ယခင်ကတော့ Pooh ဇာတ်ကောင်ဟာ ကလေးငယ်တွေကြားမှာ ရေပန်းစားတဲ့ ချစ်စရာဇာတ်ကောင်လေးတစ်ခု ဖြစ်ပေမယ့် ယခုထွက်ရှိလာမယ့် ဇာတ်ကားထဲမှာတော့ ကြောက်စရာဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ ပရိသတ်အကြိုက် ဇာတ်ကောင်တွေ ဖြစ်တဲ့ ဝက်ဝံကလေး Pooh ၊ Piglet ၊ Owl ၊ ကျားလေး Eeyore ၊ Kanga နဲ့ Roo တို့ ပါဝင်ပါတယ်။ ဒီဇာတ်ကောင်တွေကတော့ Christopher Robin ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။

photo via screenrant

စာရေးဆရာ A.A. Milne ရဲ့ Winnie Pooh စာအုပ်ရဲ့ မူပိုင်ခွင့်ကို Disney ဟာ နှစ်ပေါင်းများစွာ ပိုင်ဆိုင်ထားခဲ့ရာက ယခုအချိန်မှာတော့ ဒီဇာတ်ကောင်တွေရဲ့ မူပိုင်ခွင့်ဟာ အများပိုင်တဲ့ Public Domain ဖြစ်သွားပါပြီ။ ဒါကြောင့်ပဲ ကျွန်တော်တို့တွေ ကလေးဘဝက ကြိုက်နှစ်သက်ခဲ့ကြတဲ့ ဝက်ဝံကလေး Pooh ကို‌ ယခင်ကနဲ့ လုံးဝမတူတဲ့ ပုံစံအဖြစ်လူသတ်သမားအနေနဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ရဲ့ Official ထွေလာထဲမှာတော့ ဝက်ဝံကလေး Pooh နဲ့ Piglet တို့ကို လူသတ်သမားအဖြစ် တွေ့ခဲ့ရပါတယ်။ ထွေလာရဲ့ အစမှာတော့ အရွယ်ရောက်နေတဲ့ Christopher Robin ဟာ 100 Acre Wood ဆီကို ကောင်မလေးတစ်ယောက်နဲ့အတူ ပြန်ရောက်လာပါတယ်။ အဲဒီအချိန်မှာတော့ Christopher Robin ရဲ့ ငယ်သူငယ်ချင်းတွေဟာ သူ မရှိတဲ့အချိန်အတွင်းမှာ ပြောင်းလဲမှုတွေများစွာ ဖြစ်သွားပြီး လူသတ်ကောင်တွေ ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။

ယခုလိုမျိူး ဝက်ဝံကလေး Pooh ကို လူသတ်သမားအဖြစ် မြင်တွေ့ရမှာကိုတော့ ကလေးတွေက သဘောမကျလောက်ပေမယ့်လည်း Winnie-the-Pooh ဇာတ်လမ်းကို ကြည့်ရှုရင်း ကြီးပြင်းလာသူတွေကတော့ သဘောကျကြမှာ အသေအချာပါပဲ။ အကြောင်းကတော့ ငယ်ဘဝက ကြိုက်နှစ်သက်ခဲ့တဲ့ ကလေးဇာတ်ကောင်တွေကို ဒီလိုမျိူး လူသတ်သမားတွေအဖြစ် မြင်တွေ့ရမယ်ဆိုတာဟာ လုံးဝအသစ်အဆန်း ဖြစ်နေတာကြောင့်ပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular