HomeCelebs Update NewsInternationalဘဝရဲ့ပထမဆုံး စိန်လည်ဆွဲကို Johnny Depp ဆီက ရရှိခဲ့တယ်ဆိုတဲ့ Kate Moss

ဘဝရဲ့ပထမဆုံး စိန်လည်ဆွဲကို Johnny Depp ဆီက ရရှိခဲ့တယ်ဆိုတဲ့ Kate Moss

နာမည်ကျော် စူပါမော်ဒယ်လ် Kate Moss ကတော့ British Vogue မဂ္ဂဇင်းနဲ့ သူမရဲ့ အမှတ်တရအဖြစ်ဆုံး looks တွေအကြောင်းကို ပြောပြထားပြီး သူမဘဝမှာ ပထမဆုံးပိုင်ဆိုင်ဖူးတဲ့ စိန်လည်ဆွဲရဲ့ နောက်ကွယ်က ဇာတ်လမ်းကိုလည်း ပြောပြထားပါတယ်။ အထူးသဖြင့် Kate Moss ဟာ သူမ ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ စိန်လည်ဆွဲနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အမှတ်တရတွေ ရှိတယ်လို့ ပြောပြထားပြီး အဲဒီါအမှတ်တရဟာလည်း စိတ်ဝင်စားစရာပါပဲ။

အသက်(၄၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Kate Moss ဟာ ၁၉၉၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ CFDA Fashion Awards ဆုပေးပွဲကို ဒီဇိုင်နာ John Galliano ရဲ့ဝတ်စုံကို ဝတ်ဆင်ပြီး Manolo Blahnik ဒေါက်မြင့်ဖိနပ်နဲ့ ပွဲတက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ဝတ်ရတနာအနေနဲ့ အဲဒီအချိန်တုန်းက သူမရဲ့ချစ်သူဖြစ်တဲ့ Johnny Depp က လက်ဆောင်ပေးထားတဲ့ စိန်လည်ဆွဲကို ဆင်မြန်းခဲ့တယ်လို့ ပြောပြထားပါတယ်။

Photo Credit: Getty

မကြာသေးခင်က British Vogue နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Kate Moss ဟာ သူမရဲ့အဲဒီဆုပေးပွဲက look ဟာ ပရိသတ်တွေကြားမှာ အထင်ကရဖြစ်ခဲ့သလို သူမအတွက်လည်း အမှတ်တရဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီစိန်လည်ဆွဲလေးကကျတော့ Johnny က ကျွန်မကို ပေးထားတာလေ။ အဲဒါက ကျွန်မဘဝမှာ ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ စိန်ပါပဲ။ သူ ကျွန်မကို အဲဒီလည်ဆွဲကို ဘယ်လိုလက်ဆောင်ပေးခဲ့တယ်လို့ ထင်လဲ။ အဲဒီစိန်လည်ဆွဲကို သူ့တင်ပါးကြားထဲမှာ ညှပ်ပြီး ဖွက်ယူလာတာ။ ပြီးမှ သူ့တင်ပါးကြားထဲက ဆွဲထုတ်ပြီး ပေးခဲ့တာ …” လို့ Kate Moss က သူမရဲ့အချစ်ဟောင်း Johnny Depp ရဲ့ နောက်ပြောင်တတ်တဲ့ အပြုအမူကိုပါ ပြောပြသွားပါတယ်။

Photo: __katemoss/ Instagram

ဒါ့အပြင် အဲဒီစိန်လည်ဆွဲကို လက်ဆောင်ရခဲ့တဲ့ညက အကြောင်းကိုလည်း သူမက အသေးစိတ် ပြောပြထားပါသေးတယ်။ အဲဒါကတော့ သူတို့နှစ်ဦး အပြင်ကို ညစာထွက်စားစဉ်မှာပဲ Johnny က သူမကို ဒီစိန်လည်ဆွဲလေး လက်ဆောင်ပေးခဲ့တာ ဖြစ်ကြောင်း ဆိုပါတယ်။ Johnny ဟာ သူ့ရဲ့တင်ပါးထဲမှာ တစုံတခုကို ဖွက်ထားတယ်လို့ ပြောခဲ့ပြီး အဲဒါကို သူမကိုယ်တိုင် ကြည့်ရှုဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒါနဲ့ ကျွန်မလည်း သူ့ဘောင်းဘီထဲကို လက်နဲ့နှိုက်ကြည့်တော့ စိန်လည်ဆွဲတစ်ကုံး ပါလာတာပဲ။ အဲဒီလည်ဆွဲက ကျွန်မ ဖက်ရှင်ဆုပေးပွဲညမှာ ဝတ်ခဲ့တဲ့ စိန်လည်ဆွဲပါပဲ …” လို့ Kate Moss က ပြောပြထားပါတယ်။

Johnny Depp နဲ့ Kate Moss တို့ကတော့ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ လေးနှစ်ကြာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ယခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ Johnny Depp နဲ့ Amber Heard တို့ရဲ့ အမှုအခင်းမှာတော့ Kate Moss ဟာ Johnny ဘက်ကနေ ရပ်တည်ပြီး တရားရုံးမှာ ထွက်ဆိုပေးခဲ့ပါသေးတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular