HomeEntertainmentFilmရိုက်ကူးရေး စတင်နေပြီ ဖြစ်တဲ့ Witcher Season 3

ရိုက်ကူးရေး စတင်နေပြီ ဖြစ်တဲ့ Witcher Season 3

ယခုဆိုရင်တော့ Witcher Season 3 ရဲ့ ရိုက်ကူးရေး စတင်နေပြီ ဖြစ်ကြောင်း ရိုက်ကွင်းပေါ်က ဓာတ်ပုံနဲ့တစ်ပုံနဲ့အတူ ကြေညာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Henry Cavill ဟာ Geralt of Rivia နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Geralt ကတော့ နေရာအနှံ့ကို လျှောက်သွားနေရင်း မွန်းစတားတွေကို သုတ်သင်ရှင်းလင်းနေတဲ့ Witcher တစ်ယောက်ပဲ ဖြစ်ပါတယ်။

Season 2 ထဲမှာတော့ Geralt နဲ့ Ciri တို့ တွေ့ဆုံခဲ့ကြပြီး Geralt ဟာ Ciri ကို Witcher တွေ မွေးဖွားရာ နေရာဖြစ်တဲ့ Kaer Morhen ဆီကို ခေါ်သွားကာ လေ့ကျင့်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်တော့ Ciri ဟာ Elder Blood ကို ပိုင်ဆိုင်ထားပြီး အလွန်ကြီးမားတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Season 2 ထဲမှာတော့ သူမရဲ့ စွမ်းအားတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

Photo Credit: Netflix

Season 2 ကို ပြသပြီး လေးလနီးပါးခန့် ကြာမြင့်တဲ့အချိန်မှာတော့ Witcher ရဲ့ Official Twitter စာမျက်နှာကနေ ရိုက်ကွင်းပေါ်က ဓာတ်ပုံတစ်ပုံနဲ့အတူ Season 3 အတွက် ရိုက်ကူးရေး စတင်နေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီဓာတ်ပုံထဲမှာတော့ Henry Cavill ၊ Freya Allen နဲ့ Anya Chalotra တို့ဟာ နှင်းတွေကျနေတဲ့ နေရာတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုနေကြပုံကို မြင်တွေ့ရပါတယ်။

ဒါတင်မကသေးဘဲ Season 3 အတွက် ဇာတ်လမ်းအကျဉ်းကိုလည်း ဖော်ပြထားပါသေးတယ်။ ဇာတ်လမ်းကတော့ အားလုံးက Ciri ကို လိုချင်နေကြတာကြောင့် Geralt ဟာ Ciri ကို ပုန်းကွယ်ဖို့ ခေါ်သွားပြီး စောင့်ရှောက်ဖို့ ကြိုးစားခဲ့ပါတယ်။ Yennefer ကလည်း Ciri ရဲ့ စွမ်းအားတွေကို လေ့ကျင့်ပေးဖို့ ယုံကြည်မှု ရရှိထားတာကြောင့် သူမရဲ့အစွမ်းတွေကို ပိုမိုသိရဖို့အတွက် Aretuza ကို ခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Aretuza ဟာ Yennefer ထင်ထားသလို မဟုတ်ဘဲ နိုင်ငံရေး အကျင့်ပျက်ခြစားမှုတွေ၊ Dark Magic တွေနဲ့ သစ္စာဖောက်မှုတွေ ပြည့်နှက်နေတဲ့အခါမှာတော့ သူတို့သုံးယောက်ပေါင်းပြီး ပြန်လည် တိုက်ခိုက်ရပါတော့တယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular