HomeEntertainmentFilmDeadpool 3 မှာ Hugh Jackman ရဲ့ Wolverine နဲ့ Crossover ကို မျှော်လင့်နေတုန်းပဲဆိုတဲ့ Ryan...

Deadpool 3 မှာ Hugh Jackman ရဲ့ Wolverine နဲ့ Crossover ကို မျှော်လင့်နေတုန်းပဲဆိုတဲ့ Ryan Reynolds

Ryan Reynolds ဟာ Deadpool 3 ထဲမှာ Hugh Jackman ရဲ့ Wolverine နဲ့ Crossover ကို မျှော်လင့်နေတုန်းပဲလို့ ပြောလာပြီး အဲ့ဒီအကြောင်းကိုလည်း ပရိသတ်တွေအနေနဲ့ Marvel ဥက္ကဌ Kevin Feige ဆီကို စာရေးပြီးတော့ ပို့ပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်။ Deadpool 1 နဲ့ 2 ကတော့ Fox ရဲ့ X-Men Universe ထဲမှာ တည်ရှိနေတာ ဖြစ်ပြီး အသစ်ထွက်ရှိလာမယ့် 3 ကတော့ MCU ထဲကို ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

photo via screenrant

Deadpool 1 နဲ့ 2 တို့ဟာ Box Office မှာ ဝင်ငွေအရ အောင်မြင်မှုတွေ ရရှိခဲ့ရုံတင် မဟုတ်ဘဲ ပရိသတ်တွေကြားမှာလည်း ရေပန်းစားခဲ့ပါတယ်။ အစတုန်းကတော့ Fox ဟာ Deadpool 3 ထဲမှာ တခြား X-Men တွေနဲ့ Crossover ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း Disney က Fox ကို ဝယ်ယူလိုက်တဲ့ အချိန်မှာတော့ အဲ့ဒီအစီအစဉ်တွေ ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆန္ဒရှိဦးမယ် ဆိုရင်တော့ MCU ထဲမှာလည်း ဒီလိုမျိူး Crossover ပြုလုပ်နိုင်ပါသေးတယ်။

Ryan Reynolds ကတော့ ComicBook.com မှာ Adam Project ရုပ်ရှင်အကြောင်း ပြောနေရင်းနဲ့ Deadpool 3 နဲ့လည်း ပတ်သက်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Hugh Jackman ရဲ့ Wolverine နဲ့ Crossover ကို မျှော်လင့်နေမိတုန်းပါပဲလို့ ပြောသွားတာ ဖြစ်ပါတယ်။

“အဲ့ဒါက အံ့ဩစရာပဲလေ။ Kevin feige ကို စာရေးကြပါလို့ ပြောချင်ပါတယ်။ တကယ် ဖြစ်လာမလား၊ မဖြစ်လာဘူးလားတော့ မသိပေမယ့် တကယ် ဖြစ်လာရင်တော့ ကောင်းမှာပဲ။ ဒီ Crossover သာ တကယ် ဖြစ်လာမယ်ဆိုရင် အိပ်မက်တွေ တကယ်ဖြစ်လာမှာပါ။”

photo via screenrant

Ryan Reynolds ကိုယ်တိုင်ကလည်း မူလတုန်းက Fox ဟာ Deadpool 3 ထဲမှာတော့ Hugh Jackman ရဲ့ Wolverine နဲ့ Crossover ပြုလုပ်သွားဖို့ ရှိတယ်လို့ အတည်ပြုခဲ့ဖူးပါတယ်။ ယခုအချိန်မှာတော့ အစီအစဉ်တွေ ပြောင်းလဲသွားပေမယ့်လည်း MCU သာ တကယ် ဆန္ဒရှိမယ် ဆိုရင်တော့ ပရိသတ်တွေ တောင့်တနေတဲ့ ဒီ Crossover ကို တကယ် ဖြစ်လာအောင် အကောင်အထည် ဖော်ပေးနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular