HomeEntertainmentFilmယခင် MCU project တွေနဲ့ များစွာကွာခြားမယ့် Werewolf by Night ရုပ်ရှင်

ယခင် MCU project တွေနဲ့ များစွာကွာခြားမယ့် Werewolf by Night ရုပ်ရှင်

Marvel စတူဒီယိုကတော့ လက်ရှိကျင်းပနေတဲ့ D23 Expo ပွဲမှာ Halloween special အနေနဲ့ ထွက်ရှိလာမယ့် Werewolf by Night ရုပ်ရှင်ရဲ့ ထွေလာကို ပြသသွားပါတယ်။ ဒီဇာတ်ကားကတော့ တခြား MCU ပရောဂျက်တွေနဲ့ မတူဘဲ တမူထူးခြားပြီး အသစ်စက်စက် ဇာတ်ကောင်တွေကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

ဟောလိုးဝင်းကာလမှာ TV Special အနေနဲ့ ထုတ်လွှင့်ပြသသွားမယ့် ဒီဇာတ်ကားကတော့ သာမန်ရုပ်ရှင်ကြည့် ပရိသတ်တွေကြားမှာ မရင်းနှီးသေးတဲ့ ဇာတ်ကောင် Jack Russell အကြောင်းကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ Jack Russell ကတော့ လပြည့်ညတွေမှာ သမန်းဝံပုလွေအဖြစ် ပြောင်းလဲသွားတတ်တဲ့ shape-shifter တစ်ယောက် ဖြစ်ပါတယ်။ ဒီဇာတ်ကောင်နေရာမှာတော့ Gael Garcia Bernal က သရုပ်ဆောင်ထားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ထွေလာထဲမှာတော့ အဖြူအမည်းနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ဝင်ခန်းတွေကို မြင်တွေ့ရပြီး ခေတ်ဟောင်းက မကောင်းဆိုးဝါးအကြောင်း ရုပ်ရှင်တွေရဲ့ ခံစားချက်မျိုး ပြန်လည်ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကတော့ ယခင်က MCU ရဲ့ စူပါဟီးရိုးအကြောင်း ဇာတ်ကားတွေကနေ horror ဘက်ကို ကူးပြောင်းလာတာကို သိသိသာသာ မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ အော်စကာဆု ရရှိထားတဲ့ တေးဂီတမှူး Michael Giacchino က ဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူးပေးထားပါတယ်။ ဒါ့အပြင် ကောမစ်ထဲမှာတော့ Werewolf by Night နဲ့ Moon Knight တို့ဟာ ဆက်စပ်မှု ရှိကြပါတယ်။ ယခုဆိုရင် Moon Knight ကလည်း ဇာတ်လမ်းတွဲ ထွက်ရှိပြီးပြီ ဖြစ်တဲ့အတွက် ဒီဇာတ်ကားထဲမှာ ပါဝင်လာမလားဆိုတာ ရင်ခုန်စရာပါပဲ။

Werewolf by Night ရုပ်ရှင်ဇာတ်ကားကိုတော့ လာမယ့် အောက်တိုဘာလ(၇)ရက်နေ့မှာ Disney+ ကနေ streaming ပြသသွားမှာ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular