HomeCelebs Update NewsInternationalရုပ်ရှင်ရုံတွေမှာတင် မဟုတ်ဘဲ HBO Max မှာပါ ပြသသွားမယ့် Wonder Woman 1984

ရုပ်ရှင်ရုံတွေမှာတင် မဟုတ်ဘဲ HBO Max မှာပါ ပြသသွားမယ့် Wonder Woman 1984

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Wonder Woman 1984 ဇာတ်ကားဟာ ယခုနှစ် ခရစ်စမတ်မှာ ရုပ်ရှင်ရုံတွေမှာတင် မဟုတ်ဘဲ HBO Max မှာပါ တစ်ရက်တည်း streaming ပြသသွားမယ်လို့ သိရပါတယ်။

Warner Bros ကတော့ ဒီရုပ်ရှင်ကို ၂၀၂၀ခုနှစ်ရဲ့ ခရစ်စမတ်နေ့မှာ ရုပ်ရှင်ရုံတွေမှာရော HBO Max မှာပါ ပြသသွားမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Wonder Woman ရုပ်ရှင်က အောင်မြင်သွားတာကြောင့် ယခုလို sequel ကို ထပ်မံဖန်တီးခဲ့တာ ဖြစ်ပြီး မူလက ၂၀၁၉ခုနှစ် ခရစ်စမတ်ကာလထဲမှာ ပြသသွားဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

photo via screenrant

ဒါပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် ကြန့်ကြာပြီးတော့ ၂၀၂၀ခုနှစ်ထဲကို ရုံတင်ရက် ရွေ့ခဲ့ရတာ ဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်လာတာကြောင့် ထပ်မံပြီးတော့ အကြိမ်ကြိမ် နှောင့်နှေးခဲ့ရပါတယ်။ အခုချိန်မှာတော့ Warner Bros ဟာ ဒီရုပ်ရှင်ကို ခရစ်စမတ်နေ့မှာ ရုပ်ရှင်ရုံတွေနဲ့ HBO Max မှာ တစ်ပြိုင်တည်း ပြသသွားမယ်လို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် HBO Max ရဲ့ YouTube channel ကနေ Wonder Woman 1984 ရဲ့ ထွေလာအသစ်ကို ထပ်တင်ပေးထားပေမယ့်လည်း မြန်မာနိုင်ငံမှာတော့ ကြည့်ရှုလို့မရပါဘူး။

Photo via IMDb

HBO Max ကို Subscribe လုပ်ထားသူဆိုရင်တော့ နောက်ထပ် ပိုက်ဆံထပ်ပေးစရာ မလိုဘဲ ကြည့်ရှုလို့ရမှာ ဖြစ်ပါတယ်။ အဲ့ဒါတင်မဟုတ်ဘဲ ရုပ်ရှင်ရုံမှာ သွားကြည့်ချင်သူတွေအတွက် အခွင့်အရေးရအောင်လည်း ဖန်တီးပေးထားပါသေးတယ်။ ဒီရုပ်ရှင်ထွက်ပြီး ပထမဆုံးတစ်လအတွင်းမှာတော့ HBO Max တစ်ခုတည်းမှာပဲ ကြည့်ရှုလို့ရမှာ ဖြစ်ပါတယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ပရိသတ်တွေအတွက်လည်း အဆင်ပြေသလို HBO Max ကလည်း ပိုပြီးတော့ Subscriber တွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရုပ်ရှင်ရုံတွေ ပြန်ဖွင့်နေတဲ့ နိုင်ငံတွေမှာတော့ ခရစ်စမတ်နေ့မှာ ရုပ်ရုင်ရုံမှာ သွားပြီးတော့ ကြည့်လို့ရပြီ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Wonder Woman 1984 ဇာတ္ကားဟာ ယခုႏွစ္ ခရစ္စမတ္မွာ ႐ုပ္ရွင္႐ုံေတြမွာတင္ မဟုတ္ဘဲ HBO Max မွာပါ တစ္ရက္တည္း streaming ျပသသြားမယ္လို႔ သိရပါတယ္။

Warner Bros ကေတာ့ ဒီ႐ုပ္ရွင္ကို ၂၀၂၀ခုႏွစ္ရဲ႕ ခရစ္စမတ္ေန႔မွာ ႐ုပ္ရွင္႐ုံေတြမွာေရာ HBO Max မွာပါ ျပသသြားမယ္လို႔ ေၾကညာလိုက္တာ ျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Wonder Woman ႐ုပ္ရွင္က ေအာင္ျမင္သြားတာေၾကာင့္ ယခုလို sequel ကို ထပ္မံဖန္တီးခဲ့တာ ျဖစ္ၿပီး မူလက ၂၀၁၉ခုႏွစ္ ခရစ္စမတ္ကာလထဲမွာ ျပသသြားဖို႔ စီစဥ္ခဲ့ၾကတာ ျဖစ္ပါတယ္။

photo via screenrant

ဒါေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ၾကန႔္ၾကာၿပီးေတာ့ ၂၀၂၀ခုႏွစ္ထဲကို ႐ုံတင္ရက္ ေ႐ြ႕ခဲ့ရတာ ျဖစ္ပါတယ္။ စိတ္မေကာင္းစြာနဲ႔ပဲ ကို႐ိုနာဗိုင္းရပ္စ္ဟာ တစ္ကမာၻလုံးမွာ ျဖစ္ပ်က္လာတာေၾကာင့္ ထပ္မံၿပီးေတာ့ အႀကိမ္ႀကိမ္ ေႏွာင့္ေႏွးခဲ့ရပါတယ္။ အခုခ်ိန္မွာေတာ့ Warner Bros ဟာ ဒီ႐ုပ္ရွင္ကို ခရစ္စမတ္ေန႔မွာ ႐ုပ္ရွင္႐ုံေတြနဲ႔ HBO Max မွာ တစ္ၿပိဳင္တည္း ျပသသြားမယ္လို႔ ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ HBO Max ရဲ႕ YouTube channel ကေန Wonder Woman 1984 ရဲ႕ ေထြလာအသစ္ကို ထပ္တင္ေပးထားေပမယ့္လည္း ျမန္မာႏိုင္ငံမွာေတာ့ ၾကည့္ရႈလို႔မရပါဘူး။

Photo via IMDb

HBO Max ကို Subscribe လုပ္ထားသူဆိုရင္ေတာ့ ေနာက္ထပ္ ပိုက္ဆံထပ္ေပးစရာ မလိုဘဲ ၾကည့္ရႈလို႔ရမွာ ျဖစ္ပါတယ္။ အဲ့ဒါတင္မဟုတ္ဘဲ ႐ုပ္ရွင္႐ုံမွာ သြားၾကည့္ခ်င္သူေတြအတြက္ အခြင့္အေရးရေအာင္လည္း ဖန္တီးေပးထားပါေသးတယ္။ ဒီ႐ုပ္ရွင္ထြက္ၿပီး ပထမဆုံးတစ္လအတြင္းမွာေတာ့ HBO Max တစ္ခုတည္းမွာပဲ ၾကည့္ရႈလို႔ရမွာ ျဖစ္ပါတယ္။ ဒီလို လုပ္လိုက္ျခင္းအားျဖင့္ ပရိသတ္ေတြအတြက္လည္း အဆင္ေျပသလို HBO Max ကလည္း ပိုၿပီးေတာ့ Subscriber ေတြလည္း ရရွိႏိုင္မွာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ႐ုပ္ရွင္႐ုံေတြ ျပန္ဖြင့္ေနတဲ့ ႏိုင္ငံေတြမွာေတာ့ ခရစ္စမတ္ေန႔မွာ ႐ုပ္႐ုင္႐ုံမွာ သြားၿပီးေတာ့ ၾကည့္လို႔ရၿပီ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular