HomeEntertainmentFilmSequel ထွက်ရှိလာဦးမယ့် Scary Stories to Tell in the Dark

Sequel ထွက်ရှိလာဦးမယ့် Scary Stories to Tell in the Dark

Scary Stories to Tell in the Dark ရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ငါးနှစ်ခန့်ကြာပြီးနောက် Sequel ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ပထမရုပ်ရှင်ကတော့ စာရေးဆရာ Alvin Schwartz ရဲ့ ဇာတ်လမ်းတိုပေါင်းချုပ်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကိုတော့ ဘတ်ဂျက်အနေနဲ့ ဒေါ်လာသန်း (၂၀)ကျော်သာ အသုံးပြုခဲ့ပြီး Box Office မှာတော့ ဒေါ်လာသန်း (၁၀၀)ကျော် ပြန်လည်ရရှိခဲ့တာကြောင့် အောင်မြင်တဲ့ Low Budget ရုပ်ရှင်တစ်ကားလို့ ဆိုနိုင်ပါတယ်။

photo credit Lionsgate Films

မကြာသေးခင်ကပဲ ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Andre Ovredal ဟာ ဒီရုပ်ရှင်ရဲ့ Sequel ကို ဖန်တီးနေကြောင်း အတည်ပြုသွားပါတယ်။ “ကျွန်တော်တို့မှာ ဇာတ်လမ်းရှိပါတယ်။ ဇာတ်ညွှန်းလည်း ရှိပါတယ်။ ဇာတ်ညွှန်းကိုတော့ ပြီးခဲ့တဲ့နှစ်ကတည်းက ရေးနေတာပါ။ အခုတော့ WGA Strike ကြောင့် ထုတ်လုပ်ရေး ရပ်နားထားရပါတယ်။ ဒါပေမယ့် ဒီပရောဂျက်က သေချာပေါက် ထွက်လာမှာပါ”လို့ ပြောထားပါတယ်။

လောလောဆယ်မှာတော့ Sequel အတွက် ဇာတ်ညွှန်းရေးနေတုန်းပဲ ဖြစ်ပြီး WGA Strike မပြီးမချင်းတော့ ဇာတ်ညွှန်းလည်း ပြီးဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ Sequel ထွက်လာဖို့ အတည်ပြုထားပေမယ့် ထွက်ရှိလာဖို့တော့ ကြာဦးမှာပါ။ ဟောလိဝုဒ်က ဇာတ်ညွှန်းရေးဆရာတွေ၊ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကတောင် ဒီ Strike မှာ ပါဝင်နေကြတာကြောင့် ဟောလိဝုဒ်ရဲ့ ပရောဂျက်အများစုကတော့ ထုတ်လုပ်မှုတွေ ရပ်နားထားရပါတယ်။

photo credit Lionsgate Films

ပထမရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Stella ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ Auggie နဲ့ Chuck တို့ သေဆုံးသွားပုံကို ပြသသွားပြီး Stella ကတော့ သူတို့နှစ်ယောက် အသက်ရှင်နေသေးတယ်လို့ ယုံကြည်နေပြီး သူတို့ကို ကယ်တင်ဖို့ ထွက်သွားပါတယ်။ ဒါကြောင့်ပဲ Sequel ရဲ့ ဇာတ်လမ်းအကျဉ်းကို မသိရသေးပေမယ့် Stella က သူ့ရဲ့သူငယ်ချင်းတွေကို ကယ်တင်ဖို့ ကြိုးစားရင်း နောက်ထပ် သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့ရနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular