HomeCelebs Update NewsInternationalGigi ရဲ့အမေကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ခြေချုပ်ချခံလိုက်ရတဲ့ Zayn Malik 

Gigi ရဲ့အမေကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ခြေချုပ်ချခံလိုက်ရတဲ့ Zayn Malik 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Zayn Malik ဟာ Gigi ရဲ့မိခင် Yolanda Hadid ကို ဆောင့်တွန်းပြီး နှုတ်ကလည်း ပြင်းထန် ရိုင်းစိုင်းတဲ့စကားတွေ ပြောဆိုခဲ့တယ်ဆိုတဲ့ စွဲချက်အပြင် ပြစ်မှုများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Zayn ဘက်ကတော့ Yolanda ကို ကိုယ်ထိလက်ရောက် လက်ပါခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ Hollywood Life သတင်းဌာနက ရရှိထားတဲ့ ပြစ်မှုမှတ်တမ်း စာရွက်စာတမ်းများအရ Zayn ဟာ အပြစ်ရှိကြောင်း ဝန်မခံဘဲ plead no contest လုပ်ထားတယ်လို့ သိရပါတယ်။ plead no contest ဆိုတာကတော့ ပြစ်မှုတစ်ခုကို ဝန်ခံခြင်း မရှိဘဲ တရားရုံးက ပြစ်ဒဏ်ကျခံသင့်တယ်လို့ ချမှတ်ရင်တော့ ပြစ်မှုပြစ်ဒဏ်ကို ခံစားရမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ(၂၉)ရက်နေ့က ပင်ဆီဗေးလ်နီးယားပြည်နယ်က Zayn ရဲ့ နေအိမ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်အတွက် Zayn ဟာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု (၄)ခုနဲ့ စွဲဆိုခံထားရတယ်လို့ သိရပါတယ်။ Zayn ဘက်ကတော့ အဆိုပါ ပြစ်မှု(၄)ခုစလုံးကို အပြစ်မရှိကြောင်း ထွက်ဆိုထားပါတယ်။

Photo: zayn/ Instagram

Hollywood Life သတင်းဌာနက အောက်တိုဘာလ(၂၉)ရက်နေ့မှာ ရရှိထားတဲ့ ပြစ်မှုဆိုင်ရာ မှတ်တမ်းစာရွက်များအရ Zayn ရဲ့ ကျူးလွန်မှုတွေကို အခုလို သိရှိထားရပါတယ်။

အဲဒါကတော့ Zayn ဟာ Yolanda ကို “သောက် ဒတ်ချ် *ာသည်မကြီး … ” လို့ ခေါ်ဆိုတယ်လို့ ဆိုပြီး “ငါ့ သောက် သမီးနားက ဝေးဝေးနေ … ” လို့လည်း ပြောဆိုထားတယ်လို့ ဆိုပါတယ်။

ရဲမှတ်တမ်းက ဖြည့်စွက်ထားတဲ့ အချက်အလက်များအရ Zayn ဟာ သူနဲ့ Gigi တို့ရဲ့ တစ်နှစ်အရွယ် သမီးလေး Khai ကိုလည်း “ငါ့ သောက်လဗြွတ်က ထွက်လာတဲ့ သောက် သုတ်ပိုး … ” လို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။

Court Documents obtained by hollywood life

အဲဒီနောက် Zayn ဟာ Yolanda ကို အဝတ်ဗီရိုတစ်ခုဆီ ဆောင့်တွန်းခဲ့ပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ နာကျင်ထိခိုက်စေခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် Gigi ကိုလည်း ဖုန်းထဲကနေတဆင့် အော်ဟစ် ဆဲဆိုခဲ့တဲ့အတွက်ကိုလည်း ပြစ်မှုတစ်ခုနဲ့ ရင်ဆိုင်ထားရသေးတယ်လို့ သိရပါတယ်။

Gigi ကိုတော့ “သောက်ဘောတွေ တပ်ပြီး မင်းရဲ့ ပါတနာအတွက် ငါ့အိမ်က မင်းရဲ့ သောက်အမေကို ခုခံပြောပေးဦး … ” လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ TMZ သတင်းဌာနကို ပေးပို့ခဲ့တဲ့ အတွင်းသတင်းတွေအရ Gigi ဟာ အဲဒီအချိန်တုန်းက ပါရီမြို့ကို ရောက်နေခဲ့တယ်လို့ သိရပြီး Zayn ဟာ Gigi ဆီကို ဖုန်းဆက်ပြီး အခုလိုစကားတွေ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

Photo: yolanda.hadid/ Instagram

အဆိုပါ ဖြစ်ရပ်တွေ ဖြစ်ပွားနေချိန်မှာ မိသားစုရဲ့ လုံခြုံရေးဝန်ထမ်းတစ်ယောက်လည်း ရှိနေခဲ့ပြီး ရဲစခန်းက ပြစ်မှုမှတ်တမ်းတွေအရ Zayn ဟာ အဆိုပါ လုံခြုံရေးဝန်ထမ်းကိုလည်း တိုက်ခိုက်ဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။ “သောက်ရဲကောင် ငါ့သောက်အိမ်ထဲကနေ ထွက်သွားစမ်း … ” လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

Zayn ဘက်ကတော့ ဒီစွဲချက်တွေအားလုံးအတွက် အပြစ်မရှိကြောင်း ဆိုထားပြီး ဒဏ်ကြေး ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် ယခုစွဲဆိုခံထားရတဲ့ ပြစ်မှုတစ်ခုစီအတွက် ရက်(၉၀)စီ ခြေချုပ် ချမှတ်ခံထားရတယ်လို့ သိရပါတယ်။ အဲဒါကြောင့် စုစုပေါင်း ရက်ပေါင်း(၃၆၀) ခြေချုပ်နဲ့ နေရမှာ ဖြစ်ပါတယ်။

Photo: yolanda.hadid/ Instagram

သို့သော်လည်း ဒီအတောအတွင်းမှာ ဒေါသထိန်းချုပ်ဖို့ တက်ရောက်ရမယ့် အတန်းနဲ့ အိမ်တွင်းအကြမ်းဖက်မှု အစီအစဉ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ တရားသူကြီးဟာ ခြောက်လနဲ့ ခြေချုပ်ကို ပြန်လွှတ်ပေးဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Yolanda နဲ့ရော၊ လုံခြုံရေးဝန်ထမ်းနဲ့ပါ ဆက်သွယ်မှု လုံးဝ မပြုလုပ်ဖို့  ပိတ်ပင်ခံထားရပါတယ်။

ဒီအသေးစိတ် အချက်အလက်တွေကတော့ Zayn နဲ့ Gigi တို့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းထွက်ပေါ်လာပြီး နောက်တစ်ရက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

Zayn Malik ဟာ Gigi ရဲ့မိခင္ Yolanda Hadid ကို ေဆာင့္တြန္းၿပီး ႏွုတ္ကလည္း ျပင္းထန္ ရိုင္းစိုင္းတဲ့စကားေတြ ေျပာဆိုခဲ့တယ္ဆိုတဲ့ စြဲခ်က္အျပင္ ျပစ္မွုမ်ားစြာနဲ႔ ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။

Zayn ဘက္ကေတာ့ Yolanda ကို ကိုယ္ထိလက္ေရာက္ လက္ပါခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ကို ျငင္းဆိုထားပါတယ္။ Hollywood Life သတင္းဌာနက ရရွိထားတဲ့ ျပစ္မွုမွတ္တမ္း စာရြက္စာတမ္းမ်ားအရ Zayn ဟာ အျပစ္ရွိေၾကာင္း ဝန္မခံဘဲ plead no contest လုပ္ထားတယ္လို႔ သိရပါတယ္။ plead no contest ဆိုတာကေတာ့ ျပစ္မွုတစ္ခုကို ဝန္ခံျခင္း မရွိဘဲ တရား႐ုံးက ျပစ္ဒဏ္က်ခံသင့္တယ္လို႔ ခ်မွတ္ရင္ေတာ့ ျပစ္မွုျပစ္ဒဏ္ကို ခံစားရမွာ ျဖစ္ပါတယ္။

စက္တင္ဘာလ(၂၉)ရက္ေန႔က ပင္ဆီေဗးလ္နီးယားျပည္နယ္က Zayn ရဲ့ ေနအိမ္မွာ ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္ရပ္အတြက္ Zayn ဟာ ကိုယ္ထိလက္ေရာက္ က်ဴးလြန္မွု (၄)ခုနဲ႔ စြဲဆိုခံထားရတယ္လို႔ သိရပါတယ္။ Zayn ဘက္ကေတာ့ အဆိုပါ ျပစ္မွု(၄)ခုစလုံးကို အျပစ္မရွိေၾကာင္း ထြက္ဆိုထားပါတယ္။

Photo: zayn/ Instagram

Hollywood Life သတင္းဌာနက ေအာက္တိုဘာလ(၂၉)ရက္ေန႔မွာ ရရွိထားတဲ့ ျပစ္မွုဆိုင္ရာ မွတ္တမ္းစာရြက္မ်ားအရ Zayn ရဲ့ က်ဴးလြန္မွုေတြကို အခုလို သိရွိထားရပါတယ္။

အဲဒါကေတာ့ Zayn ဟာ Yolanda ကို “ေသာက္ ဒတ္ခ်္ *ာသည္မႀကီး … ” လို႔ ေခၚဆိုတယ္လို႔ ဆိုၿပီး “ငါ့ ေသာက္ သမီးနားက ေဝးေဝးေန … ” လို႔လည္း ေျပာဆိုထားတယ္လို႔ ဆိုပါတယ္။

ရဲမွတ္တမ္းက ျဖည့္စြက္ထားတဲ့ အခ်က္အလက္မ်ားအရ Zayn ဟာ သူနဲ႔ Gigi တို႔ရဲ့ တစ္ႏွစ္အရြယ္ သမီးေလး Khai ကိုလည္း “ငါ့ ေသာက္လႁဗြတ္က ထြက္လာတဲ့ ေသာက္ သုတ္ပိုး … ” လို႔ ေျပာဆိုထားတယ္လို႔ ဆိုပါတယ္။

Court Documents obtained by hollywood life

အဲဒီေနာက္ Zayn ဟာ Yolanda ကို အဝတ္ဗီရိုတစ္ခုဆီ ေဆာင့္တြန္းခဲ့ၿပီး စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာပါ နာက်င္ထိခိုက္ေစခဲ့တယ္လို႔လည္း ဆိုပါတယ္။ ဒါ့အျပင္ Gigi ကိုလည္း ဖုန္းထဲကေနတဆင့္ ေအာ္ဟစ္ ဆဲဆိုခဲ့တဲ့အတြက္ကိုလည္း ျပစ္မွုတစ္ခုနဲ႔ ရင္ဆိုင္ထားရေသးတယ္လို႔ သိရပါတယ္။

Gigi ကိုေတာ့ “ေသာက္ေဘာေတြ တပ္ၿပီး မင္းရဲ့ ပါတနာအတြက္ ငါ့အိမ္က မင္းရဲ့ ေသာက္အေမကို ခုခံေျပာေပးဦး … ” လို႔ ေျပာဆိုခဲ့တယ္လို႔ ဆိုပါတယ္။ TMZ သတင္းဌာနကို ေပးပို႔ခဲ့တဲ့ အတြင္းသတင္းေတြအရ Gigi ဟာ အဲဒီအခ်ိန္တုန္းက ပါရီၿမိဳ႕ကို ေရာက္ေနခဲ့တယ္လို႔ သိရၿပီး Zayn ဟာ Gigi ဆီကို ဖုန္းဆက္ၿပီး အခုလိုစကားေတြ ေျပာဆိုခဲ့တာလို႔ ဆိုပါတယ္။

Photo: yolanda.hadid/ Instagram

အဆိုပါ ျဖစ္ရပ္ေတြ ျဖစ္ပြားေနခ်ိန္မွာ မိသားစုရဲ့ လုံျခဳံေရးဝန္ထမ္းတစ္ေယာက္လည္း ရွိေနခဲ့ၿပီး ရဲစခန္းက ျပစ္မွုမွတ္တမ္းေတြအရ Zayn ဟာ အဆိုပါ လုံျခဳံေရးဝန္ထမ္းကိုလည္း တိုက္ခိုက္ဖို႔ ႀကိဳးစားခဲ့ေသးတယ္လို႔ သိရပါတယ္။ “ေသာက္ရဲေကာင္ ငါ့ေသာက္အိမ္ထဲကေန ထြက္သြားစမ္း … ” လို႔ ေျပာဆိုခဲ့တယ္လို႔ ဆိုပါတယ္။

Zayn ဘက္ကေတာ့ ဒီစြဲခ်က္ေတြအားလုံးအတြက္ အျပစ္မရွိေၾကာင္း ဆိုထားၿပီး ဒဏ္ေၾကး ေပးေဆာင္ခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒ့ါအျပင္ ယခုစြဲဆိုခံထားရတဲ့ ျပစ္မွုတစ္ခုစီအတြက္ ရက္(၉၀)စီ ေျခခ်ဳပ္ ခ်မွတ္ခံထားရတယ္လို႔ သိရပါတယ္။ အဲဒါေၾကာင့္ စုစုေပါင္း ရက္ေပါင္း(၃၆၀) ေျခခ်ဳပ္နဲ႔ ေနရမွာ ျဖစ္ပါတယ္။

Photo: yolanda.hadid/ Instagram

သို႔ေသာ္လည္း ဒီအေတာအတြင္းမွာ ေဒါသထိန္းခ်ဳပ္ဖို႔ တက္ေရာက္ရမယ့္ အတန္းနဲ႔ အိမ္တြင္းအၾကမ္းဖက္မွု အစီအစဥ္ကို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္နိုင္ခဲ့မယ္ဆိုရင္ေတာ့ တရားသူႀကီးဟာ ေျခာက္လနဲ႔ ေျခခ်ဳပ္ကို ျပန္လႊတ္ေပးဖြယ္ ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Yolanda နဲ႔ေရာ၊ လုံျခဳံေရးဝန္ထမ္းနဲ႔ပါ ဆက္သြယ္မွု လုံးဝ မျပဳလုပ္ဖို႔  ပိတ္ပင္ခံထားရပါတယ္။

ဒီအေသးစိတ္ အခ်က္အလက္ေတြကေတာ့ Zayn နဲ႔ Gigi တို႔ လမ္းခြဲလိုက္ၿပီဆိုတဲ့ သတင္းထြက္ေပၚလာၿပီး ေနာက္တစ္ရက္မွာ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular