HomeCelebs Update NewsInternationalလူတွေအပေါ် လွှမ်းမိုးနိုင်စွမ်းကို ကောင်းတဲ့ဘက်မှာပဲ အသုံးချချင်တယ်ဆိုတဲ့ Zendaya 

လူတွေအပေါ် လွှမ်းမိုးနိုင်စွမ်းကို ကောင်းတဲ့ဘက်မှာပဲ အသုံးချချင်တယ်ဆိုတဲ့ Zendaya 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လောလောလတ်လတ်မှာ Emmy ဆုကို ဆွတ်ခူးရရှိထားတဲ့ မင်းသမီးလေး Zendaya ကတော့ ပေါင်းသင်းဆက်ဆံရေးဟာ သာယာချိုမြိန်တဲ့ အချစ်ရေးအတွက် အရေးပါတဲ့ အုတ်မြစ်တစ်ခုလို့ ယုံကြည်ထားပါတယ်။  အသက်(၂၄)နှစ်အရွယ် Zendaya ဟာ လူတစ်ယောက်အကြောင်းကို ကောင်းကောင်းသိဖို့ဆိုရင် သူငယ်ချင်းတွေအဖြစ်နဲ့ သိရတာက အကောင်းဆုံးလို့လည်း ဆိုပါတယ်။

“သူငယ်ချင်း ပေါင်းသင်းဆက်ဆံရေးဆိုတာ အရေးကြီးတယ်။ အရင်ဆုံး သူငယ်ချင်းလို စပေါင်းလိုက်တာဟာ ခိုင်မြဲတဲ့ သံယောဇဉ်အတွက် ကောင်းမွန်တဲ့နည်းလမ်းလို့ ကျွန်မတော့ ထင်တယ် …” လို့ ဗြိတိန်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ new! magazine နဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

Photo: zendaya/ Instagram

Euphoria ဇာတ်လမ်းတွဲနဲ့ ပရိသတ်အချစ်ကို ရရှိခဲ့တဲ့ မင်းသမီးလေးဟာ လူငယ်ပီပီ ကဗျာဆန်တဲ့ နှလုံးသားရေးရာကိုကြိုက်နှစ်သက်ပေမယ့် ဒိတ်လုပ်ရတဲ့ ကိစ္စတွေမှာတော့ အနည်းငယ် ရှေးရိုးဆန်တယ်လို့ ဆိုပါတယ်။ အလုပ်ပိုင်းမှာဆိုရင်တော့ ကာရိုက်တာအမျိုးမျိုးကို သရုပ်ဆောင်ချင်ပြီးတော့ ပရိသတ်တွေအပေါ်မှာ ကောင်းမွန်တဲ့ လွှမ်းမိုးမှုမျိုးပဲ ရချင်တယ်လို့လည်း ဆိုထားပါတယ်။

“အမှန်က ကျွန်မက အဘွားကြီးနည်းနည်းဆန်တယ်။ ရိုရတာတွေ အရမ်းကြိုက်တယ်။ ဒါပေမယ့် အိမ်မှာပဲ အေးဆေးလေး Netflix ကြည့်မယ်။ စားကောင်းတဲ့ မုန့်တွေနဲ့ ကိုယ့်အတွက် ထူးခြားတဲ့ တစ်ယောက်ယောက်နဲ့ အေးဆေးလေး နေချင်တာမျိုးပေါ့… ” လို့ သူမ နှစ်သက်တဲ့ အချစ်ရေးပုံစံမျိုးကို ပြောပြထားပါတယ်။

Photo: zendaya/ Instagram

အလုပ်နဲ့ ပတ်သက်ရင်တော့ ဇာတ်ကောင်စရိုက်တွေ မျိုးစုံကို သရုပ်ဆောင်ချင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နာမည်ကျော်ကြားတဲ့ လူတွေတိုင်း ပိုင်ဆိုင်တဲ့ သာမန်လူတွေအပေါ်ကို လွှမ်းမိုးနိုင်စွမ်းနဲ့ ပတ်သက်ရင်လည်း ကောင်းမွန်တဲ့ လွှမ်းမိုးမှုမျိုးပဲ ဖြစ်ချင်တယ်လို့ သူမက ဆိုထားပါတယ်။

“ကျွန်မ လုပ်ချင်တာတွေ အများကြီးရှိသေးတယ်။ ပြီးတော့ ကျွန်မက ငယ်လည်းငယ်သေးတယ်။ ကျွန်မသရုပ်ဆောင်ချင်တဲ့ ဇာတ်ရုပ်တွေ အများကြီးရှိပေမယ့် နာမည်ပိုရလာတာနဲ့အမျှ၊ ကျွန်မကို လူသိပိုများလာတာနဲ့အမျှ ကျွန်မရဲ့လူတွေအပေါ် လွှမ်းမိုးနိုင်စွမ်းကို ကောင်းမွန်တဲ့အရာတွေအတွက်ပဲ ဆက်ပြီး အသုံးပြုသွားချင်တယ်… ” လို့ Zendaya က ဆိုထားပါတယ်။

C 21

Source: indianexpress

(Zawgyi version)

ေလာေလာလတ္လတ္မွာ Emmy ဆုကို ဆြတ္ခူးရရွိထားတဲ့ မင္းသမီးေလး Zendaya ကေတာ့ ေပါင္းသင္းဆက္ဆံေရးဟာ သာယာခ်ိဳၿမိန္တဲ့ အခ်စ္ေရးအတြက္ အေရးပါတဲ့ အုတ္ျမစ္တစ္ခုလို႔ ယုံၾကည္ထားပါတယ္။  အသက္(၂၄)ႏွစ္အ႐ြယ္ Zendaya ဟာ လူတစ္ေယာက္အေၾကာင္းကို ေကာင္းေကာင္းသိဖို႔ဆိုရင္ သူငယ္ခ်င္းေတြအျဖစ္နဲ႔ သိရတာက အေကာင္းဆုံးလို႔လည္း ဆိုပါတယ္။

“သူငယ္ခ်င္း ေပါင္းသင္းဆက္ဆံေရးဆိုတာ အေရးႀကီးတယ္။ အရင္ဆုံး သူငယ္ခ်င္းလို စေပါင္းလိုက္တာဟာ ခိုင္ၿမဲတဲ့ သံေယာဇဥ္အတြက္ ေကာင္းမြန္တဲ့နည္းလမ္းလို႔ ကြၽန္မေတာ့ ထင္တယ္ …” လို႔ ၿဗိတိန္မဂၢဇင္းတစ္ခုျဖစ္တဲ့ new! magazine နဲ႔ အင္တာဗ်ဴးမွာ ေျပာျပခဲ့ပါတယ္။

Photo: zendaya/ Instagram

Euphoria ဇာတ္လမ္းတြဲနဲ႔ ပရိသတ္အခ်စ္ကို ရရွိခဲ့တဲ့ မင္းသမီးေလးဟာ လူငယ္ပီပီ ကဗ်ာဆန္တဲ့ ႏွလုံးသားေရးရာကိုႀကိဳက္ႏွစ္သက္ေပမယ့္ ဒိတ္လုပ္ရတဲ့ ကိစၥေတြမွာေတာ့ အနည္းငယ္ ေရွး႐ိုးဆန္တယ္လို႔ ဆိုပါတယ္။ အလုပ္ပိုင္းမွာဆိုရင္ေတာ့ ကာ႐ိုက္တာအမ်ိဳးမ်ိဳးကို သ႐ုပ္ေဆာင္ခ်င္ၿပီးေတာ့ ပရိသတ္ေတြအေပၚမွာ ေကာင္းမြန္တဲ့ လႊမ္းမိုးမႈမ်ိဳးပဲ ရခ်င္တယ္လို႔လည္း ဆိုထားပါတယ္။

“အမွန္က ကြၽန္မက အဘြားႀကီးနည္းနည္းဆန္တယ္။ ႐ိုရတာေတြ အရမ္းႀကိဳက္တယ္။ ဒါေပမယ့္ အိမ္မွာပဲ ေအးေဆးေလး Netflix ၾကည့္မယ္။ စားေကာင္းတဲ့ မုန႔္ေတြနဲ႔ ကိုယ့္အတြက္ ထူးျခားတဲ့ တစ္ေယာက္ေယာက္နဲ႔ ေအးေဆးေလး ေနခ်င္တာမ်ိဳးေပါ့… ” လို႔ သူမ ႏွစ္သက္တဲ့ အခ်စ္ေရးပုံစံမ်ိဳးကို ေျပာျပထားပါတယ္။

Photo: zendaya/ Instagram

အလုပ္နဲ႔ ပတ္သက္ရင္ေတာ့ ဇာတ္ေကာင္စ႐ိုက္ေတြ မ်ိဳးစုံကို သ႐ုပ္ေဆာင္ခ်င္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ နာမည္ေက်ာ္ၾကားတဲ့ လူေတြတိုင္း ပိုင္ဆိုင္တဲ့ သာမန္လူေတြအေပၚကို လႊမ္းမိုးႏိုင္စြမ္းနဲ႔ ပတ္သက္ရင္လည္း ေကာင္းမြန္တဲ့ လႊမ္းမိုးမႈမ်ိဳးပဲ ျဖစ္ခ်င္တယ္လို႔ သူမက ဆိုထားပါတယ္။

“ကြၽန္မ လုပ္ခ်င္တာေတြ အမ်ားႀကီးရွိေသးတယ္။ ၿပီးေတာ့ ကြၽန္မက ငယ္လည္းငယ္ေသးတယ္။ ကြၽန္မသ႐ုပ္ေဆာင္ခ်င္တဲ့ ဇာတ္႐ုပ္ေတြ အမ်ားႀကီးရွိေပမယ့္ နာမည္ပိုရလာတာနဲ႔အမွ်၊ ကြၽန္မကို လူသိပိုမ်ားလာတာနဲ႔အမွ် ကြၽန္မရဲ႕လူေတြအေပၚ လႊမ္းမိုးႏိုင္စြမ္းကို ေကာင္းမြန္တဲ့အရာေတြအတြက္ပဲ ဆက္ၿပီး အသုံးျပဳသြားခ်င္တယ္… ” လို႔ Zendaya က ဆိုထားပါတယ္။

C 21

Source: indianexpress

RELATED ARTICLES

Most Popular