HomeEntertainmentFilm2020 မှာ မဖြစ်မနေ ကြည့်ရမယ့် ရုပ်ရှင်ဇာတ်ကားအသစ်(၇)ကား

2020 မှာ မဖြစ်မနေ ကြည့်ရမယ့် ရုပ်ရှင်ဇာတ်ကားအသစ်(၇)ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်ချစ်သူတွေအတွက် ၂၀၂၀ခုနှစ်ထဲမှာ ထွက်ရှိလာမယ့် ဇာတ်ကားအသစ်ပေါင်းများစွာထဲက မဖြစ်မနေ ကြည့်ကိုကြည့်ရမယ့် ဇာတ်ကားအသစ်(၇)ကားအကြောင်းကို အမြည်းလေး ပေးချင်ပါတယ်။ ယခုဖော်ပြပေးမယ့် ဇာတ်ကားတွေဟာ တစ်ချို့ကတော့ ရိုက်ကူးပြီးလို့ post production အဆင့်ရောက်နေပြီဖြစ်ပြီး တစ်ချို့ကတော့ ရိုက်ကူးနေကြဆဲ ဖြစ်ပါတယ်။ ကမ္ဘာကျော်ရုပ်ရှင်အညွှန်း ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ IMDb က ဖော်ပြပေးထားတဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း(၇)ကားကတော့ အောက်ပါအတိုင်းပါပဲ။

(1) Black Widow

Photo: IMDb

Marvel ရဲ့ နာမည်ကြီးဇာတ်ကောင်တစ်ခုဖြစ်တဲ့ Black Widow ကို ဆိုလိုအနေနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Black Widow ဟာ ကနဦးတုန်းက နိုင်ငံတကာစပိုင်တစ်ယောက်ဖြစ်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦးလည်း ဖြစ်ခဲ့ဖူးပါတယ်။ သူမရဲ့နာမည်ကတော့ နာတာရှာ ရိုမန်နော့ဖ်လို့ခေါ်ပြီး နောက်ပိုင်းမှာ Black Widow ဆိုတဲ့ ဟီးရိုးတစ်ယောက် ဖြစ်လာပါတယ်။ အခုကြည့်ရမယ့် ရုပ်ရှင်ကတော့ ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Captain America: Civil War ရဲ့ အဖြစ်အပျက်တွေအပြီး နောက်ပိုင်း အချိန်ကာလတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ နာတာရှာ ရိုမန်နော့ဖ်တစ်ယောက် သူမရဲ့အတိတ်နဲ့ ပြန်ပြီးရင်ဆိုင်တိုက်ခိုက်ရမယ့် ဇာတ်ကြောင်းလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Black Widow နေရာမှာ မင်းသမီးချော Scarlett Johansson နဲ့ Stranger Things စီးရီးထဲက ရဲသားကြီး Jim Hopper အဖြစ် သရုပ်ဆောင်ထားတဲ့ David Harbour တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Jac Schaeffer နဲ့ Ned Benson တို့ ရေးသားထားတဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ Cate Shortland က ရိုက်ကူးထားပါတယ်။ ရုံတင်ရက်ကတော့ ၂၀၂၀ မေလ(၁)ရက်နေ့လို့ သိရပါတယ်။

(2) Tenet

Photo: IMDb

၂၀၂၀ထဲမှာ နောက်ထပ်ရင်ခုန်ရမယ့် ကားတစ်ကားကတော့ နာမည်ကြီး ဒါရိုက်တာ ခရစ်စတိုဖာ နိုလန်ရဲ့လက်ရာ Tenet ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဒါရိုက်တာနိုလန် ရိုက်ဖူးသမျှ ကားတွေထဲမှာ ဘတ်ဂျက်အများဆုံး ရုပ်ရှင်တစ်ကားလို့ ပြောရမှာပါ။ ဘတ်ဂျက် ဒေါ်လာ(၂၂၅)သန်း သုံးစွဲထားပြီး ဇာတ်လမ်းကိုလည်း နိုလန်ကိုယ်တိုင်ပဲ ရေးသားထားတာပါ။ ဒါ့အပြင် ဒီဇာတ်ကားကို နိုင်ငံပေါင်း(၇)နိုင်ငံမှာ သွားရောက်ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ အထူးအေးဂျင့်တစ်ယောက်က တတိယကမ္ဘာစစ်ကြီးကို တားဆီးဖို့ တာဝန်အပေးခံရတာ‌ ဖြစ်ပါတယ်။ သူတားဆီးရမယ့် နည်းလမ်းကတော့ အချိန်ခရီးသွားပြီး တတိယကမ္ဘာစစ်ကြီး ဖြစ်မလာအောင် ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခန့်တဲ့ သည်းထိတ်ရင်ဖို၊ အက်ရှင်ကားကောင်းကောင်းကို နှစ်သက်သူများ မဖြစ်မနေ ကြည့်ရမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်များကတော့ Elizabeth Debicki ၊ Robert Pattinson နဲ့ John David Washington တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၂၀၂၀ ဇူလိုင်လ(၁၇)ရက်နေ့မှာ စတင်ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

(3) Bill & Ted Face the Music

Photo: IMDb

ဂျွန်ဝစ်ဆိုတဲ့ ကြမ်းပေ့ရမ်းပေ့ ကာရိုက်တာနဲ့ မြန်မာပရိသတ်တွေကြားမှာ လူသိများတဲ့ မင်းသား Keanu Reeves ကို ပုံစံနောက်တစ်မျိုးနဲ့ ကြည့်ရှုရမယ့်ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံကတော့ သိပ္ပံစိတ်ကူးယဉ်အမျိုးအစားနဲ့ musical ပုံစံကို ဟာသလေးနှောထားတဲ့ ရုပ်ရှင်မျိုးပါ။ ဘေလ်နဲ့ တက်ဒ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဆီကို အချိန်ခရီးသွားထားတဲ့ လူတစ်ယောက်ရောက်လာပြီး အနာဂတ်မှာ သူတို့နှစ်ယောက်ရဲ့သီချင်းတစ်ပုဒ်နဲ့ စကြဝဠာကြီးကို ကယ်တင်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်သွားတဲ့နောက်မှာတော့ …။

ဒါရိုက်တာ Dean Parisot ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Keanu Reeves ၊ Samara Weaving နဲ့ Jillian Bell တို့က အဓိကပါဝင်ထားပါတယ်။ ၂၀၂၀ ဩဂုတ်လ (၂၀)ရက်နေ့မှာ စတင်ပြသမယ်လို့ သိရပါတယ်။

(4) Eternals

Photo: IMDb

စူပါဟီးရိုးရုပ်ရှင်တွေ နှစ်သက်သူများ မဖြစ်မနေ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။ Eternals ဟာ Marvel ရဲ့ကောမစ်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဝေါ့ဒစ္စနေကုမ္ပဏီက ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ Eternals တွေဟာ ဂြိုဟ်သားမျိုးနွယ်က ဆင်းသက်လာတဲ့ မသေမျိုးတွေဖြစ်ပြီး ထူးခြားတဲ့အစွမ်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ထူးခြားတဲ့အစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ Eternals မျိုးနွယ်တွေက လူသားတွေကို ပြန်လည်ကာကွယ်ပေးသွားကြမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းက ကျယ်ပြန့်ပြီး ဇာတ်ကောင်တွေလည်း အများကြီး ပါဝင်တာကြောင့် ဒီကားနောက်ပိုင်းမှာလည်း အတွဲလိုက်တွေ ထပ်ကြည့်ကြရဖို့ ရှိပါတယ်။

အဓိကပါဝင်သွားမယ့် သရုပ်ဆောင်တွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Game of Thrones ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်ကြားခဲ့တဲ့ ဂျွန်စနိုး (Kit Harington) နဲ့ ရော့ဘ်စတာ့ခ် (Richard Madden) တို့နှစ်ဦးလုံးကို ဒီဇာတ်ကားထဲမှာ အတူတူ ပြန်လည်ကြည့်ရှုကြရမှာ ဖြစ်ပြီး အခြားသော နာမည်ကျော် သရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။ Kit နဲ့ Richard တို့အပြင် ဝါရင့်သမ္ဘာရင့် မင်းသမီးနှစ်လက်ဖြစ်တဲ့ Angelina Jolie ၊ Salma Hayek တို့နဲ့ Crazy Rich Asians ထဲက သူဌေးသမီးအဖြစ် သရုပ်ဆောင်တဲ့ Gemma Chan တို့ပါ ပါဝင်ထားပါတယ်။ နောက်ထပ် ထူးခြားတာကတော့ Train to Busan နဲ့ လူသိများတဲ့ ဗလကောင်းကောင်းနဲ့ ကိုရီးယားမင်းသား Ma Dong Seok ပါဝင်နေတာပါပဲ။ ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ Chloe Zhao ဖြစ်ပြီး ၂၀၂၀ နိုဝင်ဘာလ(၆)ရက်နေ့မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

(5) Godzilla vs. Kong

Photo: IMDb

ဂေါ်ဇီလာနဲ့ ကင်းကောင်တို့ အပြိုင်ကြဲပြီး အပီဖိုက်ကြမယ့်ပွဲ ဖြစ်ပါတယ်။ ဒီအကောင်ကြီးနှစ်ကောင်ရဲ့ အမျက်ဒေါသကြားထဲမှာ ကမ္ဘာကြီးရော ခံနိုင်ပါ့မလား၊ ဘယ်လိုဆန်းကြယ်တာတွေ ဖြစ်လာမလည်းဆိုတာ ရင်တလှပ်လှပ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Adam Wingard ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Stranger Things ဇာတ်လမ်းတွဲထဲက Eleven လို့ လူသိများတဲ့ Millie Bobby Brown နဲ့အတူ Eiza González ၊ Alexander Skarsgård ၊ Rebecca Hall တို့က အဓိက ပါဝင်ထားပါတယ်။ ၂၀၂၀ မတ်လ (၁၁)ရက်နေ့မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

(6) A Quiet Place Part II

Photo: IMDb

အက်ဘော့မိသားစုတွေ သူတို့ရဲ့အိမ်မှာ သေလောက်အောင် ကြောက်ဖို့ကောင်းတဲ့ဖြစ်ရပ်နဲ့ ကြုံရပြီးနောက်မှာ ပြင်ပလောကထဲမှာ ဒီ့ထက်ပိုဆိုးတဲ့ ကြောက်စရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြရပါတော့တယ်။ အသံကြားတာနဲ့ ချက်ချင်းရောက်လာပြီး သတ်ဖြတ်တတ်တဲ့ အကောင်တွေအပြင် အဲ့ထက်ပိုကြောက်ဖို့ကောင်းတဲ့အရာတစ်ခုက ပြင်ပမှာ စောင့်ကြိုနေတဲ့အခါ … ။

ပထမကားကို ကြိုက်ခဲ့ကြသူတွေဆိုရင် ဒီကားကိုလည်း မဖြစ်မနေ ကြည့်ရမှာပါ။ ဒါရိုက်တာ John Krasinski က ဘယ်လိုကြောက်ဖို့ကောင်းတာတွေကို အသည်းတယားတယားနဲ့ ရင်တမမ ကြည့်ရအောင် ရိုက်ပြထားမလည်းဆိုတာ စိတ်ဝင်စားစရာပါ။ သရုပ်ဆောင်တွေကတော့ Emily Blunt ၊ Cillian Murphy နဲ့ Noah Jupe တို့က အဓိက ပါဝင်ထားပါတယ်။ ၂၀၂၀ မတ်လ(၂၀)ရက်နေ့မှာ စတင်ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

(7) Soul

Photo: IMDb

ကာတွန်းကားကောင်းလေးတွေ နှစ်သက်သူများ၊ မိသားစုနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ကြည့်ချင်သူများ လက်မလွှတ်သင့်တဲ့ အန်နီမေးရှင်းရုပ်ရှင်လေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ ဂီတအပေါ် စိတ်ကုန်လာတဲ့ ဂီတပညာရှင်တစ်ယောက်ရဲ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ထဲကနေ အထုတ်ခံလိုက်ရပြီး ဟိုးဘဝအစကို ပြန်ရောက်သွားပါတယ်။ အဲ့နောက်မှာတော့ ကလေးလေးတစ်ယောက်ရဲ့ ဝိဉာဉ်အကူအညီနဲ့ သူ့ရဲ့မူလခန္ဓာကိုယ်ထဲကို ပြန်ဝင်လို့ရအောင် ကြိုးစားရပါတော့တယ်။

ရိုက်ကူးထားတဲ့ ဒါရိုက်တာတွေကတော့ Pete Docter နဲ့ Kemp Powers တို့ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jamie Foxx ၊ Tina Fey နဲ့  John Ratzenberger တို့က အဓိက ပါဝင်ထားပါတယ်။ ၂၀၂၀ ဇွန်လ(၁၉)ရက်နေ့မှာ စတင်ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

ဒါကတော့ ရုပ်ရှင်ချစ်သူတွေ ယခုနှစ် ၂၀၂၀ထဲမှာ မလွတ်တမ်း စောင့်ကြည့်ရမယ့် ရုပ်ရှင်(၇)ကား ဖြစ်ပါတယ်။ ဘယ်ကားလေးကို ကြည့်ဖို့ ရင်ခုန်နေလည်းဆိုတာလည်း ပြောပြခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

႐ုပ္ရွင္ခ်စ္သူေတြအတြက္ ၂၀၂၀ခုႏွစ္ထဲမွာ ထြက္ရွိလာမယ့္ ဇာတ္ကားအသစ္ေပါင္းမ်ားစြာထဲက မျဖစ္မေန ၾကည့္ကိုၾကည့္ရမယ့္ ဇာတ္ကားအသစ္(၇)ကားအေၾကာင္းကို အျမည္းေလး ေပးခ်င္ပါတယ္။ ယခုေဖာ္ျပေပးမယ့္ ဇာတ္ကားေတြဟာ တစ္ခ်ိဳ႕ကေတာ့ ႐ိုက္ကူးၿပီးလို႔ post production အဆင့္ေရာက္ေနၿပီျဖစ္ၿပီး တစ္ခ်ိဳ႕ကေတာ့ ႐ိုက္ကူးေနၾကဆဲ ျဖစ္ပါတယ္။ ကမာၻေက်ာ္႐ုပ္ရွင္အၫႊန္း ဝက္ဘ္ဆိုဒ္တစ္ခုျဖစ္တဲ့ IMDb က ေဖာ္ျပေပးထားတဲ့ လက္မလႊတ္သင့္တဲ့ ဇာတ္ကားေကာင္း(၇)ကားကေတာ့ ေအာက္ပါအတိုင္းပါပဲ။

(1) Black Widow

Photo: IMDb

Marvel ရဲ႕ နာမည္ႀကီးဇာတ္ေကာင္တစ္ခုျဖစ္တဲ့ Black Widow ကို ဆိုလိုအေနနဲ႔ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ Black Widow ဟာ ကနဦးတုန္းက ႏိုင္ငံတကာစပိုင္တစ္ေယာက္ျဖစ္ခဲ့ၿပီး လုပ္ႀကံသတ္ျဖတ္ေရးသမားတစ္ဦးလည္း ျဖစ္ခဲ့ဖူးပါတယ္။ သူမရဲ႕နာမည္ကေတာ့ နာတာရွာ ႐ိုမန္ေနာ့ဖ္လို႔ေခၚၿပီး ေနာက္ပိုင္းမွာ Black Widow ဆိုတဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္လာပါတယ္။ အခုၾကည့္ရမယ့္ ႐ုပ္ရွင္ကေတာ့ ၂၀၁၆ခုႏွစ္က ထြက္ရွိခဲ့တဲ့ Captain America: Civil War ရဲ႕ အျဖစ္အပ်က္ေတြအၿပီး ေနာက္ပိုင္း အခ်ိန္ကာလေတြကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ နာတာရွာ ႐ိုမန္ေနာ့ဖ္တစ္ေယာက္ သူမရဲ႕အတိတ္နဲ႔ ျပန္ၿပီးရင္ဆိုင္တိုက္ခိုက္ရမယ့္ ဇာတ္ေၾကာင္းလည္း ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Black Widow ေနရာမွာ မင္းသမီးေခ်ာ Scarlett Johansson နဲ႔ Stranger Things စီးရီးထဲက ရဲသားႀကီး Jim Hopper အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ David Harbour တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။ Jac Schaeffer နဲ႔ Ned Benson တို႔ ေရးသားထားတဲ့ ဇာတ္ၫႊန္းကို ဒါ႐ိုက္တာ Cate Shortland က ႐ိုက္ကူးထားပါတယ္။ ႐ုံတင္ရက္ကေတာ့ ၂၀၂၀ ေမလ(၁)ရက္ေန႔လို႔ သိရပါတယ္။

(2) Tenet

Photo: IMDb

၂၀၂၀ထဲမွာ ေနာက္ထပ္ရင္ခုန္ရမယ့္ ကားတစ္ကားကေတာ့ နာမည္ႀကီး ဒါ႐ိုက္တာ ခရစ္စတိုဖာ ႏိုလန္ရဲ႕လက္ရာ Tenet ပဲ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ဒါ႐ိုက္တာႏိုလန္ ႐ိုက္ဖူးသမွ် ကားေတြထဲမွာ ဘတ္ဂ်က္အမ်ားဆုံး ႐ုပ္ရွင္တစ္ကားလို႔ ေျပာရမွာပါ။ ဘတ္ဂ်က္ ေဒၚလာ(၂၂၅)သန္း သုံးစြဲထားၿပီး ဇာတ္လမ္းကိုလည္း ႏိုလန္ကိုယ္တိုင္ပဲ ေရးသားထားတာပါ။ ဒါ့အျပင္ ဒီဇာတ္ကားကို ႏိုင္ငံေပါင္း(၇)ႏိုင္ငံမွာ သြားေရာက္႐ိုက္ကူးထားတယ္လို႔လည္း သိရပါတယ္။

ဇာတ္လမ္းအေၾကာင္းအရာကေတာ့ အထူးေအးဂ်င့္တစ္ေယာက္က တတိယကမာၻစစ္ႀကီးကို တားဆီးဖို႔ တာဝန္အေပးခံရတာ‌ ျဖစ္ပါတယ္။ သူတားဆီးရမယ့္ နည္းလမ္းကေတာ့ အခ်ိန္ခရီးသြားၿပီး တတိယကမာၻစစ္ႀကီး ျဖစ္မလာေအာင္ ကာကြယ္ေပးရမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းဇာတ္အိမ္ ခိုင္ခန႔္တဲ့ သည္းထိတ္ရင္ဖို၊ အက္ရွင္ကားေကာင္းေကာင္းကို ႏွစ္သက္သူမ်ား မျဖစ္မေန ၾကည့္ရမယ့္ ဇာတ္ကားလည္း ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္မ်ားကေတာ့ Elizabeth Debicki ၊ Robert Pattinson နဲ႔ John David Washington တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ၂၀၂၀ ဇူလိုင္လ(၁၇)ရက္ေန႔မွာ စတင္႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

(3) Bill & Ted Face the Music

Photo: IMDb

ဂြၽန္ဝစ္ဆိုတဲ့ ၾကမ္းေပ့ရမ္းေပ့ ကာ႐ိုက္တာနဲ႔ ျမန္မာပရိသတ္ေတြၾကားမွာ လူသိမ်ားတဲ့ မင္းသား Keanu Reeves ကို ပုံစံေနာက္တစ္မ်ိဳးနဲ႔ ၾကည့္ရႈရမယ့္႐ုပ္ရွင္ ျဖစ္ပါတယ္။ ဇာတ္လမ္းပုံစံကေတာ့ သိပၸံစိတ္ကူးယဥ္အမ်ိဳးအစားနဲ႔ musical ပုံစံကို ဟာသေလးေႏွာထားတဲ့ ႐ုပ္ရွင္မ်ိဳးပါ။ ေဘလ္နဲ႔ တက္ဒ္ဆိုတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ဆီကို အခ်ိန္ခရီးသြားထားတဲ့ လူတစ္ေယာက္ေရာက္လာၿပီး အနာဂတ္မွာ သူတို႔ႏွစ္ေယာက္ရဲ႕သီခ်င္းတစ္ပုဒ္နဲ႔ စၾကဝဠာႀကီးကို ကယ္တင္ႏိုင္လိမ့္မယ္လို႔ ေဟာကိန္းထုတ္သြားတဲ့ေနာက္မွာေတာ့ …။

ဒါ႐ိုက္တာ Dean Parisot ႐ိုက္ကူးထားၿပီး သ႐ုပ္ေဆာင္ေတြအေနနဲ႔ Keanu Reeves ၊ Samara Weaving နဲ႔ Jillian Bell တို႔က အဓိကပါဝင္ထားပါတယ္။ ၂၀၂၀ ဩဂုတ္လ (၂၀)ရက္ေန႔မွာ စတင္ျပသမယ္လို႔ သိရပါတယ္။

(4) Eternals

Photo: IMDb

စူပါဟီး႐ိုး႐ုပ္ရွင္ေတြ ႏွစ္သက္သူမ်ား မျဖစ္မေန ၾကည့္ရႈရမယ့္ ဇာတ္ကားျဖစ္ပါတယ္။ Eternals ဟာ Marvel ရဲ႕ေကာမစ္ကို အေျခခံၿပီး ျပန္လည္႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ျဖစ္ၿပီး ေဝါ့ဒစၥေနကုမၸဏီက ျဖန႔္ခ်ိသြားမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းအေၾကာင္းေျပာရရင္ေတာ့ Eternals ေတြဟာ ၿဂိဳဟ္သားမ်ိဳးႏြယ္က ဆင္းသက္လာတဲ့ မေသမ်ိဳးေတြျဖစ္ၿပီး ထူးျခားတဲ့အစြမ္းေတြကို ပိုင္ဆိုင္ထားၾကပါတယ္။ ထူးျခားတဲ့အစြမ္းေတြ ပိုင္ဆိုင္ထားတဲ့ Eternals မ်ိဳးႏြယ္ေတြက လူသားေတြကို ျပန္လည္ကာကြယ္ေပးသြားၾကမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းက က်ယ္ျပန႔္ၿပီး ဇာတ္ေကာင္ေတြလည္း အမ်ားႀကီး ပါဝင္တာေၾကာင့္ ဒီကားေနာက္ပိုင္းမွာလည္း အတြဲလိုက္ေတြ ထပ္ၾကည့္ၾကရဖို႔ ရွိပါတယ္။

အဓိကပါဝင္သြားမယ့္ သ႐ုပ္ေဆာင္ေတြကလည္း စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ Game of Thrones ဇာတ္လမ္းတြဲနဲ႔ နာမည္ေက်ာ္ၾကားခဲ့တဲ့ ဂြၽန္စႏိုး (Kit Harington) နဲ႔ ေရာ့ဘ္စတာ့ခ္ (Richard Madden) တို႔ႏွစ္ဦးလုံးကို ဒီဇာတ္ကားထဲမွာ အတူတူ ျပန္လည္ၾကည့္ရႈၾကရမွာ ျဖစ္ၿပီး အျခားေသာ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ပါတယ္။ Kit နဲ႔ Richard တို႔အျပင္ ဝါရင့္သမာၻရင့္ မင္းသမီးႏွစ္လက္ျဖစ္တဲ့ Angelina Jolie ၊ Salma Hayek တို႔နဲ႔ Crazy Rich Asians ထဲက သူေဌးသမီးအျဖစ္ သ႐ုပ္ေဆာင္တဲ့ Gemma Chan တို႔ပါ ပါဝင္ထားပါတယ္။ ေနာက္ထပ္ ထူးျခားတာကေတာ့ Train to Busan နဲ႔ လူသိမ်ားတဲ့ ဗလေကာင္းေကာင္းနဲ႔ ကိုရီးယားမင္းသား Ma Dong Seok ပါဝင္ေနတာပါပဲ။ ႐ိုက္ကူးထားတဲ့ ဒါ႐ိုက္တာကေတာ့ Chloe Zhao ျဖစ္ၿပီး ၂၀၂၀ ႏိုဝင္ဘာလ(၆)ရက္ေန႔မွာ စတင္ျပသသြားမွာ ျဖစ္ပါတယ္။

(5) Godzilla vs. Kong

Photo: IMDb

ေဂၚဇီလာနဲ႔ ကင္းေကာင္တို႔ အၿပိဳင္ႀကဲၿပီး အပီဖိုက္ၾကမယ့္ပြဲ ျဖစ္ပါတယ္။ ဒီအေကာင္ႀကီးႏွစ္ေကာင္ရဲ႕ အမ်က္ေဒါသၾကားထဲမွာ ကမာၻႀကီးေရာ ခံႏိုင္ပါ့မလား၊ ဘယ္လိုဆန္းၾကယ္တာေတြ ျဖစ္လာမလည္းဆိုတာ ရင္တလွပ္လွပ္ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ Adam Wingard ႐ိုက္ကူးထားၿပီး သ႐ုပ္ေဆာင္ေတြအေနနဲ႔ Stranger Things ဇာတ္လမ္းတြဲထဲက Eleven လို႔ လူသိမ်ားတဲ့ Millie Bobby Brown နဲ႔အတူ Eiza González ၊ Alexander Skarsgård ၊ Rebecca Hall တို႔က အဓိက ပါဝင္ထားပါတယ္။ ၂၀၂၀ မတ္လ (၁၁)ရက္ေန႔မွာ စတင္ျပသသြားမွာ ျဖစ္ပါတယ္။

(6) A Quiet Place Part II

Photo: IMDb

အက္ေဘာ့မိသားစုေတြ သူတို႔ရဲ႕အိမ္မွာ ေသေလာက္ေအာင္ ေၾကာက္ဖို႔ေကာင္းတဲ့ျဖစ္ရပ္နဲ႔ ႀကဳံရၿပီးေနာက္မွာ ျပင္ပေလာကထဲမွာ ဒီ့ထက္ပိုဆိုးတဲ့ ေၾကာက္စရာ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ၾကရပါေတာ့တယ္။ အသံၾကားတာနဲ႔ ခ်က္ခ်င္းေရာက္လာၿပီး သတ္ျဖတ္တတ္တဲ့ အေကာင္ေတြအျပင္ အဲ့ထက္ပိုေၾကာက္ဖို႔ေကာင္းတဲ့အရာတစ္ခုက ျပင္ပမွာ ေစာင့္ႀကိဳေနတဲ့အခါ … ။

ပထမကားကို ႀကိဳက္ခဲ့ၾကသူေတြဆိုရင္ ဒီကားကိုလည္း မျဖစ္မေန ၾကည့္ရမွာပါ။ ဒါ႐ိုက္တာ John Krasinski က ဘယ္လိုေၾကာက္ဖို႔ေကာင္းတာေတြကို အသည္းတယားတယားနဲ႔ ရင္တမမ ၾကည့္ရေအာင္ ႐ိုက္ျပထားမလည္းဆိုတာ စိတ္ဝင္စားစရာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Emily Blunt ၊ Cillian Murphy နဲ႔ Noah Jupe တို႔က အဓိက ပါဝင္ထားပါတယ္။ ၂၀၂၀ မတ္လ(၂၀)ရက္ေန႔မွာ စတင္႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

(7) Soul

Photo: IMDb

ကာတြန္းကားေကာင္းေလးေတြ ႏွစ္သက္သူမ်ား၊ မိသားစုနဲ႔အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ၾကည့္ခ်င္သူမ်ား လက္မလႊတ္သင့္တဲ့ အန္နီေမးရွင္း႐ုပ္ရွင္ေလး ျဖစ္ပါတယ္။ ဇာတ္လမ္းအေၾကာင္းအရာကေတာ့ ဂီတအေပၚ စိတ္ကုန္လာတဲ့ ဂီတပညာရွင္တစ္ေယာက္ရဲ႕ဝိဉာဥ္ဟာ ခႏၶာကိုယ္ထဲကေန အထုတ္ခံလိုက္ရၿပီး ဟိုးဘဝအစကို ျပန္ေရာက္သြားပါတယ္။ အဲ့ေနာက္မွာေတာ့ ကေလးေလးတစ္ေယာက္ရဲ႕ ဝိဉာဥ္အကူအညီနဲ႔ သူ႔ရဲ႕မူလခႏၶာကိုယ္ထဲကို ျပန္ဝင္လို႔ရေအာင္ ႀကိဳးစားရပါေတာ့တယ္။

႐ိုက္ကူးထားတဲ့ ဒါ႐ိုက္တာေတြကေတာ့ Pete Docter နဲ႔ Kemp Powers တို႔ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jamie Foxx ၊ Tina Fey နဲ႔  John Ratzenberger တို႔က အဓိက ပါဝင္ထားပါတယ္။ ၂၀၂၀ ဇြန္လ(၁၉)ရက္ေန႔မွာ စတင္႐ုံတင္ျပသသြားမယ္လို႔ သိရပါတယ္။

ဒါကေတာ့ ႐ုပ္ရွင္ခ်စ္သူေတြ ယခုႏွစ္ ၂၀၂၀ထဲမွာ မလြတ္တမ္း ေစာင့္ၾကည့္ရမယ့္ ႐ုပ္ရွင္(၇)ကား ျဖစ္ပါတယ္။ ဘယ္ကားေလးကို ၾကည့္ဖို႔ ရင္ခုန္ေနလည္းဆိုတာလည္း ေျပာျပခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular