HomeEntertainmentFilm၂၀၂၀ခုနှစ်ရဲ့ IMDb အမြင့်ဆုံး Horror ရုပ်ရှင်များ

၂၀၂၀ခုနှစ်ရဲ့ IMDb အမြင့်ဆုံး Horror ရုပ်ရှင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အားလုံးသိကြတဲ့အတိုင်း ၂၀၂၀ ခုနှစ်ဟာ ကိုဗစ်ကြောင့် ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်အများစုဟာ ရုံတင်ရက်တွေ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ တချို့ရုပ်ရှင်တွေကတော့ ရုံမတင်တော့ဘဲ streaming service တွေကနေ ပြသခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေအနေနဲ့ Netflix လိုမျိူး original ရုပ်ရှင်တွေကို ထုတ်လုပ်နိုင်တဲ့ streaming service တွေက ပြသခဲ့တဲ့ ရုပ်ရှင်အသစ်တွေကိုတော့ ကြည့်ရှုခွင့် ရခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ၂၀၂၀ခုနှစ်မှာ ထွက်ရှိထားတဲ့ IMDb အများဆုံး horror ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Lodge
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.0) ရရှိထားတဲ့ ဒရာမာ horror ရုပ်ရှင်အမျိူးအစား ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Aidan နဲ့ Mia တို့ရဲ့ အမေဟာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ နောက်ထပ် ခြောက်လကြာတဲ့အချိန်မှာတော့ သူတို့ရဲ့အဖေဟာ လူသူမနီးတဲ့ နေရာမှာရှိတဲ့ ဟိုတယ်တစ်ခုဆီ မိသားစုခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ထုံးစံအတိုင်းပဲ အဲ့ဒီဟိုတယ်ကိုရောက်ပြီး မကြာခင်မှာပဲ ထူးခြားတဲ့ ဖြစ်ရပ်တွေကို ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Riley Keough ၊ Jaeden Martell နဲ့ Lia McHugh တို့က အဓိက ပါဝင်ထားပါတယ်။

(6) VFW
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.1) ရရှိထားပြီး horror အက်ရှင်အမျိူးအစား ဖြစ်ပါတယ်။ ကောင်မလေးတစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် စိတ်သိပ်မမှန်တဲ့ မူးယစ်ဆေး ရောင်းဝယ်ရေးသမားရဲ့ လက်ထဲက ထွက်ပြေးနေရပါတယ်။ ဒါကြောင့်ပဲ စစ်သားဟောင်း အုပ်စုတစ်စုဟာ သူတို့ရဲ့အသက်နဲ့ ရင်းပြီး ဒီကောင်မလေးကို ကာကွယ်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sierra McCormick ၊ Stephen Lang နဲ့ Fred Williamson တို့က အဓိက ပါဝင်ထားပါတယ်။

(5) Freaky
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.3) ရရှိထားပြီး horror အမျိူးအစားနဲ့ ဟာသ ရောနှောထားပါတယ်။ တစ်ရက်မှာတော့ အထက်တန်း ကျောင်းသူလေးတစ်ယောက်ဟာ လူသတ်သမားတစ်ယောက် လိုက်လံတိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ သူမဟာ အသက်မဆုံးရှုံးသွားပါဘူး။ နောက်တစ်ရက် ရောက်သွားတဲ့အချိန်မှာတော့ ထူးခြားစွာပဲ သူမဟာ အဲ့ဒီလူသတ်သမားနဲ့ ခန္ဓာကိုယ်ချင်း လဲသွားခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Vince Vanghn ၊ Kathryn Newton နဲ့ Uriah Shelton တို့က အဓိက ပါဝင်ထားပါတယ်။

(4) His House
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.5) ရရှိထားတဲ့ Nerflix original ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စစ်ဖြစ်နေတဲ့ ဆူဒန်နိုင်ငံက ဒုက္ခသည်အတွဲတစ်တွဲဟာ အသက်လုပြီး နိုင်ငံတွင်းက ထွက်ပြေးလာခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ အင်္ဂလန်ရဲ့ မြို့တစ်မြို့မှာ အခြေချဖို့ ကြိုးစားကြရင်း မထင်မှတ်ထားတာတွေကို ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sope Dirisu ၊ Wunmi Mosaku နဲ့ Matt Smith တို့က အဓိက ပါဝင်ထားပါတယ်။

(3) Host
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.6) ရရှိထားပြီး Shudder streaming service က ပြသခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းသုံးယောက်ဟာ လော့ဒ်‌ဒေါင်း ကာလအတွင်းမှာ Zoom ကနေတစ်ဆင့် တွေ့ဆုံခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ မဆက်သွယ်သင့်တဲ့သူကို မတော်တဆ ဆက်သွယ်မိသွားပြီး တစ်ယောက်ချင်းဆီရဲ့အိမ်မှာ ထူးဆန်းတာတွေ ဖြစ်လာပါတော့တယ်။

(2) Run
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.7) ရရှိထားပြီး Hulu ကနေ ပြသခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်ရွယ် ကျန်းမာရေး မကောင်းတဲ့ သမီးလေးကို တစ်ဘဝလုံး စောင့်ရှောက်လာတဲ့ မိဘတစ်ယောက်ရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူမရဲ့ သမီးဟာ ကျန်းမာရေး မကောင်းတာကြောင့် ကျောင်းလည်းမတက်နိုင်ဘဲ အိမ်မှာပဲ ဆရာခေါ်သင်ရပါတယ်။ တစ်ရက်မှာတော့ ဒီကောင်မလေးဟာ သူ့ရဲ့အမေက တစ်ခုခုကို လျှို့ဝှက်ထားတယ်လို့ သံသယ ဝင်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sarah Paulson ၊ Kiera Allen နဲ့ Onalee Ames တို့က အဓိက ပါဝင်ထားပါတယ်။

(1) The Invisible Man
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.1) ရရှိထားပြီး ၂၀၂၀ နှစ်စပိုင်းမှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Cecilia ရဲ့ နှိပ်စက်တတ်တဲ့ ခင်ပွန်းဟာ သူ့ကိုယ်သူ သတ်သေသွားပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို သူမအတွက် ချန်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း Cecilia ကတော့ သူ့ရဲ့ခင်ပွန်းသေဆုံးမှုဟာ အတုကြီးလို့ သံသယဖြစ်နေပါတယ်။ အဲ့ဒီနောက်မှာတော့ အဖြစ်အပျက်တွေ အမျိူးမျိူးကြောင့် ဘယ်သူမှမမြင်ရဘဲ ကိုယ်ပျောက်နေတဲ့ လူတစ်ယောက်က သူမကို ခြောက်လှန့်နေတယ်ဆိုတာ သက်သေပြဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Elisabeth Moss ၊ Oliver Jackson-Cohen နဲ့ Aldis Hodge တို့က အဓိက ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အားလုံးသိၾကတဲ့အတိုင္း ၂၀၂၀ ခုႏွစ္ဟာ ကိုဗစ္ေၾကာင့္ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ ႐ုပ္ရွင္အမ်ားစုဟာ ႐ုံတင္ရက္ေတြ ေ႐ႊ႕ေျပာင္းခဲ့ၾကရပါတယ္။ တခ်ိဳ႕႐ုပ္ရွင္ေတြကေတာ့ ႐ုံမတင္ေတာ့ဘဲ streaming service ေတြကေန ျပသခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ပရိသတ္ေတြအေနနဲ႔ Netflix လိုမ်ိဴး original ႐ုပ္ရွင္ေတြကို ထုတ္လုပ္ႏိုင္တဲ့ streaming service ေတြက ျပသခဲ့တဲ့ ႐ုပ္ရွင္အသစ္ေတြကိုေတာ့ ၾကည့္ရႈခြင့္ ရခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ၂၀၂၀ခုႏွစ္မွာ ထြက္ရွိထားတဲ့ IMDb အမ်ားဆုံး horror ႐ုပ္ရွင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) The Lodge
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.0) ရရွိထားတဲ့ ဒရာမာ horror ႐ုပ္ရွင္အမ်ိဴးအစား ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ Aidan နဲ႔ Mia တို႔ရဲ႕ အေမဟာ ကိုယ့္ကိုယ္ကို သတ္ေသသြားပါတယ္။ ေနာက္ထပ္ ေျခာက္လၾကာတဲ့အခ်ိန္မွာေတာ့ သူတို႔ရဲ႕အေဖဟာ လူသူမနီးတဲ့ ေနရာမွာရွိတဲ့ ဟိုတယ္တစ္ခုဆီ မိသားစုခရီးထြက္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ထုံးစံအတိုင္းပဲ အဲ့ဒီဟိုတယ္ကိုေရာက္ၿပီး မၾကာခင္မွာပဲ ထူးျခားတဲ့ ျဖစ္ရပ္ေတြကို ႀကဳံေတြ႕ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Riley Keough ၊ Jaeden Martell နဲ႔ Lia McHugh တို႔က အဓိက ပါဝင္ထားပါတယ္။

(6) VFW
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.1) ရရွိထားၿပီး horror အက္ရွင္အမ်ိဴးအစား ျဖစ္ပါတယ္။ ေကာင္မေလးတစ္ေယာက္ဟာ အေၾကာင္းတစ္ခုေၾကာင့္ စိတ္သိပ္မမွန္တဲ့ မူးယစ္ေဆး ေရာင္းဝယ္ေရးသမားရဲ႕ လက္ထဲက ထြက္ေျပးေနရပါတယ္။ ဒါေၾကာင့္ပဲ စစ္သားေဟာင္း အုပ္စုတစ္စုဟာ သူတို႔ရဲ႕အသက္နဲ႔ ရင္းၿပီး ဒီေကာင္မေလးကို ကာကြယ္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Sierra McCormick ၊ Stephen Lang နဲ႔ Fred Williamson တို႔က အဓိက ပါဝင္ထားပါတယ္။

(5) Freaky
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.3) ရရွိထားၿပီး horror အမ်ိဴးအစားနဲ႔ ဟာသ ေရာေႏွာထားပါတယ္။ တစ္ရက္မွာေတာ့ အထက္တန္း ေက်ာင္းသူေလးတစ္ေယာက္ဟာ လူသတ္သမားတစ္ေယာက္ လိုက္လံတိုက္ခိုက္တာကို ခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ကံေကာင္းစြာနဲ႔ပဲ သူမဟာ အသက္မဆုံးရႈံးသြားပါဘူး။ ေနာက္တစ္ရက္ ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ထူးျခားစြာပဲ သူမဟာ အဲ့ဒီလူသတ္သမားနဲ႔ ခႏၶာကိုယ္ခ်င္း လဲသြားခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Vince Vanghn ၊ Kathryn Newton နဲ႔ Uriah Shelton တို႔က အဓိက ပါဝင္ထားပါတယ္။

(4) His House
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.5) ရရွိထားတဲ့ Nerflix original ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ စစ္ျဖစ္ေနတဲ့ ဆူဒန္ႏိုင္ငံက ဒုကၡသည္အတြဲတစ္တြဲဟာ အသက္လုၿပီး ႏိုင္ငံတြင္းက ထြက္ေျပးလာခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာ အဂၤလန္ရဲ႕ ၿမိဳ႕တစ္ၿမိဳ႕မွာ အေျခခ်ဖို႔ ႀကိဳးစားၾကရင္း မထင္မွတ္ထားတာေတြကို ႀကဳံေတြ႕ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Sope Dirisu ၊ Wunmi Mosaku နဲ႔ Matt Smith တို႔က အဓိက ပါဝင္ထားပါတယ္။

(3) Host
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.6) ရရွိထားၿပီး Shudder streaming service က ျပသခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ သူငယ္ခ်င္းသုံးေယာက္ဟာ ေလာ့ဒ္‌ေဒါင္း ကာလအတြင္းမွာ Zoom ကေနတစ္ဆင့္ ေတြ႕ဆုံခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာ မဆက္သြယ္သင့္တဲ့သူကို မေတာ္တဆ ဆက္သြယ္မိသြားၿပီး တစ္ေယာက္ခ်င္းဆီရဲ႕အိမ္မွာ ထူးဆန္းတာေတြ ျဖစ္လာပါေတာ့တယ္။

(2) Run
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.7) ရရွိထားၿပီး Hulu ကေန ျပသခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဆယ္ေက်ာ္သက္႐ြယ္ က်န္းမာေရး မေကာင္းတဲ့ သမီးေလးကို တစ္ဘဝလုံး ေစာင့္ေရွာက္လာတဲ့ မိဘတစ္ေယာက္ရဲ႕အေၾကာင္းကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သူမရဲ႕ သမီးဟာ က်န္းမာေရး မေကာင္းတာေၾကာင့္ ေက်ာင္းလည္းမတက္ႏိုင္ဘဲ အိမ္မွာပဲ ဆရာေခၚသင္ရပါတယ္။ တစ္ရက္မွာေတာ့ ဒီေကာင္မေလးဟာ သူ႔ရဲ႕အေမက တစ္ခုခုကို လွ်ိဳ႕ဝွက္ထားတယ္လို႔ သံသယ ဝင္လာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Sarah Paulson ၊ Kiera Allen နဲ႔ Onalee Ames တို႔က အဓိက ပါဝင္ထားပါတယ္။

(1) The Invisible Man
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (7.1) ရရွိထားၿပီး ၂၀၂၀ ႏွစ္စပိုင္းမွာ ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Cecilia ရဲ႕ ႏွိပ္စက္တတ္တဲ့ ခင္ပြန္းဟာ သူ႔ကိုယ္သူ သတ္ေသသြားၿပီး သူ႔ရဲ႕ပိုင္ဆိုင္မႈေတြအားလုံးကို သူမအတြက္ ခ်န္ထားခဲ့ပါတယ္။ ဒါေပမယ့္လည္း Cecilia ကေတာ့ သူ႔ရဲ႕ခင္ပြန္းေသဆုံးမႈဟာ အတုႀကီးလို႔ သံသယျဖစ္ေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အျဖစ္အပ်က္ေတြ အမ်ိဴးမ်ိဴးေၾကာင့္ ဘယ္သူမွမျမင္ရဘဲ ကိုယ္ေပ်ာက္ေနတဲ့ လူတစ္ေယာက္က သူမကို ေျခာက္လွန႔္ေနတယ္ဆိုတာ သက္ေသျပဖို႔ ႀကိဳးစားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Elisabeth Moss ၊ Oliver Jackson-Cohen နဲ႔ Aldis Hodge တို႔က အဓိက ပါဝင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular