HomeCelebs Update NewsInternational၂၀၂၁ ခုနှစ်ရဲ့ US Box Office မှာ (၃၀) ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်တဲ့ Marvel

၂၀၂၁ ခုနှစ်ရဲ့ US Box Office မှာ (၃၀) ရာခိုင်နှုန်း သိမ်းပိုက်ထားနိုင်တဲ့ Marvel

Marvel စတူဒီယိုဟာ ၂၀၂၁ ခုနှစ်ရဲ့ US Box Office မှာ (၃၀) ရာခိုင်နှုန်းတောင် သိမ်းပိုက်ထားနိုင်ပြီး ဒီနှစ်အတွင်းမှာတော့ ဝင်ငွေအများဆုံး စတူဒီယို ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ဟာ ၂၀၂၀ နဲ့ ယှဉ်လိုက်ရင်တော့ US Box Office ဟာ နှစ်ဆလောက် တက်သွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ နေရာအများစုမှာ ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်တာကြောင့် အခုလိုမျိူး Box Office က တိုးတက်လာတာ ဖြစ်ပါတယ်။

photo via screenrant

၂၀၂၁ ခုနှစ် မေလမှာတော့ Marvel စတူဒီယိုဟာ Black Widow ကို ပထမဆုံးရုပ်ရှင်အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ US Box Office မှာ ဒေါ်လာ (၁၈၃.၆) သန်း ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Venom: Let There Be Carnage ထွက်ရှိလာပြီး ၂၀၂၁ ခုနှစ်ရဲ့ ဝင်ငွေအများဆုံး နံပတ် (၇) မှာ ရပ်တည်နေပါတယ်။ Venom ကတော့ MCU ထဲမှာ မပါဝင်ပေမယ့်လည်း ဒီရုပ်ရှင်ဖြစ်ပေါ်လာဖို့အတွက် Sony နဲ့ Marvel တို့ဟာ ရှယ်ယာ သဘောမျိူး ပြုလုပ်ကြတာကြောင့် Marvel ကလည်း ဝင်ငွေတွေ ရရှိပါတယ်။

သိပ်မကြာခင်မှာတော့ Shang-Chi and the Legend of Ten Rings ထွက်ရှိလာပြီး အချိန်အနည်းငယ် ကြာတဲ့အချိန်မှာတော့ Eternals ထွက်ရှိလာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံး MCU ရုပ်ရှင်ဖြစ်တဲ့ Spider-Man: No Way Home ကတော့ တစ်ကမ္ဘာလုံး Box Office မှာ တစ်ဘီလျံကျော်မြင့်သွားပြီး အခုချိန်ထိလည်း ဝင်ငွေတွေ ဆက်လက်ရရှိနေတုန်း ဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း Marvel ဟာ US Box Office ရဲ့ (၃၀) ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

The Warp သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ Marvel ဟာ ၂၀၂၁ ခုနှစ်မှာ US Box Office ရဲ့ (၃၀) ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီး တစ်ခြားစတူဒီယိုတွေအားလုံးထက် ပိုမိုများပြားတဲ့ ဝင်ငွေကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်ဟာ ကိုဗစ်ကြောင့် အခက်အခဲတွေ ရှိခဲ့ပေမယ့်လည်း ဒီအချက်အလက်တွေအရ ဆိုရင်တော့ ဒီနှစ်ဟာ Marvel နဲ့ Sony အတွက် အောင်မြင်မှုတွေ ရရှိခဲ့တယ်ဆိုလည်း မမှားပါဘူး။ ၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် နောက်ထပ် Marvel ရုပ်ရှင်တွေကလည်း စိတ်ဝင်စားစရာတွေပဲ ဖြစ်တာကြောင့် ရှေ့လျှောက်လည်း ဒီထက်ပိုပြီး အောင်မြင်သွားမယ်ဆိုတာ အသေချာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular