HomeEntertainmentFilmအစတုန်းက Multiverse ပါဝင်ဖို့ အစီအစဉ် မရှိခဲ့တဲ့ Spider-Man: No Way Home

အစတုန်းက Multiverse ပါဝင်ဖို့ အစီအစဉ် မရှိခဲ့တဲ့ Spider-Man: No Way Home

Spider-Man: No Way Home ရဲ့ မူလဇာတ်လမ်းမှာ Multiverse လုံးဝ မပါဝင်ပါဘူးလို့ ဇာတ်ညွှန်းရေးဆရာ Erik Sommers နဲ့ Chris McKenna တို့က ပြောပြခဲ့ပါတယ်။ အရင်တစ်ခေါက်တုန်းကတော့ Marvel နဲ့ Sony တို့ သဘောတူညီမှု မရတာကြောင့် Tom Holland ရဲ့ Spider-Man ကို MCU ကနေ ထုတ်ပစ်ဖို့တောင် ဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒီအဖြစ်အပျက် အပြီးမှာတော့ No Way Home ဖြစ်ပေါ်လာစေတဲ့ Marvel နဲ့ Sony တို့ ပူးပေါင်းမှုဟာ တကယ်မဖြစ်လာလုနီးပါး ဖြစ်ခဲ့ပါတယ်။

photo via screenrant

Spider-Man: No Way Home ကတော့ Tom Holland ရဲ့ Spider-Man အတွက် အကြီးမားဆုံး စွန့်စားခန်းတစ်ခု ဖြစ်ခဲ့သလို ပရိသတ်တွေအတွက်လည်း အိပ်မက်တွေ တကယ်ဖြစ်လာစေတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Doc Ock ၊ Green Goblin ၊ Sandman ၊ Electro နဲ့ Lizard တို့ ပြန်လည်ပါဝင်လာသလို ပရိသတ်တွေ မျှော်လင့်ထားသလို Tobey Maguire နဲ့ Andrew Garfield တို့ကိုလည်း Spider-Man အဖြစ် ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း အစတုန်းကတော့ ဒီအဖြစ်အပျက်တွေဟာ လုံးဝဖြစ်ပေါ်လာဖို့ အစီအစဉ် မရှိခဲ့ပါဘူး။ Variety သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ ဇာတ်ညွှန်းရေးဆရာ Erik Sommers နဲ့ Chris McKenna တို့ဟာ အဲ့ဒီအကြောင်းကို ပြောပြခဲ့ပါတယ်။ သူတို့ရဲ့ ပြောစကားအရ ဆိုရင်တော့ ဒီကားထဲမှာ Multiverse တွေ လုံးဝပါဝင်ဖို့ အစီအစဉ်မရှိဘဲ ရုပ်ရှင်ရဲ့ အဆုံးမှသာ ပရိသတ်တွေကို အရိပ်အမြွက်ပြသသွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်လို့ သိရပါတယ်။

photo via screenrant

ဒါပေမယ့်လည်း No Way Home အတွက် အစက စီစဉ်ထားတဲ့ ဇာတ်လမ်းအကြောင်းအရာကိုတော့ မပြောပြခဲ့ပါဘူး။ အခုလိုမျိူး ပြောင်းလဲလိုက်တဲ့ အကြောင်းကတော့ No Way Home ထဲမှာတင် Multiverse တွေကို ပြသလိုက်ရင် ပရိသတ်တွေလည်း ပိုပြီးကြိုက်နှစ်သက်မယ် ဆိုတာကို သဘောပေါက်သွားတာကြောင့် အခုလို ပြောင်းလဲလိုက်တာလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလိုမျိူး ပြောင်းလဲလိုက်တာက ပရိသတ်တွေအတွက် အလွန်ကောင်းမွန်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular