HomeEntertainmentFilm၂၀၂၂ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်များ

၂၀၂၂ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်များ

ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေများစွာ ဖြစ်ပေါ်အပြီးမှာတော့ ၂၀၂၂ ခုနှစ်အတွင်းမှာ ဟောလိဝုဒ်ရုပ်ရှင်‌အများစုဟာ အပြိုင်အဆိုင်ပဲ ထွက်ရှိလာခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ ဟောလိဝုဒ်ရုပ်ရှင်တွေဟာ ပုံမှန်အတိုင်းပဲ ထွက်ရှိလာကြပြီး Blockbuster တွေကလည်း ဝင်ငွေတွေများစွာ ရရှိခဲ့သလို Indie ရုပ်ရှင်ကားကောင်းတွေကလည်း ပရိသတ်တွေအတွက် အကြိုက်ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ၂၀၂၂ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

The Northman

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.1) ရရှိထားပြီး camera work တွေနဲ့ နည်းပညာပိုင်းဆိုင်ရာမှာတော့ ချီးကျူးစရာကောင်းတယ်လို့ ဝေဖန်ရေးအချို့က ဆိုထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်လေးတစ်ယောက်ဟာ သူ့မျက်စိရှေ့မှာပဲ သူ့ရဲ့အဖေ အသတ်ခံခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူဟာ အရွယ်ရောက်လာတဲ့ အချိန်မှာတော့ Viking တစ်ယောက်အနေနဲ့ သူ့အဖေအတွက် ပြန်လည်လက်စားချေဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Alexander Skarsgard ၊ Anya Taylor-Joy နဲ့ Nicole Kidman တို့ပါဝင်ထားပါတယ်။

Top Gun: Maverick

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (8.4) ရရှိထားပြီး မင်းသားကြီး Tom Cruise ရဲ့ ပထမဆုံး (၁)ဘီလျံကျော်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပထမရုပ်ရှင်အပြီး နှစ်ပေါင်းသုံးဆယ်မှာ ဇာတ်အိမ်တည်ထားပြီး Maverick ဟာ အလွန်အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို ပြုလုပ်ဖို့အတွက် လက်ရွေးစင်ပိုင်းလော့တွေကို ပြန်လည်သင်ပေးရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Tom Cruise ၊ Miles Teller နဲ့ Glen Powell တို့ ပါဝင်ထားပါတယ်။

X

photo via screenrant

ဒီရုပ်ရှင်ကတော့ A24 စတူဒီယိုက ဖန်တီးထားတာ ဖြစ်ပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတစ်စုဟာ Texas မြို့ရဲ့ လူသူမနီးတဲ့ နေရာတစ်ခုမှာ အပြာကား ရိုက်ကူးဖို့ ခရီးထွက်လာရာက စတင်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ ပုံမှန်မဟုတ်တဲ့ အရာတွေနဲ့ ရင်ဆိုင်တွေ့ကြရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Mia Goth ၊ Jenna Ortega နဲ့ Martin Henderson တို့ ပါဝင်ထားပါတယ်။

RRR

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.9) ရရှိထားပြီး အတော်ကို ရေပန်းစားခဲ့တဲ့ အိန္ဒိယရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အကြောက်တရားကင်းမဲ့တဲ့ တော်လှန်ရေးသမား တစ်ယောက်နဲ့ ဗြိတိသျှရဲတပ်ဖွဲ့ဝင် တစ်ယောက်ဟာ အတူတူပူးပေါင်းပြီး လွတ်လပ်ရေး ရရှိဖို့အတွက် ကြိုးစားကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Ram Charan ၊ N.T. Rama Rao Jr. နဲ့ Alia Bhatt တို့ ပါဝင်ထားကြပါတယ်။

Men

photo via screenrant

ဒီရုပ်ရှင်ကတော့ A24 စတူဒီယိုက ဖန်တီးထားတာ ဖြစ်ပြီး IMDb (6.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Harper ဆိုတဲ့ အမျိူးသမီးတစ်ယောက်ဟာ သူမရဲ့ခင်ပွန်း သေဆုံးသွားတာကြောင့် ဝမ်းနည်းစိတ်ထိခိုက်နေပြီး ဝေးလံတဲ့နေရာတစ်ခုဆီကို စိတ်ပြေလက်ပျောက် သွားရောက်ခဲ့ပါတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အဝတ်ဗလာနဲ့ လူတစ်ယောက်ဟာ သူမကို နောက်ယောင်ခံ လိုက်လာတဲ့ အခါမှာတော့…။ သရုပ်ဆောင်တွေကတော့ Jessie Buckley ၊ Rory Kinnear နဲ့ Paapa Essiedu တို့ ပါဝင်ထားပါတယ်။

Prey

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အလွန်အဆင့်မြင့် ပြောင်းလဲနေတဲ့ ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်ကို ရောက်ရှိလာပြီး လူသားတွေကို အပျော်သဘော အမဲလိုက်ကြရာက စတင်ပါတယ်။ အဲဒီနောက်မှာတော့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့လူမျိူးစုကို ကာကွယ်ဖို့ တိုက်ခိုက်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Amber Midthunder ၊ Dane DiLiegro နဲ့ Dakota Beavers တို့ အဓိက ပါဝင်ထားပါတယ်။

Nope

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မြင်းဇောင်းတစ်ခုကို ကြီးကြပ်နေကြတဲ့ မောင်နှမနှစ်ယောက်ဟာ တစ်ရက်မှာတော့ ကောင်းကင်ပေါ်မှာ ထူးဆန်းတဲ့အရာတစ်ခုကို မြင်တွေ့လိုက်ရပါတယ်။ အဲဒီအချိန်မှာတော့ Theme Park တစ်ခုရဲ့ ပိုင်ရှင်ဟာ အဲဒီထူးဆန်းတဲ့အရာကြီးကို အကြောင်းပြပြီး အကျိူးအမြတ်ရအောင် ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Daniel Kaluuya ၊ Steve Yeun နဲ့ Keke Palmer တို့ အဓိက ပါဝင်ထားပါတယ်။

Turning Red

photo via screenrant

ဒီ Animation ကတော့ IMDb (7.0) ရရှိထားပြီး Pixar ရဲ့ Short Animation ဖြစ်တဲ့ Bao ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Domee Shi က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကတော့ (၁၃)နှစ်အရွယ် ကောင်မလေး Mei Lee ဟာ ခံစားချက်တွေ ပြင်းထန်လာတိုင်း အနီရောင်ပန်ဒါကြီးအဖြစ် ပြောင်းလဲသွားပါတယ်။ ဒါဟာ သူမတို့မိသားစုရဲ့ ထူးခြားတဲ့အချက် ဖြစ်ပြီး သူမရဲ့ မိဘတွေကတော့ ဒီလျှို့ဝှက်ချက်ကို တခြားသူတွေ သိသွားမှာ ဆိုးတာကြောင့် သူမကိုတောင် မပြောပြထားခဲ့ပါဘူး။ ဒီဇာတ်လမ်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်း ဖြစ်ပေမယ့်လည်း ဆယ်ကျော်သက်တွေရဲ့ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Rosalie Chiang ၊ Sandra Oh နဲ့ Jordan Fisher တို့ ပါဝင်ထားပါတယ်။

The Batman

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.8) ရရှိထားပါတယ်။ Bruce Wayne ဟာ Batman ဖြစ်ခါစ အချိန်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Gotham မြို့တော်ဝန်ဟာ အသတ်ခံခဲ့ရပြီး Batman ဟာ ဒီအမှုကို စုံစမ်းနေရင်း တဖြည်းဖြည်းနဲ့ အတိတ်က သူ့မိဘတွေရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတာကို သိလိုက်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Robert Pattinson ၊ Zoe Kravitz နဲ့ Paul Dano တို့ ပါဝင်ထားပါတယ်။

Everything Everywhere All At Once

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင်နေတဲ့ သာမန် တရုတ်မိသားစုတစ်စုအကြောင်းပဲ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူတို့မိသားစုဟာ Multiverse ကြီးတစ်ခုလုံးကို ပျက်စီးသွားစေနိုင်တဲ့ အန္တရာယ်တစ်ခုကို ကာကွယ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Michelle Yeoh ၊ Stephanie Hsu နဲ့ Ke Huy Quan တို့ အဓိက ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular