HomeAnimeအက်ရှင်ခပ်ကြမ်းကြမ်း ကြိုက်သူတွေ ကြည့်သင့်တဲ့ anime ဇာတ်လမ်းတွဲများ

အက်ရှင်ခပ်ကြမ်းကြမ်း ကြိုက်သူတွေ ကြည့်သင့်တဲ့ anime ဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime တွေဟာ ကွဲထွက်နေတဲ့ ကိုယ်ပိုင်ဟန်နဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ anime လို့ ပြောလိုက်ရင် အက်ရှင် ၊ slice of life ၊ horror စသဖြင့် အမျိုးအစား အများကြီး ရှိတာကို သိထားကြမှာပါ။ ဒီတစ်ခါမှာတော့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြည့်ရှုချင်တဲ့သူတွေအတွက် သင့်တော်တဲ့ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(1) Fullmetal Alchemist: Brotherhood
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၉ ခုနှစ်က ထွက်ခဲ့ပြီးတော့ IMDb (9.1) ရရှိထားပါတယ်။ ၂၀၀၃ ခုနှစ်ကထွက်ထားတဲ့ Fullmetal Alchemist လည်းရှိပြီးတော့ ဒီတစ်ခုကတော့ အရင်ကထွက်ထားတဲ့ဇာတ်လမ်းကိုပဲ ပြန်လည်ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အဂ္ဂိရတ်ပညာရပ်ကို လိုက်စားနေတဲ့ ညီအကိုနှစ်ယောက်အကြောင်း ဖြစ်ပါတယ်။ တစ်နေ့မှာ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ညီအကိုနှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့ပြီး သူတို့ကို ကယ်တင်နိုင်မယ့်အရာကို စတင်ရှာဖွေကြပါတယ်။ သူတို့ရှာဖွေရမယ့်အရာကတော့…..။

(2) Gintama
photo via cbr

ဒီဇာတ်လမ်းတွဲကလည်း ၂၀၀၆ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.6) ရထားပါတယ်။ Alternate ဗားရှင်းတစ်ခုမှာ ဂျပန်နိုင်ငံဟာ ဂြိုဟ်သားတွေ အုပ်စိုးတာကို ခံနေရပါတယ်။ အဲ့ဒီအချိန်မှာတော့ ဆာမူရိုင်းတစ်ယောက်နဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာ ကြုံရာကျပန်းအလုပ်တွေကို လုပ်နေရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ပေါ့ပေါ့ပါးပါး ရီရီမောမောနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ခု ဖြစ်ပါတယ်။

(3) Hunter X Hunter
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.9) ရထားပါတယ်။ Gon Freecss ရဲ့အဖေဟာ သူငယ်ငယ်ကတည်းက hunter တစ်ယောက်ဖြစ်လာဖို့အတွက် အိမ်ကထွက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ သူဟာ hunter တစ်ယောက် ဖြစ်လာဖို့အတွက် သူ့ဘာသာလေ့ကျင့်နေပြီးတော့ သူ့ရဲ့အဖေနဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ကို ကြိုးစားပါတော့တယ်။

(4) Attack on Titan
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်တုန်းက ထွက်ခဲ့တာဖြစ်ပြီး IMDb (8.8) ရထားတဲ့အပြင် တော်တော်လေးလည်း နာမည်ကြီးတဲ့ Anime စီးရီးတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူသားစားတဲ့ titan တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ လူတွေဟာ နံရံတွေကာထားတဲ့ မြို့ကြီးထဲမှာ နေထိုင်ပြီး အသက်ရှင်သန်ဖို့အတွက် ကြိုးစားရုန်းကန်ကြရတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။  Action ၊ adventure အမျိုးအစား ဖြစ်တဲ့အတွက် ပျင်းရမှာမဟုတ်ပါဘူး။

(5) Code Geass
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.6) ရထားပါတယ်။ Lelouch လို့ခေါ်တဲ့ကောင်လေးဟာ တစ်ခြားသူတွေကို ထိန်းချုပ်လို့ရတဲ့ ထူးဆန်းတဲ့ စွမ်းအားတစ်မျိုးကို ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကန့်သတ်ချက်တစ်ခုကတော့ သူဟာ အဲ့ဒီစွမ်းအားကို တစ်ခါသုံးရင် လူတစ်ယောက်ကိုပဲ သုံးလို့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ အရမ်းကိုစွမ်းအားကြီးတဲ့ အင်ပါယာကြီးတစ်ခုလုံးကို တော်လှန်နေတဲ့အဖွဲ့ထဲက ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(6) Mob Psycho 100
photo via cbr

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၆ ခုနှစ်မှာထွက်ခဲ့ပြီး IMDb (8.5) ရထားပါတယ်။ Kageyama Shigeo ဆိုတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ သဘာဝလွန်စိတ်စွမ်းအင်တွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ သူ့လိုမျိုး စိတ်စွမ်းအင်တွေပိုင်ဆိုင်ထားတဲ့ တစ်ခြားသူတွေလည်း ရှိကြပြီးတော့ အဲ့လိုလူတွေဟာ မကောင်းဆိုးဝါးတွေကို နှိမ်နင်းတဲ့အလုပ်ကို လုပ်နေကြပါတယ်။ သူဟာလည်း အဲ့လိုမကောင်းဆိုးဝါး နှိမ်နှင်းတဲ့သူတစ်ယောက်ရဲ့ လက်ထောက်တစ်ယောက်အနေနဲ့ နေထိုင်နေပါတယ်။

(7) Demon Slayer
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.8) ရထားပါတယ်။ Tanjiro လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဟာ သူတို့မိသားစုထဲမှာ သားအကြီးဆုံးဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့မိသားစုဟာတစ်ခုလုံးဟာ မကောင်းဆိုးဝါးတွေတိုက်ခိုက်တာကို ခံလိုက်ရပြီးတော့ သူ့ရဲ့ညီမဖြစ်သူ Nezuko တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ညီမဟာ မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားပြီးတော့ သူဟာနောက်ပိုင်းမှာတော့ မကောင်းဆိုးဝါးနှိမ်နင်းသူတစ်ယောက် ဖြစ်လာအောင် ကြိုးစားပါတော့တယ်။

(8) Vinland Saga
photo via cbr

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.8) ရရှိထားပါတယ်။ Thorfinn နေထိုင်တဲ့နေရာကို Viking တွေဟာ ကျူးကျော်လာပြီးတော့ သူ့ရဲ့မိသားစုကို သတ်ဖြတ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာနောက်ပိုင်းမှာတော့ ကြောက်ဖို့ကောင်းတဲ့ စစ်သည်တော်တစ်ယောက်ဖြစ်လာပြီတော့ သူ့အဖေကို သတ်သွားတဲ့သူကို လက်စားချေဖို့အတွက် ကြိုးစားပါတော့တယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Anime ေတြဟာ ကြဲထြက္ေနတဲ့ ကိုယ္ပိုင္ဟန္နဲ႔ တစ္ကမာၻလုံးက ပရိသတ္ေတြကို ဆြဲေဆာင္ထားႏိုင္ပါတယ္။ anime လို႔ ေျပာလိုက္ရင္ အက္ရွင္ ၊ slice of life ၊ horror စသျဖင့္ အမ်ိဳးအစား အမ်ားႀကီး ရွိတာကို သိထားၾကမွာပါ။ ဒီတစ္ခါမွာေတာ့ အက္ရွင္ခပ္ၾကမ္းၾကမ္းေတြကို ၾကည့္ရႈခ်င္တဲ့သူေတြအတြက္ သင့္ေတာ္တဲ့ဇာတ္လမ္းတြဲေတြကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

(1) Fullmetal Alchemist: Brotherhood
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၉ ခုႏွစ္က ထြက္ခဲ့ၿပီးေတာ့ IMDb (9.1) ရရွိထားပါတယ္။ ၂၀၀၃ ခုႏွစ္ကထြက္ထားတဲ့ Fullmetal Alchemist လည္းရွိၿပီးေတာ့ ဒီတစ္ခုကေတာ့ အရင္ကထြက္ထားတဲ့ဇာတ္လမ္းကိုပဲ ျပန္လည္ပုံေဖာ္ထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းေလးကေတာ့ အဂၢိရတ္ပညာရပ္ကို လိုက္စားေနတဲ့ ညီအကိုႏွစ္ေယာက္အေၾကာင္း ျဖစ္ပါတယ္။ တစ္ေန႔မွာ မေတာ္တဆျဖစ္ရပ္တစ္ခုေၾကာင့္ ညီအကိုႏွစ္ေယာက္လုံးရဲ႕ ခႏၶာကိုယ္ကို ထိခိုက္ေစခဲ့ၿပီး သူတို႔ကို ကယ္တင္ႏိုင္မယ့္အရာကို စတင္ရွာေဖြၾကပါတယ္။ သူတို႔ရွာေဖြရမယ့္အရာကေတာ့…..။

(2) Gintama
photo via cbr

ဒီဇာတ္လမ္းတြဲကလည္း ၂၀၀၆ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.6) ရထားပါတယ္။ Alternate ဗားရွင္းတစ္ခုမွာ ဂ်ပန္ႏိုင္ငံဟာ ၿဂိဳဟ္သားေတြ အုပ္စိုးတာကို ခံေနရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ဆာမူ႐ိုင္းတစ္ေယာက္နဲ႔ သူ႔ရဲ႕သူငယ္ခ်င္းေတြဟာ ႀကဳံရာက်ပန္းအလုပ္ေတြကို လုပ္ေနရပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ေပါ့ေပါ့ပါးပါး ရီရီေမာေမာနဲ႔ ၾကည့္ရႈရမယ့္ ဇာတ္လမ္းေလးတစ္ခု ျဖစ္ပါတယ္။

(3) Hunter X Hunter
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.9) ရထားပါတယ္။ Gon Freecss ရဲ႕အေဖဟာ သူငယ္ငယ္ကတည္းက hunter တစ္ေယာက္ျဖစ္လာဖို႔အတြက္ အိမ္ကထြက္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ သူဟာ hunter တစ္ေယာက္ ျဖစ္လာဖို႔အတြက္ သူ႔ဘာသာေလ့က်င့္ေနၿပီးေတာ့ သူ႔ရဲ႕အေဖနဲ႔ ျပန္လည္ေတြ႕ဆုံႏိုင္ဖို႔ကို ႀကိဳးစားပါေတာ့တယ္။

(4) Attack on Titan
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ ခုႏွစ္တုန္းက ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.8) ရထားတဲ့အျပင္ ေတာ္ေတာ္ေလးလည္း နာမည္ႀကီးတဲ့ Anime စီးရီးေတြထဲက တစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ လူသားစားတဲ့ titan ေတြရဲ႕ ရန္ကေန ကာကြယ္ဖို႔ လူေတြဟာ နံရံေတြကာထားတဲ့ ၿမိဳ႕ႀကီးထဲမွာ ေနထိုင္ၿပီး အသက္ရွင္သန္ဖို႔အတြက္ ႀကိဳးစား႐ုန္းကန္ၾကရတာကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။  Action ၊ adventure အမ်ိဳးအစား ျဖစ္တဲ့အတြက္ ပ်င္းရမွာမဟုတ္ပါဘူး။

(5) Code Geass
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၆ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.6) ရထားပါတယ္။ Lelouch လို႔ေခၚတဲ့ေကာင္ေလးဟာ တစ္ျခားသူေတြကို ထိန္းခ်ဳပ္လို႔ရတဲ့ ထူးဆန္းတဲ့ စြမ္းအားတစ္မ်ိဳးကို ရရွိသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ကန႔္သတ္ခ်က္တစ္ခုကေတာ့ သူဟာ အဲ့ဒီစြမ္းအားကို တစ္ခါသုံးရင္ လူတစ္ေယာက္ကိုပဲ သုံးလို႔ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ အရမ္းကိုစြမ္းအားႀကီးတဲ့ အင္ပါယာႀကီးတစ္ခုလုံးကို ေတာ္လွန္ေနတဲ့အဖြဲ႕ထဲက ေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

(6) Mob Psycho 100
photo via cbr

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၆ ခုႏွစ္မွာထြက္ခဲ့ၿပီး IMDb (8.5) ရထားပါတယ္။ Kageyama Shigeo ဆိုတဲ့ အလယ္တန္းေက်ာင္းသားေလးတစ္ေယာက္ဟာ သဘာဝလြန္စိတ္စြမ္းအင္ေတြကို ပိုင္ဆိုင္ထားခဲ့ပါတယ္။ သူ႔လိုမ်ိဳး စိတ္စြမ္းအင္ေတြပိုင္ဆိုင္ထားတဲ့ တစ္ျခားသူေတြလည္း ရွိၾကၿပီးေတာ့ အဲ့လိုလူေတြဟာ မေကာင္းဆိုးဝါးေတြကို ႏွိမ္နင္းတဲ့အလုပ္ကို လုပ္ေနၾကပါတယ္။ သူဟာလည္း အဲ့လိုမေကာင္းဆိုးဝါး ႏွိမ္ႏွင္းတဲ့သူတစ္ေယာက္ရဲ႕ လက္ေထာက္တစ္ေယာက္အေနနဲ႔ ေနထိုင္ေနပါတယ္။

(7) Demon Slayer
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.8) ရထားပါတယ္။ Tanjiro လို႔ေခၚတဲ့ ေကာင္ေလးတစ္ေယာက္ဟာ သူတို႔မိသားစုထဲမွာ သားအႀကီးဆုံးျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ သူ႔ရဲ႕မိသားစုဟာတစ္ခုလုံးဟာ မေကာင္းဆိုးဝါးေတြတိုက္ခိုက္တာကို ခံလိုက္ရၿပီးေတာ့ သူ႔ရဲ႕ညီမျဖစ္သူ Nezuko တစ္ေယာက္ပဲ အသက္ရွင္က်န္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕ညီမဟာ မေကာင္းဆိုးဝါးအျဖစ္ ေျပာင္းလဲသြားၿပီးေတာ့ သူဟာေနာက္ပိုင္းမွာေတာ့ မေကာင္းဆိုးဝါးႏွိမ္နင္းသူတစ္ေယာက္ ျဖစ္လာေအာင္ ႀကိဳးစားပါေတာ့တယ္။

(8) Vinland Saga
photo via cbr

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.8) ရရွိထားပါတယ္။ Thorfinn ေနထိုင္တဲ့ေနရာကို Viking ေတြဟာ က်ဴးေက်ာ္လာၿပီးေတာ့ သူ႔ရဲ႕မိသားစုကို သတ္ျဖတ္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာေနာက္ပိုင္းမွာေတာ့ ေၾကာက္ဖို႔ေကာင္းတဲ့ စစ္သည္ေတာ္တစ္ေယာက္ျဖစ္လာၿပီေတာ့ သူ႔အေဖကို သတ္သြားတဲ့သူကို လက္စားေခ်ဖို႔အတြက္ ႀကိဳးစားပါေတာ့တယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular