HomeAnimeအက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြိုက်သူတွေ ကြည့်သင့်တဲ့ Anime စီးရီးများ

အက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြိုက်သူတွေ ကြည့်သင့်တဲ့ Anime စီးရီးများ

ေအာက္တြင္‌ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime တွေဟာ ကွဲထွက်နေတဲ့ ကိုယ်ပိုင်ဟန်နဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ anime လို့ ပြောလိုက်ရင် အက်ရှင် ၊ slice of life ၊ horror စသဖြင့် အမျိုးအစား အများကြီး ရှိတာကို သိထားကြမှာပါ။ အဲ့လိုမျိူး ဇာတ်လမ်းအမျိူးအစားတွေလည်း မတူတာကြောင့် တစ်ယောက်နဲ့ တစ်ယောက်ဟာလည်း အကြိုက်တွေ တူကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီတစ်ခါမှာတော့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြိုက်နှစ်သူတွေ ကြည့်တဲ့ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(9) Bleach
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၄ ခုနှစ်တုန်းက ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Ichigo Kurosaki လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ သူဟာ သာမန်လူငယ်မတူဘဲ ထူးခြားနေတဲ့အချက်ကတော့ ဝိဉာဉ်တွေကို မြင်နိုင်တာပဲ ဖြစ်ပါတယ်။ မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်သွားပြီးတဲ့နောက်မှာတော့ သူဟာ စွမ်းအားတွေရရှိသွားပြီး သူဟာ လူသားတွေကို ကာကွယ်ဖို့အတွက် ကြိုးစားပါတော့တယ်။

(8) Dragon Ball Super
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး IMDb (8.4) ရခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဒီစီးရီးအဓိကဇာတ်ကောင်ဖြစ်တဲ့ Son Goku အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအိပ်ပျော်နေတဲ့ ဖျက်စီးခြင်းရဲ့နတ်ဘုရားလို့ခေါ်တဲ့ Beerus ဟာ နိုးထလာပြီးတော့ Goku နဲ့ တိုက်ခိုက်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒါကြောင့်ပဲ Goku ဟာကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် Beerus နဲ့တိုက်ခိုက်ရပါတော့တယ်။

(7) My Hero Academia
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ထားတာ ဖြစ်ပြီး IMDb (8.5) ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတေွဟာ စူပါ,ပါဝါတွေ ပိုင်ဆိုင်ထားကြပြီးတော့ စူပါဟီးရိုးတွေကို မွေးထုတ်ပေးတဲ့ ဟီးရိုးအကယ်ဒမီဆိုတာ ရှိပါတယ်။ စူပါဟီးရိုးတွေကိုအားကျပြီး ဘာစွမ်းအားမှမရှိတဲ့ ကောင်လေးတစ်ယောက်ဟာ စူပါဟီးရိုးတစ်ယောက် ဖြစ်ဖို့ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလည်း ဆိုတာကို ဇာတ်လမ်းခပ်သွက်သွက်ပုံစံနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(6) Naruto: Shippuden
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Naruto ဆိုတဲ့ နင်ဂျာကောင်လေးတစ်ယောက်ရဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ သူရဲ့ငယ်ဘဝကတည်းက မက်ခဲ့ရတဲ့ အိမ်မက်တစ်ခုကတော့ သူတို့ရွာရဲ့အကြီးအကဲဖြစ်တဲ့ Hokage ဆိုတဲ့ ရာထူးကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ သူဖြစ်ချင်တဲ့ အိမ်မက်နောက်ကို လိုက်ရင်းနဲ့ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ရမလည်းဆိုတာကို မြင်တွေ့ရမှာပါ။

(5) One Piece
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၁၉၉၉ ခုနှစ်က ထွက်ခဲ့ပြီးတော့ IMDb (8.7) ရထားပါတယ်။ ဇာတ်လမ်းကတော့ Monkey D. Luffy လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့အိမ်မက်ကတော့ ပင်လယ်ဓားပြတွေအားလုံးရဲ့ ဘုရင်ဖြစ်လာဖို့အတွက် ဖြစ်ပြီး အဲ့ဒီအိမ်မက်ကို တကယ်ဖြစ်လာအောင် ဖန်တီးဖို့အတွက် သူနဲ့စိတ်တူကိုယ်တူဖြစ်တဲ့ သူတွေကို လိုက်လံရှာဖွေပါတော့တယ်။

(4) Attack on Titan
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်တုန်းက ထွက်ခဲ့တာဖြစ်ပြီး IMDb (8.8) ရထားတဲ့အပြင် တော်တော်လေးလည်း နာမည်ကြီးတဲ့ Anime စီးရီးတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူသားစားတဲ့ titan တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ လူတွေဟာ နံရံတွေကာထားတဲ့ မြို့ကြီးထဲမှာ နေထိုင်ပြီး အသက်ရှင်သန်ဖို့အတွက် ကြိုးစားရုန်းကန်ကြရတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။  Action ၊ adventure အမျိုးအစား ဖြစ်တဲ့အတွက် ပျင်းရမှာကိုတော့ စိတ်ပူစရာမလိုပါဘူး။

(3) One-Punch Man
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၅ ခုနှစ်တုန်းက ထွက်ထားတာ ဖြစ်ပြီး IMDb (8.8) ရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Saitama လို့ခေါ်တဲ့ စူပါဟီးရိုးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သူဟာ အမြဲဟာသတွေပဲ လုပ်နေပြီးတော့ ဘာကိုမှသိပ်ပြီး အလေးမထားဘဲ ပျင်းနေတတ်တဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပြီးတော့ ဘယ်လိုရန်သူမျိုးပဲဖြစ်ဖြစ်  အမြဲတမ်း သူ့ရဲ့လက်သီး တစ်ချက်တည်းနဲ့ပဲ အနိုင်ယူနိုင်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

(2) Hunter X Hunter
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.9) ရထားပါတယ်။ ဇာတ်လမ်းကတော့ Gon Freecss လို့ခေါ်တဲ့ ကောင်လေး တစ်ယောက်ရဲ့ စွန့်စားခန်းတွေကို ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ရဲ့အဖေဟာ သူမမွေးခင်ကတည်းက hunter တစ်ယောက်ဖြစ်လာဖို့အတွက် အိမ်ကထွက်သွားခဲ့ပြီးတော့ သူ့ကိုမွေးဖွားတဲ့နောက်မှာတော့ သူ့ရဲ့အဒေါ်ဆီမှာ ထားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ သူဟာ hunter တစ်ယောက် ဖြစ်လာဖို့အတွက် လေ့ကျင့်ခဲ့ပြီးတော့ သူ့ရဲ့အဖေနဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ကို ကြိုးစားပါတော့တယ်။

(1) Fullmetal Alchemist: Brotherhood
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၉ ခုနှစ်က ထွက်ခဲ့ပြီးတော့ IMDb (9.1) ရရှိထားပါတယ်။ ၂၀၀၃ ခုနှစ်ကထွက်ထားတဲ့ Fullmetal Alchemist လည်းရှိပြီးတော့ ဒီတစ်ခုကတော့ အရင်ကထွက်ထားတဲ့ဇာတ်လမ်းကိုပဲ ပြန်လည်ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အဂ္ဂိရတ်ပညာရပ်ကို လိုက်စားနေတဲ့ ညီအကိုနှစ်ယောက်အကြောင်း ဖြစ်ပါတယ်။ တစ်နေ့မှာ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ညီအကိုနှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့ပြီး သူတို့ကို ကယ်တင်နိုင်မယ့်အရာကို စတင်ရှာဖွေကြပါတယ်။ သူတို့ရှာဖွေရမယ့်အရာကတော့…..။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Anime ေတြဟာ ကြဲထြက္ေနတဲ့ ကိုယ္ပိုင္ဟန္နဲ႔ တစ္ကမာၻလုံးက ပရိသတ္ေတြကို ဆြဲေဆာင္ထားႏိုင္ပါတယ္။ anime လို႔ ေျပာလိုက္ရင္ အက္ရွင္ ၊ slice of life ၊ horror စသျဖင့္ အမ်ိဳးအစား အမ်ားႀကီး ရွိတာကို သိထားၾကမွာပါ။ အဲ့လိုမ်ိဴး ဇာတ္လမ္းအမ်ိဴးအစားေတြလည္း မတူတာေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ဟာလည္း အႀကိဳက္ေတြ တူၾကမွာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ဒီတစ္ခါမွာေတာ့ အက္ရွင္ခပ္ၾကမ္းၾကမ္းေတြကို ႀကိဳက္ႏွစ္သူေတြ ၾကည့္တဲ့ဇာတ္လမ္းတြဲေတြကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

(9) Bleach
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၄ ခုႏွစ္တုန္းက ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Ichigo Kurosaki လို႔ေခၚတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ သူဟာ သာမန္လူငယ္မတူဘဲ ထူးျခားေနတဲ့အခ်က္ကေတာ့ ဝိဉာဥ္ေတြကို ျမင္ႏိုင္တာပဲ ျဖစ္ပါတယ္။ မေတာ္တဆျဖစ္ရပ္တစ္ခု ျဖစ္သြားၿပီးတဲ့ေနာက္မွာေတာ့ သူဟာ စြမ္းအားေတြရရွိသြားၿပီး သူဟာ လူသားေတြကို ကာကြယ္ဖို႔အတြက္ ႀကိဳးစားပါေတာ့တယ္။

(8) Dragon Ball Super
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (8.4) ရခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ ထုံးစံအတိုင္း ဒီစီးရီးအဓိကဇာတ္ေကာင္ျဖစ္တဲ့ Son Goku အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာအိပ္ေပ်ာ္ေနတဲ့ ဖ်က္စီးျခင္းရဲ႕နတ္ဘုရားလို႔ေခၚတဲ့ Beerus ဟာ ႏိုးထလာၿပီးေတာ့ Goku နဲ႔ တိုက္ခိုက္ဖို႔အတြက္ အေၾကာင္းဖန္လာပါေတာ့တယ္။ အဲ့ဒါေၾကာင့္ပဲ Goku ဟာကမာၻႀကီးကို ကယ္တင္ဖို႔အတြက္ Beerus နဲ႔တိုက္ခိုက္ရပါေတာ့တယ္။

(7) My Hero Academia
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ထားတာ ျဖစ္ၿပီး IMDb (8.5) ရထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ လူေတြဟာ စူပါ,ပါဝါေတြ ပိုင္ဆိုင္ထားၾကၿပီးေတာ့ စူပါဟီး႐ိုးေတြကို ေမြးထုတ္ေပးတဲ့ ဟီး႐ိုးအကယ္ဒမီဆိုတာ ရွိပါတယ္။ စူပါဟီး႐ိုးေတြကိုအားက်ၿပီး ဘာစြမ္းအားမွမရွိတဲ့ ေကာင္ေလးတစ္ေယာက္ဟာ စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္ဖို႔ ဘယ္လိုအခက္အခဲေတြနဲ႔ ႀကဳံေတြ႕ရမလည္း ဆိုတာကို ဇာတ္လမ္းခပ္သြက္သြက္ပုံစံနဲ႔ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(6) Naruto: Shippuden
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (8.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Naruto ဆိုတဲ့ နင္ဂ်ာေကာင္ေလးတစ္ေယာက္ရဲ႕အေၾကာင္းကို စိတ္ဝင္စားဖြယ္ျဖစ္ေအာင္ ဖန္တီးထားတာ ျဖစ္ပါတယ္။ သူရဲ႕ငယ္ဘဝကတည္းက မက္ခဲ့ရတဲ့ အိမ္မက္တစ္ခုကေတာ့ သူတို႔႐ြာရဲ႕အႀကီးအကဲျဖစ္တဲ့ Hokage ဆိုတဲ့ ရာထူးကို ပိုင္ဆိုင္ႏိုင္ေအာင္ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ သူျဖစ္ခ်င္တဲ့ အိမ္မက္ေနာက္ကို လိုက္ရင္းနဲ႔ ဘယ္လိုအခက္အခဲေတြကို ႀကဳံေတြ႕ရမလည္းဆိုတာကို ျမင္ေတြ႕ရမွာပါ။

(5) One Piece
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၁၉၉၉ ခုႏွစ္က ထြက္ခဲ့ၿပီးေတာ့ IMDb (8.7) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ Monkey D. Luffy လို႔ေခၚတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ သူ႔ရဲ႕အိမ္မက္ကေတာ့ ပင္လယ္ဓားျပေတြအားလုံးရဲ႕ ဘုရင္ျဖစ္လာဖို႔အတြက္ ျဖစ္ၿပီး အဲ့ဒီအိမ္မက္ကို တကယ္ျဖစ္လာေအာင္ ဖန္တီးဖို႔အတြက္ သူနဲ႔စိတ္တူကိုယ္တူျဖစ္တဲ့ သူေတြကို လိုက္လံရွာေဖြပါေတာ့တယ္။

(4) Attack on Titan
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ ခုႏွစ္တုန္းက ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.8) ရထားတဲ့အျပင္ ေတာ္ေတာ္ေလးလည္း နာမည္ႀကီးတဲ့ Anime စီးရီးေတြထဲက တစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ လူသားစားတဲ့ titan ေတြရဲ႕ ရန္ကေန ကာကြယ္ဖို႔ လူေတြဟာ နံရံေတြကာထားတဲ့ ၿမိဳ႕ႀကီးထဲမွာ ေနထိုင္ၿပီး အသက္ရွင္သန္ဖို႔အတြက္ ႀကိဳးစား႐ုန္းကန္ၾကရတာကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။  Action ၊ adventure အမ်ိဳးအစား ျဖစ္တဲ့အတြက္ ပ်င္းရမွာကိုေတာ့ စိတ္ပူစရာမလိုပါဘူး။

(3) One-Punch Man
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၅ ခုႏွစ္တုန္းက ထြက္ထားတာ ျဖစ္ၿပီး IMDb (8.8) ရရွိခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ Saitama လို႔ေခၚတဲ့ စူပါဟီး႐ိုးတစ္ေယာက္အေၾကာင္းကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ သူဟာ အၿမဲဟာသေတြပဲ လုပ္ေနၿပီးေတာ့ ဘာကိုမွသိပ္ၿပီး အေလးမထားဘဲ ပ်င္းေနတတ္တဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္ၿပီးေတာ့ ဘယ္လိုရန္သူမ်ိဳးပဲျဖစ္ျဖစ္  အၿမဲတမ္း သူ႔ရဲ႕လက္သီး တစ္ခ်က္တည္းနဲ႔ပဲ အႏိုင္ယူႏိုင္တဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။

(2) Hunter X Hunter
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.9) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ Gon Freecss လို႔ေခၚတဲ့ ေကာင္ေလး တစ္ေယာက္ရဲ႕ စြန႔္စားခန္းေတြကို ဖန္တီးထားတာ ျဖစ္ပါတယ္။ သူ႔ရဲ႕အေဖဟာ သူမေမြးခင္ကတည္းက hunter တစ္ေယာက္ျဖစ္လာဖို႔အတြက္ အိမ္ကထြက္သြားခဲ့ၿပီးေတာ့ သူ႔ကိုေမြးဖြားတဲ့ေနာက္မွာေတာ့ သူ႔ရဲ႕အေဒၚဆီမွာ ထားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ သူဟာ hunter တစ္ေယာက္ ျဖစ္လာဖို႔အတြက္ ေလ့က်င့္ခဲ့ၿပီးေတာ့ သူ႔ရဲ႕အေဖနဲ႔ ျပန္လည္ေတြ႕ဆုံႏိုင္ဖို႔ကို ႀကိဳးစားပါေတာ့တယ္။

(1) Fullmetal Alchemist: Brotherhood
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၉ ခုႏွစ္က ထြက္ခဲ့ၿပီးေတာ့ IMDb (9.1) ရရွိထားပါတယ္။ ၂၀၀၃ ခုႏွစ္ကထြက္ထားတဲ့ Fullmetal Alchemist လည္းရွိၿပီးေတာ့ ဒီတစ္ခုကေတာ့ အရင္ကထြက္ထားတဲ့ဇာတ္လမ္းကိုပဲ ျပန္လည္ပုံေဖာ္ထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းေလးကေတာ့ အဂၢိရတ္ပညာရပ္ကို လိုက္စားေနတဲ့ ညီအကိုႏွစ္ေယာက္အေၾကာင္း ျဖစ္ပါတယ္။ တစ္ေန႔မွာ မေတာ္တဆျဖစ္ရပ္တစ္ခုေၾကာင့္ ညီအကိုႏွစ္ေယာက္လုံးရဲ႕ ခႏၶာကိုယ္ကို ထိခိုက္ေစခဲ့ၿပီး သူတို႔ကို ကယ္တင္ႏိုင္မယ့္အရာကို စတင္ရွာေဖြၾကပါတယ္။ သူတို႔ရွာေဖြရမယ့္အရာကေတာ့…..။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular