HomeEntertainmentFilmဇာတ်ရုပ်နဲ့လိုက်ဖက်အောင် အပြင်းအထန် ဝိတ်ချခဲ့ရတဲ့ နာမည်ကျော်သရုပ်ဆောင်များ

ဇာတ်ရုပ်နဲ့လိုက်ဖက်အောင် အပြင်းအထန် ဝိတ်ချခဲ့ရတဲ့ နာမည်ကျော်သရုပ်ဆောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်က ရုပ်ရှင်အများစု အောင်မြင်ရတဲ့အကြောင်းအရင်းဟာ ဇာတ်ညွှန်းတွေ၊ ဒါရိုက်တာတွေ အပါအဝင် မင်းသား၊မင်းသမီးတွေရဲ့ ဇာတ်ကောင်အပေါ် အာရုံစူးစိုက်မှုနဲ့ အလေးအနက်ထားမှုတို့ကလည်း အဓိကနေရာက ပါဝင်နေပါတယ်။ ဟောလိဝုဒ်သရုပ်ဆောင်တွေဟာ သရုပ်ဆောင်ကောင်းတာအပြင် ဇာတ်ကောင်ရဲ့ သဘောသဘာဝနဲ့ လိုက်ဖက်အောင် အချိန်ပေးပြီး ပြင်ဆင်တတ်ကြပါသေးတယ်။ ဒီလိုကြိုတင်ပြင်ဆင်ရတဲ့ အရာတွေထဲမှာ ခက်ခဲပင်ပန်းတဲ့ ခန္ဓာကိုယ်အလေးချိန် ပြောင်းလဲမှုတွေကိုပါ ပြုလုပ်ကြရပါတယ်။ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်အတွက် ပီပြင်စေဖို့ ပြင်းပြင်းထန်ထန် ဝိတ်ချခဲ့တဲ့ သရုပ်ဆောင်တွေကတော့ …

Tom Hanks – Philadelphia
photo via youtube

Tom Hanks ဟာ ၁၉၉၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားထဲမှာ အိတ်ချ်အိုင်ဗွီ ဝေဒနာခံစားနေရတဲ့ ရှေ့နေတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ဇာတ်ကောင်ဟာ အိတ်ချ်အိုင်ဗွီရောဂါသည် ဖြစ်တဲ့အတွက် ဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် ကိုယ်အလေးချိန် (၂၆)ပေါင် ချခဲ့ရပါတယ်။ ဒါပေမယ့်လည်း အပင်ပန်းခံရကျိုး နပ်ခဲ့ပါတယ်။ Tom Hanks ဟာ ဒီဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုအဖြစ် အော်စကာဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဇာတ်ကားအနေနဲ့လည်း ဝင်ငွေဒေါ်လာ(၂၀၆.၇)သန်း ရရှိခဲ့ပါတယ်။

Matt Damon – Courage Under Fire
photo via youtube

Matt Damon ဟာ ဒီဇာတ်ကားထဲမှာ ဆေးတပ်သားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသားဟာ ဒီဇာတ်ရုပ်အတွက် ကိုယ်အလေးချိန် ပေါင်(၄၀)အထိ ကြောက်ခမန်းလိလိ ချခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၆ခုနှစ်မှာ ထွက်ရှိထားပြီး ဝင်ငွေအနေနဲ့ ဒေါ်လာ(၁၀၀.၉)သန်း ရရှိထားတဲ့ စစ်ကားတစ်ကား ဖြစ်ပါတယ်။

Tom Hanks – Cast Away
photo via 20th century fox

ဒီဇာတ်ကားထဲမှာတော့ Tom Hanks ဟာ လေယာဉ်ပျက်ကျပြီး ကျွန်းတစ်ခုပေါ်မှာ သောင်တင်နေတဲ့ Chuck Noland ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ကျွန်းပေါ်မှာ အစာဝလင်အောင် မစားရဘဲ အသက်ရှင်သန်ဖို့ ကြိုးစားရတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရတာကြောင့် ကိုယ်အလေးချိန် (၅၅)ပေါင်တောင် ချခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ ဝင်ငွေအနေနဲ့ ဒေါ်လာ(၄၂၉.၆)သန်း ရရှိခဲ့ပါတယ်။

Christian Bale – The Machinist
photo via paramount classics

Christian Bale ဟာ ဒီဇာတ်ကားထဲမှာ အိပ်မပျော်တဲ့ဝေဒနာ ခံစားနေရတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ တစ်နှစ်လုံး မအိပ်သလောက် နေခဲ့တဲ့ စက်ရုံအလုပ်သမားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ Christian Bale ကို ဒီကားထဲမှာ ကြောက်ဖို့ကောင်းလောက်အောင် ပိန်လှီနေတာကို တွေ့ရမှာပါ။ သူဟာ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ဖို့အတွက် ကိုယ်အလေးချိန် ပေါင်(၆၀)လောက် ချခဲ့ပါတယ်။

Christian Bale အနေနဲ့ ကြောက်ခမန်းလိလိ ကိုယ်အလေးချိန် လျှော့ချခဲ့တာဟာ ဒီဇာတ်ကောင်တစ်ခုတည်းအတွက်တော့ မဟုတ်ပါဘူး။ ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တဲ့ The Fighter ဇာတ်ကားနဲ့ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Rescue Dawn ဇာတ်ကားတွေမှာလည်း သူ့ရဲ့ကိုယ်အလေးချိန်ကို သိသိသာသာကြီး လျှော့ချခဲ့ပါသေးတယ်။ အခုဖော်ပြထားတဲ့ The Machinist ဇာတ်ကားကတော့ ၂၀၀၄ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb (7.7) ရထားပါတယ်။

Beyoncé – Dreamgirls
photo via youtube

Beyoncé ကတော့ ဒီဇာတ်ကားအတွက် သူမရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးတဲ့ ခန္ဓာကိုယ်ကို ခပ်ပိန်ပိန် သွယ်သွယ်ပုံစံမျိုးဖြစ်အောင် ဝိတ်လျှော့ခဲ့ရပါတယ်။ ဒီဇာတ်ကားထဲမှာ အဆိုတော်တစ်ယောက်နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကောင်နဲ့ လိုက်ဖက်မှုရှိအောင် ကိုယ်အလေးချိန် ပေါင်(၂၀)ချခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၆ခုနှစ်မှာ ထွက်ရှိထားပြီး ဒေါ်လာ (၁၅၄.၈)သန်းကိုတော့ ဝင်ငွေအဖြစ် ရရှိခဲ့ပါတယ်။

Michael Fassbender – Hunger
photo via film4

Michael Fassbender ကိုတော့ X – Men ဇာတ်ကားတွေထဲက လူငယ် Magneto အဖြစ်နဲ့ သိထားကြမှာပါ။ သူကတော့ ဒီဇာတ်ကားထဲမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အစာငတ်ခံ ဆန္ဒပြတဲ့ အကျဉ်းသားတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ Michael ဟာ ဒီဇာတ်ရုပ်အတွက် ပေါင်(၄၀)တောင် ချခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။

Natalie Portman – Black Swan
photo via fox searchlight

Natalie Portman ကတော့ ဒီကားထဲမှာ ဘဲလေးကချေသည်နေရာကနေ သရုပ်ဆောင်ခဲ့ရတာကြောင့် ခန္ဓာကိုယ်ကျစ်လျစ်သွယ်လျနေဖို့အတွက် ပေါင် (၂၀)လျှော့ခဲ့ရပါတယ်။ Natalie ရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် ဒီဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုအဖြစ် အော်စကာဆု ချီးမြှင့်ခံခဲ့ရပါသေးတယ်။ ဒီကားဟာ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားပြီးတော့ ဝင်ငွေ ဒေါ်လာ(၃၃၀.၄)သန်း ရရှိထားပါတယ်။

50 Cent – All Things Fall Apart
photo via instagram

နာမည်ကြီးရက်ပ်ပါ 50 Cent ဟာ ဒီ indie ဇာတ်ကားထဲမှာ ကင်ဆာရောဂါကို ရင်ဆိုင်နေရတဲ့ ဘောလုံးသမားတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူဟာ ကင်ဆာရောဂါသည် ဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် ကိုယ်အလေးချိန် ပေါင်(၅၀)ကျော်လောက် လျှော့ချခဲ့ရပါတယ်။ ဒီကားဟာ ၂၀၁၁ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (5.4) ရရှိထားပါတယ်။

Anne Hathaway – Les Miserables
photo via focus features

မင်းသမီး Anne Hathaway ဟာ ဒီဇာတ်ကားထဲမှာ အစာရေစာ သိပ်မစားရတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် ကိုယ်အလေးချိန် (၂၅)ပေါင် ချခဲ့ရပါတယ်။ အဲ့ဒါအပြင် ဆံပင်တွေကိုလည်း ကတုံးနီးပါးဖြစ်အောင် ဖြတ်ချခဲ့ရပါသေးတယ်။ ဒါကြောင့်လည်း အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုအဖြစ် အော်စကာဆု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိထားပြီး မိတ်ကပ်နဲ့ အသံပိုင်းဆိုင်ရာအတွက် အော်စကာဆု(၂)ဆုကိုလည်း ရရှိထားတဲ့အပြင် ဝင်ငွေ ဒေါ်လာ(၄၄၁.၈)သန်း ရရှိခဲ့ပါတယ်။

Jared Leto – Dallas Buyers Club
photo via focus features

Jared Leto ကတော့ ဒီဇာတ်ကားထဲမှာ အိတ်ချ်အိုင်ဗွီ ရောဂါသည် လိင်ပြောင်းအမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။ Jared ဟာ သူ့ဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် ကိုယ်အလေးချိန် ပေါင်(၄၀)လောက် ချခဲ့ရပါတယ်။ ဒါ့ကြောင့်ပဲ အကောင်းဆုံးဇာတ်ပို့ဆုအဖြစ် အော်စကာဆုကို ချီးမြှင့်ခံခဲ့ရတာပါ။ ဒီဇာတ်ကားက ၂၀၁၃ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ဘတ်ဂျက် ဒေါ်လာ(၅)သန်းတည်းနဲ့ ရိုက်ကူးခဲ့ပေမယ့် ဝင်ငွေ ဒေါ်လာ(၅၂)သန်း ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။

Chris Hemsworth – In the Heart of the Sea
photo via instagram

Thor ဇာတ်ကောင်နဲ့ လူသိများတဲ့ မင်းသား Chris Hemsworth ဟာ ဒီဇာတ်ကားထဲမှာ ဝေလငါးဖမ်းတဲ့ သင်္ဘောပေါ်က လူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ပင်လယ်ထဲမှာ အသက်ရှင်သန်ဖို့ ကြိုးစားရတဲ့ ကာရိုက်တာဖြစ်လို့ Chris ဟာ ဒီကားအတွက် (၁၅)ပေါင် ဝိတ်လျှော့ခဲ့ရပါတယ်။ ဒီကားဟာ ၂၀၁၅ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရထားတဲ့ အက်ရှင်၊စွန့်စားခန်း အမျိုးအစား ဖြစ်ပါတယ်။

Liam Neeson – Silence
photo via youtube

မင်းသားကြီး Liam Neeson ကတော့ ဒီဇာတ်ကားထဲက ကာရိုက်တာကို ပီပီပြင်ပြင် သရုပ်ဆောင်ဖို့အတွက် ပေါင်(၂၀)အထိ လျှော့ချခဲ့ပါတယ်။ ဒီဇတ်ကားဟာ ၂၀၁၆ခုနှစ်တုန်းက ထွက်ရှိထားတာ ဖြစ်ပြီးတော့ IMDb (7.2) ရရှိထားတဲ့ ဒရာမာဇာတ်ကား ဖြစ်ပါတယ်။

Joaquin Phoenix – Joker
photo via warner bros

Joaquin Phoenix ဟာ ဒီဇာတ်ကားမှာတော့ လူမှုရေးမှာရော၊ စီးပွားရေးမှာပါ အဆင်မပြေမှုတွေကို ခံစားနေရတဲ့ စိတ်ရောဂါသည်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူဟာ You Were Never Really Here ဆိုတဲ့ ဇာတ်ကားမှာ ပြည့်ပြည့်ဖြိုးဖြိုး ခန္ဓာကိုယ်နဲ့ သရုပ်ဆောင်ပြီးပြီးချင်း ဒီ Joker ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ တန်းပြီး ဝိတ်ချခဲ့ရတာ ဖြစ်ပါတယ်။ မင်းသားဟာ Arthur Fleck နေရာမှာ သရုပ်ဆောင်ဖို့အတွက် ကိုယ်အလေးချိန် (၅၂)ပေါင် ချခဲ့ရပါတယ်။ ဒါကြောင့်လည်း အကောင်းဆုံးသရုပ်ဆောင်ဆုအဖြစ် အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုနဲ့ BAFTA  ဆုတွေကို သိမ်းကျုံးပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဝင်ငွေ ဒေါ်လာ(၁)ဘီလျံကျော် ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

ဒါကတော့ ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် အပြင်းအထန် ဝိတ်လျှော့ခဲ့ရတဲ့ သရုပ်ဆောင်တွေထဲက အချို့ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဘယ်ဇာတ်ကောင်တွေက စာဖတ်သူတို့ရဲ့ အကြိုက်ဖြစ်ခဲ့လည်းဆိုတာလည်း ပြန်လည်ဝေမျှပေးခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

ေဟာလိဝုဒ္က ႐ုပ္ရွင္အမ်ားစု ေအာင္ျမင္ရတဲ့အေၾကာင္းအရင္းဟာ ဇာတ္ၫႊန္းေတြ၊ ဒါ႐ိုက္တာေတြ အပါအဝင္ မင္းသား၊မင္းသမီးေတြရဲ႕ ဇာတ္ေကာင္အေပၚ အာ႐ုံစူးစိုက္မႈနဲ႔ အေလးအနက္ထားမႈတို႔ကလည္း အဓိကေနရာက ပါဝင္ေနပါတယ္။ ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြဟာ သ႐ုပ္ေဆာင္ေကာင္းတာအျပင္ ဇာတ္ေကာင္ရဲ႕ သေဘာသဘာဝနဲ႔ လိုက္ဖက္ေအာင္ အခ်ိန္ေပးၿပီး ျပင္ဆင္တတ္ၾကပါေသးတယ္။ ဒီလိုႀကိဳတင္ျပင္ဆင္ရတဲ့ အရာေတြထဲမွာ ခက္ခဲပင္ပန္းတဲ့ ခႏၶာကိုယ္အေလးခ်ိန္ ေျပာင္းလဲမႈေတြကိုပါ ျပဳလုပ္ၾကရပါတယ္။ သ႐ုပ္ေဆာင္ရမယ့္ ဇာတ္ေကာင္အတြက္ ပီျပင္ေစဖို႔ ျပင္းျပင္းထန္ထန္ ဝိတ္ခ်ခဲ့တဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ …

Tom Hanks – Philadelphia
photo via youtube

Tom Hanks ဟာ ၁၉၉၃ခုႏွစ္က ထြက္ရွိခဲ့တဲ့ ဒီဇာတ္ကားထဲမွာ အိတ္ခ်္အိုင္ဗြီ ေဝဒနာခံစားေနရတဲ့ ေရွ႕ေနတစ္ေယာက္ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။ သူ႔ရဲ႕ဇာတ္ေကာင္ဟာ အိတ္ခ်္အိုင္ဗြီေရာဂါသည္ ျဖစ္တဲ့အတြက္ ဇာတ္႐ုပ္နဲ႔ လိုက္ဖက္ေအာင္ ကိုယ္အေလးခ်ိန္ (၂၆)ေပါင္ ခ်ခဲ့ရပါတယ္။ ဒါေပမယ့္လည္း အပင္ပန္းခံရက်ိဳး နပ္ခဲ့ပါတယ္။ Tom Hanks ဟာ ဒီဇာတ္ကားနဲ႔ အေကာင္းဆုံးသ႐ုပ္ေဆာင္ဆုအျဖစ္ ေအာ္စကာဆု ခ်ီးျမႇင့္ခံခဲ့ရပါတယ္။ ဇာတ္ကားအေနနဲ႔လည္း ဝင္ေငြေဒၚလာ(၂၀၆.၇)သန္း ရရွိခဲ့ပါတယ္။

Matt Damon – Courage Under Fire
photo via youtube

Matt Damon ဟာ ဒီဇာတ္ကားထဲမွာ ေဆးတပ္သားတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ မင္းသားဟာ ဒီဇာတ္႐ုပ္အတြက္ ကိုယ္အေလးခ်ိန္ ေပါင္(၄၀)အထိ ေၾကာက္ခမန္းလိလိ ခ်ခဲ့ရပါတယ္။ ဒီဇာတ္ကားဟာ ၁၉၉၆ခုႏွစ္မွာ ထြက္ရွိထားၿပီး ဝင္ေငြအေနနဲ႔ ေဒၚလာ(၁၀၀.၉)သန္း ရရွိထားတဲ့ စစ္ကားတစ္ကား ျဖစ္ပါတယ္။

Tom Hanks – Cast Away
photo via 20th century fox

ဒီဇာတ္ကားထဲမွာေတာ့ Tom Hanks ဟာ ေလယာဥ္ပ်က္က်ၿပီး ကြၽန္းတစ္ခုေပၚမွာ ေသာင္တင္ေနတဲ့ Chuck Noland ဆိုတဲ့ ဇာတ္ေကာင္ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။ ကြၽန္းေပၚမွာ အစာဝလင္ေအာင္ မစားရဘဲ အသက္ရွင္သန္ဖို႔ ႀကိဳးစားရတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ရတာေၾကာင့္ ကိုယ္အေလးခ်ိန္ (၅၅)ေပါင္ေတာင္ ခ်ခဲ့ရပါတယ္။ ဒီဇာတ္ကားဟာ ၂၀၀၀ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ ဝင္ေငြအေနနဲ႔ ေဒၚလာ(၄၂၉.၆)သန္း ရရွိခဲ့ပါတယ္။

Christian Bale – The Machinist
photo via paramount classics

Christian Bale ဟာ ဒီဇာတ္ကားထဲမွာ အိပ္မေပ်ာ္တဲ့ေဝဒနာ ခံစားေနရတဲ့ လူတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ တစ္ႏွစ္လုံး မအိပ္သေလာက္ ေနခဲ့တဲ့ စက္႐ုံအလုပ္သမားတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Christian Bale ကို ဒီကားထဲမွာ ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ ပိန္လွီေနတာကို ေတြ႕ရမွာပါ။ သူဟာ ဒီဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ဖို႔အတြက္ ကိုယ္အေလးခ်ိန္ ေပါင္(၆၀)ေလာက္ ခ်ခဲ့ပါတယ္။

Christian Bale အေနနဲ႔ ေၾကာက္ခမန္းလိလိ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ခဲ့တာဟာ ဒီဇာတ္ေကာင္တစ္ခုတည္းအတြက္ေတာ့ မဟုတ္ပါဘူး။ ၂၀၁၀ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Fighter ဇာတ္ကားနဲ႔ ၂၀၀၆ခုႏွစ္က ထြက္ရွိခဲ့တဲ့ Rescue Dawn ဇာတ္ကားေတြမွာလည္း သူ႔ရဲ႕ကိုယ္အေလးခ်ိန္ကို သိသိသာသာႀကီး ေလွ်ာ့ခ်ခဲ့ပါေသးတယ္။ အခုေဖာ္ျပထားတဲ့ The Machinist ဇာတ္ကားကေတာ့ ၂၀၀၄ခုႏွစ္က ထြက္ရွိခဲ့ၿပီး IMDb (7.7) ရထားပါတယ္။

Beyoncé – Dreamgirls
photo via youtube

Beyoncé ကေတာ့ ဒီဇာတ္ကားအတြက္ သူမရဲ႕ ႀကံ့ခိုင္ဖြံ႕ၿဖိဳးတဲ့ ခႏၶာကိုယ္ကို ခပ္ပိန္ပိန္ သြယ္သြယ္ပုံစံမ်ိဳးျဖစ္ေအာင္ ဝိတ္ေလွ်ာ့ခဲ့ရပါတယ္။ ဒီဇာတ္ကားထဲမွာ အဆိုေတာ္တစ္ေယာက္ေနရာကေန သ႐ုပ္ေဆာင္ထားၿပီး ဇာတ္ေကာင္နဲ႔ လိုက္ဖက္မႈရွိေအာင္ ကိုယ္အေလးခ်ိန္ ေပါင္(၂၀)ခ်ခဲ့ပါတယ္။ ဒီဇာတ္ကားဟာ ၂၀၀၆ခုႏွစ္မွာ ထြက္ရွိထားၿပီး ေဒၚလာ (၁၅၄.၈)သန္းကိုေတာ့ ဝင္ေငြအျဖစ္ ရရွိခဲ့ပါတယ္။

Michael Fassbender – Hunger
photo via film4

Michael Fassbender ကိုေတာ့ X – Men ဇာတ္ကားေတြထဲက လူငယ္ Magneto အျဖစ္နဲ႔ သိထားၾကမွာပါ။ သူကေတာ့ ဒီဇာတ္ကားထဲမွာ ႏိုင္ငံေရးယုံၾကည္ခ်က္ေၾကာင့္ အစာငတ္ခံ ဆႏၵျပတဲ့ အက်ဥ္းသားတစ္ေယာက္ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။ Michael ဟာ ဒီဇာတ္႐ုပ္အတြက္ ေပါင္(၄၀)ေတာင္ ခ်ခဲ့ရပါတယ္။ ဒီဇာတ္ကားဟာ ၂၀၀၈ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.6) ရရွိထားပါတယ္။

Natalie Portman – Black Swan
photo via fox searchlight

Natalie Portman ကေတာ့ ဒီကားထဲမွာ ဘဲေလးကေခ်သည္ေနရာကေန သ႐ုပ္ေဆာင္ခဲ့ရတာေၾကာင့္ ခႏၶာကိုယ္က်စ္လ်စ္သြယ္လ်ေနဖို႔အတြက္ ေပါင္ (၂၀)ေလွ်ာ့ခဲ့ရပါတယ္။ Natalie ရဲ႕ သ႐ုပ္ေဆာင္ေကာင္းမႈေၾကာင့္ ဒီဇာတ္ကားနဲ႔ အေကာင္းဆုံးအမ်ိဳးသမီးသ႐ုပ္ေဆာင္ဆုအျဖစ္ ေအာ္စကာဆု ခ်ီးျမႇင့္ခံခဲ့ရပါေသးတယ္။ ဒီကားဟာ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ ဝင္ေငြ ေဒၚလာ(၃၃၀.၄)သန္း ရရွိထားပါတယ္။

50 Cent – All Things Fall Apart
photo via instagram

နာမည္ႀကီးရက္ပ္ပါ 50 Cent ဟာ ဒီ indie ဇာတ္ကားထဲမွာ ကင္ဆာေရာဂါကို ရင္ဆိုင္ေနရတဲ့ ေဘာလုံးသမားတစ္ေယာက္ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။ သူဟာ ကင္ဆာေရာဂါသည္ ဇာတ္႐ုပ္နဲ႔ လိုက္ဖက္ေအာင္ ကိုယ္အေလးခ်ိန္ ေပါင္(၅၀)ေက်ာ္ေလာက္ ေလွ်ာ့ခ်ခဲ့ရပါတယ္။ ဒီကားဟာ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (5.4) ရရွိထားပါတယ္။

Anne Hathaway – Les Miserables
photo via focus features

မင္းသမီး Anne Hathaway ဟာ ဒီဇာတ္ကားထဲမွာ အစာေရစာ သိပ္မစားရတဲ့ ဇာတ္ေကာင္ေနရာကေန သ႐ုပ္ေဆာင္ထားၿပီးေတာ့ ဇာတ္႐ုပ္နဲ႔ လိုက္ဖက္ေအာင္ ကိုယ္အေလးခ်ိန္ (၂၅)ေပါင္ ခ်ခဲ့ရပါတယ္။ အဲ့ဒါအျပင္ ဆံပင္ေတြကိုလည္း ကတုံးနီးပါးျဖစ္ေအာင္ ျဖတ္ခ်ခဲ့ရပါေသးတယ္။ ဒါေၾကာင့္လည္း အေကာင္းဆုံး ဇာတ္ပို႔မင္းသမီးဆုအျဖစ္ ေအာ္စကာဆု ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္ကားကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိထားၿပီး မိတ္ကပ္နဲ႔ အသံပိုင္းဆိုင္ရာအတြက္ ေအာ္စကာဆု(၂)ဆုကိုလည္း ရရွိထားတဲ့အျပင္ ဝင္ေငြ ေဒၚလာ(၄၄၁.၈)သန္း ရရွိခဲ့ပါတယ္။

Jared Leto – Dallas Buyers Club
photo via focus features

Jared Leto ကေတာ့ ဒီဇာတ္ကားထဲမွာ အိတ္ခ်္အိုင္ဗြီ ေရာဂါသည္ လိင္ေျပာင္းအမ်ိဳးသမီးတစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ Jared ဟာ သူ႔ဇာတ္႐ုပ္နဲ႔ လိုက္ဖက္ေအာင္ ကိုယ္အေလးခ်ိန္ ေပါင္(၄၀)ေလာက္ ခ်ခဲ့ရပါတယ္။ ဒါ့ေၾကာင့္ပဲ အေကာင္းဆုံးဇာတ္ပို႔ဆုအျဖစ္ ေအာ္စကာဆုကို ခ်ီးျမႇင့္ခံခဲ့ရတာပါ။ ဒီဇာတ္ကားက ၂၀၁၃ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး ဘတ္ဂ်က္ ေဒၚလာ(၅)သန္းတည္းနဲ႔ ႐ိုက္ကူးခဲ့ေပမယ့္ ဝင္ေငြ ေဒၚလာ(၅၂)သန္း ျပန္လည္ရရွိခဲ့တဲ့ ဇာတ္ကား ျဖစ္ပါတယ္။

Chris Hemsworth – In the Heart of the Sea
photo via instagram

Thor ဇာတ္ေကာင္နဲ႔ လူသိမ်ားတဲ့ မင္းသား Chris Hemsworth ဟာ ဒီဇာတ္ကားထဲမွာ ေဝလငါးဖမ္းတဲ့ သေဘၤာေပၚက လူတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ ပင္လယ္ထဲမွာ အသက္ရွင္သန္ဖို႔ ႀကိဳးစားရတဲ့ ကာ႐ိုက္တာျဖစ္လို႔ Chris ဟာ ဒီကားအတြက္ (၁၅)ေပါင္ ဝိတ္ေလွ်ာ့ခဲ့ရပါတယ္။ ဒီကားဟာ ၂၀၁၅ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.9) ရထားတဲ့ အက္ရွင္၊စြန႔္စားခန္း အမ်ိဳးအစား ျဖစ္ပါတယ္။

Liam Neeson – Silence
photo via youtube

မင္းသားႀကီး Liam Neeson ကေတာ့ ဒီဇာတ္ကားထဲက ကာ႐ိုက္တာကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ဖို႔အတြက္ ေပါင္(၂၀)အထိ ေလွ်ာ့ခ်ခဲ့ပါတယ္။ ဒီဇတ္ကားဟာ ၂၀၁၆ခုႏွစ္တုန္းက ထြက္ရွိထားတာ ျဖစ္ၿပီးေတာ့ IMDb (7.2) ရရွိထားတဲ့ ဒရာမာဇာတ္ကား ျဖစ္ပါတယ္။

Joaquin Phoenix – Joker
photo via warner bros

Joaquin Phoenix ဟာ ဒီဇာတ္ကားမွာေတာ့ လူမႈေရးမွာေရာ၊ စီးပြားေရးမွာပါ အဆင္မေျပမႈေတြကို ခံစားေနရတဲ့ စိတ္ေရာဂါသည္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ သူဟာ You Were Never Really Here ဆိုတဲ့ ဇာတ္ကားမွာ ျပည့္ျပည့္ၿဖိဳးၿဖိဳး ခႏၶာကိုယ္နဲ႔ သ႐ုပ္ေဆာင္ၿပီးၿပီးခ်င္း ဒီ Joker ဇာတ္ကားမွာ သ႐ုပ္ေဆာင္ဖို႔ တန္းၿပီး ဝိတ္ခ်ခဲ့ရတာ ျဖစ္ပါတယ္။ မင္းသားဟာ Arthur Fleck ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ကိုယ္အေလးခ်ိန္ (၅၂)ေပါင္ ခ်ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း အေကာင္းဆုံးသ႐ုပ္ေဆာင္ဆုအျဖစ္ ေအာ္စကာဆု၊ ေ႐ႊကမာၻလုံးဆုနဲ႔ BAFTA  ဆုေတြကို သိမ္းက်ဳံးၿပီး ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး ဝင္ေငြ ေဒၚလာ(၁)ဘီလ်ံေက်ာ္ ရရွိထားတဲ့ ဇာတ္ကား ျဖစ္ပါတယ္။

ဒါကေတာ့ ဇာတ္ေကာင္စ႐ိုက္ ပီျပင္ဖို႔အတြက္ အျပင္းအထန္ ဝိတ္ေလွ်ာ့ခဲ့ရတဲ့ သ႐ုပ္ေဆာင္ေတြထဲက အခ်ိဳ႕ကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ ဘယ္ဇာတ္ေကာင္ေတြက စာဖတ္သူတို႔ရဲ႕ အႀကိဳက္ျဖစ္ခဲ့လည္းဆိုတာလည္း ျပန္လည္ေဝမွ်ေပးခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular