HomeCelebs Update NewsInternationalမြေးအရွယ်ကောင်မလေးနဲ့ ချစ်သူဖြစ်နေတဲ့ မင်းသားကြီး Al Pacino

မြေးအရွယ်ကောင်မလေးနဲ့ ချစ်သူဖြစ်နေတဲ့ မင်းသားကြီး Al Pacino

ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့ ဂန္ထဝင်မင်းသားကြီး Al Pacino ကတော့ အသက်တွေ ကြီးရင့်လာပေမယ့် နှလုံးသားကတော့ နုနယ်ဆဲဖြစ်ကြောင်း သူ့ရဲ့ချစ်သူရွေးချယ်မှုက ပြောပြနေပါတယ်။ မင်းသားကြီးဟာ ပြီးခဲ့တဲ့ ဧပြီလ(၂၅)ရက်နေ့ကပဲ အသက်(၈၂)နှစ် ပြည့်သွားပြီ ဖြစ်ပြီး သူတွဲနေတဲ့ ချစ်သူကောင်မလေးကတော့ အသက်(၂၈)နှစ်သာ ရှိပါသေးတယ်။

Pacino ရဲ့ ချစ်သူကောင်မလေးကတော့ Noor Alfallah လို့ ခေါ်တဲ့ ကူဝိတ်-အမေရိကန် ကပြားမလေး ဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားမှာ အသက်(၅၄)နှစ်တိတိ ကွာဟပေမယ့် အချစ်ဇာတ်လမ်းကတော့ အရှိန်ရနေဆဲ ဖြစ်ပါတယ်။ Pacino နဲ့ Noor တို့ဟာ ကိုဗစ်ကပ်ရောဂါ ကာလမှာ စတင်ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာလို့လည်း သိရပါတယ်။

Photo Credit: b_grrrlie/ Flickr

Pacino ဟာ Noor မတိုင်ခင်မှာတော့ Meital Dohan လို့ခေါ်တဲ့ အစ္စရေးလ် မင်းသမီးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ပါသေးတယ်။ သူတို့နှစ်ယောက် လမ်းခွဲတဲ့အချိန်မှာတော့ Pacino ဟာ အသက်(၇၉)နှစ် ရှိပြီဖြစ်ပြီး Meital Dohan ကတော့ အသက်(၄၀)နှစ် ရှိနေပါပြီ။

Noor ကတော့ အသက်ကြီးကြီး အမျိုးသားတွေကို တွဲရတာ နှစ်သက်သူ ဖြစ်ပါတယ်။ သူမဟာ Pacino မတိုင်ခင်မှာ အသက်(၇၈)နှစ်အရွယ် အဆိုတော်ကြီး Mick Jagger နဲ့လည်း တွဲခဲ့ဖူးသေးသလို အသက်(၉၁)နှစ်အရွယ် မင်းသားကြီး Clint Eastwood နဲ့တောင် သတင်းထွက်ဖူးပါသေးတယ်။ အတွင်းစကားတွေအရ Noor ဟာ ကျိကျိတက် ချမ်းသာတဲ့ အဘိုးကြီးတွေကို တွဲရတာ ကြိုက်တယ်လို့တောင် ဆိုကြပါတယ်။

Photo: nooralfallah/ Instagram

သို့ပေမယ့်လည်း သူမဟာ အခြေအနေမဲ့တစ်ယောက်တော့ မဟုတ်ပါဘူး။ သူမကိုယ်တိုင်ကလည်း ဒေါ်လာသန်းရာနဲ့ချီပြီး ငွေကြေးစည်းစိမ် ကြွယ်ဝချမ်းသာတဲ့ မိသားစုက ဆင်းသက်လာသူ ဖြစ်ပါတယ်။ သူမဟာ လော့စ်အိန်ဂျလိစ်မြို့ရဲ့ ထိတ်ထိတ်ကြဲ သူဌေးတွေ နေထိုင်တဲ့ Beverly Hills မှာ နေထိုင်ကြီးပြင်းခဲ့သူ ဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ SONY စတူဒီယိုရဲ့ လက်အောက်က Lynda Obst Productions မှာ ဒုဥက္ကဌအနေနဲ့ လုပ်ကိုင်နေပါတယ်။

Pacino နဲ့ သူမရဲ့အချစ်ရေးကိုတော့ အတွင်းသတင်းတစ်ခုက အခုလို ပြောထားပါတယ်။ “သူနဲ့ Al နဲ့ တွဲနေကြတာ အချိန်တစ်ခုတောင် ရှိနေပါပြီ။ Al က သူ့အဖေထက် အသက်ကြီးပေမယ့် အသက်ကွာဟမှုက သူတို့နှစ်ယောက်အတွက် ပြဿနာတစ်ခု မဟုတ်ပါဘူး …”လို့ ဆိုပါတယ်။

Vancouver

Source: hollywoodlife/dailymail

RELATED ARTICLES

Most Popular