HomeEntertainmentFilmဇာတ်ကောင်တွေ အားလုံးနီးပါး သေဆုံးမယ့် Suicide Squad 2

ဇာတ်ကောင်တွေ အားလုံးနီးပါး သေဆုံးမယ့် Suicide Squad 2

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ James Gunn ကတော့ Suicide Squad 2 ထဲက ဇာတ်ကောင်တွေ အားလုံးနီးပါးဟာ သေဆုံးမယ်လို့ ပြောလိုက်ပါတယ်။ James Gunn ဟာ အခုလိုမျိူး ဇာတ်ကောင်တွေ အများကြီး သေဆုံးမယ့် အကြောင်းကို ပြောတာ ဒါပထမဆုံး တစ်ခေါက်တော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့လတုန်းက Screen Rant သတင်းဌာနဟာ Suicide Squad 2 ထဲမှာ ဇာတ်ကောင်(၇)ယောက် သေဆုံးမယ်လို့ သီအိုရီတစ်ခု ထုတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ James Gunn ဟာ ” ဒါက အရမ်းအကောင်းမြင်လွန်းနေတယ် … ” လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ Suicide Squad 2 ထဲမှာတော့ သေဆုံးမယ့် ဇာတ်ကောင်တွေဟာ (၇)ယောက်ထက်တောင် ကျော်နေနိုင်တယ်လို့ ယူဆနိုင်ပါတယ်။

photo via screenrant

၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ David Ayer ရဲ့ Suicide Squad ထဲမှာတော့ ဇာတ်ကောင်အနည်းငယ်သာ သေဆုံးသွားပေမယ့်လည်း James Gunn ကတော့ သူ့ရဲ့ဗားရှင်းကို အရင်နဲ့ လုံးဝမတူအောင် ဖန်တီးသွားမယ်လို့ ထင်ရပါတယ်။ ပထမရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့တဲ့ Harley Quinn (Margot Robbie) ၊ Amanda Waller (Viola Davis) ၊ Rick Flag (Joel Kinnaman) နဲ့ Captain Boomerang (Jai Courtney) တို့ကတော့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး ကျန်တာအားလုံးကတော့ ဇာတ်ကောင်အသစ်တွေ ဖြစ်ပါတယ်။

ဒီလိုနဲ့ Suicide Squad 2 ထဲမှာ ဇာတ်ကောင် ဘယ်နှယောက် သေဆုံးမလည်းလို့ Instagram မှာ ပရိသတ်တွေက  James Gunn ကို မေးမြန်းခဲ့ပါတယ်။ James Gunn ကတော့ ” အကုန်လုံးနီးပါး သေဆုံးလိမ့်မယ် ” လို့ ပြန်လည် ဖြေကြားထားပါတယ်။ ဘယ်သူကမှ ဒီလိုမျိူး ရိုးရိုးသားသားနဲ့ နားလည်ရ အလွယ်ဆုံး အဖြေကို James Gunn ဆီက ကြားရလိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။ James Gunn ဟာ နောက်ပြောင်နေတာလည်း ဖြစ်နိုင်ပေမယ့် ရုပ်ရှင်နဲ့ ပတ်သက်လာရင် အခုချိန်ထိ သူပြောသမျှတွေ အားလုံးဟာ အမှန်တွေချည်းပဲ ဖြစ်ပါတယ်။

photo via screenrant

ဒါကြောင့် James Gunn ရဲ့ Suicide Squad ထဲမှာဆိုရင် ဘယ်ဇာတ်ကောင်မှ သေချာပေါက် အသက်ရှင်မယ်လို့ ခန့်မှန်းလို့ မရပါဘူး။ အကြောင်းကတော့ Warner Bros ကတောင် James Gunn ကို ဒီရုပ်ရှင်ထဲက ကြိုက်တဲ့ဇာတ်ကောင်ကို သတ်ခွင့်ပေးထားလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကောင်တွေထဲမှာမှ သေဆုံးနိုင်ချေ အနည်းဆုံးကတော့ Harley Quinn ပဲ ဖြစ်ပါတယ်။ Harley Quinn ဟာ DCEU အတွက်ရော၊ WB အတွက်ပါ အရေးပါတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်နေလို့ပါပဲ။

ဒါ့အပြင် Margot Robbie ကိုယ်တိုင်ကလည်း တစ်ချိန်ကျရင် Poison Ivy နဲ့အတူ သရုပ်ဆောင်ချင်သေးတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ထဲက ဇာတ်ကောင်တွေ အကုန်လုံးထဲမှာ Harley Quinn က သေနိုင်ချေ အနည်းဆုံး ဆိုပေမယ့်လည်း သေချာပေါက်တော့ မပြောနိုင်ပါဘူး။ John Cena ရဲ့ Peacemaker ကလည်း ဇာတ်လမ်းတွဲ ထွက်လာမှာ ဆိုပေမယ့် ဒီရုပ်ရှင်ထဲမှာ သတ်ပစ်ပြီးမှ ဇာတ်လမ်းတွဲကို prequel အနေနဲ့လည်း ထုတ်လုပ်လို့ ရပါသေးတယ်။

Legos

Source : Screenrant

(Zawgyi Version)

ဒါ႐ိုက္တာ James Gunn ကေတာ့ Suicide Squad 2 ထဲက ဇာတ္ေကာင္ေတြ အားလုံးနီးပါးဟာ ေသဆုံးမယ္လို႔ ေျပာလိုက္ပါတယ္။ James Gunn ဟာ အခုလိုမ်ိဴး ဇာတ္ေကာင္ေတြ အမ်ားႀကီး ေသဆုံးမယ့္ အေၾကာင္းကို ေျပာတာ ဒါပထမဆုံး တစ္ေခါက္ေတာ့ မဟုတ္ပါဘူး။

ၿပီးခဲ့တဲ့လတုန္းက Screen Rant သတင္းဌာနဟာ Suicide Squad 2 ထဲမွာ ဇာတ္ေကာင္(၇)ေယာက္ ေသဆုံးမယ္လို႔ သီအိုရီတစ္ခု ထုတ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ James Gunn ဟာ ” ဒါက အရမ္းအေကာင္းျမင္လြန္းေနတယ္ … ” လို႔ ျပန္လည္ ေျပာၾကားခဲ့ပါတယ္။ ဒါ့ေၾကာင့္ပဲ Suicide Squad 2 ထဲမွာေတာ့ ေသဆုံးမယ့္ ဇာတ္ေကာင္ေတြဟာ (၇)ေယာက္ထက္ေတာင္ ေက်ာ္ေနႏိုင္တယ္လို႔ ယူဆႏိုင္ပါတယ္။

photo via screenrant

၂၀၁၇ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ David Ayer ရဲ႕ Suicide Squad ထဲမွာေတာ့ ဇာတ္ေကာင္အနည္းငယ္သာ ေသဆုံးသြားေပမယ့္လည္း James Gunn ကေတာ့ သူ႔ရဲ႕ဗားရွင္းကို အရင္နဲ႔ လုံးဝမတူေအာင္ ဖန္တီးသြားမယ္လို႔ ထင္ရပါတယ္။ ပထမ႐ုပ္ရွင္ကားထဲမွာ ပါဝင္ခဲ့တဲ့ Harley Quinn (Margot Robbie) ၊ Amanda Waller (Viola Davis) ၊ Rick Flag (Joel Kinnaman) နဲ႔ Captain Boomerang (Jai Courtney) တို႔ကေတာ့ ျပန္လည္ပါဝင္လာမွာ ျဖစ္ၿပီး က်န္တာအားလုံးကေတာ့ ဇာတ္ေကာင္အသစ္ေတြ ျဖစ္ပါတယ္။

ဒီလိုနဲ႔ Suicide Squad 2 ထဲမွာ ဇာတ္ေကာင္ ဘယ္ႏွေယာက္ ေသဆုံးမလည္းလို႔ Instagram မွာ ပရိသတ္ေတြက  James Gunn ကို ေမးျမန္းခဲ့ပါတယ္။ James Gunn ကေတာ့ ” အကုန္လုံးနီးပါး ေသဆုံးလိမ့္မယ္ ” လို႔ ျပန္လည္ ေျဖၾကားထားပါတယ္။ ဘယ္သူကမွ ဒီလိုမ်ိဴး ႐ိုး႐ိုးသားသားနဲ႔ နားလည္ရ အလြယ္ဆုံး အေျဖကို James Gunn ဆီက ၾကားရလိမ့္မယ္လို႔ မထင္ခဲ့ၾကပါဘူး။ James Gunn ဟာ ေနာက္ေျပာင္ေနတာလည္း ျဖစ္ႏိုင္ေပမယ့္ ႐ုပ္ရွင္နဲ႔ ပတ္သက္လာရင္ အခုခ်ိန္ထိ သူေျပာသမွ်ေတြ အားလုံးဟာ အမွန္ေတြခ်ည္းပဲ ျဖစ္ပါတယ္။

photo via screenrant

ဒါေၾကာင့္ James Gunn ရဲ႕ Suicide Squad ထဲမွာဆိုရင္ ဘယ္ဇာတ္ေကာင္မွ ေသခ်ာေပါက္ အသက္ရွင္မယ္လို႔ ခန႔္မွန္းလို႔ မရပါဘူး။ အေၾကာင္းကေတာ့ Warner Bros ကေတာင္ James Gunn ကို ဒီ႐ုပ္ရွင္ထဲက ႀကိဳက္တဲ့ဇာတ္ေကာင္ကို သတ္ခြင့္ေပးထားလို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ေကာင္ေတြထဲမွာမွ ေသဆုံးႏိုင္ေခ် အနည္းဆုံးကေတာ့ Harley Quinn ပဲ ျဖစ္ပါတယ္။ Harley Quinn ဟာ DCEU အတြက္ေရာ၊ WB အတြက္ပါ အေရးပါတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ေနလို႔ပါပဲ။

ဒါ့အျပင္ Margot Robbie ကိုယ္တိုင္ကလည္း တစ္ခ်ိန္က်ရင္ Poison Ivy နဲ႔အတူ သ႐ုပ္ေဆာင္ခ်င္ေသးတယ္လို႔ ေျပာခဲ့ဖူးပါတယ္။ ဒီ႐ုပ္ရွင္ထဲက ဇာတ္ေကာင္ေတြ အကုန္လုံးထဲမွာ Harley Quinn က ေသႏိုင္ေခ် အနည္းဆုံး ဆိုေပမယ့္လည္း ေသခ်ာေပါက္ေတာ့ မေျပာႏိုင္ပါဘူး။ John Cena ရဲ႕ Peacemaker ကလည္း ဇာတ္လမ္းတြဲ ထြက္လာမွာ ဆိုေပမယ့္ ဒီ႐ုပ္ရွင္ထဲမွာ သတ္ပစ္ၿပီးမွ ဇာတ္လမ္းတြဲကို prequel အေနနဲ႔လည္း ထုတ္လုပ္လို႔ ရပါေသးတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular