HomeCelebs Update NewsInternationalJohnny Depp နဲ့ အမှုစတင်တည်းက ထောင်နဲ့ချီတဲ့ ခြိမ်းခြောက်စာတွေ ရရှိနေတဲ့ Amber Heard

Johnny Depp နဲ့ အမှုစတင်တည်းက ထောင်နဲ့ချီတဲ့ ခြိမ်းခြောက်စာတွေ ရရှိနေတဲ့ Amber Heard

မင်းသမီး Amber Heard ကတော့ ခင်ပွန်းဟောင်းဖြစ်သူ Johnny Depp နဲ့ အမှုရင်ဆိုင်တဲ့ အချိန်တည်းက စတင်ပြီး အခုကာလတလျှောက်လုံးမှာ အသက်အန္တရာယ် ခြိမ်းခြောက်စာပေါင်းများစွာကို ရရှိနေတဲ့အကြောင်း ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ကြားနာမှုမှာ ထွက်ဆိုသွားပါတယ်။

မေလ(၂၆)ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါ ကြားနာမှုမှာတော့ အသက်(၃၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Amber Heard ဟာ ယခုရင်ဆိုင်နေရတဲ့ အမှုအခင်းကြောင့် သူမဘဝမှာ ဘယ်လောက်ထိ ဆိုးရွားတဲ့ ထိခိုက်မှုတွေ ဖြစ်ပျက်နေတဲ့အကြောင်း ပြောပြသွားတာ ဖြစ်ပါတယ်။

Photo: amberheard/ Instagram

“ကျွန်မရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ထားတဲ့ ခြိမ်းခြောက်စာတွေ ရာနဲ့ချီပြီး ပုံမှန်လိုလို ရောက်နေပါတယ်။ ဒီအမှု စတင်တဲ့ အချိန်ကစပြီး ရေတွက်မယ်ဆိုရင် ထောင်ဂဏန်းတောင် ဖြစ်နေပါပြီ။ အကြမ်းဖက်၊ စော်ကားခံရတဲ့အကြောင်း ကျွန်မရဲ့ထွက်ဆိုချက်တွေကို လူတွေက လှောင်ပြောင် သရော်နေကြပါတယ် … ” လို့ Amber က ပြောသွားပါတယ်။

Johnny Depp ရဲ့ရှေ့နေဟောင်း Adam Waldman ရဲ့ တရားခွင်မှာ ထွက်ဆိုရှင်းလင်းမှုတွေကြောင့် နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ Amber Heard ဟာ ဘယ်လို ထိခိုက်ခံစားနေရလည်းဆိုတဲ့ သူမရဲ့ရှေ့နေရဲ့ မေးခွန်းကို အခုလို ဖြေဆိုသွားတာ ဖြစ်ပါတယ်။

Photo: amberheard/ Instagram

“ကျွန်မ နှောင့်ယှက်မှုတွေနဲ့ ကြုံရပါတယ်။ ကျွန်မကို လှောင်ပြောင်ကြသလို ခြိမ်းခြောက်တာတွေလည်း လုပ်နေကြပါတယ်။ ဒီတရားခွင်ကို လာပြီး တစ်ကမ္ဘာလုံးရဲ့အရှေ့မှာ ထိုင်နေရတဲ့ နေ့ရက်တိုင်းမှာ ကျွန်မဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဆိုးဝါးဆုံး အဖြစ်အပျက်တွေက သူတို့ ကျွန်မကို လှောင်ပြောင်ကဲ့ရဲ့ဖို့ ဖြစ်နေရသလိုပါပဲ။ လူတွေက ကျွန်မကို သတ်ချင်နေကြပါတယ်။ ပြီးတော့ အဲဒီအကြောင်းကိုလည်း ကျွန်မကို နေ့တိုင်း ပြောနေကြပါတယ် …” လို့ Amber က သူမ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေကို ပြောထားပါတယ်။

ဒါ့အပြင် သူမ ရရှိတဲ့ အချို့သော ခြိမ်းခြောက်စာတွေထဲမှာတော့ သူမရဲ့အသက်ကို ရန်လိုခြိမ်းခြောက်တာထက်ပိုပြီး သူမရဲ့မိသားစုကိုပါ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။ “ကျွန်မကလေးကိုပါ မိုက်ခရိုဝေ့ မီးဖိုထဲ ထည့်ပစ်မယ်လို့ ခြိမ်းခြောက်တာမျိုးတွေပါ ပြောလာနေကြပါတယ် … ” လို့ ထွက်ဆိုထားပါတယ်။

Photo: amberheard/ Instagram

Amber Heard ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ မင်းသားကြီး Johnny Depp ဟာ The Washington Post သတင်းစာမှာ သူမ ရေးသားခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှု သားကောင်ဖြစ်ခဲ့ရတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး အသရေဖျက်မှုနဲ့ Amber ကို ဒေါ်လာသန်း(၅၀)တန် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ သူမ ရေးသားခဲ့တဲ့ အဆိုပါဆောင်းပါးကြောင့် မင်းသားကြီးဟာ သရုပ်ဆောင်ကြေး မြောက်များစွာ ရရှိမယ့် ရုပ်ရှင်တွေကို လက်လွှတ်ခဲ့ရပြီး နာမည်ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရတာကြောင့်လို့ စွဲချက်တင်ထားပါတယ်။

အပြန်အလှန်အနေနဲ့ Amber Heard ဟာလည်း ခင်ပွန်းဟောင်းဖြစ်သူရဲ့ စွပ်စွဲချက်တွေကြောင့် သူမမှာ နာမည်ပျက်ပြီး ထိခိုက်နစ်နာရတယ်လို့ ပြန်လည် စွဲချက်တင်ကာ ဒေါ်လာသန်း(၁၀၀)တန် အမှုကို တန်ပြန်တရားစွဲထားပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular