HomeCelebs Update NewsInternationalMarilyn Monroe နေရာမှာ သရုပ်ဆောင်ဖို့ ကိုးလခန့် အသံလေ့ကျင့်ခဲ့ရတယ်ဆိုတဲ့ Ana de Armas

Marilyn Monroe နေရာမှာ သရုပ်ဆောင်ဖို့ ကိုးလခန့် အသံလေ့ကျင့်ခဲ့ရတယ်ဆိုတဲ့ Ana de Armas

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချောလေး Ana de Armas ဟာ နာမည်ကျော် ဂန္ထဝင်မင်းသမီးကြီး Marilyn Monroe ရဲ့ ဘဝအကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်အသစ်မှာ Marilyn Monroe အဖြစ် ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Blonde လို့ အမည်ရတဲ့ အဆိုပါဇာတ်ကားမှာ Marilyn Monroe နေရာက သရုပ်ဆောင်ဖို့ရာ ပြင်ဆင်လေ့ကျင့်မှုများစွာ လုပ်ဆောင်ခဲ့ရတယ်လို့ Ana က ဆိုလာပါတယ်။ အဓိက လေ့ကျင့်ရတာကတော့ Marilyn Monroe ရဲ့ အဓိက ထူးခြားချက်ဖြစ်တဲ့ လေသံပျော့ပျော့လေးနဲ့ စကားပြောတဲ့ပုံစံပါပဲ။

Photo: ana_d_arms/ Instagram

အသက်(၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Ana de Armas ဟာ ကူးဘား-စပိန် ကပြားတစ်ယောက် ဖြစ်တာမို့ Marilyn ရဲ့ လေသံကို ရဖို့အတွက် ကိုးလခန့် အချိန်ယူလေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျွန်မ ကြိုးစားခဲ့ရပါတယ်။ စကားပြောတဲ့ လေသံ၊ ဟန်နဲ့ ပတ်သက်ပြီး နည်းပြတွေနဲ့လည်း ထရိန်းရတယ်။ ကိုယ့်ဘာသာလည်း လေ့ကျင့်ရတယ်။ ကျွန်မအတွက်ကတော့ ကိုးလလောက် အချိန်ကြာခဲ့ပါတယ်။ ADR session တွေလည်း လုပ်ခဲ့ရတယ်။ အဲ့ဒါကြီးကတော့ တကယ် နှိပ်စက်ခံနေရသလိုပါပဲ။ ဦးနှောက်ကို အကြော်ခံလိုက်ရသလိုပဲ … ” လို့ Ana က ဆိုပါတယ်။

Photo: marilynmonroe/ Instagram

ဒါ့အပြင် အဲ့ဒီခေတ်က အမျိုးသမီးတွေအနေနဲ့ ရုပ်ရှင်လောကမှာ ရပ်တည်ဖို့အတွက် ခက်ခဲစွာ ရုန်းကန်ခဲ့ရတာတွေကို ဒီရုပ်ရှင်ကနေ မြင်တွေ့ရနိုင်ပြီး ယနေ့အထိလည်း အလားတူ ရုန်းကန်ရမှုတွေဟာ ရှိနေဆဲပါပဲလို့ သူမက ဆိုထားပါတယ်။

Photo: ana_d_arms/ Instagram

“ရုပ်ရှင်လောကထဲက အမျိုးသမီးတစ်ယောက်အနေနဲ့ ဖြတ်သန်းရမှုတွေအကြောင်း တွေးမိတယ်။ ယေဘူယျအားဖြင့် ပြောရရင် ဒီနေ့ခေတ်မှာလည်း ၁၉၂၀၊ ၃၀၊ ၄၀ လောက်ကလိုပဲ အခက်အခဲတွေ၊ အခြေအနေတွေဟာ ရှိနေတုန်းပဲ။ ရင်ဆိုင်နေရတုန်းပါပဲ။ ပြီးတော့ ကိုယ့်မှာ အမာခံ ကျောထောက်နောက်ခံ မရှိတာတို့၊ မိသားစုမှာ အမာခံမရှိတာတို့ စသဖြင့်ပေါ့ … အဲ့လိုအခြေအနေတွေကနေ လာရတဲ့ အမျိုးသမီးတွေအနေနဲ့ ဒီလောကထဲမှာ ဖောက်ထွက်ဖို့ဟာ တကယ်ကို ခက်ခဲပါတယ် … ” လို့ Ana က ဖွင့်ဟထားပါတယ်။

Linda December

Source: people

(Zawgyi Version)

မင္းသမီးေခ်ာေလး Ana de Armas ဟာ နာမည္ေက်ာ္ ဂႏၴဝင္မင္းသမီးႀကီး Marilyn Monroe ရဲ႕ ဘဝအေၾကာင္း ႐ိုက္ကူးမယ့္ ႐ုပ္ရွင္အသစ္မွာ Marilyn Monroe အျဖစ္ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

Blonde လို႔ အမည္ရတဲ့ အဆိုပါဇာတ္ကားမွာ Marilyn Monroe ေနရာက သ႐ုပ္ေဆာင္ဖို႔ရာ ျပင္ဆင္ေလ့က်င့္မႈမ်ားစြာ လုပ္ေဆာင္ခဲ့ရတယ္လို႔ Ana က ဆိုလာပါတယ္။ အဓိက ေလ့က်င့္ရတာကေတာ့ Marilyn Monroe ရဲ႕ အဓိက ထူးျခားခ်က္ျဖစ္တဲ့ ေလသံေပ်ာ့ေပ်ာ့ေလးနဲ႔ စကားေျပာတဲ့ပုံစံပါပဲ။

Photo: ana_d_arms/ Instagram

အသက္(၃၂)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Ana de Armas ဟာ ကူးဘား-စပိန္ ကျပားတစ္ေယာက္ ျဖစ္တာမို႔ Marilyn ရဲ႕ ေလသံကို ရဖို႔အတြက္ ကိုးလခန႔္ အခ်ိန္ယူေလ့က်င့္ခဲ့ရတယ္လို႔ ဆိုပါတယ္။

“ကြၽန္မ ႀကိဳးစားခဲ့ရပါတယ္။ စကားေျပာတဲ့ ေလသံ၊ ဟန္နဲ႔ ပတ္သက္ၿပီး နည္းျပေတြနဲ႔လည္း ထရိန္းရတယ္။ ကိုယ့္ဘာသာလည္း ေလ့က်င့္ရတယ္။ ကြၽန္မအတြက္ကေတာ့ ကိုးလေလာက္ အခ်ိန္ၾကာခဲ့ပါတယ္။ ADR session ေတြလည္း လုပ္ခဲ့ရတယ္။ အဲ့ဒါႀကီးကေတာ့ တကယ္ ႏွိပ္စက္ခံေနရသလိုပါပဲ။ ဦးေႏွာက္ကို အေၾကာ္ခံလိုက္ရသလိုပဲ … ” လို႔ Ana က ဆိုပါတယ္။

Photo: marilynmonroe/ Instagram

ဒါ့အျပင္ အဲ့ဒီေခတ္က အမ်ိဳးသမီးေတြအေနနဲ႔ ႐ုပ္ရွင္ေလာကမွာ ရပ္တည္ဖို႔အတြက္ ခက္ခဲစြာ ႐ုန္းကန္ခဲ့ရတာေတြကို ဒီ႐ုပ္ရွင္ကေန ျမင္ေတြ႕ရႏိုင္ၿပီး ယေန႔အထိလည္း အလားတူ ႐ုန္းကန္ရမႈေတြဟာ ရွိေနဆဲပါပဲလို႔ သူမက ဆိုထားပါတယ္။

Photo: ana_d_arms/ Instagram

“႐ုပ္ရွင္ေလာကထဲက အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ျဖတ္သန္းရမႈေတြအေၾကာင္း ေတြးမိတယ္။ ေယဘူယ်အားျဖင့္ ေျပာရရင္ ဒီေန႔ေခတ္မွာလည္း ၁၉၂၀၊ ၃၀၊ ၄၀ ေလာက္ကလိုပဲ အခက္အခဲေတြ၊ အေျခအေနေတြဟာ ရွိေနတုန္းပဲ။ ရင္ဆိုင္ေနရတုန္းပါပဲ။ ၿပီးေတာ့ ကိုယ့္မွာ အမာခံ ေက်ာေထာက္ေနာက္ခံ မရွိတာတို႔၊ မိသားစုမွာ အမာခံမရွိတာတို႔ စသျဖင့္ေပါ့ … အဲ့လိုအေျခအေနေတြကေန လာရတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ ဒီေလာကထဲမွာ ေဖာက္ထြက္ဖို႔ဟာ တကယ္ကို ခက္ခဲပါတယ္ … ” လို႔ Ana က ဖြင့္ဟထားပါတယ္။

Linda December

Source: people

RELATED ARTICLES

Most Popular