HomeEntertainmentFilmSpider-Man 3 ထဲမှာ Spider-Verse အတွက် ပြန်လည်ပါဝင်လာမယ့် Andrew Garfield

Spider-Man 3 ထဲမှာ Spider-Verse အတွက် ပြန်လည်ပါဝင်လာမယ့် Andrew Garfield

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU ထဲက ရုပ်ရှင်တစ်ခုဖြစ်တဲ့ Tom Holland ပါဝင်သွားမယ့် Spider-Man 3 ထဲမှာ Andrew Garfield ကလည်း Spider-Man အဖြစ် ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။ Amazing Spider-Man 2 ထွက်ပြီးသွားတဲ့အချိန်မှာတော့ Sony ဟာ Andrew ရဲ့ Spider-Man ကို ရပ်နားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ၂၀၁၆ ခုနှစ်မှာတော့ Tom Holland ဟာ MCU ရဲ့ Spider-Man ဖြစ်လာပါတော့တယ်။ အခုချိန်မှာတော့ Tom Holland ဟာ Spider-Man အနေနဲ့ Cilvil War ၊ Infinity War ၊ Endgame ၊ Home Coming နဲ့ Far From Home တို့မှာ ပါဝင်ခဲ့ပြီးတော့ နောက်ထပ်ဆိုလိုရုပ်ရှင်တစ်ကား ရိုက်ကူးဖို့ ကျန်ရှိပါသေးတယ်။

လောလောဆယ်မှာတော့ Spider-Man 3 ဟာ ရိုက်ကူးနေဆဲ ဖြစ်ပြီးတော့ ဒီဇာတ်လမ်းထဲမှာ‌ Spider-Verse ကို မြင်တွေ့ရမယ် ဆိုတဲ့ သတင်းကတော့ ရေပန်းစားနေတာ ကြာပြီ ဖြစ်ပါတယ်။ သိပ်မကြာခင်တုန်းကတော့ Benedict Cumberbatch က Doctor Strang အနေနဲ့ ပါဝင်လာပြီး Jamie Foxx ကလည်း Electro အနေနဲ့ ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။ အဲ့ဒါတင်မကသေးဘဲ ဒီနေ့မှာတော့ Alfred Molina ကလည်း Doctor Octopus အနေနဲ့ ပြန်လည်လာဦးမှာ ဖြစ်ပြီးတော့ အရင်က Spider-Man နှစ်ယောက်လည်း ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

Collider သတင်းဌာနကတော့ Alfred Molina ရဲ့ သတင်းကို ဖော်ပြရင်းနဲ့ Andrew Garfield ကလည်း ပြန်လည်ပါဝင်လာမယ် ဆိုတာကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒါတင်မကသေးဘဲ သူတို့တွေဟာ Emma Stone ကို Gwen Stacy အဖြစ် ပြန်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ အဲ့ဒီတစ်ချက်ကတော့ အတည်ပြုခြင်းမရှိသေးတဲ့ သတင်းတစ်ခုပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Tobey Maguire ဟာ အဲ့ဒီဇာတ်လမ်းထဲမှာ ပါဝင်ဖို့အတွက် ဆွေးနွေးနေပြီးတော့ Kirsten Dunst ကတော့ Mary Jane Watson နေရာမှာ ပါဝင်လာဖို့ သေချာနေပြီ ဖြစ်ပါတယ်။

photo via imdb

အရင်သရုပ်ဆောင်တွေ ပြန်လည်ပါဝင်လာမယ် ဆိုပေမယ့်လည်း သူတို့တွေရဲ့ ဇာတ်ကောင်တွေဟာ ဘယ်လောက်ထိ အရေးပါတဲ့နေရာမှာ ပါဝင်မလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ Tom Holland ရဲ့ Spider-Man နဲ့ Doctor Strange တို့ဟာ တစ်ခြား universe တွေကို သွားနေရင်းနဲ့ Andrew ရဲ့ Spider-Man ၊ Gwen Stacy နဲ့ Electro တို့ကို တွေ့ဆုံကြပြီး နောက်ထပ် universe တစ်ခုမှာတော့ Tobey ရဲ့ Spider-Man ၊ Mary Jane Watson နဲ့ Doctor Octopus တို့ကို တွေ့ဆုံကြမယ်လို့ ထင်ပါတယ်။

အဲ့လိုမဟုတ်ရင်တော့ ၂၀၁၈ တုန်းက ထွက်ခဲ့တဲ့ Spider-Man: Into the Spider-Verse လိုမျိူး Tom Holland ဆီကို တစ်ခြား Spider-Man တွေက ရောက်လာတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါတင်မကသေးဘဲ Spider-Man သုံးယောက် ဆုံကြပြီးတော့ Spider-Verse ဖြစ်လာမှာဆိုတော့ Gwen Stacy ကလည်း Spider-Gwen အနေနဲ့ ပါဝင်လာနိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထွက်လာမယ့် Spider-Man 3 ကတော့ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းနေပြီ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

MCU ထဲက ႐ုပ္ရွင္တစ္ခုျဖစ္တဲ့ Tom Holland ပါဝင္သြားမယ့္ Spider-Man 3 ထဲမွာ Andrew Garfield ကလည္း Spider-Man အျဖစ္ ျပန္လည္ပါဝင္လာမယ္လို႔ သိရပါတယ္။ Amazing Spider-Man 2 ထြက္ၿပီးသြားတဲ့အခ်ိန္မွာေတာ့ Sony ဟာ Andrew ရဲ႕ Spider-Man ကို ရပ္နားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ၂၀၁၆ ခုႏွစ္မွာေတာ့ Tom Holland ဟာ MCU ရဲ႕ Spider-Man ျဖစ္လာပါေတာ့တယ္။ အခုခ်ိန္မွာေတာ့ Tom Holland ဟာ Spider-Man အေနနဲ႔ Cilvil War ၊ Infinity War ၊ Endgame ၊ Home Coming နဲ႔ Far From Home တို႔မွာ ပါဝင္ခဲ့ၿပီးေတာ့ ေနာက္ထပ္ဆိုလို႐ုပ္ရွင္တစ္ကား ႐ိုက္ကူးဖို႔ က်န္ရွိပါေသးတယ္။

ေလာေလာဆယ္မွာေတာ့ Spider-Man 3 ဟာ ႐ိုက္ကူးေနဆဲ ျဖစ္ၿပီးေတာ့ ဒီဇာတ္လမ္းထဲမွာ‌ Spider-Verse ကို ျမင္ေတြ႕ရမယ္ ဆိုတဲ့ သတင္းကေတာ့ ေရပန္းစားေနတာ ၾကာၿပီ ျဖစ္ပါတယ္။ သိပ္မၾကာခင္တုန္းကေတာ့ Benedict Cumberbatch က Doctor Strang အေနနဲ႔ ပါဝင္လာၿပီး Jamie Foxx ကလည္း Electro အေနနဲ႔ ျပန္လည္ပါဝင္လာမယ္လို႔ သိရပါတယ္။ အဲ့ဒါတင္မကေသးဘဲ ဒီေန႔မွာေတာ့ Alfred Molina ကလည္း Doctor Octopus အေနနဲ႔ ျပန္လည္လာဦးမွာ ျဖစ္ၿပီးေတာ့ အရင္က Spider-Man ႏွစ္ေယာက္လည္း ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

photo via screenrant

Collider သတင္းဌာနကေတာ့ Alfred Molina ရဲ႕ သတင္းကို ေဖာ္ျပရင္းနဲ႔ Andrew Garfield ကလည္း ျပန္လည္ပါဝင္လာမယ္ ဆိုတာကို ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒါတင္မကေသးဘဲ သူတို႔ေတြဟာ Emma Stone ကို Gwen Stacy အျဖစ္ ျပန္လာမယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ အဲ့ဒီတစ္ခ်က္ကေတာ့ အတည္ျပဳျခင္းမရွိေသးတဲ့ သတင္းတစ္ခုပဲ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ Tobey Maguire ဟာ အဲ့ဒီဇာတ္လမ္းထဲမွာ ပါဝင္ဖို႔အတြက္ ေဆြးေႏြးေနၿပီးေတာ့ Kirsten Dunst ကေတာ့ Mary Jane Watson ေနရာမွာ ပါဝင္လာဖို႔ ေသခ်ာေနၿပီ ျဖစ္ပါတယ္။

photo via imdb

အရင္သ႐ုပ္ေဆာင္ေတြ ျပန္လည္ပါဝင္လာမယ္ ဆိုေပမယ့္လည္း သူတို႔ေတြရဲ႕ ဇာတ္ေကာင္ေတြဟာ ဘယ္ေလာက္ထိ အေရးပါတဲ့ေနရာမွာ ပါဝင္မလည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။ ျဖစ္ႏိုင္တာကေတာ့ Tom Holland ရဲ႕ Spider-Man နဲ႔ Doctor Strange တို႔ဟာ တစ္ျခား universe ေတြကို သြားေနရင္းနဲ႔ Andrew ရဲ႕ Spider-Man ၊ Gwen Stacy နဲ႔ Electro တို႔ကို ေတြ႕ဆုံၾကၿပီး ေနာက္ထပ္ universe တစ္ခုမွာေတာ့ Tobey ရဲ႕ Spider-Man ၊ Mary Jane Watson နဲ႔ Doctor Octopus တို႔ကို ေတြ႕ဆုံၾကမယ္လို႔ ထင္ပါတယ္။

အဲ့လိုမဟုတ္ရင္ေတာ့ ၂၀၁၈ တုန္းက ထြက္ခဲ့တဲ့ Spider-Man: Into the Spider-Verse လိုမ်ိဴး Tom Holland ဆီကို တစ္ျခား Spider-Man ေတြက ေရာက္လာတာလည္း ျဖစ္ႏိုင္ပါတယ္။ အဲ့ဒါတင္မကေသးဘဲ Spider-Man သုံးေယာက္ ဆုံၾကၿပီးေတာ့ Spider-Verse ျဖစ္လာမွာဆိုေတာ့ Gwen Stacy ကလည္း Spider-Gwen အေနနဲ႔ ပါဝင္လာႏိုင္ပါေသးတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အသစ္ထြက္လာမယ့္ Spider-Man 3 ကေတာ့ အေတာ္ေလးကို စိတ္ဝင္စားဖို႔ေကာင္းေနၿပီ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular