HomeEntertainmentFilm မင်းသမီးချော Angelina Jolie ရဲ့ IMDb အမြင့်ဆုံး ရုပ်ရှင်(၁၀)ကား 

 မင်းသမီးချော Angelina Jolie ရဲ့ IMDb အမြင့်ဆုံး ရုပ်ရှင်(၁၀)ကား 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Angelina Jolie ဟာ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်နိုင်တဲ့ နာမည်ကျော် မင်းသမီးတစ်လက် ဖြစ်ပြီး အော်စကာဆုတစ်ဆု၊ ရွှေကမ္ဘာလုံးဆုသုံးဆုတို့အပြင် အခြားရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာကို ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။ သူမဟာ ဟောလိဝုဒ်ရဲ့ ကြေးအမြင့်ဆုံး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်း လေးဆယ်ကျော်၊ ငါးဆယ်နီးပါး ရိုက်ကူးထားပြီးပါပြီ။ သူမရဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာထဲက IMDb rating အရ အကောင်းဆုံး ရုပ်ရှင်(၁၀)ကားကို ဖော်ပြပေးရမယ်ဆိုရင်တော့ …

(10) A Mighty Heart – IMDb 6.6
Photo via screenrant

ဒီဇာတ်ကားဟာ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးမွမ်းမှုကို ရရှိခဲ့ပြီး ရုပ်ရှင်ချစ်သူတွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ Jolie ဟာလည်း ဒီဇာတ်ကားနဲ့ ရွှေကမ္ဘာလုံးဆုကို စံကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားဟာ တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး Jolie ဟာ နာမည်ကျော် အမျိုးသမီးသတင်းထောက် Mariane Pearl ရဲ့နေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အမျိုးသမီးသတင်းထောက် Mariane Pearl ဟာ ပျောက်ဆုံးသွားတဲ့ သူမရဲ့ခင်ပွန်းသည် သတင်းထောက် Daniel Pearl ကို လိုက်လံရှာဖွေတဲ့ ကြေကွဲဖွယ်ရာဇာတ်လမ်း ဖြစ်ပါတယ်။ Mariane ဟာ ကိုယ်ဝန်ကြီးတစ်ဖက်နဲ့ ခင်ပွန်းသည်ကို နိုင်ငံတကာမှာ လှည့်လည်ရှာဖွေဖို့ ဦးစီးဦးဆောင်ပြုရပါတော့တယ်။ ဒီမှာတင် တင်းကြပ်တဲ့ ဘာသာရေးအယူဝါဒကို ကျင့်သုံးသူတစ်ဦးနဲ့ သူမရဲ့ခင်ပွန်းသည် နောက်ဆုံးအင်တာဗျူး ပြုလုပ်ခဲ့တဲ့ တူရကီနိုင်ငံကနေ စတင်ရှာဖွေပါတော့တယ်။

ဒီဇာတ်ကားမှာတော့ ကြေကွဲဖွယ်ရာ အဖြစ်အပျက်ကို ရင်နင့်အောင် ခံစားရမှာဖြစ်သလို နိုင်ငံရေးလှည့်ကွက်တွေကိုလည်း ကြည့်ရှုရဦးမှာပါ။ ဒါ့အပြင် Jolie ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကိုလည်း ရသမြောက်စွာ ခံစားရမှာ ဖြစ်ပါတယ်။

(9) The Good Shepherd – IMDb 6.7
Photo via screenrant

The Good Shepherd ဟာ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Jolie ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ နာမည်ကျော်မင်းသားကြီး Robert De Niro ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ Robert De Niro ၊ Angelina Jolie ၊ Matt Damon ၊ Joe Pesci ၊ Alec Baldwin စတဲ့ နာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ Jolie ကတော့ Margaret Clover Russell ဆိုတဲ့ အမျိုးသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး Matt Damon ကတော့ စီအိုင်အေအဖွဲ့ရဲ့ ခေါင်းဆောင်၊ Margaret ရဲ့ ခင်ပွန်းသည် Edward Wilson အဖြစ် သရုပ်ဆောင်ထားပါတယ်။ သမိုင်းကြောင်းနောက်ခံ မှုခင်းဒရာမာ ဇာတ်ကားဖြစ်လို့ ဇာတ်အိမ်၊ ဇာတ်လမ်း ခိုင်ခိုင်ခံ့ခံ့ကိုမှ ကြည့်ရှုချင်သူတွေအတွက် တကယ်သင့်လျော်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။

(8) The Bone Collector – IMDb 6.7
Photo via screenrant

၁၉၉၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားထဲမှာ Jolie နဲ့ Denzel Washington တို့ဟာ အတွဲညီညီနဲ့ လိုက်ဖက်စွာ သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားထဲမှာ Jolie ဟာ Amelia Donaghy ဆိုတဲ့ အငယ်တန်းစုံထောက်အဖြစ် သရုပ်ဆောင်ထားပြီး မင်းသားကြီး Denzel Washington ကတော့ Lincoln Rhyme ဆိုတဲ့ အထက်အရာရှိ စုံထောက်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့ အငယ်တန်း စုံထောက်မလေး Amelia Donaghy ဟာ သူမရဲ့ အထက်အရာရှိ Lincoln Rhyme က ဆေးရုံတက်နေရတဲ့အတွက် တာဝန်တွေ ပိုယူထားရပါတယ်။ အရာရှိ Lincoln ဟာ ခြေတွေ၊ လက်တွေအကုန်လုံး လှုပ်ရှားလို့ မရတဲ့အတွက် နယူးယော့ခ်မြို့မှာ သောင်းကျန်းနေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို ဖမ်းဖို့အတွက် Amelia ရဲ့အကူအညီကို တောင်းခံလိုက်ပါတယ်။ Amelia ကလည်း တရားခံကို ဖမ်းမိဖို့ နီးကပ်လာလေလေ၊ သူမ ဖခင်ဖြစ်သူရဲ့ ဆူဆိုက်လုပ်သွားတဲ့ ဖြစ်ရပ်ကို ပြန်မြင်ယောင်လေလေ ဖြစ်လာတာကြောင့် သူမကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားရပါတော့တယ်။

(7) Wanted – IMDb 6.7
Photo via screenrant

ဒီဇာတ်ကားထဲမှာတော့ Jolie ဟာ ဆက်ဆီကျတဲ့ အမျိုးသမီး လုပ်ကြံရေးသမား Fox အဖြစ် သရုပ်ဆောင်ထားပါတယ်။ ၂၀၀၈ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ငွေကြေးအရရော၊ အနုပညာအရပါ အောင်မြင်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Jolie အတွက်တော့ Mr. & Mrs. Smith မှာ သရုပ်ဆောင်ပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ လုပ်ကြံရေးသမား ဇာတ်ကောင်ကို ပြန်လည်သရုပ်ဆောင်ထားခြင်းလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Fox ဆိုတဲ့ အမျိုးသမီး လုပ်ကြံရေးသမားတစ်ယောက်ဟာ သာမန်ရုံးဝန်ထမ်းကောင်လေး Wesley ကို သူမရဲ့ထိန်းချုပ်မှုအောက်မှာထားပြီး လုပ်ကြံရေးသမားတစ်ယောက် တတ်သင့်တတ်အပ်တဲ့ ပညာရပ်တွေကို သင်ကြားပေးခဲ့ပါတယ်။ များမကြာမီမှာပဲ Wesley ဟာ လုပ်ကြံရေးသမားတစ်ယောက်ရဲ့ အတွေးအခေါ်တွေ ရှိလာတဲ့အခါမှာတော့ ဒီအရည်အချင်းတွေဟာ ဖခင်ဖြစ်သူ နာမည်ကျော် လုပ်ကြံရေးသမားကြီးဆီက အမွေရထားတယ်ဆိုတာ သိလိုက်ရပါတော့တယ်။

သရုပ်ဆောင်တွေအနေနဲ့ Angelina Jolie ၊ James McAvoy ၊ Morgan Freeman နဲ့ Chris Pratt တို့က အဓိက ပါဝင်ထားပါတယ်။

(6) Playing By Heart – IMDb 7
Photo via screenrant

၁၉၉၈ခုနှစ်က ထွက်ရှိထားတဲ့ ဒီဇာတ်ကားထဲမှာတော့ Jolie ဟာ Joan ဆိုတဲ့ အမျိုးသမီးတစ်ယောက် နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဟာသဒရာမာ အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားဟာ ဇာတ်ပျိုးချိန်မှာတော့ ကာရိုက်တာတွေဟာ တစ်ယောက်နဲ့တစ်ယောက် အဆက်အစပ် မရှိတဲ့ပုံစံနဲ့ စတင်ထားပါတယ်။

ဇာတ်လမ်းကတော့ အချင်းချင်း ငြီးငွေ့နေကြပေမယ့် ကတိသစ္စာအသစ်တွေနဲ့ အချစ်ကို ပြန်လည်ဆန်းသစ်ဖို့ ကြိုးစားနေကြတဲ့ သက်ကြီးရွယ်အို စုံတွဲတစ်တွဲ၊ အေအိုင်ဒီအက်စ်ရောဂါနဲ့ သေလုမျောပါးဖြစ်နေတဲ့ သားနဲ့ မိခင်တို့ကြားက ဆက်ဆံရေး၊ ဗိသုကာပညာရှင်တစ်ယောက်၊ ပြဇာတ်ဒါရိုက်တာတစ်ယောက်နဲ့ ဖောက်ပြန်နေကြတဲ့ စုံတွဲတစ်တွဲ စတဲ့ စုစုပေါင်း လူဆယ့်တစ်ယောက်ရဲ့ ဘဝတွေကို ရောယှက်နွယ်ကာ ရသမြောက်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

(5) Gia – IMDb 7
Photo via screenrant

ဒီဇာတ်ကားဟာ Jolie သရုပ်ဆောင်ထားသမျှ ဇာတ်ရုပ်တွေထဲမှာ ဆက်ဆီအကျဆုံးနဲ့ အဂေါ်ဆုံးဇာတ်ရုပ်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကားကို ကြည့်ရှုလိုက်ရင် Jolie ဆိုတာ ပျောက်သွားပြီး တကယ့် အပြင်ဘဝမှာ ဆေးစွဲနေတဲ့ ဖက်ရှင်မော်ဒယ်လ် Gia Carangi ကို ကြည့်နေရသလို ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီဇာတ်ကားဟာ ရွှေကမ္ဘာလုံးဆု နှစ်ခု ရရှိခဲ့တာဖြစ်ပြီး Jolie အတွက်လည်း အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုအဖြစ် ရွှေကမ္ဘာလုံးဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ဖက်ရှင်မော်ဒယ်လ် Gia Carangi ရဲ့ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာ Gia ရဲ့ ကြောက်ခမန်းလိလိ အောင်မြင်မှုတွေကို ဝမ်းသာအားရ ခံစားရမှာဖြစ်သလို ကြေကွဲဖွယ်ဖို့ကောင်းတဲ့ ကျရှုံးမှုတွေကိုလည်း ရင်နင့်အောင် ခံစားရမှာ ဖြစ်ပါတယ်။

(4) Maleficent – IMDb 7
Photo via screenrant

Jolie ကို အပေါ်ယံ ခက်ထန်ပုံရပြီး အတွင်းပိုင်းစိတ်နှလုံးသားမှာ နူးညံ့ဖြူစင်လွန်းတဲ့ အနက်ရောင် နတ်သမီးတစ်ပါးအဖြစ် ကြည့်ရှုရတာကို စာဖတ်သူတို့လည်း နှစ်ခြိုက်မိကြမှာပါ။ Rating အရမှာတော့ ၂၀၁၄ခုနှစ်က ထွက်ရှိထားတဲ့ ပထမဇာတ်ကားကို ၂၀၁၉ခုနှစ်မှာ ထပ်မံထွက်ရှိလာတဲ့ ဒုတိယဇာတ်ကား Maleficent: Mistress of Evil က မကျော်နိုင်ခဲ့ပါဘူး။

ဇာတ်လမ်းကတော့ ကြင်နာသနားတတ်တဲ့ နတ်သမီးလေး Maleficent ဟာ ဘဝလုံးပုံပြီး ချစ်ရသူရဲ့ လိမ်ညာလှည့်ဖြားမှုကို ခံလိုက်ရပါတယ်။ နှလုံးသားမှာ ဒဏ်ရာရသွားတဲ့ Maleficent ဟာ ချစ်သူ Stefan ကို အညှိုးအတေး ထားထားပြီး သူခံစားရသလို ပြန်ကလဲ့စားချေဖို့အတွက် Stefan ရဲ့သမီးလေး Aurora ကို ကျိန်စာတိုက်လိုက်ပါတော့တယ်။

(3) Kung Fu Panda ဇာတ်ကားများ – IMDb 7.3
Photo via screenrant

Kung Fu Panda ရုပ်ရှင်သုံးကားလုံးရဲ့ rating ဟာ အနီးဆုံးယူလိုက်ရင် 7.3 မှာ ရှိနေတာကြောင့် Jolie ရဲ့ လူကြိုက်အများဆုံး ဇာတ်ကားတွေထဲမှာ ပါဝင်နေတာဟာ ဆန်းတော့မဆန်းပါဘူး။ Jolie ဟာ ဒီဇာတ်ကားတွေထဲမှာတော့ Tigress နေရာကနေ ပါဝင်ပြီး အသံသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး အပျင်းကြီးတတ်တဲ့ ပန်ဒါလေးနေရာမှာတော့ မင်းသား Jack Black က အသံသရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားသုံးကားလုံးဟာ Jolie အနေနဲ့ သူမရဲ့ဟာသဉာဏ်ရွှင်စွာ သရုပ်ဆောင်နိုင်မှုကို ရှားရှားပါးပါး ပြသခွင့် ရထားတဲ့ ဇာတ်ကားတွေလည်း ဖြစ်ပါတယ်။

(2) Girl, Interrupted – IMDb 7.3
Photo via imdb

Jolie ဟာ ဒီဇာတ်ကားထဲက Lisa ဆိုတဲ့ ကောင်မလေးနေရာမှာ သရုပ်ဆောင်ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအဖြစ် အော်စကာဆုကို ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ သူမ သရုပ်ဆောင်ထားသမျှ ဇာတ်ကားတွေထဲမှာ ဒုတိယအကောင်းဆုံးလို့ သတ်မှတ်ခံထားရပြီး လူကြိုက်များတာနဲ့အညီ ဇာတ်ကားရဲ့ အရည်အသွေးကလည်း တကယ့် ထိပ်တန်းမှာ ရှိနေတာကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြောင့်ပဲ Jolie ဟာ ဟောလိဝုဒ်ရဲ့ ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ်။

ဒီဇာတ်ကားဟာ အမေရိကန် စာရေးဆရာမ Susanna Kaysen ရဲ့ စိတ္တဇဆေးရုံမှာ (၁၈)လကြာ တက်ရောက်ကုသမှု ခံယူလိုက်ရတဲ့ အမှတ်တရ ဖြစ်ရပ်၊ အတွေ့အကြုံတွေကို သက်ဝင်လှုပ်ရှားလွန်းစွာ ပုံဖော်ထားပါတယ်။ Susanna Kaysen နေရာမှာတော့ မင်းသမီး Winona Ryder က သရုပ်ဆောင်ထားပြီး စိတ္တဇဆေးရုံက စိတ်ရောဂါသည် ကောင်မလေး Lisa အဖြစ် Jolie က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

(1) Changeling – IMDb 7.7
Photo via screenrant

ဂန္ထဝင် သရုပ်ဆောင်မင်းသားကြီးလည်းဖြစ်၊ ဒါရိုက်တာလည်းဖြစ်တဲ့ Clint Eastwood ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ Jolie ရဲ့ အကောင်းဆုံးသော ဇာတ်ကားတစ်ကားလို့ ပြောလို့ရပါတယ်။ Jolie ဟာ ဒီဇာတ်ကားနဲ့ပဲ သူမဘဝမှာ ပထမဆုံးအဖြစ် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို အော်စကာ တစ်ပြေးခဲ့ပြီး ကံဆိုးစွာနဲ့ ဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

ဇာတ်လမ်းကတော့ ၁၉၂၀ခုနှစ်ဝန်းကျင် လော့စ်အိန်ဂျလိစ်မြို့မှာ အခြေတည်ထားပါတယ်။ Christine Collins လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ တစ်နေ့မှာတော့ သူမရဲ့တစ်ဦးတည်းသော သားလေးကို ပျောက်ဆုံးသွားခဲ့ရပါတယ်။ သားပျောက်လို့ ဆောက်တည်ရာမရ ခံစားနေရတဲ့ Christine ဟာ ရဲဌာနဆီကိုသွားပြီး လူပျောက်တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ဒီလိုနဲ့ ငါးလအကြာမှာတော့ ရဲဌာနဟာ သူမရဲ့သားကို ပြန်တွေ့ပြီဆိုပြီး Christine ရဲ့လက်ထဲကို အပ်ခဲ့ပေမယ့် မိခင်ဖြစ်သူဟာ ဒီကလေးက သူ့ကလေးအစစ်မဟုတ်ဘူးလို့ ခံစားလိုက်ရတဲ့အခါမှာတော့ … ။

ဒါကတော့ IMDb rating အရ မင်းသမီး Angelina Jolie ရဲ့ အကောင်းဆုံးသော ရုပ်ရှင်ဆယ်ကားကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီထဲက ဘယ်ရုပ်ရှင်က စာဖတ်သူတို့ရဲ့ ရင်ကို လှုပ်ခါနိုင်စွမ်း ရှိခဲ့လည်းဆိုတာ ပြောပြခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Angelina Jolie ဟာ ဇာတ္႐ုပ္မ်ိဳးစုံကို သ႐ုပ္ေဆာင္ႏိုင္တဲ့ နာမည္ေက်ာ္ မင္းသမီးတစ္လက္ ျဖစ္ၿပီး ေအာ္စကာဆုတစ္ဆု၊ ေ႐ႊကမာၻလုံးဆုသုံးဆုတို႔အျပင္ အျခား႐ုပ္ရွင္ထူးခြၽန္ဆုေပါင္းမ်ားစြာကို ဆြတ္ခူးထားသူလည္း ျဖစ္ပါတယ္။ သူမဟာ ေဟာလိဝုဒ္ရဲ႕ ေၾကးအျမင့္ဆုံး ႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္ကားေပါင္း ေလးဆယ္ေက်ာ္၊ ငါးဆယ္နီးပါး ႐ိုက္ကူးထားၿပီးပါၿပီ။ သူမရဲ႕ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာထဲက IMDb rating အရ အေကာင္းဆုံး ႐ုပ္ရွင္(၁၀)ကားကို ေဖာ္ျပေပးရမယ္ဆိုရင္ေတာ့ …

(10) A Mighty Heart – IMDb 6.6
Photo via screenrant

ဒီဇာတ္ကားဟာ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ႕ ခ်ီးမြမ္းမႈကို ရရွိခဲ့ၿပီး ႐ုပ္ရွင္ခ်စ္သူေတြ အႀကိဳက္ေတြ႕ခဲ့တဲ့ ဇာတ္ကား ျဖစ္ပါတယ္။ Jolie ဟာလည္း ဒီဇာတ္ကားနဲ႔ ေ႐ႊကမာၻလုံးဆုကို စံကာတင္စာရင္းဝင္ခဲ့ပါေသးတယ္။ ဒီဇာတ္ကားဟာ တကယ့္အျဖစ္အပ်က္ကို အေျခခံ႐ိုက္ကူးထားတာျဖစ္ၿပီး Jolie ဟာ နာမည္ေက်ာ္ အမ်ိဳးသမီးသတင္းေထာက္ Mariane Pearl ရဲ႕ေနရာကေန သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ အမ်ိဳးသမီးသတင္းေထာက္ Mariane Pearl ဟာ ေပ်ာက္ဆုံးသြားတဲ့ သူမရဲ႕ခင္ပြန္းသည္ သတင္းေထာက္ Daniel Pearl ကို လိုက္လံရွာေဖြတဲ့ ေၾကကြဲဖြယ္ရာဇာတ္လမ္း ျဖစ္ပါတယ္။ Mariane ဟာ ကိုယ္ဝန္ႀကီးတစ္ဖက္နဲ႔ ခင္ပြန္းသည္ကို ႏိုင္ငံတကာမွာ လွည့္လည္ရွာေဖြဖို႔ ဦးစီးဦးေဆာင္ျပဳရပါေတာ့တယ္။ ဒီမွာတင္ တင္းၾကပ္တဲ့ ဘာသာေရးအယူဝါဒကို က်င့္သုံးသူတစ္ဦးနဲ႔ သူမရဲ႕ခင္ပြန္းသည္ ေနာက္ဆုံးအင္တာဗ်ဴး ျပဳလုပ္ခဲ့တဲ့ တူရကီႏိုင္ငံကေန စတင္ရွာေဖြပါေတာ့တယ္။

ဒီဇာတ္ကားမွာေတာ့ ေၾကကြဲဖြယ္ရာ အျဖစ္အပ်က္ကို ရင္နင့္ေအာင္ ခံစားရမွာျဖစ္သလို ႏိုင္ငံေရးလွည့္ကြက္ေတြကိုလည္း ၾကည့္ရႈရဦးမွာပါ။ ဒါ့အျပင္ Jolie ရဲ႕ ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္စြမ္းရည္ကိုလည္း ရသေျမာက္စြာ ခံစားရမွာ ျဖစ္ပါတယ္။

(9) The Good Shepherd – IMDb 6.7
Photo via screenrant

The Good Shepherd ဟာ ၂၀၀၆ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး Jolie ရဲ႕ အေကာင္းဆုံး ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ပါဝင္ပါတယ္။ ဒီဇာတ္ကားကို ႐ိုက္ကူးထားတဲ့ ဒါ႐ိုက္တာကေတာ့ နာမည္ေက်ာ္မင္းသားႀကီး Robert De Niro ျဖစ္ပါတယ္။

ဒီဇာတ္ကားထဲမွာ Robert De Niro ၊ Angelina Jolie ၊ Matt Damon ၊ Joe Pesci ၊ Alec Baldwin စတဲ့ နာမည္ႀကီး သ႐ုပ္ေဆာင္မ်ားစြာ ပါဝင္ထားပါတယ္။ Jolie ကေတာ့ Margaret Clover Russell ဆိုတဲ့ အမ်ိဳးသမီးေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားၿပီး Matt Damon ကေတာ့ စီအိုင္ေအအဖြဲ႕ရဲ႕ ေခါင္းေဆာင္၊ Margaret ရဲ႕ ခင္ပြန္းသည္ Edward Wilson အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ သမိုင္းေၾကာင္းေနာက္ခံ မႈခင္းဒရာမာ ဇာတ္ကားျဖစ္လို႔ ဇာတ္အိမ္၊ ဇာတ္လမ္း ခိုင္ခိုင္ခံ့ခံ့ကိုမွ ၾကည့္ရႈခ်င္သူေတြအတြက္ တကယ္သင့္ေလ်ာ္တဲ့ ဇာတ္ကား ျဖစ္ပါတယ္။

(8) The Bone Collector – IMDb 6.7
Photo via screenrant

၁၉၉၉ခုႏွစ္က ထြက္ရွိခဲ့တဲ့ ဒီဇာတ္ကားထဲမွာ Jolie နဲ႔ Denzel Washington တို႔ဟာ အတြဲညီညီနဲ႔ လိုက္ဖက္စြာ သ႐ုပ္ေဆာင္ထားၾကပါတယ္။ ဒီဇာတ္ကားထဲမွာ Jolie ဟာ Amelia Donaghy ဆိုတဲ့ အငယ္တန္းစုံေထာက္အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး မင္းသားႀကီး Denzel Washington ကေတာ့ Lincoln Rhyme ဆိုတဲ့ အထက္အရာရွိ စုံေထာက္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

ဇာတ္လမ္းကေတာ့ အငယ္တန္း စုံေထာက္မေလး Amelia Donaghy ဟာ သူမရဲ႕ အထက္အရာရွိ Lincoln Rhyme က ေဆး႐ုံတက္ေနရတဲ့အတြက္ တာဝန္ေတြ ပိုယူထားရပါတယ္။ အရာရွိ Lincoln ဟာ ေျခေတြ၊ လက္ေတြအကုန္လုံး လႈပ္ရွားလို႔ မရတဲ့အတြက္ နယူးေယာ့ခ္ၿမိဳ႕မွာ ေသာင္းက်န္းေနတဲ့ ကြင္းဆက္လူသတ္သမားတစ္ေယာက္ကို ဖမ္းဖို႔အတြက္ Amelia ရဲ႕အကူအညီကို ေတာင္းခံလိုက္ပါတယ္။ Amelia ကလည္း တရားခံကို ဖမ္းမိဖို႔ နီးကပ္လာေလေလ၊ သူမ ဖခင္ျဖစ္သူရဲ႕ ဆူဆိုက္လုပ္သြားတဲ့ ျဖစ္ရပ္ကို ျပန္ျမင္ေယာင္ေလေလ ျဖစ္လာတာေၾကာင့္ သူမကိုယ္ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားရပါေတာ့တယ္။

(7) Wanted – IMDb 6.7
Photo via screenrant

ဒီဇာတ္ကားထဲမွာေတာ့ Jolie ဟာ ဆက္ဆီက်တဲ့ အမ်ိဳးသမီး လုပ္ႀကံေရးသမား Fox အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ ၂၀၀၈ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး ေငြေၾကးအရေရာ၊ အႏုပညာအရပါ ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ Jolie အတြက္ေတာ့ Mr. & Mrs. Smith မွာ သ႐ုပ္ေဆာင္ၿပီးေနာက္ပိုင္း ပထမဆုံးအေနနဲ႔ လုပ္ႀကံေရးသမား ဇာတ္ေကာင္ကို ျပန္လည္သ႐ုပ္ေဆာင္ထားျခင္းလည္း ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ Fox ဆိုတဲ့ အမ်ိဳးသမီး လုပ္ႀကံေရးသမားတစ္ေယာက္ဟာ သာမန္႐ုံးဝန္ထမ္းေကာင္ေလး Wesley ကို သူမရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာထားၿပီး လုပ္ႀကံေရးသမားတစ္ေယာက္ တတ္သင့္တတ္အပ္တဲ့ ပညာရပ္ေတြကို သင္ၾကားေပးခဲ့ပါတယ္။ မ်ားမၾကာမီမွာပဲ Wesley ဟာ လုပ္ႀကံေရးသမားတစ္ေယာက္ရဲ႕ အေတြးအေခၚေတြ ရွိလာတဲ့အခါမွာေတာ့ ဒီအရည္အခ်င္းေတြဟာ ဖခင္ျဖစ္သူ နာမည္ေက်ာ္ လုပ္ႀကံေရးသမားႀကီးဆီက အေမြရထားတယ္ဆိုတာ သိလိုက္ရပါေတာ့တယ္။

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Angelina Jolie ၊ James McAvoy ၊ Morgan Freeman နဲ႔ Chris Pratt တို႔က အဓိက ပါဝင္ထားပါတယ္။

(6) Playing By Heart – IMDb 7
Photo via screenrant

၁၉၉၈ခုႏွစ္က ထြက္ရွိထားတဲ့ ဒီဇာတ္ကားထဲမွာေတာ့ Jolie ဟာ Joan ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ ေနရာကေန သ႐ုပ္ေဆာင္ထားပါတယ္။ ဟာသဒရာမာ အမ်ိဳးအစားျဖစ္တဲ့ ဒီဇာတ္ကားဟာ ဇာတ္ပ်ိဳးခ်ိန္မွာေတာ့ ကာ႐ိုက္တာေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အဆက္အစပ္ မရွိတဲ့ပုံစံနဲ႔ စတင္ထားပါတယ္။

ဇာတ္လမ္းကေတာ့ အခ်င္းခ်င္း ၿငီးေငြ႕ေနၾကေပမယ့္ ကတိသစၥာအသစ္ေတြနဲ႔ အခ်စ္ကို ျပန္လည္ဆန္းသစ္ဖို႔ ႀကိဳးစားေနၾကတဲ့ သက္ႀကီး႐ြယ္အို စုံတြဲတစ္တြဲ၊ ေအအိုင္ဒီအက္စ္ေရာဂါနဲ႔ ေသလုေမ်ာပါးျဖစ္ေနတဲ့ သားနဲ႔ မိခင္တို႔ၾကားက ဆက္ဆံေရး၊ ဗိသုကာပညာရွင္တစ္ေယာက္၊ ျပဇာတ္ဒါ႐ိုက္တာတစ္ေယာက္နဲ႔ ေဖာက္ျပန္ေနၾကတဲ့ စုံတြဲတစ္တြဲ စတဲ့ စုစုေပါင္း လူဆယ့္တစ္ေယာက္ရဲ႕ ဘဝေတြကို ေရာယွက္ႏြယ္ကာ ရသေျမာက္ေအာင္ ႐ိုက္ကူးထားတဲ့ ဇာတ္လမ္း ျဖစ္ပါတယ္။

(5) Gia – IMDb 7
Photo via screenrant

ဒီဇာတ္ကားဟာ Jolie သ႐ုပ္ေဆာင္ထားသမွ် ဇာတ္႐ုပ္ေတြထဲမွာ ဆက္ဆီအက်ဆုံးနဲ႔ အေဂၚဆုံးဇာတ္႐ုပ္တစ္ခုလို႔ ေျပာလို႔ရပါတယ္။ ဒီဇာတ္ကားကို ၾကည့္ရႈလိုက္ရင္ Jolie ဆိုတာ ေပ်ာက္သြားၿပီး တကယ့္ အျပင္ဘဝမွာ ေဆးစြဲေနတဲ့ ဖက္ရွင္ေမာ္ဒယ္လ္ Gia Carangi ကို ၾကည့္ေနရသလို ခံစားရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဒီဇာတ္ကားဟာ ေ႐ႊကမာၻလုံးဆု ႏွစ္ခု ရရွိခဲ့တာျဖစ္ၿပီး Jolie အတြက္လည္း အေကာင္းဆုံး အမ်ိဳးသမီးသ႐ုပ္ေဆာင္ဆုအျဖစ္ ေ႐ႊကမာၻလုံးဆု ရရွိခဲ့တာ ျဖစ္ပါတယ္။

ျဖစ္ရပ္မွန္ကို အေျခခံထားၿပီး ဖက္ရွင္ေမာ္ဒယ္လ္ Gia Carangi ရဲ႕ဘဝဇာတ္ေၾကာင္းကို ပုံေဖာ္႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားထဲမွာ Gia ရဲ႕ ေၾကာက္ခမန္းလိလိ ေအာင္ျမင္မႈေတြကို ဝမ္းသာအားရ ခံစားရမွာျဖစ္သလို ေၾကကြဲဖြယ္ဖို႔ေကာင္းတဲ့ က်ရႈံးမႈေတြကိုလည္း ရင္နင့္ေအာင္ ခံစားရမွာ ျဖစ္ပါတယ္။

(4) Maleficent – IMDb 7
Photo via screenrant

Jolie ကို အေပၚယံ ခက္ထန္ပုံရၿပီး အတြင္းပိုင္းစိတ္ႏွလုံးသားမွာ ႏူးညံ့ျဖဴစင္လြန္းတဲ့ အနက္ေရာင္ နတ္သမီးတစ္ပါးအျဖစ္ ၾကည့္ရႈရတာကို စာဖတ္သူတို႔လည္း ႏွစ္ၿခိဳက္မိၾကမွာပါ။ Rating အရမွာေတာ့ ၂၀၁၄ခုႏွစ္က ထြက္ရွိထားတဲ့ ပထမဇာတ္ကားကို ၂၀၁၉ခုႏွစ္မွာ ထပ္မံထြက္ရွိလာတဲ့ ဒုတိယဇာတ္ကား Maleficent: Mistress of Evil က မေက်ာ္ႏိုင္ခဲ့ပါဘူး။

ဇာတ္လမ္းကေတာ့ ၾကင္နာသနားတတ္တဲ့ နတ္သမီးေလး Maleficent ဟာ ဘဝလုံးပုံၿပီး ခ်စ္ရသူရဲ႕ လိမ္ညာလွည့္ျဖားမႈကို ခံလိုက္ရပါတယ္။ ႏွလုံးသားမွာ ဒဏ္ရာရသြားတဲ့ Maleficent ဟာ ခ်စ္သူ Stefan ကို အညႇိဳးအေတး ထားထားၿပီး သူခံစားရသလို ျပန္ကလဲ့စားေခ်ဖို႔အတြက္ Stefan ရဲ႕သမီးေလး Aurora ကို က်ိန္စာတိုက္လိုက္ပါေတာ့တယ္။

(3) Kung Fu Panda ဇာတ္ကားမ်ား – IMDb 7.3
Photo via screenrant

Kung Fu Panda ႐ုပ္ရွင္သုံးကားလုံးရဲ႕ rating ဟာ အနီးဆုံးယူလိုက္ရင္ 7.3 မွာ ရွိေနတာေၾကာင့္ Jolie ရဲ႕ လူႀကိဳက္အမ်ားဆုံး ဇာတ္ကားေတြထဲမွာ ပါဝင္ေနတာဟာ ဆန္းေတာ့မဆန္းပါဘူး။ Jolie ဟာ ဒီဇာတ္ကားေတြထဲမွာေတာ့ Tigress ေနရာကေန ပါဝင္ၿပီး အသံသ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

ခ်စ္စရာေကာင္းၿပီး အပ်င္းႀကီးတတ္တဲ့ ပန္ဒါေလးေနရာမွာေတာ့ မင္းသား Jack Black က အသံသ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားသုံးကားလုံးဟာ Jolie အေနနဲ႔ သူမရဲ႕ဟာသဉာဏ္႐ႊင္စြာ သ႐ုပ္ေဆာင္ႏိုင္မႈကို ရွားရွားပါးပါး ျပသခြင့္ ရထားတဲ့ ဇာတ္ကားေတြလည္း ျဖစ္ပါတယ္။

(2) Girl, Interrupted – IMDb 7.3
Photo via imdb

Jolie ဟာ ဒီဇာတ္ကားထဲက Lisa ဆိုတဲ့ ေကာင္မေလးေနရာမွာ သ႐ုပ္ေဆာင္ၿပီး အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုအျဖစ္ ေအာ္စကာဆုကို ရရွိခဲ့ပါတယ္။ ဒီဇာတ္ကားဟာ သူမ သ႐ုပ္ေဆာင္ထားသမွ် ဇာတ္ကားေတြထဲမွာ ဒုတိယအေကာင္းဆုံးလို႔ သတ္မွတ္ခံထားရၿပီး လူႀကိဳက္မ်ားတာနဲ႔အညီ ဇာတ္ကားရဲ႕ အရည္အေသြးကလည္း တကယ့္ ထိပ္တန္းမွာ ရွိေနတာကို ခံစားရမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားေၾကာင့္ပဲ Jolie ဟာ ေဟာလိဝုဒ္ရဲ႕ ထိပ္တန္းစာရင္းဝင္ မင္းသမီးတစ္လက္ ျဖစ္လာခဲ့ပါတယ္။

ဒီဇာတ္ကားဟာ အေမရိကန္ စာေရးဆရာမ Susanna Kaysen ရဲ႕ စိတၱဇေဆး႐ုံမွာ (၁၈)လၾကာ တက္ေရာက္ကုသမႈ ခံယူလိုက္ရတဲ့ အမွတ္တရ ျဖစ္ရပ္၊ အေတြ႕အႀကဳံေတြကို သက္ဝင္လႈပ္ရွားလြန္းစြာ ပုံေဖာ္ထားပါတယ္။ Susanna Kaysen ေနရာမွာေတာ့ မင္းသမီး Winona Ryder က သ႐ုပ္ေဆာင္ထားၿပီး စိတၱဇေဆး႐ုံက စိတ္ေရာဂါသည္ ေကာင္မေလး Lisa အျဖစ္ Jolie က သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

(1) Changeling – IMDb 7.7
Photo via screenrant

ဂႏၴဝင္ သ႐ုပ္ေဆာင္မင္းသားႀကီးလည္းျဖစ္၊ ဒါ႐ိုက္တာလည္းျဖစ္တဲ့ Clint Eastwood ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားဟာ Jolie ရဲ႕ အေကာင္းဆုံးေသာ ဇာတ္ကားတစ္ကားလို႔ ေျပာလို႔ရပါတယ္။ Jolie ဟာ ဒီဇာတ္ကားနဲ႔ပဲ သူမဘဝမွာ ပထမဆုံးအျဖစ္ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ေအာ္စကာ တစ္ေျပးခဲ့ၿပီး ကံဆိုးစြာနဲ႔ ဆုနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ဇာတ္လမ္းကေတာ့ ၁၉၂၀ခုႏွစ္ဝန္းက်င္ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ အေျခတည္ထားပါတယ္။ Christine Collins လို႔ေခၚတဲ့ အမ်ိဳးသမီးတစ္ဦးဟာ တစ္ေန႔မွာေတာ့ သူမရဲ႕တစ္ဦးတည္းေသာ သားေလးကို ေပ်ာက္ဆုံးသြားခဲ့ရပါတယ္။ သားေပ်ာက္လို႔ ေဆာက္တည္ရာမရ ခံစားေနရတဲ့ Christine ဟာ ရဲဌာနဆီကိုသြားၿပီး လူေပ်ာက္တိုင္ခ်က္ဖြင့္ခဲ့ပါတယ္။ ဒီလိုနဲ႔ ငါးလအၾကာမွာေတာ့ ရဲဌာနဟာ သူမရဲ႕သားကို ျပန္ေတြ႕ၿပီဆိုၿပီး Christine ရဲ႕လက္ထဲကို အပ္ခဲ့ေပမယ့္ မိခင္ျဖစ္သူဟာ ဒီကေလးက သူ႔ကေလးအစစ္မဟုတ္ဘူးလို႔ ခံစားလိုက္ရတဲ့အခါမွာေတာ့ … ။

ဒါကေတာ့ IMDb rating အရ မင္းသမီး Angelina Jolie ရဲ႕ အေကာင္းဆုံးေသာ ႐ုပ္ရွင္ဆယ္ကားကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဒီထဲက ဘယ္႐ုပ္ရွင္က စာဖတ္သူတို႔ရဲ႕ ရင္ကို လႈပ္ခါႏိုင္စြမ္း ရွိခဲ့လည္းဆိုတာ ေျပာျပခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular