HomeEntertainmentFilmArmy of the Dead ထဲမှာ တချို့ဇွန်ဘီတွေဟာ ဘာကြောင့် စက်ရုပ်တွေ ဖြစ်နေရတာလဲ?

Army of the Dead ထဲမှာ တချို့ဇွန်ဘီတွေဟာ ဘာကြောင့် စက်ရုပ်တွေ ဖြစ်နေရတာလဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Army of the Dead ရုပ်ရှင်ထဲက တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေထဲမှာတော့ Las Vegas ထဲက ဇွန်ဘီတချို့ဟာ စက်ရုပ်တွေ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

ဒီအချက်ကတော့ ပရိသတ်တွေအားလုံး အံ့ဩသွားစေတဲ့ အချက်တစ်ခု ဖြစ်ပြီး အခုချိန်ထိ အဖြေမရရှိသေးတဲ့ မေးခွန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်ကားတလျှောက် ပြသွားတဲ့ ဇာတ်ကြောင်းအရ အဲ့ဒီစက်ရုပ်ဇွန်ဘီတွေကို  ဘယ်သူတွေက ဖန်တီးထားပြီး ဘာကြောင့် ဖန်တီးထားလည်း ဆိုတာကိုတော့ ပရိသတ်တွေ မသိခဲ့ရပါဘူး။

photo via screenrant

Army of the Dead ထဲက ရိုးရိုးဇွန်ဘီတွေနဲ့ စက်ရုပ်ဇွန်ဘီတွေကိုတော့ သူတို့ရဲ့ မျက်လုံးကို ကြည့်ကာ ခွဲခြားနိုင်ပါတယ်။ စက်ရုပ်ဇွန်ဘီတွေရဲ့ မျက်လုံးကတော့ သာမန်ဇွန်ဘီတွေနဲ့ မတူဘဲ အပြာရောင် တောက်ပနေလေ့ ရှိပါတယ်။ အဲ့ဒီစက်ရုပ်ဇွန်ဘီတွေကိုတော့ Scott နဲ့ Guzman တို့က ပစ်သတ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ စက်ရုပ်ဇွန်ဘီတွေဟာ ပုံမှန်အတိုင်းဆိုရင်တော့ တခြား alpha ဇွန်ဘီတွေနဲ့ တူညီနေပြီး ခေါင်းကို ပစ်သတ်ခံလိုက်ရတဲ့ အချိန်မှသာ စက်ရုပ်ခေါင်းနဲ့ ဝါယာကြိုးတွေကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

Army of the Dead ရုပ်ရှင်ထဲမှာတော့ ပုံမှန်ဇွန်ဘီနဲ့ စက်ရုပ်ဇွန်ဘီတို့ နှစ်ခုလုံးရဲ့ origin ကို ဖော်ပြသွားခြင်း မရှိပါဘူး။ ဇာတ်လမ်းရဲ့ အစမှာတော့ ပထမဆုံး ဇွန်ဘီကို Area 51 ကနေ သယ်ထုတ်လာပြီး UFO လို့ ယူဆလို့ရတဲ့ အရာနှစ်ခုကလည်း လေပေါ်မှာပျံသွားတာကို တွေ့ရပါတယ်။ ဒါ့ကြောင့်ပဲ ဇွန်ဘီတွေဟာ ဂြိုလ်သားတွေကြောင့် ဖြစ်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်။

Netflix ရဲ့ အမေးအဖြေ ကဏ္ဍမှာတော့ Zack Snyder ဟာ စက်ရုပ်ဇွန်ဘီတွေနဲ့ ပတ်သက်ပြီး ပြောပြသွားတာ ရှိပါတယ်။ ” အဲ့ဒီစက်ရုပ်ဇွန်ဘီတွေက တခြားဇွန်ဘီတွေကို စောင့်ကြည့်ဖို့အတွက် အစိုးရက ထည့်သွင်းထားတာ ဖြစ်နိုင်သလို တခြားကမ္ဘာတစ်ခုက နည်းပညာတွေလည်း ဖြစ်နိုင်ပါတယ် … ” လို့ Zack Snyder က ဆိုပါတယ်။

photo via screenrant

ဒီမေးခွန်းအတွက် အဖြေကိုတော့ အသစ်ထွက်ရှိလာမယ့် Army of the Dead: Lost Vegas ထဲမှာ မြင်တွေ့ရနိုင်ချေ များပါတယ်။ အကြောင်းကတော့ အဲ့ဒီရုပ်ရှင်ဟာ Vegas မြို့ထဲမှာ ဇွန်ဘီတွေ စတင်ဖြစ်ပေါ်လာပုံကို မြင်တွေ့ရမှာ ဖြစ်လို့ပါပဲ။ Vegas မြို့ထဲမှာ ဇွန်ဘီတွေ ပျံ့နှံ့သွားတာကိုတော့ Army of the Dead အစပိုင်းမှာ မိနစ်အနည်းငယ် မြင်ခဲ့ရပါတယ်။ ဒါ့ကြောင့် အဲ့ဒီဇာတ်လမ်းထဲမှာတော့ အရင်သရုပ်ဆောင်တွေကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပြီး စက်ရုပ်ဇွန်ဘီတွေရဲ့ origin ကိုလည်း မြင်တွေ့ရနိုင်ချေ ရှိပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Army of the Dead ႐ုပ္ရွင္ထဲက တိုက္ခိုက္တဲ့ ဇာတ္ဝင္ခန္းေတြထဲမွာေတာ့ Las Vegas ထဲက ဇြန္ဘီတခ်ိဳ႕ဟာ စက္႐ုပ္ေတြ ျဖစ္ေနတာကို ေတြ႕ခဲ့ရပါတယ္။

ဒီအခ်က္ကေတာ့ ပရိသတ္ေတြအားလုံး အံ့ဩသြားေစတဲ့ အခ်က္တစ္ခု ျဖစ္ၿပီး အခုခ်ိန္ထိ အေျဖမရရွိေသးတဲ့ ေမးခြန္းတစ္ခုဆိုရင္လည္း မမွားပါဘူး။ ဇာတ္ကားတေလွ်ာက္ ျပသြားတဲ့ ဇာတ္ေၾကာင္းအရ အဲ့ဒီစက္႐ုပ္ဇြန္ဘီေတြကို  ဘယ္သူေတြက ဖန္တီးထားၿပီး ဘာေၾကာင့္ ဖန္တီးထားလည္း ဆိုတာကိုေတာ့ ပရိသတ္ေတြ မသိခဲ့ရပါဘူး။

photo via screenrant

Army of the Dead ထဲက ႐ိုး႐ိုးဇြန္ဘီေတြနဲ႔ စက္႐ုပ္ဇြန္ဘီေတြကိုေတာ့ သူတို႔ရဲ႕ မ်က္လုံးကို ၾကည့္ကာ ခြဲျခားႏိုင္ပါတယ္။ စက္႐ုပ္ဇြန္ဘီေတြရဲ႕ မ်က္လုံးကေတာ့ သာမန္ဇြန္ဘီေတြနဲ႔ မတူဘဲ အျပာေရာင္ ေတာက္ပေနေလ့ ရွိပါတယ္။ အဲ့ဒီစက္႐ုပ္ဇြန္ဘီေတြကိုေတာ့ Scott နဲ႔ Guzman တို႔က ပစ္သတ္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။ စက္႐ုပ္ဇြန္ဘီေတြဟာ ပုံမွန္အတိုင္းဆိုရင္ေတာ့ တျခား alpha ဇြန္ဘီေတြနဲ႔ တူညီေနၿပီး ေခါင္းကို ပစ္သတ္ခံလိုက္ရတဲ့ အခ်ိန္မွသာ စက္႐ုပ္ေခါင္းနဲ႔ ဝါယာႀကိဳးေတြကို ျမင္ေတြ႕ရတာ ျဖစ္ပါတယ္။

Army of the Dead ႐ုပ္ရွင္ထဲမွာေတာ့ ပုံမွန္ဇြန္ဘီနဲ႔ စက္႐ုပ္ဇြန္ဘီတို႔ ႏွစ္ခုလုံးရဲ႕ origin ကို ေဖာ္ျပသြားျခင္း မရွိပါဘူး။ ဇာတ္လမ္းရဲ႕ အစမွာေတာ့ ပထမဆုံး ဇြန္ဘီကို Area 51 ကေန သယ္ထုတ္လာၿပီး UFO လို႔ ယူဆလို႔ရတဲ့ အရာႏွစ္ခုကလည္း ေလေပၚမွာပ်ံသြားတာကို ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ပဲ ဇြန္ဘီေတြဟာ ၿဂိဳလ္သားေတြေၾကာင့္ ျဖစ္ေပၚလာတာလည္း ျဖစ္ႏိုင္ပါတယ္။

Netflix ရဲ႕ အေမးအေျဖ က႑မွာေတာ့ Zack Snyder ဟာ စက္႐ုပ္ဇြန္ဘီေတြနဲ႔ ပတ္သက္ၿပီး ေျပာျပသြားတာ ရွိပါတယ္။ ” အဲ့ဒီစက္႐ုပ္ဇြန္ဘီေတြက တျခားဇြန္ဘီေတြကို ေစာင့္ၾကည့္ဖို႔အတြက္ အစိုးရက ထည့္သြင္းထားတာ ျဖစ္ႏိုင္သလို တျခားကမာၻတစ္ခုက နည္းပညာေတြလည္း ျဖစ္ႏိုင္ပါတယ္ … ” လို႔ Zack Snyder က ဆိုပါတယ္။

photo via screenrant

ဒီေမးခြန္းအတြက္ အေျဖကိုေတာ့ အသစ္ထြက္ရွိလာမယ့္ Army of the Dead: Lost Vegas ထဲမွာ ျမင္ေတြ႕ရႏိုင္ေခ် မ်ားပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီ႐ုပ္ရွင္ဟာ Vegas ၿမိဳ႕ထဲမွာ ဇြန္ဘီေတြ စတင္ျဖစ္ေပၚလာပုံကို ျမင္ေတြ႕ရမွာ ျဖစ္လို႔ပါပဲ။ Vegas ၿမိဳ႕ထဲမွာ ဇြန္ဘီေတြ ပ်ံ႕ႏွံ႔သြားတာကိုေတာ့ Army of the Dead အစပိုင္းမွာ မိနစ္အနည္းငယ္ ျမင္ခဲ့ရပါတယ္။ ဒါ့ေၾကာင့္ အဲ့ဒီဇာတ္လမ္းထဲမွာေတာ့ အရင္သ႐ုပ္ေဆာင္ေတြကို ျပန္လည္ျမင္ေတြ႕ရမွာ ျဖစ္ၿပီး စက္႐ုပ္ဇြန္ဘီေတြရဲ႕ origin ကိုလည္း ျမင္ေတြ႕ရႏိုင္ေခ် ရွိပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular