HomeEntertainmentFilmAquaman 2 ထဲက Amber Heard နေရာမှာ သရုပ်ဆောင်ပြောင်းဖို့ စဉ်းစားခဲ့တဲ့ Warner Bros.

Aquaman 2 ထဲက Amber Heard နေရာမှာ သရုပ်ဆောင်ပြောင်းဖို့ စဉ်းစားခဲ့တဲ့ Warner Bros.

Aquaman and the Lost Kingdom ထဲမှာတော့ Amber Heard နေရာမှာ သရုပ်ဆောင်ပြောင်းလဲဖို့ Warner Bros. စတူဒီယိုက စဉ်းစားခဲ့ဖူးကြောင်း ဉက္ကဌဖြစ်သူ Walter Hamada က ပြောပြလိုက်ပါတယ်။ Amber ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Justice League ထဲမှာ Mera အနေနဲ့  စတင်ပါဝင်ခဲ့ပြီး Aquaman ဆိုလိုရုပ်ရှင်မှာလည်း ဆက်လက်ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း အဲဒီဆိုလိုရုပ်ရှင် အပြီးမှာတော့ Amber Heard ကို လူစားထိုးဖို့ စဉ်းစားခဲ့တယ်လို့ သိရပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ ပရိသတ်တွေဟာ Aquaman and the Lost Kingdom ထဲကနေ Amber ကို ထုတ်ပစ်ဖို့ အွန်လိုင်းပေါ်မှာ တောင်းဆိုနေကြပြီး ယခုအချိန်မှာတော့ တောင်းဆိုထားတဲ့ ပရိသတ်ပေါင်း (၄)သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ မကြာသေးခင်တုန်းက သိလိုက်ရတဲ့ သတင်းတွေအရ ဆိုရင်တော့ ဒီရုပ်ရှင်ထဲမှာ Amber ရဲ့ ဇာတ်ဝင်ခန်းတွေ သိပ်မပါဝင်တော့ဘဲ သူမရဲ့ဇာတ်ဝင်ခန်းတွေ အများစုကို ဖြတ်ထုတ်ထားတယ်လို့ သိရပါတယ်။

မကြာသေးခင်ကပဲ Walter Hamada ဟာ Johnny Depp နဲ့ Amber Heard တို့ အမှုရင်ဆိုင်နေတဲ့အချိန်မှာ ဒီအကြောင်းကို ထွက်ဆိုသွားတာ ဖြစ်ပါတယ်။

“အဲဒါကတော့ ပထမရုပ်ရှင်အပြီးမှာ တွေ့ရတဲ့ ပြဿနာတစ်ခုပါ။ အဓိကကတော့ Jason Momoa နဲ့ Amber Heard တို့ ကြားက Chemistry ပဲဗျ။ ပထမရုပ်ရှင်ထဲမှာတော့ Edit ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် သူတို့နှစ်ယောက်ကြားမှာ chemistry ကို တွေ့ခဲ့ရပေမယ့် ဒီလိုဖြစ်လာဖို့ အရမ်းကြိုးစားခဲ့ရပါတယ်။ အဲဒါကြောင့် လူစားထိုးလိုက်ရင် ပိုကောင်းမယ်လို့ ယူဆခဲ့တာပါ။ ပြီးတော့ Jason Momoa နဲ့ သဘာဝအတိုင်း အပေးအယူမျှနေမယ့် လူမျိူးကို ရှာဖွေချင်ခဲ့တာပါ …”

photo via screenrant

Walter Hamada ရဲ့ ပြောပြချက်အရ အခုလိုမျိူး သရုပ်ဆောင် ပြောင်းလဲဖို့ စဉ်းစားခဲ့တာဟာ Amber ရဲ့ ပုဂ္ဂိုလ်ရေးတွေကြောင့် မဟုတ်ဘဲ သရုပ်ဆောင်တဲ့အပိုင်းမှာ Jason Momoa နဲ့ အပေးအယူ မမျှတာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် WB က Amber ရဲ့ ဇာတ်ဝင်ခန်းတွေကို ဖြတ်ပစ်ခဲ့တယ် ဆိုတာဟာလည်း အမှန်ပါပဲလို့ အတည်ပြုခဲ့ပေမယ့်လည်း Amber ပြောခဲ့သလို ယခုဖြစ်နေတဲ့ တရားစွဲဆိုမှုတွေကြောင့် မဟုတ်ဘဲ အပေါ်မှာဖော်ပြခဲ့တဲ့ အကြောင်းပြချက်ကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular