HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Army of Thieves ရုပ်ရှင်

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Army of Thieves ရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ Zack Snyder ရိုက်ကူးခဲ့တဲ့ Army of the Dead ရုပ်ရှင်ရဲ့ Prequel ဖြစ်တဲ့ Army of Thieves ရဲ့ ပထမဆုံး ထွေလာကိုတော့ Netflix ရဲ့ TUDUM Event မှာ ပြသခဲ့ပါတယ်။ ဒါရိုက်တာ Zack Snyder ဟာ DCEU ကနေ ထွက်ခွာလာပြီးနောက်မှာတော့ Netflix နဲ့ လက်တွဲကာ Army of the Dead Franchise ကို ဖန်တီးခဲ့ပါတယ်။ Army of the Dead ဟာ Zack Snyder ရိုက်ကူးခဲ့တဲ့ ပထမဆုံးဇွန်ဘီရုပ်ရှင်ကား ဖြစ်ပြီး Army of Thieves ရုပ်ရှင်ကိုတော့ Matthias Schweighofer က ဒါရိုက်တာအဖြစ် ရိုက်ကူးသွားမှာပါ။ Matthias Schweighofer ကတော့ ဒါရိုက်တာတင်မကဘဲ သော့ဖွင့်ကျွမ်းကျင်သူဖြစ်တဲ့ Ludwig Dieter အနေနဲ့လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

photo via screenrant

Army of Thieves ရုပ်ရှင်ကတော့ Prequel ဖြစ်တာကြောင့် Army of the Dead မတိုင်ခင်တုန်းက အချိန်ကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Army of the Dead ထဲမှာတော့ Las Vegas မြို့တစ်မြို့လုံး ဇွန်ဘီတွေဖြစ်ကုန်တာကို မြင်တွေ့ခဲ့ရပြီး Army of Thieves ကတော့ ဇွန်ဘီတွေ စတင်ဖြစ်ခါစအချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ ဇွန်ဘီတွေကို သိပ်မြင်တွေ့ရမှာ မဟုတ်ဘဲ Ludwig Dieter နဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ အန္တရာယ်များတဲ့ လုယက်မှုတစ်ခုကို ပြုလုပ်ကြတဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထွက်ရှိလာဖို့ တစ်လလောက်အလိုမှာတော့ ပထမဆုံးထွေလာ ထွက်ရှိလာပြီး အဲ့ဒီထွေလာကိုတော့ Netflix ရဲ့ TUDUM Virtual Event မှာ ပြသသွားခဲ့ပါတယ်။ ဒီထွေလာကို ကြည့်ခြင်းအားဖြင့် Ludwig Dieter နဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ Army of the Dead ထဲမှာ ပါဝင်ခဲ့တဲ့ Bly Tanaka ရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်သွားမယ် ဆိုတာကို သိခဲ့ရပါတယ်။ ဒီရုပ်ရှင်ကိုတော့ အောက်တိုဘာ (၂၉) ရက်နေ့မှာ Netflix ကနေ စတင်ပြသသွားတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာ အဓိက ပါဝင်လာမယ့် သရုပ်ဆောင်တွေကတော့ Matthias Schweighofer ၊ Nathalie Emmanuel ၊ Ruby O. Fee ၊ Guz Khan နဲ့ Stuart Martin တို့ပဲ ဖြစ်ပါတယ်။ ကြည့်ရှုရမယ့် ပရိသတ်တွေအတွက်တော့ Army of Thieves ဟာ Army of the Dead နဲ့ အတော်လေးကို ကွာပြားနေမှာ ဖြစ်ပါတယ်။ ထွေလာကို ကြည့်ပြီး သိရသလောက်ဆိုရင်တော့ ဒီရုပ်ရှင်ဟာ အက်ရှင်ခန်းတွေများစွာနဲ့ ဖန်တီးထားတဲ့ ဓားပြတိုက်လုယက်မှုရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

ဒါ႐ိုက္တာ Zack Snyder ႐ိုက္ကူးခဲ့တဲ့ Army of the Dead ႐ုပ္ရွင္ရဲ႕ Prequel ျဖစ္တဲ့ Army of Thieves ရဲ႕ ပထမဆုံး ေထြလာကိုေတာ့ Netflix ရဲ႕ TUDUM Event မွာ ျပသခဲ့ပါတယ္။ ဒါ႐ိုက္တာ Zack Snyder ဟာ DCEU ကေန ထြက္ခြာလာၿပီးေနာက္မွာေတာ့ Netflix နဲ႔ လက္တြဲကာ Army of the Dead Franchise ကို ဖန္တီးခဲ့ပါတယ္။ Army of the Dead ဟာ Zack Snyder ႐ိုက္ကူးခဲ့တဲ့ ပထမဆုံးဇြန္ဘီ႐ုပ္ရွင္ကား ျဖစ္ၿပီး Army of Thieves ႐ုပ္ရွင္ကိုေတာ့ Matthias Schweighofer က ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးသြားမွာပါ။ Matthias Schweighofer ကေတာ့ ဒါ႐ိုက္တာတင္မကဘဲ ေသာ့ဖြင့္ကြၽမ္းက်င္သူျဖစ္တဲ့ Ludwig Dieter အေနနဲ႔လည္း ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။

photo via screenrant

Army of Thieves ႐ုပ္ရွင္ကေတာ့ Prequel ျဖစ္တာေၾကာင့္ Army of the Dead မတိုင္ခင္တုန္းက အခ်ိန္ကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ Army of the Dead ထဲမွာေတာ့ Las Vegas ၿမိဳ႕တစ္ၿမိဳ႕လုံး ဇြန္ဘီေတြျဖစ္ကုန္တာကို ျမင္ေတြ႕ခဲ့ရၿပီး Army of Thieves ကေတာ့ ဇြန္ဘီေတြ စတင္ျဖစ္ခါစအခ်ိန္မွာ ဇာတ္အိမ္တည္ထားပါတယ္။ ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ထဲမွာေတာ့ ဇြန္ဘီေတြကို သိပ္ျမင္ေတြ႕ရမွာ မဟုတ္ဘဲ Ludwig Dieter နဲ႔ သူ႔ရဲ႕အဖြဲ႕သားေတြဟာ အႏၲရာယ္မ်ားတဲ့ လုယက္မႈတစ္ခုကို ျပဳလုပ္ၾကတဲ့အေၾကာင္းကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ထြက္ရွိလာဖို႔ တစ္လေလာက္အလိုမွာေတာ့ ပထမဆုံးေထြလာ ထြက္ရွိလာၿပီး အဲ့ဒီေထြလာကိုေတာ့ Netflix ရဲ႕ TUDUM Virtual Event မွာ ျပသသြားခဲ့ပါတယ္။ ဒီေထြလာကို ၾကည့္ျခင္းအားျဖင့္ Ludwig Dieter နဲ႔ သူ႔ရဲ႕အဖြဲ႕သားေတြဟာ Army of the Dead ထဲမွာ ပါဝင္ခဲ့တဲ့ Bly Tanaka ရဲ႕ ပိုင္ဆိုင္မႈေတြကို လုယက္သြားမယ္ ဆိုတာကို သိခဲ့ရပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ေအာက္တိုဘာ (၂၉) ရက္ေန႔မွာ Netflix ကေန စတင္ျပသသြားေတာ့မွာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ထဲမွာ အဓိက ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Matthias Schweighofer ၊ Nathalie Emmanuel ၊ Ruby O. Fee ၊ Guz Khan နဲ႔ Stuart Martin တို႔ပဲ ျဖစ္ပါတယ္။ ၾကည့္ရႈရမယ့္ ပရိသတ္ေတြအတြက္ေတာ့ Army of Thieves ဟာ Army of the Dead နဲ႔ အေတာ္ေလးကို ကြာျပားေနမွာ ျဖစ္ပါတယ္။ ေထြလာကို ၾကည့္ၿပီး သိရသေလာက္ဆိုရင္ေတာ့ ဒီ႐ုပ္ရွင္ဟာ အက္ရွင္ခန္းေတြမ်ားစြာနဲ႔ ဖန္တီးထားတဲ့ ဓားျပတိုက္လုယက္မႈ႐ုပ္ရွင္တစ္ကားပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular