HomeEntertainmentFilmရေအောက်ထဲမှာ တကယ်အသက်အောင့် လေ့ကျင့်ခဲ့ရတဲ့ Avatar 2 သရုပ်ဆောင်များ

ရေအောက်ထဲမှာ တကယ်အသက်အောင့် လေ့ကျင့်ခဲ့ရတဲ့ Avatar 2 သရုပ်ဆောင်များ

ဒါရိုက်တာ James Cameron ဟာ Avatar: The Way of Water ထဲက သရုပ်ဆောင်တွေကို ရေအောက်ထဲမှာ အချိန်ကြာကြာ အသက်အောင့်နိုင်စေဖို့အတွက် အပြင်းအထန် လေ့ကျင့်စေခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မူလ Avatar ရုပ်ရှင်ထဲက သရုပ်ဆောင်တွေဖြစ်တဲ့ Sam Worthington ၊ Zoe Saldana ၊ Sigourney Weaver ၊ Stephen Lang ၊ Joel David Moore ၊ CCH Pounder ၊ Giovanni Ribisi ၊ Dileep Rao နဲ့ Matt Gerald တို့ ပြန်လည်ပါဝင်ထားကြပါတယ်။

ဒါ့အပြင် သရုပ်ဆောင်အသစ်တွေ ဖြစ်တဲ့ Kate Winslet ၊ Cliff Curtis ၊ Edie Falco ၊ Jemaine Clement ၊ Michelle Yeoh ၊ Brendan Cowell နဲ့ Vin Diesel တို့လည်း ပါဝင်ထားကြပါတယ်။ Avatar 2 ထဲက ဇာတ်ဝင်ခန်းအချို့ကတော့ Pandora ရဲ့ သမုဒ္ဒရာထဲမှာ ဖြစ်တာကြောင့် ဒါရိုက်တာ James Cameron နဲ့ ရိုက်ကူးရေးအဖွဲ့ဟာ တကယ့်ရေအောက်ထဲမှာ ရိုက်ကူးဖို့အတွက် နည်းပညာအသစ်ကိုတောင် ဖန်တီးခဲ့ကြပါသေးတယ်။

photo via screenrant

The New York Times သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ James Cameron ဟာ သရုပ်ဆောင်တွေကို ရေအောက်ထဲမှာ ကြာကြာအသက်အောင့်နေနိုင်စေဖို့အတွက် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေနဲ့ လေ့ကျင့်စေခဲ့ကြောင်း ပြောပြသွားပါတယ်။

လူတွေက ရေအောက်ထဲ‌ရောက်နေတဲ့ ပုံစံမျိူး လိုချင်ရင် သူတို့က ရေအောက်ထဲမှာ တကယ်ရှိနေဖို့ လိုတယ်လေ။ Cowboy ဇာတ်လမ်းကို ရိုက်ချင်ရင်တော့ မြင်းစီးသင်ရမှာပဲဗျ။ Sam က ရေလွှာလျှောစီးသမား ဖြစ်ပေမယ့် Sig နဲ့ Zoe တို့ကတော့ ရေနဲ့ပတ်သက်ပြီး သိပ်ဝါသနာ မပါကြဘူးလေ။ အဲဒီတော့ ဒီရုပ်ရှင်အတွက် ဘာတွေလိုအပ်တယ်ဆိုတာ သေချာပြောပြရတာပေါ့။ ပြီးတော့ သရုပ်ဆောင်တွေကို ကမ္ဘာ့အကောင်းဆုံး ရေငုပ်ပညာရှင်တွေနဲ့ အသက်အောင့်နိုင်အောင်လည်း သင်ပေးခဲ့ပါတယ် …”

photo via screenrant

ဒါကြောင့်လည်း နာမည်ကြီး သရုပ်ဆောင်ဖြစ်တဲ့ Kate Winslet ကတော့ ရေအောက်ထဲမှာ (၇)မိနစ်ကြာအောင် အသက်အောင့်နိုင်ပြီး Sigourney Weaver ကတော့ (၆)မိနစ်ခွဲလောက်အထိ အသက်အောင့်နိုင်တယ်လို့ သိရပါတယ်။ Zoe Saldana ကတော့ (၅)မိနစ်ကြာ အသက်အောင့်နိုင်တယ်လို့ ဆိုပါတယ်။ Avatar 2 ထဲက သရုပ်ဆောင်တွေဟာ ရေအောက်ထဲမှာ ကြာကြာအသက်အောင့်နိုင်ရုံတင် မဟုတ်ဘဲ ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ရသေးတာကြောင့် ဟန်ပျက်သွားလို့လည်း မရပါဘူး။ ဒီအချက်တွေကြောင့် ဒါရိုက်တာ James Cameron နဲ့ သရုပ်ဆောင်တွေဟာ ဒီရုပ်ရှင်ကို သေချာအချိန်ပေး ဖန်တီးထားတယ်ဆိုတာ သိသာစေပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular