HomeEntertainmentFilmPower of the Dog ရုပ်ရှင် ရိုက်ကူးနေတဲ့အချိန်အတွင်း လုံးဝရေမချိူးခဲ့ဘူးဆိုတဲ့ Benedict Cumberbatch

Power of the Dog ရုပ်ရှင် ရိုက်ကူးနေတဲ့အချိန်အတွင်း လုံးဝရေမချိူးခဲ့ဘူးဆိုတဲ့ Benedict Cumberbatch

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Benedict Cumberbatch ဟာ အသစ်ထွက်ရှိလာတဲ့ The Power of the Dog ရုပ်ရှင် ရိုက်ကူးနေတဲ့ အချိန်အတောအတွင်းမှာ လုံးဝရေမချိူးခဲ့ပါဘူးလို့ ပြောပြလာပါတယ်။

Benedict Cumberbatch က‌တော့ BBC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ Sherlock ဇာတ်လမ်းတွဲနဲ့ အလွန်အောင်မြင်လာသူ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Imitation Game ရုပ်ရှင်နဲ့ နာမည်ကျော်ရုပ်ရှင်ထူးချွန်ဆုများစွာမှာ စံကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်။ အခုဆိုရင်တော့ MCU ထဲက Doctor Strange အနေနဲ့လည်း လူသိများနေပြီ ဖြစ်ပါတယ်။

photo via screenrant

မကြာသေးခင်ကမှ အသစ်ထွက်ရှိလာတဲ့ Power of the Dog ဇာတ်ကားကတော့ ၁၉၆၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Thomas Savage ရဲ့ အမည်တူဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Jane Campion က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေကတော့ Benedict Cumberbatch ၊ Kirsten Dunst ၊ Jesse Plemons နဲ့ Kodi Smit-McPhee တို့က အဓိက ပါဝင်ထားပါတယ်။

မကြာသေးခင်က USA Today နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Benedict Cumberbatch ဟာ ဒီရုပ်ရှင်ထဲက ဇာတ်ကောင်စရိုက် ပီသစေဖို့အတွက် ဒါရိုက်တာရဲ့ တိုက်တွန်းချက်အရ ရိုက်ကူးနေတဲ့အချိန်မှာ လုံးဝရေမချိူးခဲ့ဘူးလို့ ပြောပြထားပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ဘေးပတ်ပတ်လည်မှာ အနံ့အသက်တွေ ထွက်နေပြီး Biohazard Zone တစ်ခုလို ဖြစ်နေတယ်လို့တောင် နောက်ပြောင်ထားပါသေးတယ်။

ဒါတင်မက ဇာတ်ကောင်စရိုက်ကို တကယ်ကြီး ပီပြင်စေဖို့အတွက် သူဝတ်ဆင်ရမယ့် အဝတ်အစားတွေကိုလည်း လုံးဝမလျှော်ဖွတ်ဖို့ အဝတ်အစားပြင်ဆင်ပေးတဲ့ အဖွဲ့ကိုလည်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ အခုလို နံစော်ညစ်ပတ်နေအောင် ပြုလုပ်ထားခြင်းအားဖြင့် ကာရိုက်တာရဲ့ တိရစ္ဆာန်လို သဘာဝကို ပိုပြီးပီပြင်သွားစေတယ်လို့ ဆိုပါတယ်။

photo via screenrant

The Power of the Dog ရုပ်ရှင်ကိုတော့ Netflix မှာ စတင်ကြည့်ရှုလို့ ရနေပြီ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ (၂၀)ရာစုအစောပိုင်း Montana ပြည်နယ်မှာ အခြေတည်ထားပါတယ်။ Phil Burbank (Benedict Cumberbatch) ဟာ ဩဇာတိက္ကမ ကြီးမားပြီး သူ့ပတ်ဝန်းကျင်က လူတွေ လေးစားကြောက်ရွံ့ရတဲ့ မွေးမြူရေးခြံပိုင်ရှင် ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူ့ရဲ့ ညီဖြစ်သူက မိန်းမနဲ့ ကလေးတစ်ယောက်ကို ခေါ်လာပါတယ်။ အဲဒီနောက်မှာတော့ Phil Burbank ဟာ အဲဒီမိန်းမနဲ့ ကလေးကို စိတ်ပိုင်းဆိုင်ရာအရ ညှင်းပန်းနှိပ်စက်ပါတော့တယ်။

Legos

Source: Screenrant

(Zawgyi Version)

Benedict Cumberbatch ဟာ အသစ္ထြက္ရွိလာတဲ့ The Power of the Dog ႐ုပ္ရွင္ ရိုက္ကူးေနတဲ့ အခ်ိန္အေတာအတြင္းမွာ လုံးဝေရမခ်ိဴးခဲ့ပါဘူးလို႔ ေျပာျပလာပါတယ္။

Benedict Cumberbatch က‌ေတာ့ BBC ႐ုပ္သံလိုင္းက ထုတ္လႊင့္ခဲ့တဲ့ Sherlock ဇာတ္လမ္းတြဲနဲ႔ အလြန္ေအာင္ျမင္လာသူ ျဖစ္ပါတယ္။ အဲဒီေနာက္ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Imitation Game ႐ုပ္ရွင္နဲ႔ နာမည္ေက်ာ္႐ုပ္ရွင္ထူးခၽြန္ဆုမ်ားစြာမွာ စံကာတင္စာရင္း ဝင္ခဲ့ပါေသးတယ္။ အခုဆိုရင္ေတာ့ MCU ထဲက Doctor Strange အေနနဲ႔လည္း လူသိမ်ားေနၿပီ ျဖစ္ပါတယ္။

photo via screenrant

မၾကာေသးခင္ကမွ အသစ္ထြက္ရွိလာတဲ့ Power of the Dog ဇာတ္ကားကေတာ့ ၁၉၆၇ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Thomas Savage ရဲ့ အမည္တူဝတၳဳကို မွီျငမ္းၿပီး ရိုက္ကူးထားတဲ့ဇာတ္ကား ျဖစ္ပါတယ္။ ဒါရိုက္တာ Jane Campion က ရိုက္ကူးထားၿပီး သ႐ုပ္ေဆာင္ေတြကေတာ့ Benedict Cumberbatch ၊ Kirsten Dunst ၊ Jesse Plemons နဲ႔ Kodi Smit-McPhee တို႔က အဓိက ပါဝင္ထားပါတယ္။

မၾကာေသးခင္က USA Today နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာေတာ့ Benedict Cumberbatch ဟာ ဒီ႐ုပ္ရွင္ထဲက ဇာတ္ေကာင္စရိုက္ ပီသေစဖို႔အတြက္ ဒါရိုက္တာရဲ့ တိုက္တြန္းခ်က္အရ ရိုက္ကူးေနတဲ့အခ်ိန္မွာ လုံးဝေရမခ်ိဴးခဲ့ဘူးလို႔ ေျပာျပထားပါတယ္။ ဒါေၾကာင့္လည္း သူ႔ရဲ့ေဘးပတ္ပတ္လည္မွာ အနံ့အသက္ေတြ ထြက္ေနၿပီး Biohazard Zone တစ္ခုလို ျဖစ္ေနတယ္လို႔ေတာင္ ေနာက္ေျပာင္ထားပါေသးတယ္။

ဒါတင္မက ဇာတ္ေကာင္စရိုက္ကို တကယ္ႀကီး ပီျပင္ေစဖို႔အတြက္ သူဝတ္ဆင္ရမယ့္ အဝတ္အစားေတြကိုလည္း လုံးဝမေလၽွာ္ဖြတ္ဖို႔ အဝတ္အစားျပင္ဆင္ေပးတဲ့ အဖြဲ႕ကိုလည္း ေတာင္းဆိုခဲ့တယ္လို႔ ဆိုပါတယ္။ အခုလို နံေစာ္ညစ္ပတ္ေနေအာင္ ျပဳလုပ္ထားျခင္းအားျဖင့္ ကာရိုက္တာရဲ့ တိရစၧာန္လို သဘာဝကို ပိုၿပီးပီျပင္သြားေစတယ္လို႔ ဆိုပါတယ္။

photo via screenrant

ဇာတ္လမ္းကေတာ့ (၂၀)ရာစုအေစာပိုင္း Montana ျပည္နယ္မွာ အေျခတည္ထားပါတယ္။ Phil Burbank (Benedict Cumberbatch) ဟာ ဩဇာတိကၠမ ႀကီးမားၿပီး သူ႔ပတ္ဝန္းက်င္က လူေတြ ေလးစားေၾကာက္ရြံ့ရတဲ့ ေမြးျမဴေရးၿခံပိုင္ရွင္ ျဖစ္ပါတယ္။ ဒီလိုနဲ႔ တစ္ရက္မွာေတာ့ သူ႔ရဲ့ ညီျဖစ္သူက မိန္းမနဲ႔ ကေလးတစ္ေယာက္ကို ေခၚလာပါတယ္။ အဲဒီေနာက္မွာေတာ့ Phil Burbank ဟာ အဲဒီမိန္းမနဲ႔ ကေလးကို စိတ္ပိုင္းဆိုင္ရာအရ ညႇင္းပန္းႏွိပ္စက္ပါေတာ့တယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular