HomeAnimeစူပါဟီးရိုးတွေ အကြောင်းကို ရိုက်ထားတဲ့ အကောင်းဆုံး anime များ

စူပါဟီးရိုးတွေ အကြောင်းကို ရိုက်ထားတဲ့ အကောင်းဆုံး anime များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုနောက်ပိုင်းမှာ စူပါဟီးရိုးတွေအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေဟာ တော်တော်လေးကို အောင်မြင်လာခဲ့ပါတယ်။ ဒါ့အပြင် Anime တွေဟာ ကွဲထွက်နေတဲ့ ကိုယ်ပိုင်ဟန်နဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်သလို စူပါဟီးရိုးအကြောင်းတွေကို ရိုက်ထားတဲ့ anime တွေလည်း ရှိပါတယ်။ Anime တွေမှာ အမျိုးအစားတွေလည်း အများကြီးရှိပေမယ့် ဒီတစ်ခါတော့ action အမျိုးအစားကို ကြိုက်တဲ့သူတွေအတွက် အက်ရှင်တွေ များများပါဝင်တဲ့ စူပါဟီးရိုးတွေအကြောင်းကို ရိုက်ထားတဲ့ အကောင်းဆုံး anime တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Tiger & Bunny
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်က ထွက်ထားတာ ဖြစ်ပြီး IMDb (7.4) ရထားပြီးတော့ အပိုင်း (၂၆) ပိုင်း ရှိပါတယ်။ ဇာတ်လမ်းကတော့ စူပါ,ပါဝါ ရှိတဲ့ စူပါဟီးရိုးတွေဟာ အောင်မြင်ကျော်ကြားလာတာနဲ့အမျှ စပွန်ဆာတွေ ရလာပြီးတော့ စီးပွားရေး တစ်ခုလို ဖြစ်နေပါတယ်။ အဲ့ဒီအချိန်မှာ ဒိတ်အောက်နေတဲ့ ဟီးရိုးတစ်ယောက်ဖြစ်တဲ့ Kotetsu Kaburagi (Wild Tiger) နဲ့ စူပါဟီးရိုးလောကထဲကို အသစ်ဝင်ရောက်လာတဲ့ Barnaby Brooks (Bunny) တို့ဟာ ပူးပေါင်းပြီးတော့ ရာဇဝတ်မှုတွေကို ဖြေရှင်းကြရင်းနဲ့ နာမည်ကြီးဖို့အတွက်ကို ကြိုးစားကြပါတော့တယ်။

(6) Devilman Crybaby
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ Netflix ကထွက်ထားတာ ဖြစ်ပြီး IMDb (7.6) ရထားပြီးတော့ အပိုင်း (၁၀) ပိုင်းရှိပါတယ်။ မကောင်းဆိုးဝါးတွေဟာ နှစ်သန်းပေါင်းများစွာ ရေခဲတွေထဲမှာ ပိတ်မိနေရာကနေ လွတ်လာပြီးတော့ ကမ္ဘာမြေပေါ်ကို ကျူးကျော်လာခဲ့ပါတယ်။  Akira ဆိုတဲ့ ကြောက်တတ်တဲ့ ကောင်လေး တစ်ယောက်ဟာ သူနဲ့ မကောင်းဆိုးဝါးတို့ကို ပေါင်းစပ်ဖို့အတွက် သူ့ရဲ့သူငယ်ချင်း တစ်ယောက်ရဲ့ အကူအညီနဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အကယ်၍ သူတို့ရဲ့ စမ်းသပ်မှုသာ အောင်မြင်သွားရင် သူတို့ဟာ လူသားတွေရဲ့ ကောင်းကျိုးအတွက် မကောင်းဆိုးဝါးတွေကို တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

(5) Sailor Moon
photo via cbr

ဒီဇာတ်လမ်းက ၁၉၉၅ ခုနှစ်မှာ ထွက်ထားတာ ဖြစ်ပြီးတော့ IMDb (7.6) ရထားပြီးတော့ အပိုင်းပေါင်း (၁၆၀) ထွက်ထားပါတယ်။ ဒါ့အပြင် anime လောကမှာ အအောင်မြင်ဆုံးနဲ့ နာမည်အကြီးဆုံး anime တွေထဲက တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့ ဆယ်ကျော်သက် ကောင်မလေးတွေရဲ့ မှော်ဆန်ဆန် စွန့်စားခန်းတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ကောင်မလေး တစ်ယောက်က သူ့ရဲ့ကံကြမ္မာဟာ စစ်သည်တော် Sailor Moon ဖြစ်နေဆိုတာကို သိပြီးတဲ့နောက်မှာ သူ့လိုမျိုး ကံကြမ္မာတူကြတဲ့ တစ်ခြား ကောင်မလေးတွေနဲ့ ပူးပေါင်းပြီးတော့ ကမ္ဘာကြီးနဲ့ စကြဝဠာကြီးကို ကာကွယ်ရပါတော့တယ်။

(4) Guyver: The Bioboosted Armor
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၅ ခုနှစ်က ထွက်ထားတာ ဖြစ်ပြီးတော့ IMDb (7.8) ရထားပြီးတော့ အပိုင်း (၂၆) ပိုင်း ရှိပါတယ်။ ဒီဇာတ်လမ်းက ၁၉၈၉ ခုနှစ်က ထွက်ထားတာကို ပြန်ပြီး ရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Guyver suit လို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ ဝတ်စုံတစ်မျိုးကို မကောင်းတဲ့ အဖွဲ့အစည်း တစ်ခုကတီထွင်ခဲ့ပြီးတော့ အဲ့ဒီဝတ်စုံဟာ အကြောင်းအမျိုးမျိုးကြောင့် Sho Fukamachi လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်လေး တစ်ယောက်ဆီကို ရောက်သွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူဟာ သူချစ်တဲ့သူတွေကို အဲ့ဒီဝတ်စုံကို ဖန်တီးခဲ့တဲ့ လူတွေ လက်ထဲကနေ ကာကွယ်ရပါတော့တယ်။

(3) Puella Magi Madoka Magica
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ထားတာ ဖြစ်ပြီး IMDb (8.3) ရထားပြီးတော့ အပိုင်း (၁၂) ပိုင်း ရှိပါတယ်။ ဇာတ်လမ်းကတော့ Kyubey ဆိုတဲ့ သတ္တဝါတစ်ကောင်က Madoka နဲ့ Sayaka ကို အပေးအယူတစ်ခုကို လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒါကတော့ မှော်ပညာရှင် ဖြစ်လာဖို့အတွက် ကမ်းလှမ်းတဲ့ အပေးအယူတစ်ခု ဖြစ်ပြီးတော့ သူတို့သာ အဲ့ဒါကို သဘောတူခဲ့ရင် စုန်းမတွေကို တိုက်ခိုက်ပေးရမယ် ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ သူတို့က အဲ့ဒီအပေးအယူကို လက်ခံပြီးတဲ့ နောက်မှာ ဘာတွေ ဆက်ဖြစ်မှာလဲ ဆိုတာကို ကြည့်ရှုရမှာပါ။

(2) My Hero Academia
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ထားတာ ဖြစ်ပြီး IMDb (8.5) ရထားပြီးတော့ အပိုင်း (၉၀) ရှိပြီး ဆက်လက် ထွက်ရှိနေဆဲပါ။ ဇာတ်လမ်းအကျဉ်းကတော့ လူတေွဟာ စူပါ ပါဝါတွေ ပိုင်ဆိုင်ထားကြပြီးတော့ စူပါဟီးရိုးတွေကို မွေးထုတ်ပေးတဲ့ ဟီးရိုးအကယ်ဒမီဆိုတာ ရှိပါတယ်။ စူပါဟီးရိုးတွေကိုအားကျပြီး ဘာစွမ်းအားမှမရှိတဲ့ ကောင်လေးတစ်ယောက်ဟာ စူပါဟီးရိုးတစ်ယောက် ဖြစ်ဖို့ စွမ်းအားက အဓိကလားဆိုတာ သင်ကြားဖို့အတွက် အဲ့ဒီအကယ်ဒမီ သင်တန်းကျောင်းမှာ သွားတက်ခဲ့ပါတယ်။ ဒါ့အပြင် စွမ်းအားတွေမရှိဘဲနဲ့ သူဖြစ်ချင်တဲ့ စူပါဟီးရိုး ဖြစ်လာပါ့မလားဆိုတာကို ဇာတ်လမ်းခပ်သွက်သွက်ပုံစံနဲ့ ကြည့်ရှုရမှာပါ။

(1) One-Punch Man
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၅ ခုနှစ်တုန်းက ထွက်ထားတာ ဖြစ်ပြီး IMDb (8.8) ရထားပြီးတော့ အပိုင်း (၂၄) ပိုင်း ရှိပါတယ်။ ၂၀၁၅ မှာ ပထမ season ထွက်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်ကမှ ဒုတိယ season ကို ထွက်ထားတာ ဖြစ်ပြီး ongoing anime တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Saitama လို့ခေါ်တဲ့ စူပါဟီးရိုးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သူဟာ အမြဲဟာသတွေပဲ လုပ်နေပြီးတော့ ဘာကိုမှသိပ်ပြီး အလေးမထားဘဲ ပျင်းနေတတ်တဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပြီးတော့ ဘယ်လိုရန်သူမျိုးပဲဖြစ်ဖြစ်  အမြဲတမ်း သူ့ရဲ့လက်သီး တစ်ချက်တည်းနဲ့ပဲ အနိုင်ယူနိုင်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

Lego Les
(Zawgyi version)

အခုေနာက္ပိုင္းမွာ စူပါဟီး႐ိုးေတြအေၾကာင္းကို ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ေတြဟာ ေတာ္ေတာ္ေလးကို ေအာင္ျမင္လာခဲ့ပါတယ္။ ဒါ့အျပင္ Anime ေတြဟာ ကြဲထြက္ေနတဲ့ ကိုယ္ပိုင္ဟန္နဲ႔ တစ္ကမာၻလုံးက ပရိသတ္ေတြကို ဆြဲေဆာင္ထားႏိုင္သလို စူပါဟီး႐ိုးအေၾကာင္းေတြကို ႐ိုက္ထားတဲ့ anime ေတြလည္း ရွိပါတယ္။ Anime ေတြမွာ အမ်ိဳးအစားေတြလည္း အမ်ားႀကီးရွိေပမယ့္ ဒီတစ္ခါေတာ့ action အမ်ိဳးအစားကို ႀကိဳက္တဲ့သူေတြအတြက္ အက္ရွင္ေတြ မ်ားမ်ားပါဝင္တဲ့ စူပါဟီး႐ိုးေတြအေၾကာင္းကို ႐ိုက္ထားတဲ့ အေကာင္းဆုံး anime ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Tiger & Bunny
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၁ ခုႏွစ္က ထြက္ထားတာ ျဖစ္ၿပီး IMDb (7.4) ရထားၿပီးေတာ့ အပိုင္း (၂၆) ပိုင္း ရွိပါတယ္။ ဇာတ္လမ္းကေတာ့ စူပါ,ပါဝါ ရွိတဲ့ စူပါဟီး႐ိုးေတြဟာ ေအာင္ျမင္ေက်ာ္ၾကားလာတာနဲ႔အမွ် စပြန္ဆာေတြ ရလာၿပီးေတာ့ စီးပြားေရး တစ္ခုလို ျဖစ္ေနပါတယ္။ အဲ့ဒီအခ်ိန္မွာ ဒိတ္ေအာက္ေနတဲ့ ဟီး႐ိုးတစ္ေယာက္ျဖစ္တဲ့ Kotetsu Kaburagi (Wild Tiger) နဲ႔ စူပါဟီး႐ိုးေလာကထဲကို အသစ္ဝင္ေရာက္လာတဲ့ Barnaby Brooks (Bunny) တို႔ဟာ ပူးေပါင္းၿပီးေတာ့ ရာဇဝတ္မႈေတြကို ေျဖရွင္းၾကရင္းနဲ႔ နာမည္ႀကီးဖို႔အတြက္ကို ႀကိဳးစားၾကပါေတာ့တယ္။

(6) Devilman Crybaby
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၈ ခုႏွစ္မွာ Netflix ကထြက္ထားတာ ျဖစ္ၿပီး IMDb (7.6) ရထားၿပီးေတာ့ အပိုင္း (၁၀) ပိုင္းရွိပါတယ္။ မေကာင္းဆိုးဝါးေတြဟာ ႏွစ္သန္းေပါင္းမ်ားစြာ ေရခဲေတြထဲမွာ ပိတ္မိေနရာကေန လြတ္လာၿပီးေတာ့ ကမာၻေျမေပၚကို က်ဴးေက်ာ္လာခဲ့ပါတယ္။  Akira ဆိုတဲ့ ေၾကာက္တတ္တဲ့ ေကာင္ေလး တစ္ေယာက္ဟာ သူနဲ႔ မေကာင္းဆိုးဝါးတို႔ကို ေပါင္းစပ္ဖို႔အတြက္ သူ႔ရဲ႕သူငယ္ခ်င္း တစ္ေယာက္ရဲ႕ အကူအညီနဲ႔ စမ္းသပ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အကယ္၍ သူတို႔ရဲ႕ စမ္းသပ္မႈသာ ေအာင္ျမင္သြားရင္ သူတို႔ဟာ လူသားေတြရဲ႕ ေကာင္းက်ိဳးအတြက္ မေကာင္းဆိုးဝါးေတြကို တိုက္ခိုက္ႏိုင္မွာ ျဖစ္ပါတယ္။

(5) Sailor Moon
photo via cbr

ဒီဇာတ္လမ္းက ၁၉၉၅ ခုႏွစ္မွာ ထြက္ထားတာ ျဖစ္ၿပီးေတာ့ IMDb (7.6) ရထားၿပီးေတာ့ အပိုင္းေပါင္း (၁၆၀) ထြက္ထားပါတယ္။ ဒါ့အျပင္ anime ေလာကမွာ အေအာင္ျမင္ဆုံးနဲ႔ နာမည္အႀကီးဆုံး anime ေတြထဲက တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဇာတ္လမ္းကေတာ့ ဆယ္ေက်ာ္သက္ ေကာင္မေလးေတြရဲ႕ ေမွာ္ဆန္ဆန္ စြန႔္စားခန္းေတြကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ ေကာင္မေလး တစ္ေယာက္က သူ႔ရဲ႕ကံၾကမၼာဟာ စစ္သည္ေတာ္ Sailor Moon ျဖစ္ေနဆိုတာကို သိၿပီးတဲ့ေနာက္မွာ သူ႔လိုမ်ိဳး ကံၾကမၼာတူၾကတဲ့ တစ္ျခား ေကာင္မေလးေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ကမာၻႀကီးနဲ႔ စၾကဝဠာႀကီးကို ကာကြယ္ရပါေတာ့တယ္။

(4) Guyver: The Bioboosted Armor
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၅ ခုႏွစ္က ထြက္ထားတာ ျဖစ္ၿပီးေတာ့ IMDb (7.8) ရထားၿပီးေတာ့ အပိုင္း (၂၆) ပိုင္း ရွိပါတယ္။ ဒီဇာတ္လမ္းက ၁၉၈၉ ခုႏွစ္က ထြက္ထားတာကို ျပန္ၿပီး ႐ိုက္ထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Guyver suit လို႔ေခၚတဲ့ အထူးျပဳလုပ္ထားတဲ့ ဝတ္စုံတစ္မ်ိဳးကို မေကာင္းတဲ့ အဖြဲ႕အစည္း တစ္ခုကတီထြင္ခဲ့ၿပီးေတာ့ အဲ့ဒီဝတ္စုံဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ Sho Fukamachi လို႔ေခၚတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလး တစ္ေယာက္ဆီကို ေရာက္သြားခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ သူဟာ သူခ်စ္တဲ့သူေတြကို အဲ့ဒီဝတ္စုံကို ဖန္တီးခဲ့တဲ့ လူေတြ လက္ထဲကေန ကာကြယ္ရပါေတာ့တယ္။

(3) Puella Magi Madoka Magica
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ထားတာ ျဖစ္ၿပီး IMDb (8.3) ရထားၿပီးေတာ့ အပိုင္း (၁၂) ပိုင္း ရွိပါတယ္။ ဇာတ္လမ္းကေတာ့ Kyubey ဆိုတဲ့ သတၱဝါတစ္ေကာင္က Madoka နဲ႔ Sayaka ကို အေပးအယူတစ္ခုကို လုပ္ဖို႔အတြက္ ကမ္းလွမ္းခဲ့ပါတယ္။ အဲ့ဒါကေတာ့ ေမွာ္ပညာရွင္ ျဖစ္လာဖို႔အတြက္ ကမ္းလွမ္းတဲ့ အေပးအယူတစ္ခု ျဖစ္ၿပီးေတာ့ သူတို႔သာ အဲ့ဒါကို သေဘာတူခဲ့ရင္ စုန္းမေတြကို တိုက္ခိုက္ေပးရမယ္ ဆိုၿပီး ကမ္းလွမ္းခဲ့ပါတယ္။ သူတို႔က အဲ့ဒီအေပးအယူကို လက္ခံၿပီးတဲ့ ေနာက္မွာ ဘာေတြ ဆက္ျဖစ္မွာလဲ ဆိုတာကို ၾကည့္ရႈရမွာပါ။

(2) My Hero Academia
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ထားတာ ျဖစ္ၿပီး IMDb (8.5) ရထားၿပီးေတာ့ အပိုင္း (၉၀) ရွိၿပီး ဆက္လက္ ထြက္ရွိေနဆဲပါ။ ဇာတ္လမ္းအက်ဥ္းကေတာ့ လူေတြဟာ စူပါ ပါဝါေတြ ပိုင္ဆိုင္ထားၾကၿပီးေတာ့ စူပါဟီး႐ိုးေတြကို ေမြးထုတ္ေပးတဲ့ ဟီး႐ိုးအကယ္ဒမီဆိုတာ ရွိပါတယ္။ စူပါဟီး႐ိုးေတြကိုအားက်ၿပီး ဘာစြမ္းအားမွမရွိတဲ့ ေကာင္ေလးတစ္ေယာက္ဟာ စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္ဖို႔ စြမ္းအားက အဓိကလားဆိုတာ သင္ၾကားဖို႔အတြက္ အဲ့ဒီအကယ္ဒမီ သင္တန္းေက်ာင္းမွာ သြားတက္ခဲ့ပါတယ္။ ဒါ့အျပင္ စြမ္းအားေတြမရွိဘဲနဲ႔ သူျဖစ္ခ်င္တဲ့ စူပါဟီး႐ိုး ျဖစ္လာပါ့မလားဆိုတာကို ဇာတ္လမ္းခပ္သြက္သြက္ပုံစံနဲ႔ ၾကည့္ရႈရမွာပါ။

(1) One-Punch Man
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၅ ခုႏွစ္တုန္းက ထြက္ထားတာ ျဖစ္ၿပီး IMDb (8.8) ရထားၿပီးေတာ့ အပိုင္း (၂၄) ပိုင္း ရွိပါတယ္။ ၂၀၁၅ မွာ ပထမ season ထြက္ခဲ့ေပမယ့္ ၂၀၁၉ ခုႏွစ္ကမွ ဒုတိယ season ကို ထြက္ထားတာ ျဖစ္ၿပီး ongoing anime တစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Saitama လို႔ေခၚတဲ့ စူပါဟီး႐ိုးတစ္ေယာက္အေၾကာင္းကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ သူဟာ အၿမဲဟာသေတြပဲ လုပ္ေနၿပီးေတာ့ ဘာကိုမွသိပ္ၿပီး အေလးမထားဘဲ ပ်င္းေနတတ္တဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္ၿပီးေတာ့ ဘယ္လိုရန္သူမ်ိဳးပဲျဖစ္ျဖစ္  အၿမဲတမ္း သူ႔ရဲ႕လက္သီး တစ္ခ်က္တည္းနဲ႔ပဲ အႏိုင္ယူႏိုင္တဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။

Lego Les
RELATED ARTICLES

Most Popular