HomeEntertainmentFilmJohn Wick 4 ထဲမှာ ပါဝင်လာမယ့် Pennywise သရုပ်ဆောင် Bill Skarsgard

John Wick 4 ထဲမှာ ပါဝင်လာမယ့် Pennywise သရုပ်ဆောင် Bill Skarsgard

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

John Wick 4 ထဲမှာ သရုပ်ဆောင် Bill Skarsgard လည်း ပါဝင်လာဦးမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သူဟာ ဘယ်ဇာတ်ကောင်နေရာမှာ ပါဝင်လာမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ John Wick 4 ဟာ ပရိသတ်တွေ စောင့်မျှော်နေတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်ဟာ ၂၀၂၂ ခုနှစ် မေလမှာ ရုံတင်မယ်လို့ ကြေညာထားပြီး ဒီလထဲမှာပဲ ရိုက်ကူးရေး စတင်သွားဖို့ ရှိပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင် Keanu Reeves အပြင် တခြားနာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ အခုထိ သိထားရသလောက် ဆိုရင်တော့ Rina Sawayama ၊ Shamier Anderson နဲ့ Donnie Yen တို့ ပါဝင်မယ်လို့ သိရပါတယ်။ Donnie Yen ကတော့ John Wick ရဲ့ အသိမိတ်ဆွေဟောင်း တစ်ယောက်အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှ အသစ်ပါဝင်လာတဲ့ Bill ကတော့ IT ရုပ်ရှင် ရဲ့ Pennywise နေရာမှာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Collider သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ Bill Skarsgard ဟာ John Wick 4 ထဲမှာ ပါဝင်လာမယ့် နောက်ဆုံး သရုပ်ဆောင်အသစ်လို့ သိရပါတယ်။ အခုလို ပါဝင်လာမယ့် သရုပ်ဆောင်အသစ်တွေရဲ့ ဇာတ်ကောင်စရိုက်တွေကိုတော့ Donnie Yen ကလွဲရင် တခြားသူတွေအတွက် မသိရသေးသလို ဘယ်လို ဇာတ်ကောင်အမျိူးအစားအနေနဲ့ ပါဝင်လာမလည်း ဆိုတာလည်း မသိရသေးပါဘူး။

photo via screenrant

Bill ကတော့ သူ့ရဲ့ သရုပ်ဆောင်သက်တမ်း တလျှောက်မှာ ဇာတ်လမ်းအမျိူးအစား အစုံနဲ့ ဇာတ်ကောင်မျိူးစုံနေရာမှာ ပါဝင်ခဲ့ဖူးပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ သူ့ရဲ့ အအောင်မြင်ဆုံး ဇာတ်ကောင်ကတော့ IT ထဲက Pennywise ဖြစ်ပြီး တခြားနာမည်ကြီး ရုပ်ရှင်တွေထဲမှာလည်း ပါဝင်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ခန့်မှန်းကြည့်ရမယ်ဆိုရင် John Wick 4 ထဲမှာတော့ Bill ဟာ ဗီလိန်ဘက်ကရော၊ John Wick ဘက်ကပါ ပါဝင်လာနိုင်ပေမယ့်လည်း ဗီလိန်အနေနဲ့ ပါဝင်လာနိုင်ချေ ပိုများတယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

John Wick 4 ထဲမွာ သ႐ုပ္ေဆာင္ Bill Skarsgard လည္း ပါဝင္လာဦးမယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း သူဟာ ဘယ္ဇာတ္ေကာင္ေနရာမွာ ပါဝင္လာမယ္ ဆိုတာကိုေတာ့ မသိရေသးပါဘူး။ John Wick 4 ဟာ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ ႐ုပ္ရွင္တစ္ကားျဖစ္ၿပီး ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမႈေတြ ႀကဳံေတြ႕ခဲ့ရတဲ့ ႐ုပ္ရွင္လည္း ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ ဒီ႐ုပ္ရွင္ဟာ ၂၀၂၂ ခုႏွစ္ ေမလမွာ ႐ုံတင္မယ္လို႔ ေၾကညာထားၿပီး ဒီလထဲမွာပဲ ႐ိုက္ကူးေရး စတင္သြားဖို႔ ရွိပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ အဓိကဇာတ္ေကာင္ Keanu Reeves အျပင္ တျခားနာမည္ႀကီး သ႐ုပ္ေဆာင္ေတြလည္း ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ အခုထိ သိထားရသေလာက္ ဆိုရင္ေတာ့ Rina Sawayama ၊ Shamier Anderson နဲ႔ Donnie Yen တို႔ ပါဝင္မယ္လို႔ သိရပါတယ္။ Donnie Yen ကေတာ့ John Wick ရဲ႕ အသိမိတ္ေဆြေဟာင္း တစ္ေယာက္အေနနဲ႔ ပါဝင္လာမွာ ျဖစ္ပါတယ္။ ေနာက္ဆုံးမွ အသစ္ပါဝင္လာတဲ့ Bill ကေတာ့ IT ႐ုပ္ရွင္ ရဲ႕ Pennywise ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။

Collider သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ Bill Skarsgard ဟာ John Wick 4 ထဲမွာ ပါဝင္လာမယ့္ ေနာက္ဆုံး သ႐ုပ္ေဆာင္အသစ္လို႔ သိရပါတယ္။ အခုလို ပါဝင္လာမယ့္ သ႐ုပ္ေဆာင္အသစ္ေတြရဲ႕ ဇာတ္ေကာင္စ႐ိုက္ေတြကိုေတာ့ Donnie Yen ကလြဲရင္ တျခားသူေတြအတြက္ မသိရေသးသလို ဘယ္လို ဇာတ္ေကာင္အမ်ိဴးအစားအေနနဲ႔ ပါဝင္လာမလည္း ဆိုတာလည္း မသိရေသးပါဘူး။

photo via screenrant

Bill ကေတာ့ သူ႔ရဲ႕ သ႐ုပ္ေဆာင္သက္တမ္း တေလွ်ာက္မွာ ဇာတ္လမ္းအမ်ိဴးအစား အစုံနဲ႔ ဇာတ္ေကာင္မ်ိဴးစုံေနရာမွာ ပါဝင္ခဲ့ဖူးပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ သူ႔ရဲ႕ အေအာင္ျမင္ဆုံး ဇာတ္ေကာင္ကေတာ့ IT ထဲက Pennywise ျဖစ္ၿပီး တျခားနာမည္ႀကီး ႐ုပ္ရွင္ေတြထဲမွာလည္း ပါဝင္ထားသူ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ခန႔္မွန္းၾကည့္ရမယ္ဆိုရင္ John Wick 4 ထဲမွာေတာ့ Bill ဟာ ဗီလိန္ဘက္ကေရာ၊ John Wick ဘက္ကပါ ပါဝင္လာႏိုင္ေပမယ့္လည္း ဗီလိန္အေနနဲ႔ ပါဝင္လာႏိုင္ေခ် ပိုမ်ားတယ္လို႔ ယူဆရပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular