HomeCelebs Update NewsBollywoodသူ့ရဲ့မွေးနေ့မှာ လူစုပြီးပွဲမလုပ်ကြဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံလိုက်တဲ့ Mahesh Babu

သူ့ရဲ့မွေးနေ့မှာ လူစုပြီးပွဲမလုပ်ကြဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံလိုက်တဲ့ Mahesh Babu

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မြန်မာပရိသတ်တွေကြားမှာ ဝန်ကြီးချုပ်မင်းသားလို့ လူသိများတဲ့ တယ်လူဂူးမင်းသား Mahesh Babu ဟာလာမယ့်ဩဂုတ်လ(၉)ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့မွေးနေ့အတွက် လူစုဝေးပြီး ပွဲကျင်းပတာမျိုးတွေ မလုပ်ဖို့ သူ့ရဲ့ပရိသတ်တွေကို ပန်ကြားလိုက်ပါတယ်။

Mahesh Babu ဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အိန္ဒိယကပြည်သူတွေရဲ့ ကျန်းမာရေးအတွက် ပြီးခဲ့တဲ့သောကြာနေ့က သူ့ရဲ့တွစ်တာစာမျက်နှာပေါ်မှာ ပရိသတ်တွေကို အခုလိုပန်ကြားလိုက်တာ ဖြစ်ပါတယ်။

Photo: urstrulymahesh/ Instagram

“ကျွန်တော့်ရဲ့ ချစ်လှစွာသော ပရိသတ်များကို မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော့်မှာ ပရိသတ်တွေ ရရှိထားတဲ့အတွက် ကျေးဇူးတင်သလို၊ ကံထူးတယ်လို့လည်း ခံစားရပါတယ်။ ကျွန်တော့်အတွက် ထူးခြားတဲ့နေ့လေးကို အမှတ်ရနေအောင် ပြုလုပ်ပေးကြမယ့် ကောင်းမွန်တဲ့အရာ၊ လုပ်ရပ်တွေအားလုံး အမှန်တကယ် တန်ဖိုးထားပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့တွေဟာ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတာကြောင့် လုံခြုံရေးဟာ တကယ့် မရှိမဖြစ် အရေးကြီးနေပါတယ်။ ဒါကြောင့် ကျွန်တော့်ပရိသတ်တွေအားလုံးကို ကျွန်တော့်မွေးနေ့မှာ စုဝေးပြီး ပွဲအခမ်းအနားတွေ ကျင်းပတာမျိုး မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျေးဇူးပြုပြီး လုံခြုံစွာနဲ့ ကျန်းမာအောင် နေထိုင်ကြပါ…  ” လို့ မင်းသားက ပရိသတ်တွေကို ပန်ကြားထားပါတယ်။

Photo: urstrulymahesh/ Instagram

အိန္ဒိယနိုင်ငံဟာ လက်ရှိမှာ ကိုဗစ်ရောဂါဖြစ်ပွားသူ စုစုပေါင်း နှစ်သန်းကျော်ရှိနေပြီး သေဆုံးသူ လေးသောင်းကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ဖြစ်ပွားမှုအများဆုံး နိုင်ငံတွေရဲ့ တတိယနေရာမှာ ရောက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မင်းသားက ပြည်သူတွေကြား ကူးစက်မှုတွေ အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ဖို့ လူစုဝေးပြီး ပွဲကျင်းပတာမျိုး မလုပ်ဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

Mahesh Babu ကိုတော့ ၂၀၂၁ခုနှစ်မှာ ပြသမယ့် Sarkaru Vaari Paata ရုပ်ရှင်ဇာတ်ကားမှာ တွေ့မြင်ကြရဖို့ ရှိပါတယ်။

LaNina

Source: indianexpress

(Zawgyi Version)

ျမန္မာပရိသတ္ေတြၾကားမွာ ဝန္ႀကီးခ်ဳပ္မင္းသားလို႔ လူသိမ်ားတဲ့ တယ္လူဂူးမင္းသား Mahesh Babu ဟာ လာမယ့္ဩဂုတ္လ(၉)ရက္ေန႔မွာ က်ေရာက္မယ့္ သူ႔ရဲ႕ေမြးေန႔အတြက္ လူစုေဝးၿပီး ပြဲက်င္းပတာမ်ိဳးေတြ မလုပ္ဖို႔ သူ႔ရဲ႕ပရိသတ္ေတြကို ပန္ၾကားလိုက္ပါတယ္။

Mahesh Babu ဟာ လက္ရွိျဖစ္ပြားေနတဲ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အိႏၵိယကျပည္သူေတြရဲ႕ က်န္းမာေရးအတြက္ ၿပီးခဲ့တဲ့ေသာၾကာေန႔က သူ႔ရဲ႕တြစ္တာစာမ်က္ႏွာေပၚမွာ ပရိသတ္ေတြကို အခုလိုပန္ၾကားလိုက္တာ ျဖစ္ပါတယ္။

Photo: urstrulymahesh/ Instagram

“ကြၽန္ေတာ့္ရဲ႕ ခ်စ္လွစြာေသာ ပရိသတ္မ်ားကို ေမတၱာရပ္ခံခ်င္ပါတယ္။ ကြၽန္ေတာ့္မွာ ပရိသတ္ေတြ ရရွိထားတဲ့အတြက္ ေက်းဇူးတင္သလို၊ ကံထူးတယ္လို႔လည္း ခံစားရပါတယ္။ ကြၽန္ေတာ့္အတြက္ ထူးျခားတဲ့ေန႔ေလးကို အမွတ္ရေနေအာင္ ျပဳလုပ္ေပးၾကမယ့္ ေကာင္းမြန္တဲ့အရာ၊ လုပ္ရပ္ေတြအားလုံး အမွန္တကယ္ တန္ဖိုးထားပါတယ္။ ဒီႏွစ္မွာေတာ့ ကြၽန္ေတာ္တို႔ေတြဟာ ကမာၻ႔ကပ္ေရာဂါဆိုးႀကီးနဲ႔ ရင္ဆိုင္တိုက္ခိုက္ေနရတာေၾကာင့္ လုံၿခဳံေရးဟာ တကယ့္ မရွိမျဖစ္ အေရးႀကီးေနပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္ပရိသတ္ေတြအားလုံးကို ကြၽန္ေတာ့္ေမြးေန႔မွာ စုေဝးၿပီး ပြဲအခမ္းအနားေတြ က်င္းပတာမ်ိဳး မျပဳလုပ္ၾကဖို႔ ေမတၱာရပ္ခံပါတယ္။ ေက်းဇူးျပဳၿပီး လုံၿခဳံစြာနဲ႔ က်န္းမာေအာင္ ေနထိုင္ၾကပါ…  ” လို႔ မင္းသားက ပရိသတ္ေတြကို ပန္ၾကားထားပါတယ္။

Photo: urstrulymahesh/ Instagram

အိႏၵိယႏိုင္ငံဟာ လက္ရွိမွာ ကိုဗစ္ေရာဂါျဖစ္ပြားသူ စုစုေပါင္း ႏွစ္သန္းေက်ာ္ရွိေနၿပီး ေသဆုံးသူ ေလးေသာင္းေက်ာ္အထိ ရွိေနၿပီ ျဖစ္ပါတယ္။ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ဆိုရင္ေတာ့ ျဖစ္ပြားမႈအမ်ားဆုံး ႏိုင္ငံေတြရဲ႕ တတိယေနရာမွာ ေရာက္ေနၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း မင္းသားက ျပည္သူေတြၾကား ကူးစက္မႈေတြ အတိုင္းအတာတစ္ခုအထိ ေလွ်ာ့ခ်ႏိုင္ဖို႔ လူစုေဝးၿပီး ပြဲက်င္းပတာမ်ိဳး မလုပ္ဖို႔ ေမတၱာရပ္ခံထားတာ ျဖစ္ပါတယ္။

Mahesh Babu ကိုေတာ့ ၂၀၂၁ခုႏွစ္မွာ ျပသမယ့္ Sarkaru Vaari Paata ႐ုပ္ရွင္ဇာတ္ကားမွာ ေတြ႕ျမင္ၾကရဖို႔ ရွိပါတယ္။

LaNina

Source: indianexpress

 

RELATED ARTICLES

Most Popular