HomeEntertainmentFilmThe Rock ရဲ့ Black Adam ရုပ်ရှင်ဟာ ဘာကြောင့် အရှုံးပေါ်နေရတာလဲ?

The Rock ရဲ့ Black Adam ရုပ်ရှင်ဟာ ဘာကြောင့် အရှုံးပေါ်နေရတာလဲ?

DCU ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့ Black Adam ရုပ်ရှင်ကတော့ box-office မှာ ဝင်ငွေနည်းပါးနေပြီး WB Discovery စတူဒီယိုအတွက် အရှုံးပေါ်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေ မျှော်လင့်ထားတဲ့ The Rock ကို Black Adam အနေနဲ့ မြင်တွေ့ရမှာ ဖြစ်တာကြောင့် ပရိသတ်တွေဟာ အလွန်စိတ်ဝင်စားခဲ့ကြပါတယ်။

photo via screenrant

ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ ရုံတင်တင်ချင်းမှာပဲ box-office မှာ အခြေအနေကောင်းခဲ့ပြီး WB Discovery အတွက် အမြတ်အစွန်းများစွာ ရရှိစေမယ့် ရုပ်ရှင်တစ်ခုလို့ ယူဆခဲ့ကြပါတယ်။ သို့ပေမယ့်လည်း ယခုအချိန်မှာတော့ ဒီရုပ်ရှင်ဟာ စတူဒီယိုအတွက် အမြတ်အစွန်း မရနိုင်မယ့်အပြင် ဒေါ်လာသန်း (၁၀၀)လောက်အထိ အရှုံးပေါ်နိုင်တယ်လို့တောင် သတင်းတွေ ထွက်နေပါတယ်။ အချို့သတင်းဌာနတွေကတော့ ဒီရုပ်ရှင်ဟာ စတူဒီယိုအတွက် အရှုံးတော့ မပေါ်နိုင်ပေမယ့် အရင်းကျေတယ်ဆိုရုံလေး ရရှိမယ်လို့ ရေးသားကြတာလည်း ရှိပါတယ်။

ဒီရုပ်ရှင်ဟာ Opening Weekend မှာတော့ The Rock အတွက်သာမကဘဲ စတူဒီယိုအတွက်ပါ ဝင်ငွေအကောင်းဆုံး Opening Weekend ဖြစ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဒီရုပ်ရှင်ဟာ Digital Release ပြုလုပ်ပြီးသွားသလို အမေရိကန်နိုင်ငံအတွင်းမှာလည်း ရုံတင်ပြသလို့ ပြီးသွားခဲ့ပါပြီ။ လောလောဆယ်မှာတော့ Black Adam ဟာ ဒေါ်လာ(၃၈၄)သန်းကျော်သာ ရရှိထားပြီး ဒေါ်လာသန်း(၄၀၀) ကျော်သွားခဲ့ရင်တောင် DCU ရဲ့ လေးကားမြောက် ဝင်ငွေအနည်းဆုံး ရုပ်ရှင် ဖြစ်နေဦးမှာပါ။

photo via screenrant

အခုလို box-office မှာ အောင်မြင်မှုမရနိုင်တဲ့ အကြောင်းရင်းတွေကတော့ ရုပ်ရှင်ထွက်ရှိလာပြီး မကြာခင်မှာပဲ ရုပ်ရှင်ဝေဖန်ရေးတွေနဲ့ ပရိသတ်တွေရဲ့ မတူကွဲပြားတဲ့ ဝေဖန်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ဒီရုပ်ရှင်ထွက်လာပြီး သိပ်မကြာခင်မှာပဲ MCU ရဲ့ Black Panther: Wakanda Forever ထွက်ရှိလာတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Black Adam ရုပ်ရှင်ဟာ တရုတ်နိုင်ငံမှာ ရုံတင်ခွင့် မရရှိခဲ့ပါဘူး။ ပုံမှန်ဆိုရင်တော့ The Rock ရဲ့ ရုပ်ရှင်တွေဟာ တရုတ်နိုင်ငံမှာ ဝင်ငွေအလွန်ကောင်းခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ Black Adam ရုပ်ရှင်ဟာ box-office မှာ အရှုံးပေါ်နေတာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular