HomeEntertainmentFilmRory ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲ လိုချင်တယ်ဆိုတဲ့ Lucifer သရုပ်ဆောင် Brianna Hildebrand

Rory ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲ လိုချင်တယ်ဆိုတဲ့ Lucifer သရုပ်ဆောင် Brianna Hildebrand

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lucifer Season 6 ကတော့ ဒီဇာတ်လမ်းတွဲရဲ့ အဆုံးသတ် ဖြစ်ပြီး ဇာတ်ကောင်အသစ်တစ်ယောက်လည်း ပါဝင်လာပါတယ်။ အဲ့ဒီဇာတ်ကောင်အသစ်ကတော့ အနာဂတ်ကာလတစ်ခုကနေ ရောက်လာတဲ့ Lucifer နဲ့ Chloe တို့ရဲ့ သမီးဖြစ်သူ Rory ပဲ ဖြစ်ပါတယ်။

Rory ရဲ့ နေရာမှာတော့ သရုပ်ဆောင် Brianna Hildebrand က ပါဝင်သရုပ်ဆောင်ထားပြီး သူမဟာ Deadpool ရုပ်ရှင်တွေထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ Brianna ကတော့ Rory ရဲ့ ကိုယ်ပိုင် Spin-Off ဇာတ်လမ်းတွဲ လိုချင်တယ်လို့ ပြောလာတာ ဖြစ်ပါတယ်။

photo via screenrant

Lucifer ဇာတ်လမ်းတွဲဟာ အစပိုင်းမှာတော့ Chloe နဲ့ Lucifer တို့ နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ သူတို့ ပူးပေါင်းဖြေရှင်းကြတဲ့ ရာဇဝတ်မှုခင်းတွေကို အသားပေး ရိုက်ကူးထားပါတယ်။ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ဒီဇာတ်လမ်းတွဲဟာ ရာဇဝတ်မှုခင်းတွေထက် သဘာဝလွန်ဖြစ်ရပ်တွေကို ပိုပြီးအသားပေး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး Season မှာဆိုရင် အနာဂတ်ကနေ အချိန်ခရီးသွားလာတဲ့ လူတစ်ပိုင်း၊ အိန်ဂျယ်တစ်ပိုင်း ဖြစ်တဲ့ Rory တောင် ပါဝင်လာပါတယ်။

The Warp သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ Brianna ကို Lucifer Spin-Off ဇာတ်လမ်းတွဲအတွက် Rory နေရာမှာ နောက်ထပ်တစ်ကြိမ် သရုပ်ဆောင်ချင်သေးလားလို့ မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမဟာ တုံ့ဆိုင်းမနေဘဲ သေချာပေါက် သရုပ်ဆောင်ချင်ပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ သူမဟာ အရင်တုန်းက ဒီ Spin-Off အကြောင်းကို မစဉ်းစားခဲ့မိပေမယ့်လည်း တကယ်သာ ထွက်ရှိလာမယ်ဆိုရင်တော့ သေချာပေါက် သရုပ်ဆောင်သွားမှာပါလို့ ပြောပြခဲ့ပါတယ်။

photo via screenrant

အခုချိန်မှာတော့ Lucifer ဇာတ်လမ်းတွဲဟာ Season (၆)ခုနဲ့ အပိုင်းပေါင်း (၉၃)ပိုင်း ထွက်ရှိခဲ့ပြီး ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း Lucifer ဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကို ဒီ Franchise ဟာ နောက်ထပ်ရုပ်ရှင်တွေ၊ သို့မဟုတ် Spin-Off ဇာတ်လမ်းတွဲတွေ ထပ်ထွက်လာဦးမှာလား မေးမြန်းခဲ့ပါသေးတယ်။ သရုပ်ဆောင်တွေကတော့ အခုချိန်ထိ အဲဒီလိုအစီအစဉ်တွေ မရှိသေးဘူးလို့ပဲ ဖြေဆိုခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Rory Spin-Off တကယ်ထွက်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Lucifer Season 6 ကေတာ့ ဒီဇာတ္လမ္းတြဲရဲ့ အဆုံးသတ္ ျဖစ္ၿပီး ဇာတ္ေကာင္အသစ္တစ္ေယာက္လည္း ပါဝင္လာပါတယ္။ အဲ့ဒီဇာတ္ေကာင္အသစ္ကေတာ့ အနာဂတ္ကာလတစ္ခုကေန ေရာက္လာတဲ့ Lucifer နဲ႔ Chloe တို႔ရဲ့ သမီးျဖစ္သူ Rory ပဲ ျဖစ္ပါတယ္။

Rory ရဲ့ ေနရာမွာေတာ့ သ႐ုပ္ေဆာင္ Brianna Hildebrand က ပါဝင္သ႐ုပ္ေဆာင္ထားၿပီး သူမဟာ Deadpool ႐ုပ္ရွင္ေတြထဲမွာလည္း ပါဝင္ခဲ့ဖူးပါတယ္။ Brianna ကေတာ့ Rory ရဲ့ ကိုယ္ပိုင္ Spin-Off ဇာတ္လမ္းတြဲ လိုခ်င္တယ္လို႔ ေျပာလာတာ ျဖစ္ပါတယ္။

photo via screenrant

Lucifer ဇာတ္လမ္းတြဲဟာ အစပိုင္းမွာေတာ့ Chloe နဲ႔ Lucifer တို႔ ႏွစ္ေယာက္ရဲ့ အခ်စ္ေရးနဲ႔ သူတို႔ ပူးေပါင္းေျဖရွင္းၾကတဲ့ ရာဇဝတ္မွုခင္းေတြကို အသားေပး ရိုက္ကူးထားပါတယ္။ အခ်ိန္ေတြ ကုန္ဆုံးလာတာနဲ႔အမၽွ ဒီဇာတ္လမ္းတြဲဟာ ရာဇဝတ္မွုခင္းေတြထက္ သဘာဝလြန္ျဖစ္ရပ္ေတြကို ပိုၿပီးအသားေပး ရိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ေနာက္ဆုံး Season မွာဆိုရင္ အနာဂတ္ကေန အခ်ိန္ခရီးသြားလာတဲ့ လူတစ္ပိုင္း၊ အိန္ဂ်ယ္တစ္ပိုင္း ျဖစ္တဲ့ Rory ေတာင္ ပါဝင္လာပါတယ္။

The Warp သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေတာ့ Brianna ကို Lucifer Spin-Off ဇာတ္လမ္းတြဲအတြက္ Rory ေနရာမွာ ေနာက္ထပ္တစ္ႀကိမ္ သ႐ုပ္ေဆာင္ခ်င္ေသးလားလို႔ ေမးျမန္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ တုံ႔ဆိုင္းမေနဘဲ ေသခ်ာေပါက္ သ႐ုပ္ေဆာင္ခ်င္ပါတယ္လို႔ ျပန္ေျဖခဲ့ပါတယ္။ သူမဟာ အရင္တုန္းက ဒီ Spin-Off အေၾကာင္းကို မစဥ္းစားခဲ့မိေပမယ့္လည္း တကယ္သာ ထြက္ရွိလာမယ္ဆိုရင္ေတာ့ ေသခ်ာေပါက္ သ႐ုပ္ေဆာင္သြားမွာပါလို႔ ေျပာျပခဲ့ပါတယ္။

photo via screenrant

အခုခ်ိန္မွာေတာ့ Lucifer ဇာတ္လမ္းတြဲဟာ Season (၆)ခုနဲ႔ အပိုင္းေပါင္း (၉၃)ပိုင္း ထြက္ရွိခဲ့ၿပီး ဇာတ္သိမ္းေတာ့မွာ ျဖစ္ပါတယ္။ မၾကာေသးခင္တုန္းကလည္း Lucifer ဇာတ္လမ္းတြဲထဲမွာ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကို ဒီ Franchise ဟာ ေနာက္ထပ္႐ုပ္ရွင္ေတြ၊ သို႔မဟုတ္ Spin-Off ဇာတ္လမ္းတြဲေတြ ထပ္ထြက္လာဦးမွာလား ေမးျမန္းခဲ့ပါေသးတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ အခုခ်ိန္ထိ အဲဒီလိုအစီအစဥ္ေတြ မရွိေသးဘူးလို႔ပဲ ေျဖဆိုခဲ့ၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Rory Spin-Off တကယ္ထြက္လာမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular