HomeCelebs Update NewsInternationalလွတ်မြောက်ခွင့် ရရှိတော့မှာမို့ fan တွေကို ကျေးဇူးတင်ကြောင်း ဆိုလာတဲ့ Britney Spears 

လွတ်မြောက်ခွင့် ရရှိတော့မှာမို့ fan တွေကို ကျေးဇူးတင်ကြောင်း ဆိုလာတဲ့ Britney Spears 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ပေါ့ပ်စူပါစတား Britney Spears ဟာ သူမရဲ့ conservatorship နဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေတဲ့အတွက် ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ဆိုလာပါတယ်။

အသက်(၃၉)နှစ်အရွယ် Britney ဟာ သူမစိတ်နဲ့ သူမကိုယ် လွတ်မြောက်မှုတွေဆီ ဦးတည်လာပြီ ဖြစ်တာကြောင့် သူမရဲ့ ခံစားချက်တွေကို ပို့စ်အသစ်တစ်ခုနဲ့ အင်စတာဂရမ်မှာ မျှဝေလာပါတယ်။ သူမရဲ့ ဖခင်ဖြစ်သူ Jamie Spears ဟာ  ပြီးခဲ့တဲ့အပတ်ကပဲ သူမရဲ့ conservator အဖြစ်ကနေ ရပ်စဲခံလိုက်ရပြီ ဖြစ်ပါတယ်။

သူမကို အချိန်ကာလများစွာ ထိန်းချုပ်လာခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ လက်အောက်က လွတ်မြောက်ခွင့် ရပြီး မကြာခင်မှာလည်း conservatorship က အလုံးစုံ လွတ်မြောက်ခွင့် ရရှိဖို့ နီးစပ်လာပြီ ဖြစ်တာကြောင့် Britney တစ်ယောက် အခုလို ခံစားနေရတာလည်း ဖြစ်ပါတယ်။

Photo: britneyspears/ Instagram

“Free Britney လှုပ်ရှားမှုတဲ့လား။ ကျွန်မမှာ ပြောပြစရာ စကားလုံးတောင် မရှိပါဘူး။ conservatorship ကနေ ကျွန်မ လွတ်မြောက်ဖို့ ရှင်တို့အားလုံးရဲ့ ဒူပေနာပေခံမှုတွေကြောင့် အခုလို လွတ်မြောက်မယ့် လမ်းကြောင်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ကျွန်မရဲ့ ပရိသတ်တွေကသာ တကယ်အကောင်းဆုံးပါ။ ညကဆို ကျွန်မ နှစ်နာရီလောက် ထိုင်ငိုခဲ့ရပါတယ်။ ရှင်တို့ရဲ့ နှလုံးသားကိုလည်း ကျွန်မ ခံစားမိသလို ကျွန်မနှလုံးသားကိုလည်း ရှင်တို့ ခံစားမိကြမှာပါ။ ဒါကတော့ ကျွန်မသိထားတဲ့ အမှန်တရားပါပဲ …  ” လို့ ပို့စ်တင်ထားတာ ဖြစ်ပါတယ်။

ဒါဟာ ဖခင်ဖြစ်သူကို conservator အဖြစ်ကနေ ရပ်စဲလိုက်ပြီး တစ်ပတ်တောင် မပြည့်သေးခင်မှာပဲ သူမရဲ့ ခံစားချက်တွေကို စိတ်ရှိတိုင်း ပြောပြလာနိုင်တာ ဖြစ်ပါတယ်။ Jamie Spears ဟာ သမီးဖြစ်သူ Britney ရဲ့ conservator အနေနဲ့ ၂၀၀၈ ခုနှစ်ကနေ ပြီးခဲ့တဲ့ တစ်ပတ်အထိ တာဝန်ယူလာခဲ့တာ ဖြစ်ပါတယ်။ ဒီကြားကာလမှာ သမီးဖြစ်သူရဲ့ ငွေကြေးစည်းစိမ်ဥစ္စာတွေကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်လို့လည်း စွပ်စွဲခံထားရပြီး စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေနဲ့ ရေချိုးခန်းထဲအထိ လူငှားပြီး စောင့်ကြည့်စေခဲ့တာမျိုးတွေပါ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

Photo: britneyspears/ Instagram

ယခုလက်ရှိအချိန်မှာတော့ Britney ဟာ conservatorship ကနေ လုံးဝ လွတ်မြောက်သေးတာ မဟုတ်ဘဲ လူစားထိုးထားတဲ့အဆင့်ပဲ ရှိသေးတာပါ။ ယခင်က သူမရဲ့ဖခင် တာဝန်ယူထားတဲ့ conservator နေရာမှာ CPA တစ်ယောက်ကို အစားထိုး တာဝန်ယူထားစေပြီး သူမရဲ့ တရားရုံးမှာ ကြားနာမှုနဲ့ စီးပွားရေးကိစ္စတွေမှာ ကြီးကြပ်ပေးနေရပါတယ်။

လာမယ့် နိုဝင်ဘာလ(၁၂)ရက်နေ့မှာတော့ နောက်ထပ် ကြားနာမှုတစ်ခုရှိသေးပြီး သူမရဲ့ ပရိသတ်တွေကတော့ conservatorship ကနေ လုံးဝလွတ်မြောက်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်တဲ့ လူသားတစ်ယောက် တစ်ဖန်ပြန်ဖြစ်လာစေဖို့ ဆန္ဒရှိနေကြပါတယ်။ အလားတူပဲ သူမရဲ့ ရှေ့နေကလည်း တရားရုံးတော်ကို တောင်းဆိုထားပါတယ်။ ဘယ်လိုရလဒ် ထွက်လာမယ်ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Linda December

Source: hollywoodlife

(Zawgyi Version)

နာမည္ေက်ာ္ ေပါ့ပ္စူပါစတား Britney Spears ဟာ သူမရဲ့ conservatorship နဲ႔ ပတ္သက္ၿပီး ေျပာင္းလဲမွုေတြ ျဖစ္ေပၚလာေစတဲ့အတြက္ ပရိသတ္ေတြအားလုံးကို ေက်းဇူးတင္ပါတယ္လို႔ ဆိုလာပါတယ္။

အသက္(၃၉)ႏွစ္အရြယ္ Britney ဟာ သူမစိတ္နဲ႔ သူမကိုယ္ လြတ္ေျမာက္မွုေတြဆီ ဦးတည္လာၿပီ ျဖစ္တာေၾကာင့္ သူမရဲ့ ခံစားခ်က္ေတြကို ပို႔စ္အသစ္တစ္ခုနဲ႔ အင္စတာဂရမ္မွာ မၽွေဝလာပါတယ္။ သူမရဲ့ ဖခင္ျဖစ္သူ Jamie Spears ဟာ  ၿပီးခဲ့တဲ့အပတ္ကပဲ သူမရဲ့ conservator အျဖစ္ကေန ရပ္စဲခံလိုက္ရၿပီ ျဖစ္ပါတယ္။

သူမကို အခ်ိန္ကာလမ်ားစြာ ထိန္းခ်ဳပ္လာခဲ့တဲ့ ဖခင္ျဖစ္သူရဲ့ လက္ေအာက္က လြတ္ေျမာက္ခြင့္ ရၿပီး မၾကာခင္မွာလည္း conservatorship က အလုံးစုံ လြတ္ေျမာက္ခြင့္ ရရွိဖို႔ နီးစပ္လာၿပီ ျဖစ္တာေၾကာင့္ Britney တစ္ေယာက္ အခုလို ခံစားေနရတာလည္း ျဖစ္ပါတယ္။

Photo: britneyspears/ Instagram

“Free Britney လွုပ္ရွားမွုတဲ့လား။ ကၽြန္မမွာ ေျပာျပစရာ စကားလုံးေတာင္ မရွိပါဘူး။ conservatorship ကေန ကၽြန္မ လြတ္ေျမာက္ဖို႔ ရွင္တို႔အားလုံးရဲ့ ဒူေပနာေပခံမွုေတြေၾကာင့္ အခုလို လြတ္ေျမာက္မယ့္ လမ္းေၾကာင္းကို ေရာက္ရွိလာတာ ျဖစ္ပါတယ္။ ကၽြန္မရဲ့ ပရိသတ္ေတြကသာ တကယ္အေကာင္းဆုံးပါ။ ညကဆို ကၽြန္မ ႏွစ္နာရီေလာက္ ထိုင္ငိုခဲ့ရပါတယ္။ ရွင္တို႔ရဲ့ ႏွလုံးသားကိုလည္း ကၽြန္မ ခံစားမိသလို ကၽြန္မႏွလုံးသားကိုလည္း ရွင္တို႔ ခံစားမိၾကမွာပါ။ ဒါကေတာ့ ကၽြန္မသိထားတဲ့ အမွန္တရားပါပဲ …  ” လို႔ ပို႔စ္တင္ထားတာ ျဖစ္ပါတယ္။

ဒါဟာ ဖခင္ျဖစ္သူကို conservator အျဖစ္ကေန ရပ္စဲလိုက္ၿပီး တစ္ပတ္ေတာင္ မျပည့္ေသးခင္မွာပဲ သူမရဲ့ ခံစားခ်က္ေတြကို စိတ္ရွိတိုင္း ေျပာျပလာနိုင္တာ ျဖစ္ပါတယ္။ Jamie Spears ဟာ သမီးျဖစ္သူ Britney ရဲ့ conservator အေနနဲ႔ ၂၀၀၈ ခုႏွစ္ကေန ၿပီးခဲ့တဲ့ တစ္ပတ္အထိ တာဝန္ယူလာခဲ့တာ ျဖစ္ပါတယ္။ ဒီၾကားကာလမွာ သမီးျဖစ္သူရဲ့ ေငြေၾကးစည္းစိမ္ဥစၥာေတြကို ကိုယ္က်ိဳးအတြက္ သုံးစြဲခဲ့တယ္လို႔လည္း စြပ္စြဲခံထားရၿပီး စိတ္ပိုင္းဆိုင္ရာ ႏွိပ္စက္မွုေတြနဲ႔ ေရခ်ိဳးခန္းထဲအထိ လူငွားၿပီး ေစာင့္ၾကည့္ေစခဲ့တာမ်ိဳးေတြပါ က်ဴးလြန္ခဲ့တယ္လို႔ စြပ္စြဲခံထားရတာ ျဖစ္ပါတယ္။

Photo: britneyspears/ Instagram

ယခုလက္ရွိအခ်ိန္မွာေတာ့ Britney ဟာ conservatorship ကေန လုံးဝ လြတ္ေျမာက္ေသးတာ မဟုတ္ဘဲ လူစားထိုးထားတဲ့အဆင့္ပဲ ရွိေသးတာပါ။ ယခင္က သူမရဲ့ဖခင္ တာဝန္ယူထားတဲ့ conservator ေနရာမွာ CPA တစ္ေယာက္ကို အစားထိုး တာဝန္ယူထားေစၿပီး သူမရဲ့ တရား႐ုံးမွာ ၾကားနာမွုနဲ႔ စီးပြားေရးကိစၥေတြမွာ ႀကီးၾကပ္ေပးေနရပါတယ္။
လာမယ့္ နိုဝင္ဘာလ(၁၂)ရက္ေန႔မွာေတာ့ ေနာက္ထပ္ ၾကားနာမွုတစ္ခုရွိေသးၿပီး သူမရဲ့ ပရိသတ္ေတြကေတာ့ conservatorship ကေန လုံးဝလြတ္ေျမာက္ၿပီး ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးနိုင္တဲ့ လြတ္လပ္တဲ့ လူသားတစ္ေယာက္ တစ္ဖန္ျပန္ျဖစ္လာေစဖို႔ ဆႏၵရွိေနၾကပါတယ္။ အလားတူပဲ သူမရဲ့ ေရွ႕ေနကလည္း တရား႐ုံးေတာ္ကို ေတာင္းဆိုထားပါတယ္။ ဘယ္လိုရလဒ္ ထြက္လာမယ္ဆိုတာကေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Linda December

Source: hollywoodlife

RELATED ARTICLES

Most Popular