HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ House of the Dragon ဇာတ်လမ်းတွဲ

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ House of the Dragon ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Game of Thrones ရဲ့ Prequel ဇာတ်လမ်းတွဲ ဖြစ်တဲ့ House of the Dragon ဇာတ်လမ်းတွဲဟာ ပထမဆုံးထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ House of the Dragon ထဲမှာတော့ Matt Smith ဟာ မင်းသား Daemon Targaryen အနေနဲ့ ပါဝင်လာမှာပါ။ ဒီဇာတ်လမ်းတွဲကိုတော့ George R.R. Martin နဲ့ Ryan J. Condal တို့က ပူးပေါင်းဖန်တီးထားတာ ဖြစ်ပြီး George R.R. Martin ရဲ့ Fire & Blood ဆိုတဲ့ စာအုပ်ကို အခြေခံပြီး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ Season 1 ကတော့ ၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာမှာဖြစ်ပြီး အပိုင်း(၁၀)ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်။

photo via screenrant

House of the Dragon ဇာတ်လမ်းတွဲကတော့ Game of Thrones အဖြစ်အပျက်တွေ မတိုင်ခင် နှစ်(၂၀၀)မှာ ဇာတ်အိမ်တည်ထားပြီး Targaryen အိမ်တော်အကြောင်းကို အဓိကဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ Targaryen မျိူးနွယ်တွေဟာ ထီးနန်းကို ရရှိထားပြီး “Dance of the Dragons” လို့ခေါ်တဲ့ Targaryen ပြည်တွင်းစစ်အကြောင်းလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် George R.R. Martin ကိုယ်တိုင်ကလည်း ဒီဇာတ်လမ်းတွဲထဲမှာ နဂါး (၁၇)ကောင်တောင် ပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။

ဒီထွေလာထဲမှာတော့ ဇာတ်ကောင်အသစ်တွေများစွာကို မြင်တွေ့ခဲ့ရပြီး King Viserys I ရဲ့  ညီဖြစ်သူ မင်းသား Daemon ကတော့ အဓိကကျတဲ့ နေရာကနေ ပါဝင်လာမှာပါ။ Daemon ဟာ အလွန်စွမ်းအားကြီးတဲ့ စစ်သည်တော် တစ်ယောက်ဖြစ်ပြီး အလွန်ကျွမ်းကျင်တဲ့ နဂါးစီးနင်းသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Targaryen တွေရဲ့ ထီးနန်းကို လုံခြုံအောင် ပြုလုပ်ပေးတာက အိပ်မက်တွေမဟုတ်ဘဲ နဂါးတွေပါလို့ ထွေလာထဲမှာ ပြောသွားပါသေးတယ်။

Emma D’Arcy ကတော့ ဘုရင်ရဲ့ သားဦးမိန်းကလေးဖြစ်တဲ့ မင်းသမီး Rhaenyra Targaryen နေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ တခြားစိတ်ဝင်စားစရာ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်ထားပေမယ့် ပရိသတ်တွေကို လုံးဝ အံ့ဩသွားစေတဲ့အချက်ကတော့ Iron Throne ဟာ GOT ထဲမှာ မြင်ခဲ့ရသလို မဟုတ်ဘဲ ပြောင်းလဲနေတာပဲ ဖြစ်ပါတယ်။

ဒီထွေလာထဲမှာ မြင်ခဲ့ရတဲ့ Iron Throne ကတော့ George R.R. Martin ရဲ့ စာအုပ်ထဲမှာ ပုံဖော်ထားတဲ့ Iron Throne နဲ့ ပိုမိုဆင်တူနေပါတယ်။ ဒီဇာတ်လမ်းတွဲဟာ GOT ရဲ့ Prequel ဖြစ်တာကြောင့် White Walker အကြောင်းတွေတော့ သိပ်ပြီး မပါဝင်လောက်ပေမယ့်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Game of Thrones ရဲ့ Prequel ဇာတ္လမ္းတြဲ ျဖစ္တဲ့ House of the Dragon ဇာတ္လမ္းတြဲဟာ ပထမဆုံးေထြလာ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ House of the Dragon ထဲမွာေတာ့ Matt Smith ဟာ မင္းသား Daemon Targaryen အေနနဲ႔ ပါဝင္လာမွာပါ။ ဒီဇာတ္လမ္းတြဲကိုေတာ့ George R.R. Martin နဲ႔ Ryan J. Condal တို႔က ပူးေပါင္းဖန္တီးထားတာ ျဖစ္ၿပီး George R.R. Martin ရဲ့ Fire & Blood ဆိုတဲ့ စာအုပ္ကို အေျခခံၿပီး ရိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲရဲ့ Season 1 ကေတာ့ ၂၀၂၂ ခုႏွစ္အတြင္းမွာ ထြက္ရွိလာမွာျဖစ္ၿပီး အပိုင္း(၁၀)ပိုင္း ပါဝင္မွာ ျဖစ္ပါတယ္။

photo via screenrant

House of the Dragon ဇာတ္လမ္းတြဲကေတာ့ Game of Thrones အျဖစ္အပ်က္ေတြ မတိုင္ခင္ ႏွစ္(၂၀၀)မွာ ဇာတ္အိမ္တည္ထားၿပီး Targaryen အိမ္ေတာ္အေၾကာင္းကို အဓိကေဖာ္ျပသြားမွာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Targaryen မ်ိဴးႏြယ္ေတြဟာ ထီးနန္းကို ရရွိထားၿပီး “Dance of the Dragons” လို႔ေခၚတဲ့ Targaryen ျပည္တြင္းစစ္အေၾကာင္းလည္း ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ George R.R. Martin ကိုယ္တိုင္ကလည္း ဒီဇာတ္လမ္းတြဲထဲမွာ နဂါး (၁၇)ေကာင္ေတာင္ ပါဝင္လာမယ္လို႔ အတည္ျပဳထားပါတယ္။

ဒီေထြလာထဲမွာေတာ့ ဇာတ္ေကာင္အသစ္ေတြမ်ားစြာကို ျမင္ေတြ႕ခဲ့ရၿပီး King Viserys I ရဲ့  ညီျဖစ္သူ မင္းသား Daemon ကေတာ့ အဓိကက်တဲ့ ေနရာကေန ပါဝင္လာမွာပါ။ Daemon ဟာ အလြန္စြမ္းအားႀကီးတဲ့ စစ္သည္ေတာ္ တစ္ေယာက္ျဖစ္ၿပီး အလြန္ကၽြမ္းက်င္တဲ့ နဂါးစီးနင္းသူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Targaryen ေတြရဲ့ ထီးနန္းကို လုံျခဳံေအာင္ ျပဳလုပ္ေပးတာက အိပ္မက္ေတြမဟုတ္ဘဲ နဂါးေတြပါလို႔ ေထြလာထဲမွာ ေျပာသြားပါေသးတယ္။

Emma D’Arcy ကေတာ့ ဘုရင္ရဲ့ သားဦးမိန္းကေလးျဖစ္တဲ့ မင္းသမီး Rhaenyra Targaryen ေနရာက ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒီေထြလာထဲမွာေတာ့ တျခားစိတ္ဝင္စားစရာ ဇာတ္ဝင္ခန္းေတြလည္း ပါဝင္ထားေပမယ့္ ပရိသတ္ေတြကို လုံးဝ အံ့ဩသြားေစတဲ့အခ်က္ကေတာ့ Iron Throne ဟာ GOT ထဲမွာ ျမင္ခဲ့ရသလို မဟုတ္ဘဲ ေျပာင္းလဲေနတာပဲ ျဖစ္ပါတယ္။

ဒီေထြလာထဲမွာ ျမင္ခဲ့ရတဲ့ Iron Throne ကေတာ့ George R.R. Martin ရဲ့ စာအုပ္ထဲမွာ ပုံေဖာ္ထားတဲ့ Iron Throne နဲ႔ ပိုမိုဆင္တူေနပါတယ္။ ဒီဇာတ္လမ္းတြဲဟာ GOT ရဲ့ Prequel ျဖစ္တာေၾကာင့္ White Walker အေၾကာင္းေတြေတာ့ သိပ္ၿပီး မပါဝင္ေလာက္ေပမယ့္လည္း စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္လမ္းတြဲတစ္ခု ျဖစ္လာမွာေတာ့ အေသအခ်ာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular