HomeCelebs Update NewsInternationalအိမ်ထောင်သက်တမ်း(၃)နှစ်မှာ Offset နဲ့ ကွာရှင်းတော့မယ့် Cardi B 

အိမ်ထောင်သက်တမ်း(၃)နှစ်မှာ Offset နဲ့ ကွာရှင်းတော့မယ့် Cardi B 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် အမျိုးသမီးရက်ပ်ပါ Cardi B ဟာ ခင်ပွန်းသည် ရက်ပ်ပါ Offset နဲ့ ကွာရှင်းတော့မယ်လို့ သိရပါတယ်။

Cardi B ဟာ အိမ်ထောင်သက်တမ်း သုံးနှစ်နီးပါး ရှိလာပြီးမှ ကွာရှင်းတော့မှာဖြစ်ပြီး ကွာရှင်းခွင့်လျှောက်လွှာကို ဂျော်ဂျီယာပြည်နယ် တရားရုံးမှာ စက်တင်ဘာလ(၁၅)ရက်နေ့က လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။

အသက်(၂၇)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂရမ်မီဆုရ ရက်ပ်ပါ Cardi B ဟာ သူမရဲ့အိမ်ထောင်ရေးကို မနှစ်မြို့တော့တာကြောင့် တရားရုံးကို ဦးတိုက်လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။ သူမ ဖြည့်သွင်းထားတဲ့ လျှောက်လွှာပါ အချက်အလက်တွေအရ Cardi ဟာ တရားလိုနေရာကနေ တိုင်တန်းပြီး ခင်ပွန်းသည် Offset ကို အမှုစွဲထားတာ ဖြစ်ပါတယ်။

Photo: iamcardib/ Instagram

လျှောက်လွှာပါ အချက်အလက်တွေအရ သူတို့နှစ်ဦးဟာ လောလောဆယ်မှာ အိမ်ခွဲပြီး နေထိုင်နေကြပြီလို့လည်း သိရပါတယ်။ ဒါ့အပြင် ပြန်လည်ရင်ကြားစေ့ဖို့ လုံးဝ အစီအစဉ် မရှိဘူးလို့လည်း ဆိုထားပါတယ်။ သူမ စွဲဆိုထားတဲ့ ကွာရှင်းခွင့်အမှုမှာ နှစ်နှစ်အရွယ် သမီးလေး Kulture ကို သူမဘက်မှာ တရားဝင် အုပ်ထိန်းခွင့် ရရှိဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Cardi ဟာ ကလေးရဲ့အုပ်ထိန်းခွင့်ကို တောင်းဆိုထားရုံသာမက ကလေးထောက်ပံ့စရိတ်ကိုလည်း တောင်းဆိုထားသေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘယ်ရွေ့ဘယ်မျှ တောင်းထားတယ်ဆိုတာကိုတော့ မသိရပါဘူး။ သူတို့မောင်နှံဟာ ပြီးခဲ့တဲ့ဇူလိုင်လကမှ သမီးလေး Kulture ရဲ့ မွေးနေ့ပါတီကို အတူတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ကြသေးတာပါ။ Offset မှာတော့ Cardi နဲ့ရတဲ့ သမီးလေးတစ်ယောက်အပြင် ယခင် relationship က ရထားတဲ့ ကလေးသုံးယောက်လည်း ရှိပါသေးတယ်။

Photo: iamcardib/ Instagram

လောလောဆယ်မှာ ကလေးထောက်ပံ့စရိတ်ပဲ တောင်းထားတာ တွေ့ရပေမယ့် ဇနီးမယားတစ်ယောက်အနေနဲ့ နစ်နာကြေးရော တောင်းဦးမှာလားဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ သို့ပေမယ့် ယခုစွဲဆိုထားတဲ့ တရားရင်ဆိုင်မှုအတွက် ကျသင်တဲ့ ကုန်ကျစရိတ်တွေကို Offset ဘက်က ကျခံဖို့ကိုတော့ တောင်းဆိုထားတာ တွေ့ရပါတယ်။

ယခုကွာရှင်းခွင့် လျှောက်ထားတဲ့သတင်းကို Cardi ဘက်ကရော၊ Offset ဘက်ကရော ထုတ်ပြောတာတော့ မရှိသေးပါဘူး။ ချစ်ခင်နေကြတဲ့ သူတို့နှစ်ယောက်မှာ ပြန်လည်သင့်မြတ်ဖို့ အစီအစဉ် မရှိတော့တဲ့အထိ ဖြစ်ကုန်ရတဲ့ အကြောင်းအရင်းဟာ ဘာကြောင့်လည်းဆိုတာတော့ ခန့်မှန်းရ ခက်နေပါတယ်။ ပြောရမယ်ဆိုရင် Cardi ရဲ့ WAP music video ရိုက်ကူးရေးရဲ့ behind the scene မှာတောင် Offset ကို တွေ့လိုက်ရပါသေးတယ်။

Photo: iamcardib/ Instagram

Cardi နဲ့ Offset တို့ဟာ ၂၀၁၇ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့မှာ ဂျော်ဂျီယာပြည်နယ်က နေအိမ်မှာပဲ တိတ်တဆိတ် လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ့တုန်းကလည်း Offset ဘက်က တရားဝင် လက်ထပ်ခွင့်မတောင်းခင် တစ်လလောက် အလိုတည်းက တိတ်တိတ်လေး လက်ထပ်ပြီးသား ဖြစ်နေခဲ့တာပါ။

Cardi ရဲ့ ပရိသတ်တွေကတော့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာ Offset ဘက်က ခြေရှုပ်ခဲ့တဲ့ကိစ္စကြောင့် ခဏလောက် ကွဲသွားရတဲ့ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါကြောင့်လည်း Cardi ဟာ သူမရဲ့ Invasion အယ်လ်ဘမ်ထဲက Be Careful ဆိုတဲ့ သီချင်းမှာ သူမနဲ့ Offset ကြားက အနိမ့်အမြင့်ပေါင်းစုံနဲ့ အိမ်ထောင်ရေးအကြောင်းကို သီဆိုထားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့တုန်းက သူတို့မောင်နှံဟာ ခဏလောက် ကွဲသွားခဲ့ပေမယ့် ၂၀၁၉ခုနှစ်မှာတော့ ပြန်အဆင်ပြေသွားခဲ့ပါတယ်။

Photo: iamcardib/ Instagram

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖောက်ပြန်တဲ့ ခင်ပွန်းသည်ကို ဘာကြောင့်ပြန်လက်ခံရတယ်ဆိုတာကို Cardi ဟာ အင်တာဗျူးများစွာမှာ သူမရဲ့ခံစားချက်ကို ဖြေဆိုခဲ့ပါတယ်။ “ကျွန်မတို့ ပြဿနာတွေတက်ပြီဆိုရင် … သိတယ်မှတ်လား။ သူခြေရှုပ်တာတွေရော၊ ဘာတွေရောပေါ့။ ကျွန်မအနေနဲ့ သူနဲ့ပဲနေပြီး အလုပ်တွေ အတူတူပြန်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး လူတော်တော်များများ ကျွန်မကို စိတ်ဆိုးကြတယ်။ မိန်းမတွေကလည်း စိတ်ပျက်ကြတယ် …”

“ဒါပေမယ့် ရှင်တို့ သိတဲ့အတိုင်းပဲ။ ဒါက လက်တွေ့ဘဝမှာ ကြုံနေရတဲ့ ချီးထုပ်တွေလေ။ ကိုယ်က လူတစ်ယောက်ကို ချစ်တယ်။ ဒါပေမယ့် သူက ဖောက်ပြန်သွားတယ်။ အဲ့တော့ သူနဲ့အတူမနေတော့ဘဲ ကိုယ့်ဘာသာနေတယ်။ ကိုယ့်မှာ စိတ်ဓာတ်တွေ ကျရတယ်။ ဆိုရှယ်မီဒီယာက လူတွေကတော့ အဲ့ဒီ့လူကို စကားကို သွားမပြောဖို့ တားကြတယ်။ ဒါပေမယ့် ကိုယ်တိုင်ကကျတော့ အဲ့လူနဲ့ စကားသွားမပြောရမချင်း ကိုယ့်စိတ်ထဲမှာ မပျော်ဘူးဖြစ်နေတာကို ကိုယ်တစ်ယောက်ပဲ သိတယ်။ အဲ့တော့ သူနဲ့ ပြန်ပေါင်းထုတ်လိုက်တဲ့အခါ လူတွေကတော့ ဘယ်လိုစိတ်နဲ့များ လက်ခံလိုက်လဲပေါ့။ ငါတို့ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲလို့ ပြောကြတယ်…” လို့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလက Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္ အမ်ိဳးသမီးရက္ပ္ပါ Cardi B ဟာ ခင္ပြန္းသည္ ရက္ပ္ပါ Offset နဲ႔ ကြာရွင္းေတာ့မယ္လို႔ သိရပါတယ္။

Cardi B ဟာ အိမ္ေထာင္သက္တမ္း သုံးႏွစ္နီးပါး ရွိလာၿပီးမွ ကြာရွင္းေတာ့မွာျဖစ္ၿပီး ကြာရွင္းခြင့္ေလွ်ာက္လႊာကို ေဂ်ာ္ဂ်ီယာျပည္နယ္ တရား႐ုံးမွာ စက္တင္ဘာလ(၁၅)ရက္ေန႔က ေလွ်ာက္ထားလိုက္တာ ျဖစ္ပါတယ္။

အသက္(၂၇)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ဂရမ္မီဆုရ ရက္ပ္ပါ Cardi B ဟာ သူမရဲ႕အိမ္ေထာင္ေရးကို မႏွစ္ၿမိဳ႕ေတာ့တာေၾကာင့္ တရား႐ုံးကို ဦးတိုက္ေလွ်ာက္ထားလိုက္တာ ျဖစ္ပါတယ္။ သူမ ျဖည့္သြင္းထားတဲ့ ေလွ်ာက္လႊာပါ အခ်က္အလက္ေတြအရ Cardi ဟာ တရားလိုေနရာကေန တိုင္တန္းၿပီး ခင္ပြန္းသည္ Offset ကို အမႈစြဲထားတာ ျဖစ္ပါတယ္။

Photo: iamcardib/ Instagram

ေလွ်ာက္လႊာပါ အခ်က္အလက္ေတြအရ သူတို႔ႏွစ္ဦးဟာ ေလာေလာဆယ္မွာ အိမ္ခြဲၿပီး ေနထိုင္ေနၾကၿပီလို႔လည္း သိရပါတယ္။ ဒါ့အျပင္ ျပန္လည္ရင္ၾကားေစ့ဖို႔ လုံးဝ အစီအစဥ္ မရွိဘူးလို႔လည္း ဆိုထားပါတယ္။ သူမ စြဲဆိုထားတဲ့ ကြာရွင္းခြင့္အမႈမွာ ႏွစ္ႏွစ္အ႐ြယ္ သမီးေလး Kulture ကို သူမဘက္မွာ တရားဝင္ အုပ္ထိန္းခြင့္ ရရွိဖို႔ကိုလည္း ေတာင္းဆိုထားပါတယ္။

Cardi ဟာ ကေလးရဲ႕အုပ္ထိန္းခြင့္ကို ေတာင္းဆိုထား႐ုံသာမက ကေလးေထာက္ပံ့စရိတ္ကိုလည္း ေတာင္းဆိုထားေသးတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဘယ္ေ႐ြ႕ဘယ္မွ် ေတာင္းထားတယ္ဆိုတာကိုေတာ့ မသိရပါဘူး။ သူတို႔ေမာင္ႏွံဟာ ၿပီးခဲ့တဲ့ဇူလိုင္လကမွ သမီးေလး Kulture ရဲ႕ ေမြးေန႔ပါတီကို အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ က်င္းပခဲ့ၾကေသးတာပါ။ Offset မွာေတာ့ Cardi နဲ႔ရတဲ့ သမီးေလးတစ္ေယာက္အျပင္ ယခင္ relationship က ရထားတဲ့ ကေလးသုံးေယာက္လည္း ရွိပါေသးတယ္။

Photo: iamcardib/ Instagram

ေလာေလာဆယ္မွာ ကေလးေထာက္ပံ့စရိတ္ပဲ ေတာင္းထားတာ ေတြ႕ရေပမယ့္ ဇနီးမယားတစ္ေယာက္အေနနဲ႔ နစ္နာေၾကးေရာ ေတာင္းဦးမွာလားဆိုတာကိုေတာ့ ကြဲကြဲျပားျပား မသိရေသးပါဘူး။ သို႔ေပမယ့္ ယခုစြဲဆိုထားတဲ့ တရားရင္ဆိုင္မႈအတြက္ က်သင္တဲ့ ကုန္က်စရိတ္ေတြကို Offset ဘက္က က်ခံဖို႔ကိုေတာ့ ေတာင္းဆိုထားတာ ေတြ႕ရပါတယ္။

ယခုကြာရွင္းခြင့္ ေလွ်ာက္ထားတဲ့သတင္းကို Cardi ဘက္ကေရာ၊ Offset ဘက္ကေရာ ထုတ္ေျပာတာေတာ့ မရွိေသးပါဘူး။ ခ်စ္ခင္ေနၾကတဲ့ သူတို႔ႏွစ္ေယာက္မွာ ျပန္လည္သင့္ျမတ္ဖို႔ အစီအစဥ္ မရွိေတာ့တဲ့အထိ ျဖစ္ကုန္ရတဲ့ အေၾကာင္းအရင္းဟာ ဘာေၾကာင့္လည္းဆိုတာေတာ့ ခန႔္မွန္းရ ခက္ေနပါတယ္။ ေျပာရမယ္ဆိုရင္ Cardi ရဲ႕ WAP music video ႐ိုက္ကူးေရးရဲ႕ behind the scene မွာေတာင္ Offset ကို ေတြ႕လိုက္ရပါေသးတယ္။

Photo: iamcardib/ Instagram

Cardi နဲ႔ Offset တို႔ဟာ ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၂၀)ရက္ေန႔မွာ ေဂ်ာ္ဂ်ီယာျပည္နယ္က ေနအိမ္မွာပဲ တိတ္တဆိတ္ လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ အဲ့ဒီ့တုန္းကလည္း Offset ဘက္က တရားဝင္ လက္ထပ္ခြင့္မေတာင္းခင္ တစ္လေလာက္ အလိုတည္းက တိတ္တိတ္ေလး လက္ထပ္ၿပီးသား ျဖစ္ေနခဲ့တာပါ။

Cardi ရဲ႕ ပရိသတ္ေတြကေတာ့ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလမွာ Offset ဘက္က ေျခရႈပ္ခဲ့တဲ့ကိစၥေၾကာင့္ ခဏေလာက္ ကြဲသြားရတဲ့ ျဖစ္ရပ္ေတြနဲ႔ ဆက္စပ္ေနမယ္လို႔ ခန႔္မွန္းေနၾကပါတယ္။ ဒါေၾကာင့္လည္း Cardi ဟာ သူမရဲ႕ Invasion အယ္လ္ဘမ္ထဲက Be Careful ဆိုတဲ့ သီခ်င္းမွာ သူမနဲ႔ Offset ၾကားက အနိမ့္အျမင့္ေပါင္းစုံနဲ႔ အိမ္ေထာင္ေရးအေၾကာင္းကို သီဆိုထားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့တုန္းက သူတို႔ေမာင္ႏွံဟာ ခဏေလာက္ ကြဲသြားခဲ့ေပမယ့္ ၂၀၁၉ခုႏွစ္မွာေတာ့ ျပန္အဆင္ေျပသြားခဲ့ပါတယ္။

Photo: iamcardib/ Instagram

ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ေဖာက္ျပန္တဲ့ ခင္ပြန္းသည္ကို ဘာေၾကာင့္ျပန္လက္ခံရတယ္ဆိုတာကို Cardi ဟာ အင္တာဗ်ဴးမ်ားစြာမွာ သူမရဲ႕ခံစားခ်က္ကို ေျဖဆိုခဲ့ပါတယ္။ “ကြၽန္မတို႔ ျပႆနာေတြတက္ၿပီဆိုရင္ … သိတယ္မွတ္လား။ သူေျခရႈပ္တာေတြေရာ၊ ဘာေတြေရာေပါ့။ ကြၽန္မအေနနဲ႔ သူနဲ႔ပဲေနၿပီး အလုပ္ေတြ အတူတူျပန္လုပ္ဖို႔ ဆုံးျဖတ္ခဲ့တယ္။ ဒါနဲ႔ပတ္သက္ၿပီး လူေတာ္ေတာ္မ်ားမ်ား ကြၽန္မကို စိတ္ဆိုးၾကတယ္။ မိန္းမေတြကလည္း စိတ္ပ်က္ၾကတယ္ …”

“ဒါေပမယ့္ ရွင္တို႔ သိတဲ့အတိုင္းပဲ။ ဒါက လက္ေတြ႕ဘဝမွာ ႀကဳံေနရတဲ့ ခ်ီးထုပ္ေတြေလ။ ကိုယ္က လူတစ္ေယာက္ကို ခ်စ္တယ္။ ဒါေပမယ့္ သူက ေဖာက္ျပန္သြားတယ္။ အဲ့ေတာ့ သူနဲ႔အတူမေနေတာ့ဘဲ ကိုယ့္ဘာသာေနတယ္။ ကိုယ့္မွာ စိတ္ဓာတ္ေတြ က်ရတယ္။ ဆိုရွယ္မီဒီယာက လူေတြကေတာ့ အဲ့ဒီ့လူကို စကားကို သြားမေျပာဖို႔ တားၾကတယ္။ ဒါေပမယ့္ ကိုယ္တိုင္ကက်ေတာ့ အဲ့လူနဲ႔ စကားသြားမေျပာရမခ်င္း ကိုယ့္စိတ္ထဲမွာ မေပ်ာ္ဘူးျဖစ္ေနတာကို ကိုယ္တစ္ေယာက္ပဲ သိတယ္။ အဲ့ေတာ့ သူနဲ႔ ျပန္ေပါင္းထုတ္လိုက္တဲ့အခါ လူေတြကေတာ့ ဘယ္လိုစိတ္နဲ႔မ်ား လက္ခံလိုက္လဲေပါ့။ ငါတို႔ကို စိတ္ပ်က္ေအာင္ လုပ္လိုက္တာပဲလို႔ ေျပာၾကတယ္…” လို႔ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလက Vogue မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular