HomeCelebs Update NewsInternationalOffset နဲ့ လမ်းခွဲရတဲ့ တကယ့်အကြောင်းရင်းကို ထုတ်ပြောလာတဲ့ Cardi B 

Offset နဲ့ လမ်းခွဲရတဲ့ တကယ့်အကြောင်းရင်းကို ထုတ်ပြောလာတဲ့ Cardi B 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရက်ပ်အဆိုတော် Cardi B ဟာ ခင်ပွန်းသည် ရက်ပ်ပါ Offset နဲ့ ကွာရှင်းရတဲ့ တကယ့်အကြောင်းရင်းမှန်ကို Instagram live တစ်ခုမှာ ပြောပြလိုက်ပါတယ်။ ဒါ့အပြင် ဖောက်ပြန်တဲ့အကြောင်းနဲ့ Offset ဟာ တစ်ခြားမိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက် ရထားသေးတယ်ဆိုတဲ့ ကောလာဟလတွေကိုပါ ဖြေရှင်းသွားခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Cardi B ဟာ အသက်(၂၈)နှစ်အရွယ် ခင်ပွန်းသည် Offset နဲ့ ကွာရှင်းရတဲ့ အကြောင်းရင်းကို ရှင်းလင်းသွားအောင် ထုတ်ပြောခဲ့ပြီး တစ်ခြားဘာပယောဂကြောင့်မှ လမ်းခွဲရတာ မဟုတ်ကြောင်းလည်း ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ စက်တင်ဘာလ(၁၈)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Instagram live တစ်ခုမှာ အခုလို ပြောပြထားတာဖြစ်ပြီး လက်ရှိမှာ သူမဟာ ငိုကြွေးမနေကြောင်းနဲ့ အရင်တုန်းက Offset တလွဲလုပ်ခဲ့ဖူးသလို ဖြစ်ရပ်လည်း ထပ်ဖြစ်တာ မဟုတ်ကြောင်း ပြောထားပါတယ်။ (Offset ဖောက်ပြန်ဖူးတဲ့အကြောင်း အရင်က သူမကိုယ်တိုင် ထုတ်ပြောခဲ့ဖူးတာကို ရည်ညွှန်းပါတယ်။)

Photo: iamcardib/ Instagram

“ဒီတစ်ခါတော့ ကျွန်မ ငိုမနေပါဘူး …” လို့ ပြောပြီး ယခုလို လမ်းခွဲရတာဟာ အရင်ကဖြစ်ခဲ့ဖူးတဲ့ ကိစ္စတွေနဲ့ လားလားမှ မသက်ဆိုင်ကြောင်းလည်း ပြောထားပါတယ်။ “သူ ဖောက်ပြန်လို့ မဟုတ်ပါဘူး။ လူတွေ ပြောနေတာ ကျွန်မကြားရတယ်။ ဘာတဲ့။ သူ အပြင်မှာ ကလေးတစ်ယောက် ရနေတာမို့တဲ့။ အဲ့ဒါကြီးက လုံးဝကို သောက်တလွဲ လိမ်ဆင်ကြီး။ လူတွေက ကလေးကိစ္စကို ဗန်းပြပြီး ပြောချင်ဆိုချင်ကြတာ ဒါဒုတိယအကြိမ်ပဲ။ မဟုတ်ပါဘူး။ အဲ့ဒါကြီးက လုံးဝအရေးမပါတာကြီးပါ … ” လို့ Cardi က ဆိုထားပါတယ်။

အဲ့ဒီ့နောက်မှာတော့ Cardi ဟာ Offset နဲ့ ကွာရှင်းဖို့ လုပ်ရတဲ့ တကယ့်အကြောင်းရင်းကို ပြောပြခဲ့ပါတယ်။ “ငြင်းခုန်နေရတာ အရမ်းပင်ပန်းလာပါပြီ။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘဲ နေနေရတာ အရမ်းလည်း မောပန်းလာပါပြီ။ ကိုယ့်စိတ်ထဲမှာ အရင်လို မဟုတ်တော့ဘူးလို့ ခံစားလာရရင် ဖောက်ပြန်တာ မခံရခင် ကိုယ့်ဘက်က အရင်လမ်းခွဲလိုက်တာ ပိုကောင်းပါတယ် …” လို့ Cardi က သူမရဲ့ ခံစားချက်ကို ပြောပြထားပါတယ်။

Photo: iamcardib/ Instagram

ဆက်လက်ပြီး သူမတို့အိမ်ထောင်ရေးမှာ တစ်ခြားဆန်းကြယ်တဲ့ အကြောင်းတရားတွေ မရှိကြောင်းကိုလည်း ပရိသတ်တွေကို အသေအချာ ပြောပြခဲ့ပါသေးတယ်။ “ဘာအဆန်းတကြယ် ဖြစ်ရပ်မှ မရှိပါဘူး။ တစ်ခါတစ်လေကျရင် လူတွေမှာ တကယ်ကြီး သောက်ရမ်းကြီးကို ဝေးကွာလာတာတွေ ရှိပါတယ်။ ကျွန်မ ဒီလူနဲ့ အတူရှိနေခဲ့တာ လေးနှစ်ရှိပါပြီ။ ကျွန်မမှာ ဒီလူနဲ့ ကလေးတစ်ယောက် ရခဲ့တယ်။ ဒီလူနဲ့အတူ တည်ထောင်ထားတဲ့ အိမ်ရာလည်း ရှိတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ တဖြည်းဖြည်း စုလာတဲ့ အကျိတ်အခဲတွေကို အမြဲတမ်း ငြင်းခုန်နေရတာ ပင်ပန်းလာတာပါပဲ …” လို့ သူမက ဆိုပါတယ်။

ဒါ့အပြင် အခုလို ဒုတိယအကြိမ် ကွဲကွာမှုဟာ လူထုက အာရုံစိုက်မှုရအောင် သပ်သပ်လုပ်တာဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ဖြေရှင်းထားပါသေးတယ်။ “ကျွန်မမှာ အခွေရောင်းရအောင်ဆိုပြီး စတန့်လုပ်စရာ ဘာသောက်ကြောင်းမှ မရှိပါဘူး… ” လို့ ဆိုပြီး သူမရဲ့ဆင်ဂယ်လ် WAP ရဲ့ အောင်မြင်မှုနဲ့ ယှဉ်ထိုးပြီး ရှင်းပြသွားပါတယ်။

Photo: iamcardib/ Instagram

Cardi ဟာ မူလက တရားရုံးကို ကွာရှင်းခွင့် လျှောက်လဲချက်တင်ရာမှာ သမီးဖြစ်သူ Kulture ရဲ့ အုပ်ထိန်းခွင့်ကို အပြည့်အဝ တောင်းဆိုထားခဲ့တာပါ။ သို့ပေမယ့် နောက်တစ်နေ့မှာတော့ အဆိုပါတောင်းဆိုချက်ကို ပြင်ဆင်ဖြည့်စွက်ခဲ့ပြီး တွဲဘက်အုပ်ထိန်းခွင့်ကို ပြောင်းလဲ လျှောက်ထားခဲ့ပါတယ်။ ကလေးကို တွဲဘက်အုပ်ထိန်းခွင့် ရမယ်ဆိုရင်တော့ ကလေးဟာ မိခင်ဖြစ်သူဆီမှာ နှစ်ပတ်၊ ဖခင်ဖြစ်သူဆီမှာ နှစ်ပတ်ဆိုပြီး အသက်ပြည့်တဲ့အထိ တစ်လှည့်စီ နေထိုင်သွားရမှာ ဖြစ်ပါတယ်။

Cardi နဲ့ Offset တို့ရဲ့ အိမ်ထောင်ရေးဟာ အပြင်ပန်းက ကြည့်ရင်တော့ ပြည့်စုံနေတယ်လို့ ထင်ခဲ့ရတာ ဖြစ်ပါတယ်။ လောလောလတ်လတ်ကတင် WAP ဆင်ဂယ်လ်ထွက်ပြီး အောင်မြင်နေတဲ့ ဇနီးသည်ကို Offset က ဒေါ်လာငါးထောင်တန် Chanel လက်ကိုင်အိတ်ကို ဝယ်ပြီး လက်ဆောင်ပေးခဲ့သေးတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း သမီးလေး Kulture ရဲ့ မွေးနေ့ကို လင်မယားနှစ်ယောက်ပေါင်းပြီး တခမ်းတနား ကျင်းပပေးခဲ့ကြပါသေးတယ်။

Photo: iamcardib/ Instagram

သို့ပေမယ့် Offset ဟာ သုံးနှစ်နီးပါးရှိတဲ့ Cardi နဲ့ အိမ်ထောင်သက်တမ်းမှာ ဖောက်ပြန်ခဲ့ဖူးပါသေးတယ်။ ဒါကြောင့်ပဲ ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာ ခွဲနေဖို့အတွက် ဆုံးဖြတ်ခဲ့ကြပြီး Offset ခြေရှုပ်လို့ ဒီလိုခွဲနေရတဲ့အကြောင်းကို Cardi ကိုယ်တိုင်က ပြောပြခဲ့ပါသေးတယ်။ ဒါပေမယ့် ခွဲနေပြီး သိပ်မကြာခင်မှာပဲ Cardi က ပြန်လက်ခံပြီး အတူပြန်နေခဲ့ကြတာပါ။ အခုတစ်ကြိမ်ကတော့ တရားရုံးကိုပါ လျှောက်တင်ပြီး တရားဝင် ကွာရှင်းတော့မှာဖြစ်လို့ ဘယ်လိုတွေ ဆက်ဖြစ်ဦးမယ်ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

ရက္ပ္အဆိုေတာ္ Cardi B ဟာ ခင္ပြန္းသည္ ရက္ပ္ပါ Offset နဲ႔ ကြာရွင္းရတဲ့ တကယ့္အေၾကာင္းရင္းမွန္ကို Instagram live တစ္ခုမွာ ေျပာျပလိုက္ပါတယ္။ ဒါ့အျပင္ ေဖာက္ျပန္တဲ့အေၾကာင္းနဲ႔ Offset ဟာ တစ္ျခားမိန္းမတစ္ေယာက္နဲ႔ ကေလးတစ္ေယာက္ ရထားေသးတယ္ဆိုတဲ့ ေကာလာဟလေတြကိုပါ ေျဖရွင္းသြားခဲ့ပါတယ္။

အသက္(၂၇)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Cardi B ဟာ အသက္(၂၈)ႏွစ္အ႐ြယ္ ခင္ပြန္းသည္ Offset နဲ႔ ကြာရွင္းရတဲ့ အေၾကာင္းရင္းကို ရွင္းလင္းသြားေအာင္ ထုတ္ေျပာခဲ့ၿပီး တစ္ျခားဘာပေယာဂေၾကာင့္မွ လမ္းခြဲရတာ မဟုတ္ေၾကာင္းလည္း ေျဖရွင္းလိုက္တာ ျဖစ္ပါတယ္။ စက္တင္ဘာလ(၁၈)ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ Instagram live တစ္ခုမွာ အခုလို ေျပာျပထားတာျဖစ္ၿပီး လက္ရွိမွာ သူမဟာ ငိုေႂကြးမေနေၾကာင္းနဲ႔ အရင္တုန္းက Offset တလြဲလုပ္ခဲ့ဖူးသလို ျဖစ္ရပ္လည္း ထပ္ျဖစ္တာ မဟုတ္ေၾကာင္း ေျပာထားပါတယ္။ (Offset ေဖာက္ျပန္ဖူးတဲ့အေၾကာင္း အရင္က သူမကိုယ္တိုင္ ထုတ္ေျပာခဲ့ဖူးတာကို ရည္ၫႊန္းပါတယ္။)

Photo: iamcardib/ Instagram

“ဒီတစ္ခါေတာ့ ကြၽန္မ ငိုမေနပါဘူး …” လို႔ ေျပာၿပီး ယခုလို လမ္းခြဲရတာဟာ အရင္ကျဖစ္ခဲ့ဖူးတဲ့ ကိစၥေတြနဲ႔ လားလားမွ မသက္ဆိုင္ေၾကာင္းလည္း ေျပာထားပါတယ္။ “သူ ေဖာက္ျပန္လို႔ မဟုတ္ပါဘူး။ လူေတြ ေျပာေနတာ ကြၽန္မၾကားရတယ္။ ဘာတဲ့။ သူ အျပင္မွာ ကေလးတစ္ေယာက္ ရေနတာမို႔တဲ့။ အဲ့ဒါႀကီးက လုံးဝကို ေသာက္တလြဲ လိမ္ဆင္ႀကီး။ လူေတြက ကေလးကိစၥကို ဗန္းျပၿပီး ေျပာခ်င္ဆိုခ်င္ၾကတာ ဒါဒုတိယအႀကိမ္ပဲ။ မဟုတ္ပါဘူး။ အဲ့ဒါႀကီးက လုံးဝအေရးမပါတာႀကီးပါ … ” လို႔ Cardi က ဆိုထားပါတယ္။

အဲ့ဒီ့ေနာက္မွာေတာ့ Cardi ဟာ Offset နဲ႔ ကြာရွင္းဖို႔ လုပ္ရတဲ့ တကယ့္အေၾကာင္းရင္းကို ေျပာျပခဲ့ပါတယ္။ “ျငင္းခုန္ေနရတာ အရမ္းပင္ပန္းလာပါၿပီ။ တစ္ေယာက္နဲ႔တစ္ေယာက္ အျမင္မတူဘဲ ေနေနရတာ အရမ္းလည္း ေမာပန္းလာပါၿပီ။ ကိုယ့္စိတ္ထဲမွာ အရင္လို မဟုတ္ေတာ့ဘူးလို႔ ခံစားလာရရင္ ေဖာက္ျပန္တာ မခံရခင္ ကိုယ့္ဘက္က အရင္လမ္းခြဲလိုက္တာ ပိုေကာင္းပါတယ္ …” လို႔ Cardi က သူမရဲ႕ ခံစားခ်က္ကို ေျပာျပထားပါတယ္။

Photo: iamcardib/ Instagram

ဆက္လက္ၿပီး သူမတို႔အိမ္ေထာင္ေရးမွာ တစ္ျခားဆန္းၾကယ္တဲ့ အေၾကာင္းတရားေတြ မရွိေၾကာင္းကိုလည္း ပရိသတ္ေတြကို အေသအခ်ာ ေျပာျပခဲ့ပါေသးတယ္။ “ဘာအဆန္းတၾကယ္ ျဖစ္ရပ္မွ မရွိပါဘူး။ တစ္ခါတစ္ေလက်ရင္ လူေတြမွာ တကယ္ႀကီး ေသာက္ရမ္းႀကီးကို ေဝးကြာလာတာေတြ ရွိပါတယ္။ ကြၽန္မ ဒီလူနဲ႔ အတူရွိေနခဲ့တာ ေလးႏွစ္ရွိပါၿပီ။ ကြၽန္မမွာ ဒီလူနဲ႔ ကေလးတစ္ေယာက္ ရခဲ့တယ္။ ဒီလူနဲ႔အတူ တည္ေထာင္ထားတဲ့ အိမ္ရာလည္း ရွိတယ္။ ဒါေပမယ့္ တစ္ခါတစ္ေလက်ေတာ့ တျဖည္းျဖည္း စုလာတဲ့ အက်ိတ္အခဲေတြကို အၿမဲတမ္း ျငင္းခုန္ေနရတာ ပင္ပန္းလာတာပါပဲ …” လို႔ သူမက ဆိုပါတယ္။

ဒါ့အျပင္ အခုလို ဒုတိယအႀကိမ္ ကြဲကြာမႈဟာ လူထုက အာ႐ုံစိုက္မႈရေအာင္ သပ္သပ္လုပ္တာဆိုတဲ့ စြပ္စြဲခ်က္ေတြကိုလည္း ေျဖရွင္းထားပါေသးတယ္။ “ကြၽန္မမွာ အေခြေရာင္းရေအာင္ဆိုၿပီး စတန႔္လုပ္စရာ ဘာေသာက္ေၾကာင္းမွ မရွိပါဘူး… ” လို႔ ဆိုၿပီး သူမရဲ႕ဆင္ဂယ္လ္ WAP ရဲ႕ ေအာင္ျမင္မႈနဲ႔ ယွဥ္ထိုးၿပီး ရွင္းျပသြားပါတယ္။

Photo: iamcardib/ Instagram

Cardi ဟာ မူလက တရား႐ုံးကို ကြာရွင္းခြင့္ ေလွ်ာက္လဲခ်က္တင္ရာမွာ သမီးျဖစ္သူ Kulture ရဲ႕ အုပ္ထိန္းခြင့္ကို အျပည့္အဝ ေတာင္းဆိုထားခဲ့တာပါ။ သို႔ေပမယ့္ ေနာက္တစ္ေန႔မွာေတာ့ အဆိုပါေတာင္းဆိုခ်က္ကို ျပင္ဆင္ျဖည့္စြက္ခဲ့ၿပီး တြဲဘက္အုပ္ထိန္းခြင့္ကို ေျပာင္းလဲ ေလွ်ာက္ထားခဲ့ပါတယ္။ ကေလးကို တြဲဘက္အုပ္ထိန္းခြင့္ ရမယ္ဆိုရင္ေတာ့ ကေလးဟာ မိခင္ျဖစ္သူဆီမွာ ႏွစ္ပတ္၊ ဖခင္ျဖစ္သူဆီမွာ ႏွစ္ပတ္ဆိုၿပီး အသက္ျပည့္တဲ့အထိ တစ္လွည့္စီ ေနထိုင္သြားရမွာ ျဖစ္ပါတယ္။

Cardi နဲ႔ Offset တို႔ရဲ႕ အိမ္ေထာင္ေရးဟာ အျပင္ပန္းက ၾကည့္ရင္ေတာ့ ျပည့္စုံေနတယ္လို႔ ထင္ခဲ့ရတာ ျဖစ္ပါတယ္။ ေလာေလာလတ္လတ္ကတင္ WAP ဆင္ဂယ္လ္ထြက္ၿပီး ေအာင္ျမင္ေနတဲ့ ဇနီးသည္ကို Offset က ေဒၚလာငါးေထာင္တန္ Chanel လက္ကိုင္အိတ္ကို ဝယ္ၿပီး လက္ေဆာင္ေပးခဲ့ေသးတာပါ။ ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းကလည္း သမီးေလး Kulture ရဲ႕ ေမြးေန႔ကို လင္မယားႏွစ္ေယာက္ေပါင္းၿပီး တခမ္းတနား က်င္းပေပးခဲ့ၾကပါေသးတယ္။

Photo: iamcardib/ Instagram

သို႔ေပမယ့္ Offset ဟာ သုံးႏွစ္နီးပါးရွိတဲ့ Cardi နဲ႔ အိမ္ေထာင္သက္တမ္းမွာ ေဖာက္ျပန္ခဲ့ဖူးပါေသးတယ္။ ဒါေၾကာင့္ပဲ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလမွာ ခြဲေနဖို႔အတြက္ ဆုံးျဖတ္ခဲ့ၾကၿပီး Offset ေျခရႈပ္လို႔ ဒီလိုခြဲေနရတဲ့အေၾကာင္းကို Cardi ကိုယ္တိုင္က ေျပာျပခဲ့ပါေသးတယ္။ ဒါေပမယ့္ ခြဲေနၿပီး သိပ္မၾကာခင္မွာပဲ Cardi က ျပန္လက္ခံၿပီး အတူျပန္ေနခဲ့ၾကတာပါ။ အခုတစ္ႀကိမ္ကေတာ့ တရား႐ုံးကိုပါ ေလွ်ာက္တင္ၿပီး တရားဝင္ ကြာရွင္းေတာ့မွာျဖစ္လို႔ ဘယ္လိုေတြ ဆက္ျဖစ္ဦးမယ္ဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular