HomeCelebs Update NewsInternationalမီးပြတ်နေလို့ ဖွင့်လို့မရတဲ့ ခြံဝန်းတံခါးကြီးကို လက်ဗလာနဲ့ ဆွဲဖြုတ်ပစ်လိုက်တဲ့ Dwayne Johnson

မီးပြတ်နေလို့ ဖွင့်လို့မရတဲ့ ခြံဝန်းတံခါးကြီးကို လက်ဗလာနဲ့ ဆွဲဖြုတ်ပစ်လိုက်တဲ့ Dwayne Johnson

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Dwayne Johnson ဟာ သူ့ရဲ့ ခွန်အားဗလတွေက ဟန်ပြသက်သက်မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝမှာလည်း စူပါဟီးရိုးတစ်ယောက်လို ကြံ့ခိုင်သန်မာတာကို သက်သေပြလိုက်ပါတယ်။ အဲ့ဒါကတော့ သူ့ခြံဝန်းမှာ တပ်ဆင်ထားတဲ့ သံတံခါးကြီးကို လက်ဗလာနဲ့ ဆွဲဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

Dwayne ဟာ ခြံဝန်းက သံတံခါးကြီးကို ဆွဲဖြုတ်ထားတဲ့ ဓာတ်ပုံကို လွန်ခဲ့တဲ့နာရီပိုင်းလောက်မှာ သူ့ရဲ့ Instagram အကောင့်မှာ ပို့စ်တင်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါပို့စ်မှာတော့ ခြံတံခါးကို စွမ်းအင်ပေးထားတဲ့ အော်တိုပါဝါ လျှပ်စစ်ပြတ်တောက်သွားတဲ့အတွက် အပြင်ထွက်မရ ဖြစ်နေလို့ တံခါးကြီးကို လက်ဗလာနဲ့ ဆွဲဖြုတ်ထားတာဖြစ်ပြီး တံခါးရဲ့ ပတ္တာတွေအထိ ပြုတ်ထွက်နေပုံကိုတွေ့ရပါတယ်။

Photo: therock/ Instagram

The Rock ဟာ အလုပ်ကို အချိန်မီ သွားရမှာဖြစ်ပြီး သူ့ကြောင့် တစ်ခြားအဖွဲ့သားတွေ စောင့်ဆိုင်းနေရတာမျိုး မဖြစ်စေချင်လို့ အခုလို တံခါးကြီးကို ကိုယ်တိုင်ဆွဲဖြုတ်လိုက်ရတာပါလို့ သူ့ပို့စ်ရဲ့ caption မှာ ရေးထားပါတယ်။ ကြည့်ရတာတော့ အရေးအကြောင်း လိုအပ်လာရင် သူ့ကိုယ်ထဲမှာရှိနေတဲ့ Black Adam ကြီးက ထွက်လာပုံရပါတယ်။

“ကျွန်တော့်အတွက် အချိန်ကောင်းတော့ မဟုတ်ဘူးဗျာ။ ဒါပေမယ့်လည်း လူတစ်ယောက်ဖြစ်လို့ အလုပ်သွားဖို့ ရှိနေတယ်လေ။ မုန်တိုင်းပြင်းပြင်းတိုက်သွားလို့ ကျွန်တော်တို့ဆီမှာ လျှပ်စစ်မီးတွေ ပြတ်သွားတယ်ဗျာ။ အဲ့တော့ ကျွန်တော့်အိမ်ရှေ့က တံခါးကလည်း မပွင့်တော့ဘူးပေါ့။ တံခါးဖွင့်ဖို့ ဟိုက်ဒရောလစ်စနစ်ကို override လုပ်ကြည့်သေးတယ်။ များသောအားဖြင့်တော့ မီးတွေဘာတွေ ပြတ်သွားရင် ဒီလိုလုပ်လိုက်ရင် အဆင်ပြေတယ်။ ဒါပေမယ့် အခုကျတော့ အဲ့လို လုပ်တာလည်း မရပြန်ဘူး…. ”

Photo: therock/ Instagram

“တံခါးဖွင့်လို့ရအောင် နည်းပညာပိုင်းကျွမ်းတဲ့ ဆားဗစ်တွေဆီ ဖုန်းတွေဆက်ကြည့်သေးတယ်။ ဒါပေမယ့် သူတို့က အနည်းဆုံး လေးဆယ့်ငါးမိနစ်လောက် ကြာမယ်တဲ့ဗျာ။ ကျွန်တော်ကလည်း အဲ့လောက်မစောင့်နိုင်ဘူး။ အဲ့ဒီ့အချိန်လောက်ဆို ရာနဲ့ချီတဲ့ အဖွဲ့သားတွေက ဒီနေ့အတွက် အလုပ်စတင်ဖို့အရေး ကျွန်တော့်ကို မျှော်နေလောက်ပြီ ….”

” အဲ့ဒါနဲ့ပဲ ဒီလိုလုပ်လိုက်ရတယ်။ တံခါးကြီးကို တွန်းလိုက်၊ ဆွဲလိုက်နဲ့ ကျွန်တော့်တစ်ယောက်တည်းအားနဲ့ပဲ ဆွဲဖြုတ်လိုက်ရတယ်။ ဘေးက အုတ်တိုင်ကနေ ကျွတ်ထွက်တဲ့အထိ ဆွဲဖြုတ်လိုက်တယ်။ ဟိုက်ဒရောလစ်စနစ်ကြီးလည်း လစ်ရောပေါ့။ တံခါးအပိုင်းအစတွေကိုတော့ မြက်ခင်းပေါ်သာ ပစ်ချထားလိုက်တော့တယ် … ” လို့ The Rock က အဲ့ဒီ့ပို့စ်ရဲ့ caption မှာ ရေးထားပါတယ်။

Photo via IMDb

The Rock ဟာ သူ့တစ်နေ့တာရဲ့ နာရီတော်တော်များများကို အားကစားရုံမှာပဲ အချိန်ဖြုန်းခဲ့တဲ့ အကျိုးတွေလို့ပဲ ပြောရတော့မှာပါ။ အဲ့ဒါအပြင် caption မှာတော့ ” ကျွန်တော့်ရဲ့ လုံခြုံရေးအဖွဲ့ကတော့ တံခါးပြင်တဲ့သူနဲ့ ဝရိန်သမားတွေကို နောက်တစ်နာရီလောက်မှာ ခေါ်လာနိုင်ခဲ့ပါတယ်။ သူတို့တော့ ကျွန်တော်အဲ့လိုလုပ်ထားတာကို မြင်ပြီး အံ့ဩထိတ်လန့်သွားကြပုံပါပဲ။ အဲ့ဒီတော့ လူတစ်ယောက်က အလုပ်သွားလို့ရပြီပေါ့ဗျာ။ ပြီးတော့ Black Adam အတွက် ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ R.I.P ပါ တံခါးလေးရေ …” လို့ ရေးသားထားပါတယ်။

The Rock ဟာ ဒါရိုက်တာ Jaume Collet-Serra ရိုက်ကူးမယ့် DC comic ရဲ့ Anti-hero ဖြစ်တဲ့ Black Adam နေရာမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး ရုပ်ရှင်ကိုတော့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့မှာ ရုံတင်ဖို့ လျာထားပါတယ်။

C 21

Source: indian express

(Zawgyi Version)

Dwayne Johnson ဟာ သူ႔ရဲ႕ ခြန္အားဗလေတြက ဟန္ျပသက္သက္မဟုတ္ဘဲ တကယ့္လက္ေတြ႕ဘဝမွာလည္း စူပါဟီး႐ိုးတစ္ေယာက္လို ႀကံ့ခိုင္သန္မာတာကို သက္ေသျပလိုက္ပါတယ္။ အဲ့ဒါကေတာ့ သူ႔ၿခံဝန္းမွာ တပ္ဆင္ထားတဲ့ သံတံခါးႀကီးကို လက္ဗလာနဲ႔ ဆြဲျဖဳတ္ပစ္လိုက္တာ ျဖစ္ပါတယ္။

Dwayne ဟာ ၿခံဝန္းက သံတံခါးႀကီးကို ဆြဲျဖဳတ္ထားတဲ့ ဓာတ္ပုံကို လြန္ခဲ့တဲ့နာရီပိုင္းေလာက္မွာ သူ႔ရဲ႕ Instagram အေကာင့္မွာ ပို႔စ္တင္လိုက္တာ ျဖစ္ပါတယ္။ အဆိုပါပို႔စ္မွာေတာ့ ၿခံတံခါးကို စြမ္းအင္ေပးထားတဲ့ ေအာ္တိုပါဝါ လွ်ပ္စစ္ျပတ္ေတာက္သြားတဲ့အတြက္ အျပင္ထြက္မရ ျဖစ္ေနလို႔ တံခါးႀကီးကို လက္ဗလာနဲ႔ ဆြဲျဖဳတ္ထားတာျဖစ္ၿပီး တံခါးရဲ႕ ပတၱာေတြအထိ ျပဳတ္ထြက္ေနပုံကိုေတြ႕ရပါတယ္။

Photo: therock/ Instagram

The Rock ဟာ အလုပ္ကို အခ်ိန္မီ သြားရမွာျဖစ္ၿပီး သူ႔ေၾကာင့္ တစ္ျခားအဖြဲ႕သားေတြ ေစာင့္ဆိုင္းေနရတာမ်ိဳး မျဖစ္ေစခ်င္လို႔ အခုလို တံခါးႀကီးကို ကိုယ္တိုင္ဆြဲျဖဳတ္လိုက္ရတာပါလို႔ သူ႔ပို႔စ္ရဲ႕ caption မွာ ေရးထားပါတယ္။ ၾကည့္ရတာေတာ့ အေရးအေၾကာင္း လိုအပ္လာရင္ သူ႔ကိုယ္ထဲမွာရွိေနတဲ့ Black Adam ႀကီးက ထြက္လာပုံရပါတယ္။

“ကြၽန္ေတာ့္အတြက္ အခ်ိန္ေကာင္းေတာ့ မဟုတ္ဘူးဗ်ာ။ ဒါေပမယ့္လည္း လူတစ္ေယာက္ျဖစ္လို႔ အလုပ္သြားဖို႔ ရွိေနတယ္ေလ။ မုန္တိုင္းျပင္းျပင္းတိုက္သြားလို႔ ကြၽန္ေတာ္တို႔ဆီမွာ လွ်ပ္စစ္မီးေတြ ျပတ္သြားတယ္ဗ်ာ။ အဲ့ေတာ့ ကြၽန္ေတာ့္အိမ္ေရွ႕က တံခါးကလည္း မပြင့္ေတာ့ဘူးေပါ့။ တံခါးဖြင့္ဖို႔ ဟိုက္ဒေရာလစ္စနစ္ကို override လုပ္ၾကည့္ေသးတယ္။ မ်ားေသာအားျဖင့္ေတာ့ မီးေတြဘာေတြ ျပတ္သြားရင္ ဒီလိုလုပ္လိုက္ရင္ အဆင္ေျပတယ္။ ဒါေပမယ့္ အခုက်ေတာ့ အဲ့လို လုပ္တာလည္း မရျပန္ဘူး…. ”

Photo: therock/ Instagram

“တံခါးဖြင့္လို႔ရေအာင္ နည္းပညာပိုင္းကြၽမ္းတဲ့ ဆားဗစ္ေတြဆီ ဖုန္းေတြဆက္ၾကည့္ေသးတယ္။ ဒါေပမယ့္ သူတို႔က အနည္းဆုံး ေလးဆယ့္ငါးမိနစ္ေလာက္ ၾကာမယ္တဲ့ဗ်ာ။ ကြၽန္ေတာ္ကလည္း အဲ့ေလာက္မေစာင့္ႏိုင္ဘူး။ အဲ့ဒီ့အခ်ိန္ေလာက္ဆို ရာနဲ႔ခ်ီတဲ့ အဖြဲ႕သားေတြက ဒီေန႔အတြက္ အလုပ္စတင္ဖို႔အေရး ကြၽန္ေတာ့္ကို ေမွ်ာ္ေနေလာက္ၿပီ ….”

” အဲ့ဒါနဲ႔ပဲ ဒီလိုလုပ္လိုက္ရတယ္။ တံခါးႀကီးကို တြန္းလိုက္၊ ဆြဲလိုက္နဲ႔ ကြၽန္ေတာ့္တစ္ေယာက္တည္းအားနဲ႔ပဲ ဆြဲျဖဳတ္လိုက္ရတယ္။ ေဘးက အုတ္တိုင္ကေန ကြၽတ္ထြက္တဲ့အထိ ဆြဲျဖဳတ္လိုက္တယ္။ ဟိုက္ဒေရာလစ္စနစ္ႀကီးလည္း လစ္ေရာေပါ့။ တံခါးအပိုင္းအစေတြကိုေတာ့ ျမက္ခင္းေပၚသာ ပစ္ခ်ထားလိုက္ေတာ့တယ္ … ” လို႔ The Rock က အဲ့ဒီ့ပို႔စ္ရဲ႕ caption မွာ ေရးထားပါတယ္။

Photo via IMDb

The Rock ဟာ သူ႔တစ္ေန႔တာရဲ႕ နာရီေတာ္ေတာ္မ်ားမ်ားကို အားကစား႐ုံမွာပဲ အခ်ိန္ျဖဳန္းခဲ့တဲ့ အက်ိဳးေတြလို႔ပဲ ေျပာရေတာ့မွာပါ။ အဲ့ဒါအျပင္ caption မွာေတာ့ ” ကြၽန္ေတာ့္ရဲ႕ လုံၿခဳံေရးအဖြဲ႕ကေတာ့ တံခါးျပင္တဲ့သူနဲ႔ ဝရိန္သမားေတြကို ေနာက္တစ္နာရီေလာက္မွာ ေခၚလာႏိုင္ခဲ့ပါတယ္။ သူတို႔ေတာ့ ကြၽန္ေတာ္အဲ့လိုလုပ္ထားတာကို ျမင္ၿပီး အံ့ဩထိတ္လန႔္သြားၾကပုံပါပဲ။ အဲ့ဒီေတာ့ လူတစ္ေယာက္က အလုပ္သြားလို႔ရၿပီေပါ့ဗ်ာ။ ၿပီးေတာ့ Black Adam အတြက္ ကြၽန္ေတာ္ အဆင္သင့္ျဖစ္ေနပါၿပီ။ R.I.P ပါ တံခါးေလးေရ …” လို႔ ေရးသားထားပါတယ္။

The Rock ဟာ ဒါ႐ိုက္တာ Jaume Collet-Serra ႐ိုက္ကူးမယ့္ DC comic ရဲ႕ Anti-hero ျဖစ္တဲ့ Black Adam ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ၿပီး ႐ုပ္ရွင္ကိုေတာ့ ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ (၂၂)ရက္ေန႔မွာ ႐ုံတင္ဖို႔ လ်ာထားပါတယ္။

C 21

Source: indian express

RELATED ARTICLES

Most Popular