HomeEntertainmentFilmCasper ရုပ်ရှင်ထဲက ဝမ်းနည်းစရာကောင်းတဲ့ နောက်ခံဖြစ်ရပ်များ 

Casper ရုပ်ရှင်ထဲက ဝမ်းနည်းစရာကောင်းတဲ့ နောက်ခံဖြစ်ရပ်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Casper ရုပ်ရှင်ကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.1) ရရှိထားပါတယ်။ ၁၉၃၀ ကျော်လောက်တုန်းကတော့ Casper ဟာ ကောမစ်ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး ကောမစ်လောကမှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးမှ Live Action ထွက်လာတာ ဖြစ်ပါတယ်။ ရုပ်ရှင်ချစ်သူတွေရဲ့ ငယ်ဘဝမှာ ကြည့်ရှုခဲ့ဖူးတဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားလေးကလည်း အမှတ်တရအဖြစ် ရှိနေဦးမယ်လို့ မျှော်လင့်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Casper ရဲ့ နောက်ကြောင်းကို အများကြီး မဖော်ပြထားပါဘူး။ ဒါကြောင့်ပဲ သူ့ရဲ့ ဝမ်းနည်းစရာကောင်းတဲ့ နောက်ကြောင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖော်ပြပေးချင်ပါတယ်။

(1) Casper ရဲ့ အချစ်ဆုံးသူငယ်ချင်း

photo via screenrant၁၉၄၈ ခုနှစ်မှာတော့ There’s Good Boos Tonight ဆိုတဲ့ Animation အတိုလေး ထွက်ရှိခဲ့ပြီး ဇာတ်လမ်းကတော့ Casper နဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း Ferdie တိုိအကြောင်းပဲ ဖြစ်ပါတယ်။ သုဿာန်မှာရှိတဲ့ တခြားတစ္ဆေတွေကတော့ ညဘက်ရောက်ရင် လူတွေကို ခြောက်လှန့်ကြပေမယ့်လည်း Casper ကတော့ Ferdie နဲ့ပဲ ဆော့ကစားနေပါတယ်။

Ferdie တစ်ယောက်တည်းကပဲ Casper ကို မကြောက်တာကြောင့် သူဟာ Casper ရဲ့ တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်နေပါတယ်။ တစ်ညမှာတော့ မုဆိုးတွေ ရောက်လာပြီး Ferdie ကို ပစ်သတ်သွားပါတယ်။ Casper ကလည်း Ferdie ကို ကယ်တင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ Ferdie ကိုယ်တိုင်က သေဆုံးသွားပြီး တစ္ဆေဖြစ်သွားတာကြောင့် သူတို့နှစ်ယောက်ဟာ သူငယ်ချင်းအဖြစ် ဆက်လက်နေနိုင်ခဲ့ပါတယ်။

(2) Casper ဟာ သူ့မိခင်ဘယ်သူမှန်း မသိခဲ့ပါဘူး။
photo via screenrant

Casper ဟာ သူ့မိခင် ဘယ်သူဘယ်ဝါမှန်း ဘယ်တုန်းကမှ မသိခဲ့ဘူးဆိုတာကို ဒီရုပ်ရှင်ရဲ့ အစပိုင်းမှာတင် မြင်တွေ့ခဲ့ရပါတယ်။ Casper ရဲ့ မိခင်ဟာ သူ့ကိုမွေးနေရင်း မီးတွင်းထဲမှာပဲ သေဆုံးသွားတာ ဖြစ်ပြီး Casper ဟာ သူ့ရဲ့ဖခင်နဲ့ပဲ ကျန်ရစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Kat ဟာ ဟောလိုးဝင်းပါတီအတွက် ဘာဝတ်ရမှန်းမသိ ဖြစ်နေတဲ့အချိန်မှာ Casper က ကူညီပေးခဲ့ပြီး သူ့မိခင်ရဲ့ အဝတ်အစားတွေကို ဝတ်ဆင်စေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စတင်ပြီး Casper ဟာ သူ့ရဲ့အတိတ်ကို ပြန်မှတ်မိလာပါတော့တယ်။

(3) Casper ဟာ ကလေးဘဝမှာတင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

Casper ဟာ သူ့အဖေနဲ့ ဘယ်လိုဘဝမျိူး နေထိုင်ခဲ့တယ်ဆိုတာကိုတော့ သိပ်ပြီးမဖော်ပြခဲ့ပေမယ့်လည်း Casper ရဲ့ အဖေအတွက်တော့ ဇနီးကို ဆုံးရှုံးထားပြီး Single Dad အနေနဲ့ နေထိုင်ရတာ အတော်ခက်ခဲမှာပါ။ ဒီလိုနဲ့ Casper ဟာ ပစ္စည်းအဟောင်းတွေကို လိုက်ကြည့်ရင်းနဲ့ သူ့ရဲ့အတိတ်ဘဝအကြောင်းကို အနည်းငယ်ထပ်ပြီး မှတ်မိလာပါတယ်။

Casper ဟာ သူ့အဖေကို စွပ်ဖားလှည်းတစ်စီး ပူဆာခဲ့ပြီး တစ်နေ့လုံး၊ တစ်ညလုံး နှင်းတောထဲမှာ ထိုင်နေခဲ့ပါတယ်။ သူ့အဖေက အိမ်ထဲကို ဝင်ဖို့ခေါ်တာတောင် မရခဲ့ပါဘူး။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ Casper ဟာ နေမကောင်းဖြစ်သွားပြီး သူ့အဖေဟာလည်း ဝမ်းနည်းခဲ့ရပါတယ်။ ဒါကြောင့်ပဲ Casper ဟာ နမိုးနီးယားရောဂါနဲ့ သေဆုံးသွားတယ်လို့ ယူဆလို့ရပါတယ်။ Casper ရဲ့ အဖေကလည်း သူ့ရဲ့ဇနီးရော၊ ကလေးရော ဆုံးရှုံးသွားတာကြောင့် အတော်ကြေကွဲခဲ့ပါတယ်။ Casper ကတော့ သူ့အဖေ အထီးကျန်မနေအောင် တစ္ဆေဘဝနဲ့ သူ့အဖေနားမှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။

(4) ဒီသရဲသုံးကောင်က သူ့ရဲ့ ဦးလေးအရင်းတွေ မဟုတ်ကြပါဘူး။
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Casper ဟာ Kat နဲ့ James ကို သူ့ရဲ့ ဦးလေး သုံးယောက်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီသရဲသုံးကောင်ကတော့ Casper နဲ့ မတူဘဲ လူတွေကို ခြောက်လှန့်ရတာ သဘောကျပါတယ်။ ဒီသရဲသုံးယောက်ဟာ Casper ရဲ့ တကယ့်ဦးလေးအရင်းတွေ မဟုတ်ဘူးဆိုတဲ့ သီအိုရီတွေ ရှိပြီး Fandom မှာ ဖော်ပြထားချက်အရ ဆိုရင်တော့ Uncle လို့ ခေါ်တာဟာ ဒီအတိုင်း ရိုသေသမှုနဲ့ ခေါ်တာဖြစ်ပြီး တကယ့်ဦးလေးတွေ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ Casper ဟာ ချစ်ဖို့ကောင်းတဲ့ တစ္ဆေလေးတစ်ယောက် ဖြစ်ပေမယ့်လည်း ဒီလိုနာခံတတ်တာကြောင့် ဒီသုံးယောက်လက်ထဲကနေ ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

(5) သူတို့တွေက Casper ကို ကျွန်တစ်ယောက်လို ခိုင်းစေကြပါတယ်။
photo via screenrant

သူတို့သုံးယောက်ဟာ Casper ကို ကျွန်တစ်ယောက်လို ဆက်ဆံကြတာကြောင့် Casper ဟာ သူတို့သုံးယောက် အနားမှာရှိနေရင် ကြောက်နေပါတယ်။ သူတို့သုံးယောက်အတွက် စားသောက်စရာတွေကို Casper က ပြင်ဆင်ပေးရသလို သူတို့သုံးယောက် ပြုလုပ်သွားသမျှ ပြဿနာတွေကိုလည်း Casper ကပဲ လိုက်လံဖြေရှင်းရပါတယ်။ သူတို့သုံးယောက်ဟာ Casper ရဲ့ ဦးလေးအရင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် Casper ဟာ အနိုင်ကျင့်ခံနေရတာပဲ ဖြစ်ပါတယ်။

(6) Casper ရဲ့ အဖေဟာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။
photo via screenrant

Casper ရဲ့ အမေဟာ ကလေးမွေးရင်း သေဆုံးသွားသလို Casper ကလည်း ကလေးဘဝမှာပဲ နမိုးနီးယားရောဂါနဲ့ သေဆုံးသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Casper ရဲ့ အဖေကတော့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Casper ရဲ့ အဖေဟာ သေဆုံးသွားသူတွေကို ပြန်လည် ရှင်သန်စေနိုင်တဲ့ စက်တစ်ခုကို တီထွင်နေကြောင်း တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သတင်းစာ အပိုင်းအစတစ်ခုမှာတော့ သူဟာ ရူးသွပ်သွားပြီလို့တောင် ထည့်သွင်းထားတာ မြင်တွေ့ခဲ့ရပါတယ်။

(7) Casper vs. Ghostbusters
photo via screenrant

Casper ဟာ အပေါ်မှာဖော်ပြခဲ့သလိုပဲ ကောမစ်ဇာတ်ကောင်ကနေ စတင်ခဲ့တာ ဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာတော့ Live Action ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ Casper ရုပ်ရှင်ဟာ အောင်မြင်မှုတွေ ရရှိနေတဲ့အချိန်မှာပဲ Columbia Pictures ဟာ Box Office ကို လုယူသွားနိုင်တဲ့ Ghostbusters ကို စတင်ဖန်တီးခဲ့ပါတယ်။

Casper ကို ဖန်တီးခဲ့တဲ့ Harvey Comics ကလည်း Ghostbusters ရဲ့ လိုဂိုက Casper နဲ့ ဆင်တူနေတာကြောင့် တရားစွဲခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း တစ္ဆေပုံစံကို ဖန်တီးတဲ့အခါမှာ ပုံစံအများကြီး ဖန်တီးလို့မရတာကြောင့် Harvey Comics ဟာ တရားခွင်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Ghostbusters ရုပ်ရှင်တွေဟာ အောင်မြင်လာခဲ့ပြီး Casper ကတော့ အခုချိန်ထိ နောက်ထပ်ရုပ်ရှင်တွေ ထပ်ပြီး မထွက်လာတော့ပါဘူး။

ဒါကတော့ ရုပ်ရှင်ချစ်သူတွေ ကလေးဘဝမှာ ကြည့်ရှုခဲ့ဖူးလောက်မယ့် ဇာတ်ကားတစ်ကားဖြစ်တဲ့ Casper ရဲ့ နောက်ကြောင်းဖြစ်ရပ်အချို့ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Casper ႐ုပ္ရွင္ကေတာ့ ၁၉၉၅ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.1) ရရွိထားပါတယ္။ ၁၉၃၀ ေက်ာ္ေလာက္တုန္းကေတာ့ Casper ဟာ ေကာမစ္ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ၿပီး ေကာမစ္ေလာကမွာ ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီးမွ Live Action ထြက္လာတာ ျဖစ္ပါတယ္။ ႐ုပ္ရွင္ခ်စ္သူေတြရဲ့ ငယ္ဘဝမွာ ၾကည့္ရႈခဲ့ဖူးတဲ့ ဇာတ္ကားေတြထဲမွာ ဒီဇာတ္ကားေလးကလည္း အမွတ္တရအျဖစ္ ရွိေနဦးမယ္လို႔ ေမၽွာ္လင့္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Casper ရဲ့ ေနာက္ေၾကာင္းကို အမ်ားႀကီး မေဖာ္ျပထားပါဘူး။ ဒါေၾကာင့္ပဲ သူ႔ရဲ့ ဝမ္းနည္းစရာေကာင္းတဲ့ ေနာက္ေၾကာင္းျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ေဖာ္ျပေပးခ်င္ပါတယ္။

(1) Casper ရဲ့ အခ်စ္ဆုံးသူငယ္ခ်င္း
photo via screenrant

၁၉၄၈ ခုႏွစ္မွာေတာ့ There’s Good Boos Tonight ဆိုတဲ့ Animation အတိုေလး ထြက္ရွိခဲ့ၿပီး ဇာတ္လမ္းကေတာ့ Casper နဲ႔ သူ႔ရဲ့ အခ်စ္ဆုံးသူငယ္ခ်င္း Ferdie တိုိအေၾကာင္းပဲ ျဖစ္ပါတယ္။ သုႆာန္မွာရွိတဲ့ တျခားတေစၧေတြကေတာ့ ညဘက္ေရာက္ရင္ လူေတြကို ေျခာက္လွန႔္ၾကေပမယ့္လည္း Casper ကေတာ့ Ferdie နဲ႔ပဲ ေဆာ့ကစားေနပါတယ္။

Ferdie တစ္ေယာက္တည္းကပဲ Casper ကို မေၾကာက္တာေၾကာင့္ သူဟာ Casper ရဲ့ တစ္ဦးတည္းေသာ သူငယ္ခ်င္း ျဖစ္ေနပါတယ္။ တစ္ညမွာေတာ့ မုဆိုးေတြ ေရာက္လာၿပီး Ferdie ကို ပစ္သတ္သြားပါတယ္။ Casper ကလည္း Ferdie ကို ကယ္တင္ဖို႔ အေကာင္းဆုံး ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ အဲ့ဒီေနာက္မွာေတာ့ Ferdie ကိုယ္တိုင္က ေသဆုံးသြားၿပီး တေစၧျဖစ္သြားတာေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ သူငယ္ခ်င္းအျဖစ္ ဆက္လက္ေနနိုင္ခဲ့ပါတယ္။

(2) Casper ဟာ သူ႔မိခင္ဘယ္သူမွန္း မသိခဲ့ပါဘူး။
photo via screenrant

Casper ဟာ သူ႔မိခင္ ဘယ္သူဘယ္ဝါမွန္း ဘယ္တုန္းကမွ မသိခဲ့ဘူးဆိုတာကို ဒီ႐ုပ္ရွင္ရဲ့ အစပိုင္းမွာတင္ ျမင္ေတြ႕ခဲ့ရပါတယ္။ Casper ရဲ့ မိခင္ဟာ သူ႔ကိုေမြးေနရင္း မီးတြင္းထဲမွာပဲ ေသဆုံးသြားတာ ျဖစ္ၿပီး Casper ဟာ သူ႔ရဲ့ဖခင္နဲ႔ပဲ က်န္ရစ္ခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Kat ဟာ ေဟာလိုးဝင္းပါတီအတြက္ ဘာဝတ္ရမွန္းမသိ ျဖစ္ေနတဲ့အခ်ိန္မွာ Casper က ကူညီေပးခဲ့ၿပီး သူ႔မိခင္ရဲ့ အဝတ္အစားေတြကို ဝတ္ဆင္ေစခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ စတင္ၿပီး Casper ဟာ သူ႔ရဲ့အတိတ္ကို ျပန္မွတ္မိလာပါေတာ့တယ္။

(3) Casper ဟာ ကေလးဘဝမွာတင္ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

Casper ဟာ သူ႔အေဖနဲ႔ ဘယ္လိုဘဝမ်ိဴး ေနထိုင္ခဲ့တယ္ဆိုတာကိုေတာ့ သိပ္ၿပီးမေဖာ္ျပခဲ့ေပမယ့္လည္း Casper ရဲ့ အေဖအတြက္ေတာ့ ဇနီးကို ဆုံးရႈံးထားၿပီး Single Dad အေနနဲ႔ ေနထိုင္ရတာ အေတာ္ခက္ခဲမွာပါ။ ဒီလိုနဲ႔ Casper ဟာ ပစၥည္းအေဟာင္းေတြကို လိုက္ၾကည့္ရင္းနဲ႔ သူ႔ရဲ့အတိတ္ဘဝအေၾကာင္းကို အနည္းငယ္ထပ္ၿပီး မွတ္မိလာပါတယ္။

Casper ဟာ သူ႔အေဖကို စြပ္ဖားလွည္းတစ္စီး ပူဆာခဲ့ၿပီး တစ္ေန႔လုံး၊ တစ္ညလုံး ႏွင္းေတာထဲမွာ ထိုင္ေနခဲ့ပါတယ္။ သူ႔အေဖက အိမ္ထဲကို ဝင္ဖို႔ေခၚတာေတာင္ မရခဲ့ပါဘူး။ ဒီလိုနဲ႔ ေနာက္ပိုင္းမွာေတာ့ Casper ဟာ ေနမေကာင္းျဖစ္သြားၿပီး သူ႔အေဖဟာလည္း ဝမ္းနည္းခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ Casper ဟာ နမိုးနီးယားေရာဂါနဲ႔ ေသဆုံးသြားတယ္လို႔ ယူဆလို႔ရပါတယ္။ Casper ရဲ့ အေဖကလည္း သူ႔ရဲ့ဇနီးေရာ၊ ကေလးေရာ ဆုံးရႈံးသြားတာေၾကာင့္ အေတာ္ေၾကကြဲခဲ့ပါတယ္။ Casper ကေတာ့ သူ႔အေဖ အထီးက်န္မေနေအာင္ တေစၧဘဝနဲ႔ သူ႔အေဖနားမွာ ဆက္လက္ေနထိုင္ခဲ့ပါတယ္။

(4) ဒီသရဲသုံးေကာင္က သူ႔ရဲ့ ဦးေလးအရင္းေတြ မဟုတ္ၾကပါဘူး။
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Casper ဟာ Kat နဲ႔ James ကို သူ႔ရဲ့ ဦးေလး သုံးေယာက္နဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ အဲ့ဒီသရဲသုံးေကာင္ကေတာ့ Casper နဲ႔ မတူဘဲ လူေတြကို ေျခာက္လွန႔္ရတာ သေဘာက်ပါတယ္။ ဒီသရဲသုံးေယာက္ဟာ Casper ရဲ့ တကယ့္ဦးေလးအရင္းေတြ မဟုတ္ဘူးဆိုတဲ့ သီအိုရီေတြ ရွိၿပီး Fandom မွာ ေဖာ္ျပထားခ်က္အရ ဆိုရင္ေတာ့ Uncle လို႔ ေခၚတာဟာ ဒီအတိုင္း ရိုေသသမႈနဲ႔ ေခၚတာျဖစ္ၿပီး တကယ့္ဦးေလးေတြ မဟုတ္ဘူးလို႔ ေဖာ္ျပထားပါတယ္။ Casper ဟာ ခ်စ္ဖို႔ေကာင္းတဲ့ တေစၧေလးတစ္ေယာက္ ျဖစ္ေပမယ့္လည္း ဒီလိုနာခံတတ္တာေၾကာင့္ ဒီသုံးေယာက္လက္ထဲကေန ဘယ္လိုမွ လြတ္ေျမာက္နိုင္မွာ မဟုတ္ပါဘူး။

(5) သူတို႔ေတြက Casper ကို ကြၽန္တစ္ေယာက္လို ခိုင္းေစၾကပါတယ္။
photo via screenrant

သူတို႔သုံးေယာက္ဟာ Casper ကို ကၽြန္တစ္ေယာက္လို ဆက္ဆံၾကတာေၾကာင့္ Casper ဟာ သူတို႔သုံးေယာက္ အနားမွာရွိေနရင္ ေၾကာက္ေနပါတယ္။ သူတို႔သုံးေယာက္အတြက္ စားေသာက္စရာေတြကို Casper က ျပင္ဆင္ေပးရသလို သူတို႔သုံးေယာက္ ျပဳလုပ္သြားသမၽွ ျပႆနာေတြကိုလည္း Casper ကပဲ လိုက္လံေျဖရွင္းရပါတယ္။ သူတို႔သုံးေယာက္ဟာ Casper ရဲ့ ဦးေလးအရင္း ဟုတ္ဟုတ္၊ မဟုတ္ဟုတ္ Casper ဟာ အနိုင္က်င့္ခံေနရတာပဲ ျဖစ္ပါတယ္။

(6) Casper ရဲ႕ အေဖဟာ စိတ္ပိုင္းဆိုင္ရာ အခက္အခဲေတြ ႀကဳံေတြ႕ခဲ့ရပါတယ္။
photo via screenrant

Casper ရဲ့ အေမဟာ ကေလးေမြးရင္း ေသဆုံးသြားသလို Casper ကလည္း ကေလးဘဝမွာပဲ နမိုးနီးယားေရာဂါနဲ႔ ေသဆုံးသြားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Casper ရဲ့ အေဖကေတာ့ စိတ္ပိုင္းဆိုင္ရာ အခက္အခဲေတြမ်ားစြာ ၾကဳံေတြ႕ခဲ့ရပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Casper ရဲ့ အေဖဟာ ေသဆုံးသြားသူေတြကို ျပန္လည္ ရွင္သန္ေစနိုင္တဲ့ စက္တစ္ခုကို တီထြင္ေနေၾကာင္း ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ သတင္းစာ အပိုင္းအစတစ္ခုမွာေတာ့ သူဟာ ႐ူးသြပ္သြားၿပီလို႔ေတာင္ ထည့္သြင္းထားတာ ျမင္ေတြ႕ခဲ့ရပါတယ္။

(7) Casper vs. Ghostbusters
photo via screenrant

Casper ဟာ အေပၚမွာေဖာ္ျပခဲ့သလိုပဲ ေကာမစ္ဇာတ္ေကာင္ကေန စတင္ခဲ့တာ ျဖစ္ၿပီး ၁၉၉၅ ခုႏွစ္မွာေတာ့ Live Action ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ Casper ႐ုပ္ရွင္ဟာ ေအာင္ျမင္မႈေတြ ရရွိေနတဲ့အခ်ိန္မွာပဲ Columbia Pictures ဟာ Box Office ကို လုယူသြားနိုင္တဲ့ Ghostbusters ကို စတင္ဖန္တီးခဲ့ပါတယ္။

Casper ကို ဖန္တီးခဲ့တဲ့ Harvey Comics ကလည္း Ghostbusters ရဲ့ လိုဂိုက Casper နဲ႔ ဆင္တူေနတာေၾကာင့္ တရားစြဲခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း တေစၧပုံစံကို ဖန္တီးတဲ့အခါမွာ ပုံစံအမ်ားႀကီး ဖန္တီးလို႔မရတာေၾကာင့္ Harvey Comics ဟာ တရားခြင္မွာ ရႈံးနိမ့္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီး Ghostbusters ႐ုပ္ရွင္ေတြဟာ ေအာင္ျမင္လာခဲ့ၿပီး Casper ကေတာ့ အခုခ်ိန္ထိ ေနာက္ထပ္႐ုပ္ရွင္ေတြ ထပ္ၿပီး မထြက္လာေတာ့ပါဘူး။

ဒါကေတာ့ ႐ုပ္ရွင္ခ်စ္သူေတြ ကေလးဘဝမွာ ၾကည့္ရႈခဲ့ဖူးေလာက္မယ့္ ဇာတ္ကားတစ္ကားျဖစ္တဲ့ Casper ရဲ့ ေနာက္ေၾကာင္းျဖစ္ရပ္အခ်ိဳ႕ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular