HomeCelebs Update NewsInternationalအချစ်စစ်မှန်ရင် တစ်သက်လုံး ခိုင်မြဲကြောင်း သက်သေပြထားတဲ့ နာမည်ကျော်စုံတွဲများ

အချစ်စစ်မှန်ရင် တစ်သက်လုံး ခိုင်မြဲကြောင်း သက်သေပြထားတဲ့ နာမည်ကျော်စုံတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်လို နာမည်ကျော်ကြားမှုနဲ့ ဂုဏ်ဒြပ်တွေ ပေါများတဲ့နေရာမှာ ချစ်သူစုံတွဲတွေဟာ သိပ်ကြာကြာ ခိုင်မြဲလေ့ မရှိပါဘူး။ အထူးသဖြင့် ဟုန်းဟုန်းတောက် နာမည်ကြီးတဲ့ ဆယ်လီတွေဆိုရင် ပိုပြီးတော့တောင် လမ်းခွဲရဖို့ကိန်း ရှိပါသေးတယ်။ သို့ပေမယ့် ဒါဟာ လူအားလုံးအတွက်တော့ မဟုတ်ပါဘူး။ ဟောလိဝုဒ်ရဲ့ နာမည်ကြီးဆယ်လီတွေထဲကမှ အချစ်စစ်ဆိုတာ နှစ်ပေါင်းများစွာ ခိုင်ခံ့ကြောင်း တည်မြဲတဲ့ အိမ်ထောင်ရေးနဲ့ သက်သေပြထားတဲ့ ဇနီးမောင်နှံတွေလည်း ရှိကြပါသေးတယ်။ အဲ့ဒီဇနီးမောင်နှံစုံတွဲတွေကတော့ …

Michael Caine နဲ့ Shakira Baksh
Photo via 9gag/ Photo via pinterest

နာမည်ကျော် မင်းသားကြီး Michael Caine ဟာ တစ်ချိန်မှာ သူ့ရဲ့ဇနီးသည်ဖြစ်လာမယ့် Shakira Baksh ကို ကော်ဖီကြော်ငြာတစ်ခုမှာ ပထမဆုံး မြင်တွေ့ခဲ့တာ ဖြစ်ပါတယ်။ မြင်မြင်ချင်းတည်းက ချစ်မိသွားတဲ့ မင်းသားကြီးဟာ Shakira ရဲ့အကြောင်းကို ချက်ချင်း စုံစမ်းပြီး ချစ်သူဖြစ်ရဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၃ခုနှစ်တည်းက Shakira Baksh နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခုထိဆိုရင် အိမ်ထောင်သက်(၄၈)နှစ် ရှိနေပြီ ဖြစ်ပါတယ်။

Ozzy Osbourne နဲ့ Sharon Osbourne
Photo: sharonosbourne/ Instagram

နာမည်ကျော် အဆိုတော်ကြီး Ozzy Osbourne ကတော့ နာမည်ကြီး ဟဲဗီးမက်တယ်လ် တီးဝိုင်း Black Sabbath ကနေ အရက်နဲ့ မူးယစ်ဆေးဝါးကိစ္စတွေကြောင့် ထုတ်ပယ်ခံလိုက်ရချိန်မှာ သူ့ဘဝရဲ့အလင်းရောင်ဖြစ်လာမယ့် Sharon နဲ့ အချစ်ခရီး စတင်ခဲ့တာ ဖြစ်ပါတယ်။ Sharon ဟာ Ozzy ရဲ့ ဆိုလို ဂီတခရီးကို အောင်မြင်လာအောင် ပံ့ပိုးကူညီနိုင်ခဲ့ပြီး နှစ်ယောက်သားလည်း ချစ်မိခဲ့ကြပါတယ်။ ဒါကြောင့် ချစ်သူသက်တမ်း သုံးနှစ်ခန့်အကြာမှာ လက်ထပ်ခဲ့ကြတာပါ။

သူတို့နှစ်ဦးရဲ့ဘဝမှာ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ အခက်အခဲပေါင်းစုံ ရှိခဲ့ကြပေမယ့် အတူတူ ရင်ဆိုင်ပြီး ဖြတ်သန်းနိုင်ခဲ့ကြပါတယ်။ Ozzy ကတော့ Sharon ကို သူ့ဘဝထက် ပိုချစ်တယ်လို့ ပြောဖူးပါတယ်။ အခုဆိုရင် သူတို့နှစ်ဦးရဲ့ အိမ်ထောင်သက်တမ်းဟာ (၄၂)နှစ် ရှိနေပြီ ဖြစ်ပါတယ်။

Samuel L. Jackson နဲ့ LaTanya Richardson
Photo: samuelljackson/ ltjackson/ Instagram

မင်းသားကြီး Samuel L. Jackson ဟာ ဇနီးဖြစ်သူ နာမည်ကျော် ဇာတ်ပို့မင်းသမီးကြီး LaTanya နဲ့ အိမ်ထောင်သက်(၄၁)နှစ် ရှိပြီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးဟာ အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်သန်းခဲ့ရပေမယ့် ယနေ့အထိ ခိုင်မြဲနေဆဲ ဖြစ်ပါတယ်။

သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မင်းသားကြီး ပြောဖူးတဲ့စကားတစ်ခု ရှိပါတယ်။ “အိမ်ထောင်သက် နှစ်သုံးဆယ်ကျော်လောက် ဖြစ်လာပြီဆိုရင် အားလုံး ငရဲကိုသာ သွားစမ်း၊ မင်းလည်းပဲ ထွက်သွားလိုက်လို့ ပြောနိုင်သလို သောက်ခွပဲ၊ တောင်းပန်ပါတယ်ကွာလို့လည်း ပြောနိုင်တဲ့ အခြေအနေပါပဲ … ” လို့ Samuel က ဆိုဖူးပါတယ်။

Sting နဲ့ Trudie Styler
Photo: trudiestyler/ Instagram

နာမည်ကျော် အဆိုတော်ကြီး Sting နဲ့ အမေရိကန် မင်းသမီးကြီး Trudie Styler တို့ဟာ ၁၉၈၂ခုနှစ်တည်းက စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး အဲ့ဒီ့အချိန်တည်းက မခွဲအတူ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၉၂ခုနှစ်မှာ တရားဝင်လက်ထပ်ခဲ့ကြပြီး အခုထိဆိုရင် သူတို့ရဲ့ချစ်သက်တမ်းဟာ (၂၉)နှစ်ကျော်ပြီ ဖြစ်ပါတယ်။

Sting ကတော့ သူ့ရဲ့ဇနီးသည် Trudie နဲ့ ပတ်သက်ပြီး တစ်ခါတုန်းက ပြောခဲ့ဖူးတာ ရှိပါတယ်။ “လူတစ်ယောက်တည်းကိုပဲ အမြဲတမ်း ရူးသွပ်၊ တပ်မက်သွားနိုင်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်မိခဲ့ဘူး။ ဒါပေမယ့် ခင်ဗျားကလည်း ဒီတစ်ယောက်တည်းကိုပဲ ချစ်တယ်၊ အဲ့ဒီ့တစ်ယောက်ကလည်း ခင်ဗျားကိုပဲ ချစ်တယ်ဆိုရင် ဘဝဆိုတာ နှိုင်းယှဉ်လို့ရတာတွေထက် ပိုပြီးကောင်းမွန်သွားတယ်ဗျ …. ” လို့ Sting က ပြောဖူးပါတယ်။

Kevin Bacon နဲ့ Kyra Sedgwick
Photo: kevinbacon/ Instagram

မင်းသား Kevin Bacon ဟာ အမေရိကန်သရုပ်ဆောင် Kyra Sedgwick နဲ့ အချိန်ကာလ ကြာမြင့်စွာ အတူရှိနေခဲ့သူ ဖြစ်ပါတယ်။ အစတုန်းက Kyra ဟာ Kevin နဲ့ အချစ်ဇာတ်လမ်းစဖို့ လုံးဝစိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမယ့်လည်း အချစ်သူရဲကောင်းကြီး Kevin ဘက်က လုံးဝဇွဲမလျှော့ဘဲ ကြိုးစားခဲ့တာကြောင့် တစ်ချိန်မှာတော့ Kyra ဘက်က အခွင့်အရေး ပေးလာခဲ့ပါတယ်။ ဒီလိုနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး လက်ထပ်ဖြစ်ခဲ့ကြတာ ယနေ့အထိပါပဲ။ အခုဆိုရင် အိမ်ထောင်သက် (၃၃)နှစ် ရှိနေပြီဖြစ်ကာ သားသမီးနှစ်ယောက် ထွန်းကားထားပါတယ်။

Lisa Kudrow နဲ့ Michel Stern
Photo via brightside

နာမည်ကျော် Friends ဇာတ်လမ်းတွဲထဲက မင်းသမီး Lisa Kudrow နဲ့ ပြင်သစ် စီးပွားရေးသမား Michel Stern တို့ကတော့ အိမ်ထောင်သက်(၂၆)နှစ် ရှိပါပြီ။ သူတို့နှစ်ဦးဟာ ၁၉၈၇ခုနှစ်က စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ဇာတ်လမ်းအစမှာ Lisa ဘက်က လုံးဝစိတ်မဝင်စားခဲ့ပါဘူး။ ဒီလိုနဲ့ နှစ်တွေကြာပြီး Friends ရိုက်ကွင်းမှာ ပြန်လည်တွေ့ဆုံကြတဲ့အခါမှာတော့ ချစ်သူတွေဘဝကို ရောက်ရှိခဲ့ပြီး မကြာခင်မှာပဲ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ သူတို့မောင်နှံမှာတော့ သားတစ်ယောက် ထွန်းကားထားပါတယ်။

Cindy Crawford နဲ့ Rande Gerber
Photo: cindycrawford/ randegerber/ Instagram

နာမည်ကျော် မော်ဒယ်လ် Cindy Crawford နဲ့ အမေရိကန် စီးပွားရေးသမား Rande Gerber တို့ရဲ့ အချစ်ခရီးကတော့ ဒီစာရင်းထဲက တစ်ခြားသူတွေထက် ထူးခြားပါတယ်။ အဲ့ဒါကတော့ သူတို့နှစ်ဦးဟာ ၁၉၉၅ခုနှစ်မှာ ချစ်သူတွေ စဖြစ်ခဲ့ပြီး သုံးနှစ်အကြာမှာတော့ Cindy ဘက်က Rande ကို လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ကတော့ (၂၃)နှစ်တာ အိမ်ထောင်ခရီးနဲ့ ကလေးနှစ်ယောက် ထွန်းကားထားပါတယ်။

Cindy ကတော့ သူမရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပြောပြဖူးတာ ရှိပါတယ်။ “ဒါဟာ သူငယ်ချင်းတွေအဖြစ်ကနေမှ ချစ်သူဘဝကို ရောက်ခဲ့ဖူးတဲ့ ကျွန်မရဲ့ပထမဆုံး အချစ်ရေးတစ်ခုပါ။ လူတိုင်းအတွက် ဒီလိုအချစ်ပုံစံမျိုးကိုကျွန်မကတော့ ထောက်ခံပေးချင်ပါတယ်။ အိမ်ထောင်ရေးအတွက် သူငယ်ချင်းသံယောဇဉ်လောက် ခိုင်မာတဲ့ ဖောင်ဒေးရှင်း မရှိပါဘူး …. ” လို့ Cindy က ဆိုဖူးပါတယ်။

Ben Stiller နဲ့ Christine Taylor
Photo via brightside

မင်းသား Ben Stiller နဲ့ အမေရိကန်သရုပ်ဆောင် Christine Taylor တို့ဟာ ပါတီတစ်ခုမှာ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ နောက်တော့မှ သိခဲ့ရတာကတော့ အဲ့ဒီ့တွေ့ဆုံမှုဟာ သူတို့နှစ်ဦးရဲ့ ကံတရားက သတ်မှတ်ပေးလိုက်တဲ့ အချစ်ခရီးလမ်းအစဆိုတာပါပဲ။ ၂၀၀၀ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ယနေ့အထိဆိုရင် အိမ်ထောင်သက်(၂၁)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၇ခုနှစ်မှာတော့ လမ်းခွဲခဲ့ကြပါသေးတယ်။ ဒါပေမယ့် အချစ်စစ် မှန်ကန်နေတာကြောင့် ပြန်လည်ပေါင်းစည်းခဲ့ကြပါတယ်။

Ben နဲ့ Christine တို့ဟာ ဇာတ်ကားတချို့မှာလည်း အတူတွဲပြီး သရုပ်ဆောင်ထားကြပါသေးတယ်။ သူတို့မှာ ကလေးနှစ်ယောက် ထွန်းကားထားပါတယ်။ “ကျွန်တော့်လို အချစ်ဆိုတာကို နားကန်းတစ်လုံး မသိတဲ့ လူတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ မင်းသမီးလေးကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေခဲ့ရုံပါပဲ … ” လို့ Ben က ဆိုဖူးပါတယ်။

Beyonce နဲ့ Jay Z
Photo via pinterest/ beyonce/ Instagram

နာမည်ကျော် R&B အဆို‌တော် Beyonce နဲ့ နာမည်ကျော် ရက်ပ်ပါ Jay Z တို့ဟာ ဟောလိဝုဒ်ရဲ့ အရှိန်အဝါကြီးတဲ့ မောင်နှံစုံတွဲတွေထဲမှာ ပါဝင်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၂ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့အချစ်ရေးကို အပြင်မှာ မပေါက်ကြားအောင် ကာလတစ်ခုအထိ သိုဝှက်ထားခဲ့ကြပါတယ်။

ဒါ့အပြင် သူတို့ရဲ့အချစ်ရေးနဲ့ ပုဂ္ဂိုလ်ရေးဘဝတွေအကြောင်း ပတ်သက်လာရင်လည်း အလွန်အမင်း လျှို့ဝှက်တတ်သူတွေ ဖြစ်ပါတယ်။ ဒါကပဲ ပျော်ရွှင်အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုရဲ့ အဓိကသော့ချက် ဖြစ်နိုင်ပါတယ်။ မလိုအပ်တဲ့ သူစိမ်းတွေကို အပါမခံမလေ၊ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရလေ ဖြစ်လို့ပါပဲ။ အခုဆိုရင် သူတို့ရဲ့ အိမ်ထောင်သက်ဟာ (၁၃)နှစ် ကြာမြင့်ပြီဖြစ်ကာ ကလေးသုံးယောက် ထွန်းကားထားပါတယ်။

Robert Downey Jr. နဲ့ Susan Levin
Photo via pinterest/ robertdowneyjr/ Instagram

နာမည်ကျော်မင်းသား Robert Downey Jr. ရဲ့ ဇနီးသည် Susan Levin ကတော့ အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးကတော့ အချိန်ယူခဲ့ရပေမယ့် တစ်ယောက်အတွက် တစ်ယောက် အရေးပါမှုကို ရှာတွေ့ခဲ့ကြပြီး အဲ့ဒီ့ထဲမှာ ပျော်ရွှင်မှုကိုပါ တစ်ပါတည်း ရှာဖွေနိုင်ခဲ့ကြပါတယ်။ Robert အတွက်ကတော့ Susan ကို ရှာတွေ့ခဲ့တာဟာ သူ့ဘဝရဲ့ တစ်ဆစ်ချိုး ပြောင်းလဲမှုကိုပါ ဖြစ်စေခဲ့တာပါ။

Robert နဲ့ Susan တို့ဟာ သူတို့ရဲ့အချစ်ကနေ အခက်အခဲတွေကို ရင်ဆိုင်ဖို့ ခွန်အားကို ဆွဲထုတ်နိုင်ခဲ့ကြပြီး Robert ဟာလည်း မူးယစ်ဆေးနဲ့ အရက်စွဲနေရာကနေ လူကောင်းပကတိဘဝကို ပြန်လည်တည့်မတ်နိုင်ခဲ့ပါတယ်။ ဇနီးသည်နဲ့ ပတ်သက်လို့ Robert ကတော့ … “မိန်းမ မရှိဘဲ နှစ်ပတ်လောက် နေရမှာလား? အဲ့ဒါကတော့ ကြာလွန်းပါတယ် … ” လို့ ပြောဖူးပါတယ်။ အခုထိဆိုရင်တော့ သူတို့ရဲ့အိမ်ထောင်သက်တမ်းဟာ (၁၆)နှစ် ရှိပြီ ဖြစ်ကာ ကလေးနှစ်ယောက် ထွန်းကားထားပါတယ်။

ဒါကတော့ ဟောလိဝုဒ်လို အကွဲအပြဲတွေ များတဲ့နေရာမှာ အချစ်စစ်တစ်ခုကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခဲ့ကြတဲ့ နာမည်ကျော်စုံတွဲတွေပဲ ဖြစ်ပါတယ်။ ရုပ်ဆိုးတဲ့ လမ်းခွဲမှုတွေကြားထဲမှာတော့ ဒီစုံတွဲတွေဟာ တကယ့်ကို စံပြအဖြစ် ရပ်တည်နေကြပါတယ်လို့ ဆိုရင်း … ။

Linda December

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္လို နာမည္ေက်ာ္ၾကားမႈနဲ႔ ဂုဏ္ျဒပ္ေတြ ေပါမ်ားတဲ့ေနရာမွာ ခ်စ္သူစုံတြဲေတြဟာ သိပ္ၾကာၾကာ ခိုင္ၿမဲေလ့ မရွိပါဘူး။ အထူးသျဖင့္ ဟုန္းဟုန္းေတာက္ နာမည္ႀကီးတဲ့ ဆယ္လီေတြဆိုရင္ ပိုၿပီးေတာ့ေတာင္ လမ္းခြဲရဖို႔ကိန္း ရွိပါေသးတယ္။ သို႔ေပမယ့္ ဒါဟာ လူအားလုံးအတြက္ေတာ့ မဟုတ္ပါဘူး။ ေဟာလိဝုဒ္ရဲ႕ နာမည္ႀကီးဆယ္လီေတြထဲကမွ အခ်စ္စစ္ဆိုတာ ႏွစ္ေပါင္းမ်ားစြာ ခိုင္ခံ့ေၾကာင္း တည္ၿမဲတဲ့ အိမ္ေထာင္ေရးနဲ႔ သက္ေသျပထားတဲ့ ဇနီးေမာင္ႏွံေတြလည္း ရွိၾကပါေသးတယ္။ အဲ့ဒီဇနီးေမာင္ႏွံစုံတြဲေတြကေတာ့ …

Michael Caine နဲ႔ Shakira Baksh
Photo via 9gag/ Photo via pinterest

နာမည္ေက်ာ္ မင္းသားႀကီး Michael Caine ဟာ တစ္ခ်ိန္မွာ သူ႔ရဲ႕ဇနီးသည္ျဖစ္လာမယ့္ Shakira Baksh ကို ေကာ္ဖီေၾကာ္ျငာတစ္ခုမွာ ပထမဆုံး ျမင္ေတြ႕ခဲ့တာ ျဖစ္ပါတယ္။ ျမင္ျမင္ခ်င္းတည္းက ခ်စ္မိသြားတဲ့ မင္းသားႀကီးဟာ Shakira ရဲ႕အေၾကာင္းကို ခ်က္ခ်င္း စုံစမ္းၿပီး ခ်စ္သူျဖစ္ရဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ ၁၉၇၃ခုႏွစ္တည္းက Shakira Baksh နဲ႔ လက္ထပ္ခဲ့တာျဖစ္ၿပီး အခုထိဆိုရင္ အိမ္ေထာင္သက္(၄၈)ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။

Ozzy Osbourne နဲ႔ Sharon Osbourne
Photo: sharonosbourne/ Instagram

နာမည္ေက်ာ္ အဆိုေတာ္ႀကီး Ozzy Osbourne ကေတာ့ နာမည္ႀကီး ဟဲဗီးမက္တယ္လ္ တီးဝိုင္း Black Sabbath ကေန အရက္နဲ႔ မူးယစ္ေဆးဝါးကိစၥေတြေၾကာင့္ ထုတ္ပယ္ခံလိုက္ရခ်ိန္မွာ သူ႔ဘဝရဲ႕အလင္းေရာင္ျဖစ္လာမယ့္ Sharon နဲ႔ အခ်စ္ခရီး စတင္ခဲ့တာ ျဖစ္ပါတယ္။ Sharon ဟာ Ozzy ရဲ႕ ဆိုလို ဂီတခရီးကို ေအာင္ျမင္လာေအာင္ ပံ့ပိုးကူညီႏိုင္ခဲ့ၿပီး ႏွစ္ေယာက္သားလည္း ခ်စ္မိခဲ့ၾကပါတယ္။ ဒါေၾကာင့္ ခ်စ္သူသက္တမ္း သုံးႏွစ္ခန႔္အၾကာမွာ လက္ထပ္ခဲ့ၾကတာပါ။

သူတို႔ႏွစ္ဦးရဲ႕ဘဝမွာ အနိမ့္အျမင့္၊ အတက္အက်ေတြနဲ႔ အခက္အခဲေပါင္းစုံ ရွိခဲ့ၾကေပမယ့္ အတူတူ ရင္ဆိုင္ၿပီး ျဖတ္သန္းႏိုင္ခဲ့ၾကပါတယ္။ Ozzy ကေတာ့ Sharon ကို သူ႔ဘဝထက္ ပိုခ်စ္တယ္လို႔ ေျပာဖူးပါတယ္။ အခုဆိုရင္ သူတို႔ႏွစ္ဦးရဲ႕ အိမ္ေထာင္သက္တမ္းဟာ (၄၂)ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။

Samuel L. Jackson နဲ႔ LaTanya Richardson
Photo: samuelljackson/ ltjackson/ Instagram

မင္းသားႀကီး Samuel L. Jackson ဟာ ဇနီးျဖစ္သူ နာမည္ေက်ာ္ ဇာတ္ပို႔မင္းသမီးႀကီး LaTanya နဲ႔ အိမ္ေထာင္သက္(၄၁)ႏွစ္ ရွိၿပီ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ အိမ္ေထာင္ေရးဟာ အခက္အခဲမ်ားစြာကို ရင္ဆိုင္ျဖတ္သန္းခဲ့ရေပမယ့္ ယေန႔အထိ ခိုင္ၿမဲေနဆဲ ျဖစ္ပါတယ္။

သူ႔ရဲ႕ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး မင္းသားႀကီး ေျပာဖူးတဲ့စကားတစ္ခု ရွိပါတယ္။ “အိမ္ေထာင္သက္ ႏွစ္သုံးဆယ္ေက်ာ္ေလာက္ ျဖစ္လာၿပီဆိုရင္ အားလုံး ငရဲကိုသာ သြားစမ္း၊ မင္းလည္းပဲ ထြက္သြားလိုက္လို႔ ေျပာႏိုင္သလို ေသာက္ခြပဲ၊ ေတာင္းပန္ပါတယ္ကြာလို႔လည္း ေျပာႏိုင္တဲ့ အေျခအေနပါပဲ … ” လို႔ Samuel က ဆိုဖူးပါတယ္။

Sting နဲ႔ Trudie Styler
Photo: trudiestyler/ Instagram

နာမည္ေက်ာ္ အဆိုေတာ္ႀကီး Sting နဲ႔ အေမရိကန္ မင္းသမီးႀကီး Trudie Styler တို႔ဟာ ၁၉၈၂ခုႏွစ္တည္းက စတင္ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ၿပီး အဲ့ဒီ့အခ်ိန္တည္းက မခြဲအတူ ရွိခဲ့ၾကတာ ျဖစ္ပါတယ္။ ၁၉၉၂ခုႏွစ္မွာ တရားဝင္လက္ထပ္ခဲ့ၾကၿပီး အခုထိဆိုရင္ သူတို႔ရဲ႕ခ်စ္သက္တမ္းဟာ (၂၉)ႏွစ္ေက်ာ္ၿပီ ျဖစ္ပါတယ္။

Sting ကေတာ့ သူ႔ရဲ႕ဇနီးသည္ Trudie နဲ႔ ပတ္သက္ၿပီး တစ္ခါတုန္းက ေျပာခဲ့ဖူးတာ ရွိပါတယ္။ “လူတစ္ေယာက္တည္းကိုပဲ အၿမဲတမ္း ႐ူးသြပ္၊ တပ္မက္သြားႏိုင္မယ္လို႔ ကြၽန္ေတာ္ ဘယ္တုန္းကမွ မထင္မိခဲ့ဘူး။ ဒါေပမယ့္ ခင္ဗ်ားကလည္း ဒီတစ္ေယာက္တည္းကိုပဲ ခ်စ္တယ္၊ အဲ့ဒီ့တစ္ေယာက္ကလည္း ခင္ဗ်ားကိုပဲ ခ်စ္တယ္ဆိုရင္ ဘဝဆိုတာ ႏႈိင္းယွဥ္လို႔ရတာေတြထက္ ပိုၿပီးေကာင္းမြန္သြားတယ္ဗ် …. ” လို႔ Sting က ေျပာဖူးပါတယ္။

Kevin Bacon နဲ႔ Kyra Sedgwick
Photo: kevinbacon/ Instagram

မင္းသား Kevin Bacon ဟာ အေမရိကန္သ႐ုပ္ေဆာင္ Kyra Sedgwick နဲ႔ အခ်ိန္ကာလ ၾကာျမင့္စြာ အတူရွိေနခဲ့သူ ျဖစ္ပါတယ္။ အစတုန္းက Kyra ဟာ Kevin နဲ႔ အခ်စ္ဇာတ္လမ္းစဖို႔ လုံးဝစိတ္မဝင္စားခဲ့ပါဘူး။ ဒါေပမယ့္လည္း အခ်စ္သူရဲေကာင္းႀကီး Kevin ဘက္က လုံးဝဇြဲမေလွ်ာ့ဘဲ ႀကိဳးစားခဲ့တာေၾကာင့္ တစ္ခ်ိန္မွာေတာ့ Kyra ဘက္က အခြင့္အေရး ေပးလာခဲ့ပါတယ္။ ဒီလိုနဲ႔ ခ်စ္သူေတြျဖစ္ခဲ့ၾကၿပီး လက္ထပ္ျဖစ္ခဲ့ၾကတာ ယေန႔အထိပါပဲ။ အခုဆိုရင္ အိမ္ေထာင္သက္ (၃၃)ႏွစ္ ရွိေနၿပီျဖစ္ကာ သားသမီးႏွစ္ေယာက္ ထြန္းကားထားပါတယ္။

Lisa Kudrow နဲ႔ Michel Stern
Photo via brightside

နာမည္ေက်ာ္ Friends ဇာတ္လမ္းတြဲထဲက မင္းသမီး Lisa Kudrow နဲ႔ ျပင္သစ္ စီးပြားေရးသမား Michel Stern တို႔ကေတာ့ အိမ္ေထာင္သက္(၂၆)ႏွစ္ ရွိပါၿပီ။ သူတို႔ႏွစ္ဦးဟာ ၁၉၈၇ခုႏွစ္က စတင္ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ၿပီး ဇာတ္လမ္းအစမွာ Lisa ဘက္က လုံးဝစိတ္မဝင္စားခဲ့ပါဘူး။ ဒီလိုနဲ႔ ႏွစ္ေတြၾကာၿပီး Friends ႐ိုက္ကြင္းမွာ ျပန္လည္ေတြ႕ဆုံၾကတဲ့အခါမွာေတာ့ ခ်စ္သူေတြဘဝကို ေရာက္ရွိခဲ့ၿပီး မၾကာခင္မွာပဲ လက္ထပ္ျဖစ္ခဲ့ၾကပါတယ္။ သူတို႔ေမာင္ႏွံမွာေတာ့ သားတစ္ေယာက္ ထြန္းကားထားပါတယ္။

Cindy Crawford နဲ႔ Rande Gerber
Photo: cindycrawford/ randegerber/ Instagram

နာမည္ေက်ာ္ ေမာ္ဒယ္လ္ Cindy Crawford နဲ႔ အေမရိကန္ စီးပြားေရးသမား Rande Gerber တို႔ရဲ႕ အခ်စ္ခရီးကေတာ့ ဒီစာရင္းထဲက တစ္ျခားသူေတြထက္ ထူးျခားပါတယ္။ အဲ့ဒါကေတာ့ သူတို႔ႏွစ္ဦးဟာ ၁၉၉၅ခုႏွစ္မွာ ခ်စ္သူေတြ စျဖစ္ခဲ့ၿပီး သုံးႏွစ္အၾကာမွာေတာ့ Cindy ဘက္က Rande ကို လက္ထပ္ခြင့္ေတာင္းခဲ့တာ ျဖစ္ပါတယ္။ ရလဒ္အေနနဲ႔ကေတာ့ (၂၃)ႏွစ္တာ အိမ္ေထာင္ခရီးနဲ႔ ကေလးႏွစ္ေယာက္ ထြန္းကားထားပါတယ္။

Cindy ကေတာ့ သူမရဲ႕အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး ေျပာျပဖူးတာ ရွိပါတယ္။ “ဒါဟာ သူငယ္ခ်င္းေတြအျဖစ္ကေနမွ ခ်စ္သူဘဝကို ေရာက္ခဲ့ဖူးတဲ့ ကြၽန္မရဲ႕ပထမဆုံး အခ်စ္ေရးတစ္ခုပါ။ လူတိုင္းအတြက္ ဒီလိုအခ်စ္ပုံစံမ်ိဳးကိုကြၽန္မကေတာ့ ေထာက္ခံေပးခ်င္ပါတယ္။ အိမ္ေထာင္ေရးအတြက္ သူငယ္ခ်င္းသံေယာဇဥ္ေလာက္ ခိုင္မာတဲ့ ေဖာင္ေဒးရွင္း မရွိပါဘူး …. ” လို႔ Cindy က ဆိုဖူးပါတယ္။

Ben Stiller နဲ႔ Christine Taylor
Photo via brightside

မင္းသား Ben Stiller နဲ႔ အေမရိကန္သ႐ုပ္ေဆာင္ Christine Taylor တို႔ဟာ ပါတီတစ္ခုမွာ စတင္ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။ ေနာက္ေတာ့မွ သိခဲ့ရတာကေတာ့ အဲ့ဒီ့ေတြ႕ဆုံမႈဟာ သူတို႔ႏွစ္ဦးရဲ႕ ကံတရားက သတ္မွတ္ေပးလိုက္တဲ့ အခ်စ္ခရီးလမ္းအစဆိုတာပါပဲ။ ၂၀၀၀ခုႏွစ္မွာ လက္ထပ္ခဲ့ၾကၿပီး ယေန႔အထိဆိုရင္ အိမ္ေထာင္သက္(၂၁)ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ၂၀၁၇ခုႏွစ္မွာေတာ့ လမ္းခြဲခဲ့ၾကပါေသးတယ္။ ဒါေပမယ့္ အခ်စ္စစ္ မွန္ကန္ေနတာေၾကာင့္ ျပန္လည္ေပါင္းစည္းခဲ့ၾကပါတယ္။

Ben နဲ႔ Christine တို႔ဟာ ဇာတ္ကားတခ်ိဳ႕မွာလည္း အတူတြဲၿပီး သ႐ုပ္ေဆာင္ထားၾကပါေသးတယ္။ သူတို႔မွာ ကေလးႏွစ္ေယာက္ ထြန္းကားထားပါတယ္။ “ကြၽန္ေတာ့္လို အခ်စ္ဆိုတာကို နားကန္းတစ္လုံး မသိတဲ့ လူတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ့္ရဲ႕ မင္းသမီးေလးကို ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ ေစာင့္ေနခဲ့႐ုံပါပဲ … ” လို႔ Ben က ဆိုဖူးပါတယ္။

Beyonce နဲ႔ Jay Z
Photo via pinterest/ beyonce/ Instagram

နာမည္ေက်ာ္ R&B အဆို‌ေတာ္ Beyonce နဲ႔ နာမည္ေက်ာ္ ရက္ပ္ပါ Jay Z တို႔ဟာ ေဟာလိဝုဒ္ရဲ႕ အရွိန္အဝါႀကီးတဲ့ ေမာင္ႏွံစုံတြဲေတြထဲမွာ ပါဝင္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ၂၀၀၂ခုႏွစ္မွာ စတင္ေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး သူတို႔ရဲ႕အခ်စ္ေရးကို အျပင္မွာ မေပါက္ၾကားေအာင္ ကာလတစ္ခုအထိ သိုဝွက္ထားခဲ့ၾကပါတယ္။

ဒါ့အျပင္ သူတို႔ရဲ႕အခ်စ္ေရးနဲ႔ ပုဂၢိဳလ္ေရးဘဝေတြအေၾကာင္း ပတ္သက္လာရင္လည္း အလြန္အမင္း လွ်ိဳ႕ဝွက္တတ္သူေတြ ျဖစ္ပါတယ္။ ဒါကပဲ ေပ်ာ္႐ႊင္ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးတစ္ခုရဲ႕ အဓိကေသာ့ခ်က္ ျဖစ္ႏိုင္ပါတယ္။ မလိုအပ္တဲ့ သူစိမ္းေတြကို အပါမခံမေလ၊ ေအာင္ျမင္ေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ရေလ ျဖစ္လို႔ပါပဲ။ အခုဆိုရင္ သူတို႔ရဲ႕ အိမ္ေထာင္သက္ဟာ (၁၃)ႏွစ္ ၾကာျမင့္ၿပီျဖစ္ကာ ကေလးသုံးေယာက္ ထြန္းကားထားပါတယ္။

Robert Downey Jr. နဲ႔ Susan Levin
Photo via pinterest/ robertdowneyjr/ Instagram

နာမည္ေက်ာ္မင္းသား Robert Downey Jr. ရဲ႕ ဇနီးသည္ Susan Levin ကေတာ့ အေမရိကန္ ႐ုပ္ရွင္ထုတ္လုပ္သူတစ္ေယာက္ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ခရီးကေတာ့ အခ်ိန္ယူခဲ့ရေပမယ့္ တစ္ေယာက္အတြက္ တစ္ေယာက္ အေရးပါမႈကို ရွာေတြ႕ခဲ့ၾကၿပီး အဲ့ဒီ့ထဲမွာ ေပ်ာ္႐ႊင္မႈကိုပါ တစ္ပါတည္း ရွာေဖြႏိုင္ခဲ့ၾကပါတယ္။ Robert အတြက္ကေတာ့ Susan ကို ရွာေတြ႕ခဲ့တာဟာ သူ႔ဘဝရဲ႕ တစ္ဆစ္ခ်ိဳး ေျပာင္းလဲမႈကိုပါ ျဖစ္ေစခဲ့တာပါ။

Robert နဲ႔ Susan တို႔ဟာ သူတို႔ရဲ႕အခ်စ္ကေန အခက္အခဲေတြကို ရင္ဆိုင္ဖို႔ ခြန္အားကို ဆြဲထုတ္ႏိုင္ခဲ့ၾကၿပီး Robert ဟာလည္း မူးယစ္ေဆးနဲ႔ အရက္စြဲေနရာကေန လူေကာင္းပကတိဘဝကို ျပန္လည္တည့္မတ္ႏိုင္ခဲ့ပါတယ္။ ဇနီးသည္နဲ႔ ပတ္သက္လို႔ Robert ကေတာ့ … “မိန္းမ မရွိဘဲ ႏွစ္ပတ္ေလာက္ ေနရမွာလား? အဲ့ဒါကေတာ့ ၾကာလြန္းပါတယ္ … ” လို႔ ေျပာဖူးပါတယ္။ အခုထိဆိုရင္ေတာ့ သူတို႔ရဲ႕အိမ္ေထာင္သက္တမ္းဟာ (၁၆)ႏွစ္ ရွိၿပီ ျဖစ္ကာ ကေလးႏွစ္ေယာက္ ထြန္းကားထားပါတယ္။

ဒါကေတာ့ ေဟာလိဝုဒ္လို အကြဲအၿပဲေတြ မ်ားတဲ့ေနရာမွာ အခ်စ္စစ္တစ္ခုကို ေရရွည္တည္တံ့ေအာင္ ထိန္းသိမ္းႏိုင္ခဲ့ၾကတဲ့ နာမည္ေက်ာ္စုံတြဲေတြပဲ ျဖစ္ပါတယ္။ ႐ုပ္ဆိုးတဲ့ လမ္းခြဲမႈေတြၾကားထဲမွာေတာ့ ဒီစုံတြဲေတြဟာ တကယ့္ကို စံျပအျဖစ္ ရပ္တည္ေနၾကပါတယ္လို႔ ဆိုရင္း … ။

Linda December

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular