HomeCelebs Update NewsInternationalBlack Panther သရုပ်ဆောင် Chadwick Boseman အူမကြီးကင်ဆာနဲ့ ကွယ်လွန်

Black Panther သရုပ်ဆောင် Chadwick Boseman အူမကြီးကင်ဆာနဲ့ ကွယ်လွန်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Black Panther သရုပ်ဆောင် Chadwick Boseman ဟာ ဩဂုတ်လ(၂၈)ရက်နေ့မှာ လေးနှစ်ကြာ ခံစားလာခဲ့ရတဲ့ အူမကြီးကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၄၃)နှစ်သာ ရှိပါသေးတယ်။

Chadwick ရဲ့ အကျော်ကြားဆုံး ဇာတ်ရုပ်ကတော့ Marvel Cinematic Universe ထဲက Black Panther ဇာတ်ကောင် ဖြစ်ပါတယ်။ Black Panther နဲ့မှ ပိုပြီးလူသိများလာပေမယ့် သူဟာ ဟိုးယခင် နှစ်ပေါင်းများစွာတည်းက သရုပ်ဆောင်လောကကို ရောက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ သူဟာ James Brown နဲ့ Jackie Robinson တို့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိရုပ်ရှင်တွေမှာလည်း အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးသူပါ။

Photo: chadwickboseman/ Instagram

AP သတင်းဌာနရဲ့ ဖော်ပြချက်အရ Chadwick ဟာ အူမကြီးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ Chadwick ဟာ သူခံစားနေရတဲ့ ရောဂါအကြောင်းကို လူထုရှေ့မှာ ဘယ်တုန်းကမှ ထုတ်ပြောခဲ့ခြင်း မရှိဘဲ လျှို့ဝှက်ချက်တစ်ခုအဖြစ် ကျွမ်းကျင်စွာ ထိန်းသိမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

ကင်ဆာရောဂါကို ခံစားနေရပေမယ့် Marvel ရဲ့ နာမည်ကြီး စူပါဟီးရိုးဇာတ်ကောင်နေရာမှာ အောင်မြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာဟာ အင်မတန် ချီးကျူးစရာ ဖြစ်ပါတယ်။ အကြောင်းကတော့ စူပါဟီးရိုးဇာတ်ရုပ်အဖြစ် အောင်မြင်စွာ သရုပ်ဆောင်နိုင်ဖို့ဟာ မြောက်များစွာသော စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်မှ ဖြစ်မှာပါ။ အူမကြီးကင်ဆာ ဝေဒနာ ခံစားနေရင်းက စူပါဟီးရိုး ဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်ခဲ့တာကတော့ တကယ့် မဟာလူသားလို့ပဲ ပြောရမှာပါ။ Chadwick ဟာ ၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Marshall ဆိုတဲ့ရုပ်ရှင်ကားကနေ နောက်ဆုံးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေအထိ ကီမိုဆေးသွင်းရင်း၊ ခွဲစိတ်မှုများစွာ ခံယူရင်း ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။

Photo: chadwickboseman/ Instagram

Chadwick ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်ကားကတော့ Da 5 Bloods ဖြစ်ပြီး Netflix က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီ့ဇာတ်ကားထဲမှာတော့ ဗီယက်နမ်စစ်ပွဲမှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ အမေရိကန်စစ်သား Stormin Norman ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ထားပါတယ်။

ဒါ့အပြင် ဒါရိုက်တာ George C. Wolfe ရဲ့ Ma Rainey’s Black Bottom ဆိုတဲ့ ဇာတ်ကားမှာလည်း Levee ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကတော့ ရိုက်ကူးပြီးစီးသွားပြီဖြစ်ပြီး မကြာခင်မှာ ထုတ်လွှင့်ပြသသွားဖို့ ရှိပါတယ်။ ဒါဟာ Chadwick ရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားလည်း ဖြစ်နိုင်ပါတယ်။

Photo: chadwickboseman/ Instagram

Marvel နဲ့ ပတ်သက်ရင်တော့ Chadwick ဟာ Disney+ မှာ ပြသမယ့် What If ဆိုတဲ့ ဇာတ်လမ်းတွဲမှာ Black Panther နေရာကနေ ပါဝင်ဖို့ စီစဉ်ထားတာဖြစ်ပြီး Black Panther 2 ဆိုလိုရုပ်ရှင်အတွက်လည်း ပြန်လည် ပါဝင်ဖို့ စီစဉ်ထားပြီးသား ဖြစ်ပါတယ်။ Black Panther 2 ကတော့ အခုမှ ပြင်ဆင်မှုတွေ ပြုလုပ်နေဆဲပဲ ရှိသေးတာကြောင့် Marvel အနေနဲ့ ကာရိုက်တာ အစားထိုးမလား၊ သရုပ်ဆောင် အစားထိုးမလား၊ ဒါမှမဟုတ် လုံးဝ ဖျက်သိမ်းလိုက်မလားဆိုတာ တစ်ခုခု စီစဉ်ရမှာ ဖြစ်ပါတယ်။

မင်းသား Chadwick ဟာ သူ့ရဲ့ Black Panther ဇာတ်ရုပ်မတိုင်ခင်တည်းက လူမှုကူညီရေးတွေနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေအတွက် တက်ကြွလှုပ်ရှားမှုတွေမှာ ရှေ့တန်းက ပါဝင်ခဲ့သူအဖြစ် နာမည်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ MLB ကစားသမား Jackie Robinson ရဲ့ အမှတ်တရ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Chadwick ဟာ ဧပြီလမှာ ကျရောက်တဲ့ Jackie Robinson အထိမ်းအမှတ်နေ့အဖြစ် ဒေါ်လာ(၄.၂)သန်း လှူဒါန်းရာမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ အဆိုပါ Jackie Robinson အထိမ်းအမှတ်နေ့ကို MLB က ကစားကွင်းထဲမှာ တကယ် ကျင်းပခဲ့တဲ့နေ့ဟာလည်း တိုက်ဆိုင်စွာနဲ့ Chadwick ကွယ်လွန်တဲ့ ဩဂုတ်လ(၂၈)ရက်နေ့ ဖြစ်နေပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

Black Panther သ႐ုပ္ေဆာင္ Chadwick Boseman ဟာ ဩဂုတ္လ(၂၈)ရက္ေန႔မွာ ေလးႏွစ္ၾကာ ခံစားလာခဲ့ရတဲ့ အူမႀကီးကင္ဆာနဲ႔ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္(၄၃)ႏွစ္သာ ရွိပါေသးတယ္။

Chadwick ရဲ႕ အေက်ာ္ၾကားဆုံး ဇာတ္႐ုပ္ကေတာ့ Marvel Cinematic Universe ထဲက Black Panther ဇာတ္ေကာင္ ျဖစ္ပါတယ္။ Black Panther နဲ႔မွ ပိုၿပီးလူသိမ်ားလာေပမယ့္ သူဟာ ဟိုးယခင္ ႏွစ္ေပါင္းမ်ားစြာတည္းက သ႐ုပ္ေဆာင္ေလာကကို ေရာက္ရွိေနခဲ့သူ ျဖစ္ပါတယ္။ သူဟာ James Brown နဲ႔ Jackie Robinson တို႔ရဲ႕ ကိုယ္ေရးအတၳဳပၸတၱိ႐ုပ္ရွင္ေတြမွာလည္း အဓိက ဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ခဲ့ဖူးသူပါ။

Photo: chadwickboseman/ Instagram

AP သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Chadwick ဟာ အူမႀကီးကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားတယ္လို႔ သိရပါတယ္။ Chadwick ဟာ သူခံစားေနရတဲ့ ေရာဂါအေၾကာင္းကို လူထုေရွ႕မွာ ဘယ္တုန္းကမွ ထုတ္ေျပာခဲ့ျခင္း မရွိဘဲ လွ်ိဳ႕ဝွက္ခ်က္တစ္ခုအျဖစ္ ကြၽမ္းက်င္စြာ ထိန္းသိမ္းႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ကင္ဆာေရာဂါကို ခံစားေနရေပမယ့္ Marvel ရဲ႕ နာမည္ႀကီး စူပါဟီး႐ိုးဇာတ္ေကာင္ေနရာမွာ ေအာင္ျမင္စြာ သ႐ုပ္ေဆာင္ႏိုင္ခဲ့တာဟာ အင္မတန္ ခ်ီးက်ဴးစရာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ စူပါဟီး႐ိုးဇာတ္႐ုပ္အျဖစ္ ေအာင္ျမင္စြာ သ႐ုပ္ေဆာင္ႏိုင္ဖို႔ဟာ ေျမာက္မ်ားစြာေသာ စိန္ေခၚမႈေတြကို ေက်ာ္ျဖတ္ႏိုင္မွ ျဖစ္မွာပါ။ အူမႀကီးကင္ဆာ ေဝဒနာ ခံစားေနရင္းက စူပါဟီး႐ိုး ဇာတ္႐ုပ္ကို သ႐ုပ္ေဆာင္ႏိုင္ခဲ့တာကေတာ့ တကယ့္ မဟာလူသားလို႔ပဲ ေျပာရမွာပါ။ Chadwick ဟာ ၂၀၁၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ Marshall ဆိုတဲ့႐ုပ္ရွင္ကားကေန ေနာက္ဆုံး႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြအထိ ကီမိုေဆးသြင္းရင္း၊ ခြဲစိတ္မႈမ်ားစြာ ခံယူရင္း ႐ိုက္ကူးခဲ့သူလည္း ျဖစ္ပါတယ္။

Photo: chadwickboseman/ Instagram

Chadwick ရဲ႕ ေနာက္ဆုံးထြက္ရွိထားတဲ့ ဇာတ္ကားကေတာ့ Da 5 Bloods ျဖစ္ၿပီး Netflix က ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒီ့ဇာတ္ကားထဲမွာေတာ့ ဗီယက္နမ္စစ္ပြဲမွာ တိုက္ပြဲဝင္ရင္း က်ဆုံးသြားတဲ့ အေမရိကန္စစ္သား Stormin Norman ဆိုတဲ့ ဇာတ္႐ုပ္ကေန ပါဝင္ထားပါတယ္။

ဒါ့အျပင္ ဒါ႐ိုက္တာ George C. Wolfe ရဲ႕ Ma Rainey’s Black Bottom ဆိုတဲ့ ဇာတ္ကားမွာလည္း Levee ဆိုတဲ့ ဇာတ္႐ုပ္ကေန ပါဝင္ထားပါတယ္။ ဒီဇာတ္ကားကေတာ့ ႐ိုက္ကူးၿပီးစီးသြားၿပီျဖစ္ၿပီး မၾကာခင္မွာ ထုတ္လႊင့္ျပသသြားဖို႔ ရွိပါတယ္။ ဒါဟာ Chadwick ရဲ႕ ေနာက္ဆုံး႐ုပ္ရွင္ဇာတ္ကားလည္း ျဖစ္ႏိုင္ပါတယ္။

Photo: chadwickboseman/ Instagram

Marvel နဲ႔ ပတ္သက္ရင္ေတာ့ Chadwick ဟာ Disney+ မွာ ျပသမယ့္ What If ဆိုတဲ့ ဇာတ္လမ္းတြဲမွာ Black Panther ေနရာကေန ပါဝင္ဖို႔ စီစဥ္ထားတာျဖစ္ၿပီး Black Panther 2 ဆိုလို႐ုပ္ရွင္အတြက္လည္း ျပန္လည္ ပါဝင္ဖို႔ စီစဥ္ထားၿပီးသား ျဖစ္ပါတယ္။ Black Panther 2 ကေတာ့ အခုမွ ျပင္ဆင္မႈေတြ ျပဳလုပ္ေနဆဲပဲ ရွိေသးတာေၾကာင့္ Marvel အေနနဲ႔ ကာ႐ိုက္တာ အစားထိုးမလား၊ သ႐ုပ္ေဆာင္ အစားထိုးမလား၊ ဒါမွမဟုတ္ လုံးဝ ဖ်က္သိမ္းလိုက္မလားဆိုတာ တစ္ခုခု စီစဥ္ရမွာ ျဖစ္ပါတယ္။

မင္းသား Chadwick ဟာ သူ႔ရဲ႕ Black Panther ဇာတ္႐ုပ္မတိုင္ခင္တည္းက လူမႈကူညီေရးေတြနဲ႔ လူမ်ိဳးေရး ခြဲျခားဆက္ဆံမႈေတြအတြက္ တက္ႂကြလႈပ္ရွားမႈေတြမွာ ေရွ႕တန္းက ပါဝင္ခဲ့သူအျဖစ္ နာမည္ေက်ာ္ၾကားခဲ့သူ ျဖစ္ပါတယ္။ MLB ကစားသမား Jackie Robinson ရဲ႕ အမွတ္တရ ႐ုပ္ရွင္မွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Chadwick ဟာ ဧၿပီလမွာ က်ေရာက္တဲ့ Jackie Robinson အထိမ္းအမွတ္ေန႔အျဖစ္ ေဒၚလာ(၄.၂)သန္း လႉဒါန္းရာမွာလည္း ပါဝင္ခဲ့သူ ျဖစ္ပါတယ္။ အဆိုပါ Jackie Robinson အထိမ္းအမွတ္ေန႔ကို MLB က ကစားကြင္းထဲမွာ တကယ္ က်င္းပခဲ့တဲ့ေန႔ဟာလည္း တိုက္ဆိုင္စြာနဲ႔ Chadwick ကြယ္လြန္တဲ့ ဩဂုတ္လ(၂၈)ရက္ေန႔ ျဖစ္ေနပါတယ္။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular