HomeCelebs Update NewsInternationalကလေးရထားတယ်ဆိုတဲ့ Lizzo ရဲ့ နောက်ပြောင်မှုကို တုံ့ပြန်လာတဲ့ Chris Evans 

ကလေးရထားတယ်ဆိုတဲ့ Lizzo ရဲ့ နောက်ပြောင်မှုကို တုံ့ပြန်လာတဲ့ Chris Evans 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေရဲ့ အချစ်တော် မင်းသား Chris Evans ကတော့ အဆိုတော် Lizzo ရဲ့ စနောက်မှုကို ဟာသဉာဏ်ရွှင်စွာနဲ့ပဲ ပြန်လည်တုံ့ပြန်လာပါတယ်။

အဲဒါကတော့ ပြီးခဲ့တဲ့အပတ်ကပဲ Lizzo ဟာ Captain America နဲ့ ကလေးရထားပြီး မကြာခင်မှာ Little America လေး မွေးလာတော့မယ်လို့ နောက်ပြောင်ထားတဲ့ ဗွီဒီယိုတစ်ခုကို TikTok မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ Lizzo ရဲ့ နောက်ပြောင်မှုကို Chris က စာပြန်ပို့ပြီး ဟာသပြန်နှောလိုက်တာ ဖြစ်ပါတယ်။

Photo: teamcevans/ Instagram

“ဟိုင်း … ကျွန်တော်တို့ရဲ့ ပျော်စရာသတင်းလေးအကြောင်း အခုပဲ ကြားလိုက်ရပါတယ်။ ကျွန်တော့်အမေတော့ ပျော်နေတော့မယ်ဗျာ … Lol ” ဆိုပြီး Chris က မက်ဆေ့ချ်ပို့လာကာ ပြန်လည် စနောက်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် “ကလေးရဲ့ gender reveal ပါတီတော့ မလုပ်တော့ဘူးလို့ ကတိပေးပါနော် … LoL  ” လို့ Chris က Lizzo ဆီ စာပြန်ပို့ထားတာပါ။

ဒီမှာတင် Lizzo ဟာ TikTok မှာ နောက်ထပ် ဗွီဒီယိုတစ်ခုတင်ပြီး အဆိုပါ အင်စတာဂရမ်က မက်ဆေ့ချ်ကို ရည်ညွှန်းကာ ထပ်ပြီး အရွှန်းဖောက်နေပါတော့တယ်။ “ဘုရားသခင် !!! ဟဲ့တို့ရေ … သူ ကျွန်မဗိုက်ကို မြင်သွားပြီရှင့်။ ကျွန်မတို့ လုပ်နိုင်ခဲ့ပြီ။ အခု ရှင်တို့အားလုံး ကလေးနာမည် ဝိုင်းစဉ်းစားပေးကြပါဦး။ ကျွန်မကလေးရဲ့ နာမည်ကို ဘယ်လိုလေး ပေးကြမှာလဲ … ” လို့ ထပ်ပြီး နောက်ပြောင်ထားပါတယ်။

Photo: lizzobeeating/ Instagram

တကယ်တော့ Lizzo ဟာ Captain America သရုပ်ဆောင် မင်းသား Chris Evans ကို အလွန်နှစ်သက် အားပေးပြီး ခရက်ရှ်နေတဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမ အရက်မူးနေတုန်းမှာ မင်းသားရဲ့ အင်စတာဂရမ်အကောင့်ဆီကို မက်ဆေ့ချ် သွားပို့ရာက ဇာတ်လမ်းစတင်ခဲ့တာ ဖြစ်ပါတယ်။

Chris ဘက်ကလည်း သူမရဲ့မက်ဆေ့ချ်ကို စာပြန်လာရာက Lizzo တစ်ယောက် ပီတိတွေ ဖြာပြီး အခုလို ဆက်လက် နောက်ပြောင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း Chris Evans ဟာ “အရက်မူးနေတုန်း စာပို့မိတာကို မရှက်ပါနဲ့ဗျာ … ” လို့ Lizzo ဆီ စာပြန်ခဲ့တာပါ။

Photo: teamcevans/ Instagram

ဒါတင်မက “ဘုရား သိပါတယ်။ ကျွန်တော် ဒီ app မှာ ပိုဆိုးတာတောင် လုပ်ခဲ့ဖူးသေးတယ် … ” လို့ မျက်နှာကို လက်နဲ့အုပ်နေတဲ့ အီမိုဂျီနဲ့ ပြန်ပြောခဲ့ပါသေးတယ်။ ဒါကတော့ မနှစ်တုန်းက သူ့ရဲ့ အင်စတာဂရမ် စတိုရီမှာ ဝတ်လစ်စလစ်ပုံတစ်ခုကို မတော်တဆ လူတွေမြင်သွားခဲ့တဲ့အကြောင်းကို ရည်ညွှန်းထားတာ ဖြစ်ပုံရပါတယ်။

ဘာပဲဖြစ်ဖြစ် ပျော်တတ်တဲ့ Lizzo နဲ့ မာနမကြီးဘဲ သဘောထား သိမ်မွေ့တဲ့ Chris Evans ရဲ့ နောက်ပြောင်မှုဟာ ပရိသတ်တွေအားလုံးကိုတော့ ပြုံးမိစေမှာ အမှန်ပါပဲ။

Glasgow

Source: people

(Zawgyi Version)

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ မင္းသား Chris Evans ကေတာ့ အဆိုေတာ္ Lizzo ရဲ႕ စေနာက္မႈကို ဟာသဉာဏ္႐ႊင္စြာနဲ႔ပဲ ျပန္လည္တုံ႔ျပန္လာပါတယ္။

အဲဒါကေတာ့ ၿပီးခဲ့တဲ့အပတ္ကပဲ Lizzo ဟာ Captain America နဲ႔ ကေလးရထားၿပီး မၾကာခင္မွာ Little America ေလး ေမြးလာေတာ့မယ္လို႔ ေနာက္ေျပာင္ထားတဲ့ ဗြီဒီယိုတစ္ခုကို TikTok မွာ တင္ခဲ့တာ ျဖစ္ပါတယ္။ ရက္အနည္းငယ္ၾကာၿပီးေနာက္မွာေတာ့ Lizzo ရဲ႕ ေနာက္ေျပာင္မႈကို Chris က စာျပန္ပို႔ၿပီး ဟာသျပန္ေႏွာလိုက္တာ ျဖစ္ပါတယ္။

Photo: teamcevans/ Instagram

“ဟိုင္း … ကြၽန္ေတာ္တို႔ရဲ႕ ေပ်ာ္စရာသတင္းေလးအေၾကာင္း အခုပဲ ၾကားလိုက္ရပါတယ္။ ကြၽန္ေတာ့္အေမေတာ့ ေပ်ာ္ေနေတာ့မယ္ဗ်ာ … Lol ” ဆိုၿပီး Chris က မက္ေဆ့ခ်္ပို႔လာကာ ျပန္လည္ စေနာက္လိုက္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ “ကေလးရဲ႕ gender reveal ပါတီေတာ့ မလုပ္ေတာ့ဘူးလို႔ ကတိေပးပါေနာ္ … LoL  ” လို႔ Chris က Lizzo ဆီ စာျပန္ပို႔ထားတာပါ။

ဒီမွာတင္ Lizzo ဟာ TikTok မွာ ေနာက္ထပ္ ဗြီဒီယိုတစ္ခုတင္ၿပီး အဆိုပါ အင္စတာဂရမ္က မက္ေဆ့ခ်္ကို ရည္ၫႊန္းကာ ထပ္ၿပီး အ႐ႊန္းေဖာက္ေနပါေတာ့တယ္။ “ဘုရားသခင္ !!! ဟဲ့တို႔ေရ … သူ ကြၽန္မဗိုက္ကို ျမင္သြားၿပီရွင့္။ ကြၽန္မတို႔ လုပ္ႏိုင္ခဲ့ၿပီ။ အခု ရွင္တို႔အားလုံး ကေလးနာမည္ ဝိုင္းစဥ္းစားေပးၾကပါဦး။ ကြၽန္မကေလးရဲ႕ နာမည္ကို ဘယ္လိုေလး ေပးၾကမွာလဲ … ” လို႔ ထပ္ၿပီး ေနာက္ေျပာင္ထားပါတယ္။

Photo: lizzobeeating/ Instagram

တကယ္ေတာ့ Lizzo ဟာ Captain America သ႐ုပ္ေဆာင္ မင္းသား Chris Evans ကို အလြန္ႏွစ္သက္ အားေပးၿပီး ခရက္ရွ္ေနတဲ့ အမာခံပရိသတ္တစ္ဦး ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူမ အရက္မူးေနတုန္းမွာ မင္းသားရဲ႕ အင္စတာဂရမ္အေကာင့္ဆီကို မက္ေဆ့ခ်္ သြားပို႔ရာက ဇာတ္လမ္းစတင္ခဲ့တာ ျဖစ္ပါတယ္။

Chris ဘက္ကလည္း သူမရဲ႕မက္ေဆ့ခ်္ကို စာျပန္လာရာက Lizzo တစ္ေယာက္ ပီတိေတြ ျဖာၿပီး အခုလို ဆက္လက္ ေနာက္ေျပာင္ေနခဲ့တာ ျဖစ္ပါတယ္။ အဲဒီတုန္းကလည္း Chris Evans ဟာ “အရက္မူးေနတုန္း စာပို႔မိတာကို မရွက္ပါနဲ႔ဗ်ာ … ” လို႔ Lizzo ဆီ စာျပန္ခဲ့တာပါ။

Photo: teamcevans/ Instagram

ဒါတင္မက “ဘုရား သိပါတယ္။ ကြၽန္ေတာ္ ဒီ app မွာ ပိုဆိုးတာေတာင္ လုပ္ခဲ့ဖူးေသးတယ္ … ” လို႔ မ်က္ႏွာကို လက္နဲ႔အုပ္ေနတဲ့ အီမိုဂ်ီနဲ႔ ျပန္ေျပာခဲ့ပါေသးတယ္။ ဒါကေတာ့ မႏွစ္တုန္းက သူ႔ရဲ႕ အင္စတာဂရမ္ စတိုရီမွာ ဝတ္လစ္စလစ္ပုံတစ္ခုကို မေတာ္တဆ လူေတြျမင္သြားခဲ့တဲ့အေၾကာင္းကို ရည္ၫႊန္းထားတာ ျဖစ္ပုံရပါတယ္။

ဘာပဲျဖစ္ျဖစ္ ေပ်ာ္တတ္တဲ့ Lizzo နဲ႔ မာနမႀကီးဘဲ သေဘာထား သိမ္ေမြ႕တဲ့ Chris Evans ရဲ႕ ေနာက္ေျပာင္မႈဟာ ပရိသတ္ေတြအားလုံးကိုေတာ့ ၿပဳံးမိေစမွာ အမွန္ပါပဲ။

Glasgow

Source: people

RELATED ARTICLES

Most Popular