HomeAnimeပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ဟာသ anime ဇာတ်လမ်းတွဲများ

ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ဟာသ anime ဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime တွေဟာ ကွဲထွက်နေတဲ့ ကိုယ်ပိုင်ဟန်နဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ anime လို့ ပြောလိုက်ရင် အက်ရှင် ၊ ဟာသ ၊ slice of life ၊ horror စသဖြင့် အမျိုးအစား အများကြီး ရှိတာကို သိထားကြမှာပါ။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ရီရီမောမော ကြည့်ရှုချင်တဲ့သူတွေအတွက် ဟာသ anime ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Cells at Work!
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (7.6) ရထားပါတယ်။ ဒီ anime ဟာ ပုံမှန်နဲ့မတူဘဲ အနည်းငယ်ထူးခြားနေတဲ့ ဟာသဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဆဲလ်ပေါင်း ခန့်မှန်းချေ (၃၇) တြီလျံလောက် ရှိနေပြီးတော့ အဲ့ဒီဆဲလ်တွေ အကုန်လုံးဟာ နေ့တိုင်း အလုပ်ကြိုးစား နေရပါတယ်။ ဇာတ်လမ်းကတော့ အဲ့ဒီဆဲလ်တွေကို ဇာတ်ကောင်ပုံစံတွေ ဖန်တီးပြီးတော့ သူတို့ရဲ့ ဇာတ်လမ်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

(6) The Devil is a Part-Timer!
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်မှာ  ထွက်ခဲ့တာဖြစ်ပြီး IMDb (7.7) ရခဲ့ပါတယ်။ ဇာတ်လမ်းကတော့ မကောင်းဆိုးဝါးဘုရင် အကြောင်းကို ဟာသဆန်ဆန် ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲ့ဒီမကောင်းဆိုးဝါးဘုရင်နဲ့ သူ့ရဲ့လက်အောက်ငယ်သားတို့ဟာ အကြောင်းတစ်မျိူးမျိူးကြောင့် ယနေ့ခေတ် တိုကျိုမြို့ကို ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ ပြန်သွားဖို့အတွက် မှော်အစွမ်းမရှိတော့ဘဲ စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်း အလုပ်လုပ်ရပါတော့တယ်။

(5) Grand Blue
photo via imdb

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.7) ရထားပါတယ်။ ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားတစ်ယောက်ဟာ ပင်လယ်ကမ်းခြေမြို့လေးမှာ ကျောင်းတက်ဖို့အတွက် လာရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သူငယ်ချင်းအသစ်တွေ ရသွားပြီးတော့ အပိုင်းတိုင်းမှာ ပါးစပ်မပိတ်ရအောင်ကို ရီရမယ့် ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။

(4) Monthly Girls’ Nozaki-kun
photo via cbr

ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.7) ရခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Chiyo Sakura ဆိုတဲ့အထက်တန်းကျောင်းသူ တစ်ယောက်ဟာ သူ့ရဲ့အတန်းဖော်ဖြစ်သူ Umetarou Nozaki ကို တစ်ဖက်သတ်ချစ် နေခဲ့ပါတယ်။ သူမဟာ သူ့ကိုချစ်နေတဲ့အကြောင်းကို သွားပြီး ဝန်ခံလိုက်တဲ့အချိန်မှာတော့ Nozaki ဟာ ပရိသတ်တစ်ယောက်လို့ ထင်မှတ်ပြီး လက်မှတ်ထိုးပေးလိုက်ပါတယ်။ သူမဟာ သူနဲ့အမြဲအတူတူ ရှိနေချင်ပါတယ်လို့ ပြောလိုက်တဲ့အခါမှာတော့……။

(3) My Ordinary Life
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (8.3) ရထားပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းသားကျောင်းသူတစ်စုဟာ ပုံမှန်ဘဝနဲ့ပဲ နေထိုင်နေကြပြီးတော့ နေ့ရက်တိုင်းကို ပုံမှန်အတိုင်း ဖြတ်သန်းနေကြပါတယ်။ ဒါပေမယ့်လည်း တစ်နေ့မှာတော့ သူတို့ဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို ကြုံတွေ့ရပြီးတော့ အရာအားလုံးဟာ ပြောင်းလဲသွားပါတော့တယ်။

(2) The Disastrous Life of Saiki K
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (8.3) ရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Saiki Kusuo ဆိုတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ အကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ သူဟာ သာမန်လူတစ်ယောက် မဟုတ်ဘဲ စိတ်စွမ်းအားတွေကို ပိုင်ဆိုင်ထားပေမယ့်လည်း သူ့ရဲ့စွမ်းအားတွေကို လျှို့ဝှက်ထားပြီးတော့ သာမန်ကျောင်းသားတစ်ယောက်လိုမျိူး နေထိုင်ဖို့ ကြိုးစားနေပါတယ်။

(1) Gintama
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.6) ရထားပါတယ်။ Alternate timeline တစ်ခုမှာ ဂျပန်နိုင်ငံဟာ ဂြိုဟ်သားတွေ အုပ်စိုးတာကို ခံနေရပါတယ်။ အဲ့ဒီအချိန်မှာတော့ ဆာမူရိုင်းတစ်ယောက်နဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာ အသက်မွေးဝမ်းကြောင်းအတွက် ကြုံရာကျပန်းအလုပ်တွေကို လုပ်နေရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ပေါ့ပေါ့ပါးပါး ရီရီမောမောနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ခု ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Anime ေတြဟာ ကြဲထြက္ေနတဲ့ ကိုယ္ပိုင္ဟန္နဲ႔ တစ္ကမာၻလုံးက ပရိသတ္ေတြကို ဆြဲေဆာင္ထားႏိုင္ပါတယ္။ anime လို႔ ေျပာလိုက္ရင္ အက္ရွင္ ၊ ဟာသ ၊ slice of life ၊ horror စသျဖင့္ အမ်ိဳးအစား အမ်ားႀကီး ရွိတာကို သိထားၾကမွာပါ။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ေပါ့ေပါ့ပါးပါးနဲ႔ ရီရီေမာေမာ ၾကည့္ရႈခ်င္တဲ့သူေတြအတြက္ ဟာသ anime ဇာတ္လမ္းတြဲေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Cells at Work!
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (7.6) ရထားပါတယ္။ ဒီ anime ဟာ ပုံမွန္နဲ႔မတူဘဲ အနည္းငယ္ထူးျခားေနတဲ့ ဟာသဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္မွာ ဆဲလ္ေပါင္း ခန႔္မွန္းေခ် (၃၇) ႀတီလ်ံေလာက္ ရွိေနၿပီးေတာ့ အဲ့ဒီဆဲလ္ေတြ အကုန္လုံးဟာ ေန႔တိုင္း အလုပ္ႀကိဳးစား ေနရပါတယ္။ ဇာတ္လမ္းကေတာ့ အဲ့ဒီဆဲလ္ေတြကို ဇာတ္ေကာင္ပုံစံေတြ ဖန္တီးၿပီးေတာ့ သူတို႔ရဲ႕ ဇာတ္လမ္းကို ပုံေဖာ္ထားတာ ျဖစ္ပါတယ္။

(6) The Devil is a Part-Timer!
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ ခုႏွစ္မွာ  ထြက္ခဲ့တာျဖစ္ၿပီး IMDb (7.7) ရခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ မေကာင္းဆိုးဝါးဘုရင္ အေၾကာင္းကို ဟာသဆန္ဆန္ ဖန္တီးထားတာ ျဖစ္ပါတယ္။ အဲ့ဒီမေကာင္းဆိုးဝါးဘုရင္နဲ႔ သူ႔ရဲ႕လက္ေအာက္ငယ္သားတို႔ဟာ အေၾကာင္းတစ္မ်ိဴးမ်ိဴးေၾကာင့္ ယေန႔ေခတ္ တိုက်ိဳၿမိဳ႕ကို ေရာက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာ ျပန္သြားဖို႔အတြက္ ေမွာ္အစြမ္းမရွိေတာ့ဘဲ စားေသာက္ဆိုင္တစ္ခုမွာ အခ်ိန္ပိုင္း အလုပ္လုပ္ရပါေတာ့တယ္။

(5) Grand Blue
photo via imdb

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.7) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ ေကာလိပ္ေက်ာင္းသားတစ္ေယာက္ဟာ ပင္လယ္ကမ္းေျခၿမိဳ႕ေလးမွာ ေက်ာင္းတက္ဖို႔အတြက္ လာေရာက္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ သူငယ္ခ်င္းအသစ္ေတြ ရသြားၿပီးေတာ့ အပိုင္းတိုင္းမွာ ပါးစပ္မပိတ္ရေအာင္ကို ရီရမယ့္ ဇာတ္လမ္းတြဲေလး ျဖစ္ပါတယ္။

(4) Monthly Girls’ Nozaki-kun
photo via cbr

ဒီဇာတ္လမ္းတြဲဟာ ၂၀၁၄ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.7) ရခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ Chiyo Sakura ဆိုတဲ့အထက္တန္းေက်ာင္းသူ တစ္ေယာက္ဟာ သူ႔ရဲ႕အတန္းေဖာ္ျဖစ္သူ Umetarou Nozaki ကို တစ္ဖက္သတ္ခ်စ္ ေနခဲ့ပါတယ္။ သူမဟာ သူ႔ကိုခ်စ္ေနတဲ့အေၾကာင္းကို သြားၿပီး ဝန္ခံလိုက္တဲ့အခ်ိန္မွာေတာ့ Nozaki ဟာ ပရိသတ္တစ္ေယာက္လို႔ ထင္မွတ္ၿပီး လက္မွတ္ထိုးေပးလိုက္ပါတယ္။ သူမဟာ သူနဲ႔အၿမဲအတူတူ ရွိေနခ်င္ပါတယ္လို႔ ေျပာလိုက္တဲ့အခါမွာေတာ့……။

(3) My Ordinary Life
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.3) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ ေက်ာင္းသားေက်ာင္းသူတစ္စုဟာ ပုံမွန္ဘဝနဲ႔ပဲ ေနထိုင္ေနၾကၿပီးေတာ့ ေန႔ရက္တိုင္းကို ပုံမွန္အတိုင္း ျဖတ္သန္းေနၾကပါတယ္။ ဒါေပမယ့္လည္း တစ္ေန႔မွာေတာ့ သူတို႔ဟာ ပုံမွန္မဟုတ္တဲ့ အေျခအေနတစ္ခုကို ႀကဳံေတြ႕ရၿပီးေတာ့ အရာအားလုံးဟာ ေျပာင္းလဲသြားပါေတာ့တယ္။

(2) The Disastrous Life of Saiki K
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.3) ရရွိခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ Saiki Kusuo ဆိုတဲ့ အထက္တန္းေက်ာင္းသားတစ္ေယာက္ရဲ႕ အေၾကာင္းကို ပုံေဖာ္ထားတာ ျဖစ္ပါတယ္။ သူဟာ သာမန္လူတစ္ေယာက္ မဟုတ္ဘဲ စိတ္စြမ္းအားေတြကို ပိုင္ဆိုင္ထားေပမယ့္လည္း သူ႔ရဲ႕စြမ္းအားေတြကို လွ်ိဳ႕ဝွက္ထားၿပီးေတာ့ သာမန္ေက်ာင္းသားတစ္ေယာက္လိုမ်ိဴး ေနထိုင္ဖို႔ ႀကိဳးစားေနပါတယ္။

(1) Gintama
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၆ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.6) ရထားပါတယ္။ Alternate timeline တစ္ခုမွာ ဂ်ပန္ႏိုင္ငံဟာ ၿဂိဳဟ္သားေတြ အုပ္စိုးတာကို ခံေနရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ဆာမူ႐ိုင္းတစ္ေယာက္နဲ႔ သူ႔ရဲ႕သူငယ္ခ်င္းေတြဟာ အသက္ေမြးဝမ္းေၾကာင္းအတြက္ ႀကဳံရာက်ပန္းအလုပ္ေတြကို လုပ္ေနရပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ေပါ့ေပါ့ပါးပါး ရီရီေမာေမာနဲ႔ ၾကည့္ရႈရမယ့္ ဇာတ္လမ္းေလးတစ္ခု ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular