HomeAnimeAnime ဇာတ်လမ်းတွဲအများစုမှာ တူညီစွာ တွေ့ရလေ့ရှိတဲ့ စိတ်ဝင်စားစရာများ 

Anime ဇာတ်လမ်းတွဲအများစုမှာ တူညီစွာ တွေ့ရလေ့ရှိတဲ့ စိတ်ဝင်စားစရာများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime ဇာတ်လမ်းတွဲတွေဟာ တစ်ကမ္ဘာလုံးမှာ အောင်မြင်လာတာနဲ့အမျှ entertainment အစီအစဉ်တွေထဲမှာလည်း အဓိက နေရာကနေ ပါဝင်လာခဲ့ပါတယ်။ Naruto နဲ့ Dragon Ball တို့လို နိုင်ငံတကာထိ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ anime စီးရီးတွေရဲ့ အရှိန်အဝါကြောင့် အခုနောက်ပိုင်းမှာ ထွက်ရှိလာတဲ့ My Hero Academia နဲ့ Demon Slayer တို့လို ဇာတ်လမ်းတွဲအသစ်တွေဟာလည်း အရှေ့က နာမည်ကြီးဇာတ်လမ်းတွဲတွေကို အနည်းငယ် မှီငြမ်းလာတာမျိူးတွေ ရှိပါတယ်။ ခေတ်အဆက်ဆက် ရပ်တည်လာခဲ့ကြတဲ့ anime တွေမှာ တစ်ခုနဲ့တစ်ခု ဇာတ်လမ်း၊ ဇာတ်အိမ်၊ တင်ဆက်ပုံတွေသာ မတူညီကြပေမယ့် အများစုမှာ ဘုံအနေနဲ့ ပါဝင်ကြတဲ့ အရာလေးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ anime ဇာတ်လမ်းတွဲအများစုမှာ တူညီစွာ တွေ့ရတတ်တဲ့ စိတ်ဝင်စားစရာတွေကို ဖော်ပြပေးချင်ပါတယ်။

(8) Tsundere
photo via cbr

Tsundere ဆိုတာကတော့ anime ဇာတ်လမ်းတွဲတွေမှာ ပါဝင်တတ်တဲ့ ဇာတ်ကောင်အမျိူးအစားတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့တွေကတော့ အပြင်ပန်းက ကြည့်လိုက်ရင် ကြမ်းကြမ်းတမ်းတမ်း ပုံစံဖြစ်နေပေမယ့်လည်း သူတို့ရဲ့ တကယ့်အတွင်းစိတ်ကတော့ လုံးဝကို တစ်ခြားဆီ ဖြစ်ပါတယ်။ သူတို့ရဲ့ တကယ့်စိတ်ရင်းကတော့ ကြင်နာတတ်ပြီး ချစ်ခင်တတ်သူတွေ ဖြစ်ပေမယ့်လည်း အဲ့ဒီခံစားချက်တွေကို ဖုံးကွယ်ထားပြီး အပြင်ပန်းမှာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်သူတွေလည်း ဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ချစ်တတ်တဲ့ လူတွေနဲ့ဆိုရင် ပိုပြီးတော့ သူတို့ရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားတတ်ပါတယ်။

(7) ကြမ်းတမ်းတဲ့ လေ့ကျင့်ရေးများ
photo via cbr

အက်ရှင် anime တိုင်းမှာ အဓိကဇာတ်ကောင်တွေဟာ အရမ်းကြမ်းတမ်းတဲ့ ဗီလိန်တွေနဲ့ တိုက်ခိုက်ဖို့အတွက် လေ့ကျင့်ရေး ပြုလုပ်တဲ့အခန်းတွေ အနည်းနဲ့အများတော့ ပါကြပါတယ်။ အဲ့ဒီအချိန်မျိုးမှာ သူတို့ကို သင်ကြားပေးမယ့် ဆရာဟာ သူ့ရဲ့လေ့ကျင့်ရေးတွေဟာ ဘယ်လောက်ထိ ခက်ခဲကြောင်းနဲ့ ဘယ်သူကမှ အချိန်တိုလေးအတွင်းမှာ တတ်မြောက်သွားတာ မရှိကြောင်းကို အရင်ဆုံး ပြသပါတယ်။

များသောအားဖြင့် အဲ့လိုအချိန်တွေမှာ အဓိကဇာတ်ကောင်တွေဟာ အကြောင်းတစ်ခုခုကြောင့် အချိန်အများကြီးမရှိဘဲ အချိန်တိုလေးအတွင်းမှာ သင်ယူရမယ့်အရာတွေ အားလုံးကို တတ်မြောက်သွားအောင် လေ့ကျင့်ရမှာပဲ ဖြစ်ပါတယ်။ အများအားဖြင့်တော့ အဲ့လိုအချိန်တိုလေးတွင်းမှာပဲ ဇာတ်ကောင်တွေဟာ သင်ယူစရာရှိတာတွေအားလုံးကို တတ်မြောက်သွားကြပါတယ်။

(6) အားနည်းတဲ့ ဇာတ်ကောင်များ
photo via cbr

Anime အများစုမှာ အားနည်းတဲ့ ဇာတ်ကောင်တွေ ထည့်သွင်းလေ့ရှိပြီးတော့ အဲ့လိုဇာတ်ကောင်တွေဟာ ယောကျာ်းလေးလည်း ဖြစ်နိုင်သလို မိန်းကလေးလည်း ဖြစ်နိုင်ပါတယ်။ အဲ့လိုဇာတ်ကောင်တွေကတော့ ပရိသတ်တွေကို စမိတ်ဆက်တဲ့အချိန်မှာ ဘယ်နေရာမှ သုံးစားမရသလိုမျိူး ဖန်တီးခဲ့ပြီး နောက်ပိုင်းမှာမှ တဖြည်းဖြည်းနဲ့ သူတို့ဟာလည်း သူတို့ရဲ့ကျွမ်းကျင်မှုတစ်ခုခုနဲ့ အသုံးဝင်လာတာကို ပြသလေ့ရှိပါတယ်။

ဒါပေမယ့်လည်း အဲ့လိုဇာတ်ကောင်တွေဟာ နောက်ပိုင်းမှာ ဘယ်လောက်ပဲ သန်မာလာပါစေ၊ အဓိကဗီလိန်တွေထက်တော့ ပိုပြီး အားနည်းနေတတ်ပါတယ်။ ဒီလိုဖန်တီးရတဲ့ အကြောင်းကတော့ အဲ့လိုဇာတ်ကောင်ဟာ အရမ်းကြမ်းတမ်းတဲ့ ဗီလိန်နဲ့ တိုက်ခိုက်ပြီး ဒုက္ခရောက်နေတဲ့အချိန်ကျမှ အဓိကဇာတ်ကောင်က ဝင်ရောက်ကယ်တင်ပြီး ဟီးရိုးလုပ်နိုင်မှာ ဖြစ်လို့ပါပဲ။

(5) Oppai
photo via cbr

ဒီစကားလုံးကိုတော့ မသိရင်တောင် မြင်ဖူးကြမယ်လို့ ထင်ပါတယ်။ anime ကို အမြဲတမ်း ကြည့်နေကြတဲ့ လူတွေကတော့ သိကြမှာဖြစ်ပြီး မသိတဲ့လူတွေကတော့ နီးစပ်ရာ သူငယ်ချင်းတွေကို မေးကြည့်ပါ။ Anime တွေ တော်တော်များများမှာ မိန်းကလေးဇာတ်ကောင်တွေကို ဖန်တီးကြတဲ့အခါမှာ Oppai ကို ခပ်ကြီးကြီးတွေနဲ့ ဖန်တီးတတ်ကြပါတယ်။

ဒါ့အပြင် လက်တွေ့ဆန်ဆန်၊ မဆန်ဆန် သူတို့ဝတ်ထားတဲ့ အဝတ်အစားတွေကိုလည်း တော်တော်လေး မြင်သာထင်သာရှိအောင် ဖန်တီးထားကြပါတယ်။ ဥပမာ သံချပ်ကာဝတ်စုံကြီးကို နေရာတော်တော်များများ ဖော်ထားတဲ့ပုံစံမျိူးတွေပဲ ဖြစ်ပါတယ်။ ဒီအချက်ကလည်း anime တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

(4) အဓိကဇာတ်ကောင်တွေမှာ မိဘအစုံအလင် မရှိကြပါဘူး။
photo via cbr

ဒီအချက်ကတော့ လုံးဝကို မေ့ထားလို့မရတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ anime အများစုရဲ့ အဓိကဇာတ်ကောင်တွေမှာ မိဘအစုံအလင် မရှိတတ်ကြပါဘူး။ အဓိကဇာတ်ကောင်မှာ မိဘအစုံအလင်ရှိတဲ့ anime ဆယ်ခုလောက် ပြောပြပါဆိုရင် သေချာပေါက်ကို တိုင်ပတ်နေပါလိမ့်မယ်။

Midoriya လိုမျိူး မိဘတစ်ယောက်ရှိတဲ့ အဓိကဇာတ်ကောင်တွေတော့ ရှိပေမယ့် မိဘအစုံအလင်ရှိတဲ့ အဓိကဇာတ်ကောင်တွေကတော့ တော်တော်ကို ရှားပါတယ်။ သေဆုံးသွားတဲ့ မိဘတွေလည်း ရှိကြတဲ့အပြင် Hunter x Hunter ထဲကလို မိဘတာဝန်မကျေတဲ့ မိဘတွေလည်း ရှိပါတယ်။ Hunter x Hunter ထဲက Gon ဆိုရင်လည်း သူ့ရဲ့အဖေဖြစ်သူ Ging က ငယ်ငယ်ကတည်းက ပစ်ထားတာခံခဲ့ရပြီး Gon ကတော့ အသက်အန္တရာယ်တွေကိုတောင် ဂရုမစိုက်ဘဲ သူ့ရဲ့အဖေကို တွေ့ဆုံဖို့အတွက် စွန့်စားခဲ့ရပါတယ်။

(3) ဝမ်းနည်းဖို့ကောင်းတဲ့ Flashback
photo via cbr

Anime တိုင်းလိုလိုမှာတော့ ဝမ်းနည်းဖို့ကောင်းတဲ့ Flashback တွေ ပါဝင်လေ့ရှိပါတယ်။ အထူးသဖြင့် ပရိသတ်တွေ လုံးဝ စိတ်ဝင်စားနေတဲ့ တိုက်ပွဲမစခင်၊ စိတ်ဝင်စားဖို့ကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို မဖော်ထုတ်ခင်နဲ့ ဇာတ်ကောင်အသစ်ကို မိတ်ဆက်တဲ့အချိန်တွေမှာ ဝမ်းနည်းဖို့ကောင်းတဲ့ Flashback တွေ ပါဝင်လေ့ရှိပါတယ်။ အကယ်၍ အဓိကဇာတ်ကောင်နဲ့ အရမ်းကြမ်းတဲ့ ဗီလိန်တစ်ယောက်နဲ့ တိုက်ခိုက်နေတဲ့အချိန်ဆိုရင် အဲ့ဒီဗီလိန်ရဲ့ ဝမ်းနည်းဖို့ကောင်းတဲ့ အတိတ်ကို ပရိသတ်တွေကို ချပြခဲ့ပြီး ဘယ်လိုမျိူး ဝမ်းနည်းဖို့ကောင်းတဲ့ အကြောင်းတွေကြောင့် အခုလိုမျိူး ဗီလိန်ဖြစ်လာခဲ့တာလည်း ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(2) စကားများတဲ့ ဗီလိန်များ
photo via cbr

အဓိကဇာတ်ကောင်တွေဟာ သိပ်ကို ကြမ်းတမ်းတဲ့ ဗီလိန်တွေနဲ့ တိုက်ခိုက်ကြပြီး နောက်ပိုင်းမှာတော့ ဗီလိန်တွေဟာ အသာစီးရသွားတတ်ကြပါတယ်။ အဲ့လိုအချိန်မှာဆိုရင် အဓိကဇာတ်ကောင်တွေကို ဗီလိန်တွေဟာ အလွယ်လေးအနိုင်ယူလိုက်လို့ ရပေမယ့်လည်း သူတို့ဟာ အဲ့လိုအခြေအနေကို အခွင့်အရေး မယူတတ်ကြပါဘူး။ အဲ့လိုအချိန်တွေမှာ အဓိကဇာတ်ကောင်တွေကို အနိုင်ယူလိုက်မယ့်အစား ဗီလိန်တွေဟာ စကားတွေပြောပြီးတော့ တစ်ခြားတစ်ယောက်ယောက် လာကယ်ဖို့အတွက် အချိန်ဆွဲပေးနေသလို လုပ်တတ်ကြပါတယ်။ ဒါကတော့ anime တွေ တော်တော်များများမှာ တွေ့ရတတ်တဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

(1) လျှို့ဝှက်စွမ်းအားများ
photo via cbr

အဓိကဇာတ်ကောင်ဟာ ဗီလန်တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ရတဲ့အခါမျိုးမှာ တဖြည်းဖြည်းနဲ့ ဇာတ်လိုက်ဟာ သိပ်ကို ပင်ပန်းပြီး ရှုံးလုနီးနီး ဖြစ်နေတတ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ဗီလိန်တွေဟာ အပေါ်မှာ ဖော်ပြခဲ့သလို စကားများနေကြပြီး ဟီးရိုးတွေကတော့ အဲ့လိုအချိန်မှာ ဝမ်းနည်းဖို့ကောင်းတဲ့ Flashback တွေနဲ့အတူ သူတို့ရဲ့တာဝန်ဟာ ဘာလည်းဆိုတာကို သတိရသွားတတ်ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ဇာတ်လိုက်တွေဟာ သူတို့ရဲ့နောက်ဆုံးလက်ကျန် အင်အားနဲ့ တိုက်ခိုက်ကြပြီး အချိန်ကိုက်ဆိုသလိုပဲ လျှို့ဝှက်စွမ်းအားတစ်ခုခုကို သူ့အလိုလို အသုံးပြုတတ်သွားတာကိုလည်း မြင်တွေ့ရတတ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Anime ဇာတ္လမ္းတြဲေတြဟာ တစ္ကမာၻလုံးမွာ ေအာင္ျမင္လာတာနဲ႔အမွ် entertainment အစီအစဥ္ေတြထဲမွာလည္း အဓိက ေနရာကေန ပါဝင္လာခဲ့ပါတယ္။ Naruto နဲ႔ Dragon Ball တို႔လို ႏိုင္ငံတကာထိ ပရိသတ္အခိုင္အမာ ရရွိထားတဲ့ anime စီးရီးေတြရဲ႕ အရွိန္အဝါေၾကာင့္ အခုေနာက္ပိုင္းမွာ ထြက္ရွိလာတဲ့ My Hero Academia နဲ႔ Demon Slayer တို႔လို ဇာတ္လမ္းတြဲအသစ္ေတြဟာလည္း အေရွ႕က နာမည္ႀကီးဇာတ္လမ္းတြဲေတြကို အနည္းငယ္ မွီျငမ္းလာတာမ်ိဴးေတြ ရွိပါတယ္။ ေခတ္အဆက္ဆက္ ရပ္တည္လာခဲ့ၾကတဲ့ anime ေတြမွာ တစ္ခုနဲ႔တစ္ခု ဇာတ္လမ္း၊ ဇာတ္အိမ္၊ တင္ဆက္ပုံေတြသာ မတူညီၾကေပမယ့္ အမ်ားစုမွာ ဘုံအေနနဲ႔ ပါဝင္ၾကတဲ့ အရာေလးေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ anime ဇာတ္လမ္းတြဲအမ်ားစုမွာ တူညီစြာ ေတြ႕ရတတ္တဲ့ စိတ္ဝင္စားစရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(8) Tsundere
photo via cbr

Tsundere ဆိုတာကေတာ့ anime ဇာတ္လမ္းတြဲေတြမွာ ပါဝင္တတ္တဲ့ ဇာတ္ေကာင္အမ်ိဴးအစားတစ္ခုပဲ ျဖစ္ပါတယ္။ သူတို႔ေတြကေတာ့ အျပင္ပန္းက ၾကည့္လိုက္ရင္ ၾကမ္းၾကမ္းတမ္းတမ္း ပုံစံျဖစ္ေနေပမယ့္လည္း သူတို႔ရဲ႕ တကယ့္အတြင္းစိတ္ကေတာ့ လုံးဝကို တစ္ျခားဆီ ျဖစ္ပါတယ္။ သူတို႔ရဲ႕ တကယ့္စိတ္ရင္းကေတာ့ ၾကင္နာတတ္ၿပီး ခ်စ္ခင္တတ္သူေတြ ျဖစ္ေပမယ့္လည္း အဲ့ဒီခံစားခ်က္ေတြကို ဖုံးကြယ္ထားၿပီး အျပင္ပန္းမွာ ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံတတ္သူေတြလည္း ျဖစ္ပါတယ္။ အထူးသျဖင့္ သူတို႔ခ်စ္တတ္တဲ့ လူေတြနဲ႔ဆိုရင္ ပိုၿပီးေတာ့ သူတို႔ရဲ႕ခံစားခ်က္ေတြကို ဖုံးကြယ္ထားတတ္ပါတယ္။

(7) ၾကမ္းတမ္းတဲ့ ေလ့က်င့္ေရးမ်ား
photo via cbr

အက္ရွင္ anime တိုင္းမွာ အဓိကဇာတ္ေကာင္ေတြဟာ အရမ္းၾကမ္းတမ္းတဲ့ ဗီလိန္ေတြနဲ႔ တိုက္ခိုက္ဖို႔အတြက္ ေလ့က်င့္ေရး ျပဳလုပ္တဲ့အခန္းေတြ အနည္းနဲ႔အမ်ားေတာ့ ပါၾကပါတယ္။ အဲ့ဒီအခ်ိန္မ်ိဳးမွာ သူတို႔ကို သင္ၾကားေပးမယ့္ ဆရာဟာ သူ႔ရဲ႕ေလ့က်င့္ေရးေတြဟာ ဘယ္ေလာက္ထိ ခက္ခဲေၾကာင္းနဲ႔ ဘယ္သူကမွ အခ်ိန္တိုေလးအတြင္းမွာ တတ္ေျမာက္သြားတာ မရွိေၾကာင္းကို အရင္ဆုံး ျပသပါတယ္။

မ်ားေသာအားျဖင့္ အဲ့လိုအခ်ိန္ေတြမွာ အဓိကဇာတ္ေကာင္ေတြဟာ အေၾကာင္းတစ္ခုခုေၾကာင့္ အခ်ိန္အမ်ားႀကီးမရွိဘဲ အခ်ိန္တိုေလးအတြင္းမွာ သင္ယူရမယ့္အရာေတြ အားလုံးကို တတ္ေျမာက္သြားေအာင္ ေလ့က်င့္ရမွာပဲ ျဖစ္ပါတယ္။ အမ်ားအားျဖင့္ေတာ့ အဲ့လိုအခ်ိန္တိုေလးတြင္းမွာပဲ ဇာတ္ေကာင္ေတြဟာ သင္ယူစရာရွိတာေတြအားလုံးကို တတ္ေျမာက္သြားၾကပါတယ္။

(6) အားနည္းတဲ့ ဇာတ္ေကာင္မ်ား
photo via cbr

Anime အမ်ားစုမွာ အားနည္းတဲ့ ဇာတ္ေကာင္ေတြ ထည့္သြင္းေလ့ရွိၿပီးေတာ့ အဲ့လိုဇာတ္ေကာင္ေတြဟာ ေယာက်ာ္းေလးလည္း ျဖစ္ႏိုင္သလို မိန္းကေလးလည္း ျဖစ္ႏိုင္ပါတယ္။ အဲ့လိုဇာတ္ေကာင္ေတြကေတာ့ ပရိသတ္ေတြကို စမိတ္ဆက္တဲ့အခ်ိန္မွာ ဘယ္ေနရာမွ သုံးစားမရသလိုမ်ိဴး ဖန္တီးခဲ့ၿပီး ေနာက္ပိုင္းမွာမွ တျဖည္းျဖည္းနဲ႔ သူတို႔ဟာလည္း သူတို႔ရဲ႕ကြၽမ္းက်င္မႈတစ္ခုခုနဲ႔ အသုံးဝင္လာတာကို ျပသေလ့ရွိပါတယ္။

ဒါေပမယ့္လည္း အဲ့လိုဇာတ္ေကာင္ေတြဟာ ေနာက္ပိုင္းမွာ ဘယ္ေလာက္ပဲ သန္မာလာပါေစ၊ အဓိကဗီလိန္ေတြထက္ေတာ့ ပိုၿပီး အားနည္းေနတတ္ပါတယ္။ ဒီလိုဖန္တီးရတဲ့ အေၾကာင္းကေတာ့ အဲ့လိုဇာတ္ေကာင္ဟာ အရမ္းၾကမ္းတမ္းတဲ့ ဗီလိန္နဲ႔ တိုက္ခိုက္ၿပီး ဒုကၡေရာက္ေနတဲ့အခ်ိန္က်မွ အဓိကဇာတ္ေကာင္က ဝင္ေရာက္ကယ္တင္ၿပီး ဟီး႐ိုးလုပ္ႏိုင္မွာ ျဖစ္လို႔ပါပဲ။

(5) Oppai
photo via cbr

ဒီစကားလုံးကိုေတာ့ မသိရင္ေတာင္ ျမင္ဖူးၾကမယ္လို႔ ထင္ပါတယ္။ anime ကို အၿမဲတမ္း ၾကည့္ေနၾကတဲ့ လူေတြကေတာ့ သိၾကမွာျဖစ္ၿပီး မသိတဲ့လူေတြကေတာ့ နီးစပ္ရာ သူငယ္ခ်င္းေတြကို ေမးၾကည့္ပါ။ Anime ေတြ ေတာ္ေတာ္မ်ားမ်ားမွာ မိန္းကေလးဇာတ္ေကာင္ေတြကို ဖန္တီးၾကတဲ့အခါမွာ Oppai ကို ခပ္ႀကီးႀကီးေတြနဲ႔ ဖန္တီးတတ္ၾကပါတယ္။

ဒါ့အျပင္ လက္ေတြ႕ဆန္ဆန္၊ မဆန္ဆန္ သူတို႔ဝတ္ထားတဲ့ အဝတ္အစားေတြကိုလည္း ေတာ္ေတာ္ေလး ျမင္သာထင္သာရွိေအာင္ ဖန္တီးထားၾကပါတယ္။ ဥပမာ သံခ်ပ္ကာဝတ္စုံႀကီးကို ေနရာေတာ္ေတာ္မ်ားမ်ား ေဖာ္ထားတဲ့ပုံစံမ်ိဴးေတြပဲ ျဖစ္ပါတယ္။ ဒီအခ်က္ကလည္း anime တိုင္းမွာ မရွိမျဖစ္လိုအပ္တဲ့ အခ်က္တစ္ခုပဲ ျဖစ္ပါတယ္။

(4) အဓိကဇာတ္ေကာင္ေတြမွာ မိဘအစုံအလင္ မရွိၾကပါဘူး။
photo via cbr

ဒီအခ်က္ကေတာ့ လုံးဝကို ေမ့ထားလို႔မရတဲ့ အခ်က္တစ္ခ်က္ ျဖစ္ပါတယ္။ anime အမ်ားစုရဲ႕ အဓိကဇာတ္ေကာင္ေတြမွာ မိဘအစုံအလင္ မရွိတတ္ၾကပါဘူး။ အဓိကဇာတ္ေကာင္မွာ မိဘအစုံအလင္ရွိတဲ့ anime ဆယ္ခုေလာက္ ေျပာျပပါဆိုရင္ ေသခ်ာေပါက္ကို တိုင္ပတ္ေနပါလိမ့္မယ္။

Midoriya လိုမ်ိဴး မိဘတစ္ေယာက္ရွိတဲ့ အဓိကဇာတ္ေကာင္ေတြေတာ့ ရွိေပမယ့္ မိဘအစုံအလင္ရွိတဲ့ အဓိကဇာတ္ေကာင္ေတြကေတာ့ ေတာ္ေတာ္ကို ရွားပါတယ္။ ေသဆုံးသြားတဲ့ မိဘေတြလည္း ရွိၾကတဲ့အျပင္ Hunter x Hunter ထဲကလို မိဘတာဝန္မေက်တဲ့ မိဘေတြလည္း ရွိပါတယ္။ Hunter x Hunter ထဲက Gon ဆိုရင္လည္း သူ႔ရဲ႕အေဖျဖစ္သူ Ging က ငယ္ငယ္ကတည္းက ပစ္ထားတာခံခဲ့ရၿပီး Gon ကေတာ့ အသက္အႏၲရာယ္ေတြကိုေတာင္ ဂ႐ုမစိုက္ဘဲ သူ႔ရဲ႕အေဖကို ေတြ႕ဆုံဖို႔အတြက္ စြန႔္စားခဲ့ရပါတယ္။

(3) ဝမ္းနည္းဖို႔ေကာင္းတဲ့ Flashback
photo via cbr

Anime တိုင္းလိုလိုမွာေတာ့ ဝမ္းနည္းဖို႔ေကာင္းတဲ့ Flashback ေတြ ပါဝင္ေလ့ရွိပါတယ္။ အထူးသျဖင့္ ပရိသတ္ေတြ လုံးဝ စိတ္ဝင္စားေနတဲ့ တိုက္ပြဲမစခင္၊ စိတ္ဝင္စားဖို႔ေကာင္းတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုကို မေဖာ္ထုတ္ခင္နဲ႔ ဇာတ္ေကာင္အသစ္ကို မိတ္ဆက္တဲ့အခ်ိန္ေတြမွာ ဝမ္းနည္းဖို႔ေကာင္းတဲ့ Flashback ေတြ ပါဝင္ေလ့ရွိပါတယ္။ အကယ္၍ အဓိကဇာတ္ေကာင္နဲ႔ အရမ္းၾကမ္းတဲ့ ဗီလိန္တစ္ေယာက္နဲ႔ တိုက္ခိုက္ေနတဲ့အခ်ိန္ဆိုရင္ အဲ့ဒီဗီလိန္ရဲ႕ ဝမ္းနည္းဖို႔ေကာင္းတဲ့ အတိတ္ကို ပရိသတ္ေတြကို ခ်ျပခဲ့ၿပီး ဘယ္လိုမ်ိဴး ဝမ္းနည္းဖို႔ေကာင္းတဲ့ အေၾကာင္းေတြေၾကာင့္ အခုလိုမ်ိဴး ဗီလိန္ျဖစ္လာခဲ့တာလည္း ဆိုတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(2) စကားမ်ားတဲ့ ဗီလိန္မ်ား
photo via cbr

အဓိကဇာတ္ေကာင္ေတြဟာ သိပ္ကို ၾကမ္းတမ္းတဲ့ ဗီလိန္ေတြနဲ႔ တိုက္ခိုက္ၾကၿပီး ေနာက္ပိုင္းမွာေတာ့ ဗီလိန္ေတြဟာ အသာစီးရသြားတတ္ၾကပါတယ္။ အဲ့လိုအခ်ိန္မွာဆိုရင္ အဓိကဇာတ္ေကာင္ေတြကို ဗီလိန္ေတြဟာ အလြယ္ေလးအႏိုင္ယူလိုက္လို႔ ရေပမယ့္လည္း သူတို႔ဟာ အဲ့လိုအေျခအေနကို အခြင့္အေရး မယူတတ္ၾကပါဘူး။ အဲ့လိုအခ်ိန္ေတြမွာ အဓိကဇာတ္ေကာင္ေတြကို အႏိုင္ယူလိုက္မယ့္အစား ဗီလိန္ေတြဟာ စကားေတြေျပာၿပီးေတာ့ တစ္ျခားတစ္ေယာက္ေယာက္ လာကယ္ဖို႔အတြက္ အခ်ိန္ဆြဲေပးေနသလို လုပ္တတ္ၾကပါတယ္။ ဒါကေတာ့ anime ေတြ ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရတတ္တဲ့ အခ်က္တစ္ခုပဲ ျဖစ္ပါတယ္။

(1) လွ်ိဳ႕ဝွက္စြမ္းအားမ်ား
photo via cbr

အဓိကဇာတ္ေကာင္ဟာ ဗီလန္တစ္ေယာက္ေယာက္နဲ႔ တိုက္ခိုက္ရတဲ့အခါမ်ိဳးမွာ တျဖည္းျဖည္းနဲ႔ ဇာတ္လိုက္ဟာ သိပ္ကို ပင္ပန္းၿပီး ရႈံးလုနီးနီး ျဖစ္ေနတတ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ဗီလိန္ေတြဟာ အေပၚမွာ ေဖာ္ျပခဲ့သလို စကားမ်ားေနၾကၿပီး ဟီး႐ိုးေတြကေတာ့ အဲ့လိုအခ်ိန္မွာ ဝမ္းနည္းဖို႔ေကာင္းတဲ့ Flashback ေတြနဲ႔အတူ သူတို႔ရဲ႕တာဝန္ဟာ ဘာလည္းဆိုတာကို သတိရသြားတတ္ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဇာတ္လိုက္ေတြဟာ သူတို႔ရဲ႕ေနာက္ဆုံးလက္က်န္ အင္အားနဲ႔ တိုက္ခိုက္ၾကၿပီး အခ်ိန္ကိုက္ဆိုသလိုပဲ လွ်ိဳ႕ဝွက္စြမ္းအားတစ္ခုခုကို သူ႔အလိုလို အသုံးျပဳတတ္သြားတာကိုလည္း ျမင္ေတြ႕ရတတ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular