HomeEntertainmentFilmမကြာခင် ရုံတင်ပြသတော့မယ့် D.O. နဲ့ Won Jin Ah တို့ရဲ့ အချစ်စိတ်ကူးယဉ်ရုပ်ရှင် Secret 

မကြာခင် ရုံတင်ပြသတော့မယ့် D.O. နဲ့ Won Jin Ah တို့ရဲ့ အချစ်စိတ်ကူးယဉ်ရုပ်ရှင် Secret 

EXO အဖွဲ့ဝင် D.O. နဲ့ Won Jin Ah တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုရီးယားရုပ်ရှင်ဇာတ်ကား Secret ကိုတော့ မကြာသေးခင်ကပဲ ရိုက်ကူးရေး ပြီးစီးသွားပြီလို့ သိရပါတယ်။

ဒီအကြောင်းကိုတော့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Hive Media Corp က မနေ့က ဖေဖော်ဝါရီလ(၇)ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ရိုက်ကူးရေး စတင်ခဲ့တဲ့ Secret ရုပ်ရှင်ဇာတ်ကားဟာ ဇန်နဝါရီလ(၂၁)ရက်နေ့မှာပဲ ရိုက်ကူးရေး ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။

Photo: kyungsoosofficial/ Instagram

Secret ရုပ်ရှင်ဇာတ်ကားကတော့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမည်တူ ထိုင်ဝမ်ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အမျိုးအစားကတော့ စိတ်ကူးယဉ် ရိုမန့်စ် ရုပ်ရှင်အမျိုးအစား ဖြစ်ပြီး စန္ဒယားတီးခတ်ရာမှာ ပါရမီထူးတဲ့ ဂီတကျောင်းသား Yoo Joon (D.O.)နဲ့ ကျောင်းဆောင်ဟောင်းတစ်ခုက ဂီတလေ့ကျင့်ခန်းထဲမှာ မှော်ဆန်တဲ့ ဂီတတေးသွားတွေကို တီးခတ်နေတတ်တဲ့ ကောင်မလေး Jung Ah (Won Jin Ah)တို့ရဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

နာမည်ကျော် Idol ၊ သရုပ်ဆောင် D.O. ကတော့ ဒီဇာတ်ကားထဲမှာ စီးပွားရေး မပြေလည်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဂီတကျောင်းသား ပါရမီရှင်စန္ဒယားတီးခတ်သူ Yoo Joon နေရာက သရုပ်ဆောင်ထားပါတယ်။ မင်းသမီး Won Jin Ah ကတော့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဂီတကျောင်းသူလေး Jung Ah နေရာက သရုပ်ဆောင်ထားပါတယ်။

Photo: j0i3n2a9/ Instagram

ဒါ့အပြင် သရုပ်ဆောင် Shin Ye Eun ကလည်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ တယောကျောင်းသူ In Hee အဖြစ် သရုပ်ဆောင်ထားပါတယ်။ In Hee ဟာ instrumental music မေဂျာရဲ့ ကျောင်းသားကိုယ်စားလှယ်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကိုတော့ Happiness ၊ April Snow ဇာတ်ကားတွေကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Seo Yoo Min က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး D.O. ကလည်း အခုလို မှတ်ချက်စကား ပြောထားပါသေးတယ်။

“တကယ်တော်တဲ့ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ အလုပ်တွဲလုပ်ခွင့် ရခဲ့တဲ့ ဒီဇာတ်ကားက ကျွန်တော့်အတွက် တကယ်ပျော်စရာကောင်းပါတယ်။ ကြည့်ရှုသူတွေအတွက်တော့ မေ့မရနိုင်တဲ့ စိတ်ခံစားချက်တွေကို ဒီရုပ်ရှင်က ပေးစွမ်းမယ်လို့ ကျွန်တော်တော့ ထင်မှတ်မိပါတယ် … ” လို့ ဆိုပါတယ်။

Photo via mydramalist

အလားတူပဲ မင်းသမီး Won Jin Ah ကလည်း “ကျွန်မကတော့ Jung Ah အဖြစ် နေထိုင်ခွင့်ရခဲ့တဲ့ အဲဒီအချိန်လေးတွေကို မေ့ဖျောက်နိုင်မယ်လို့ မထင်ပါဘူး။ ဂီတတွေရော၊ အချစ်တွေပါ အတူပါဝင်နေတဲ့ ဒီဇာတ်ကားလေးကိုလည်း စောင့်မျှော် အားပေးကြပါဦးလို့ ပြောချင်ပါတယ် … ” လို့ ဆိုထားပါတယ်။

Secret ရုပ်ရှင်ဇာတ်ကားကိုတော့ post-production အဆင့်တွေ ပြီးတာနဲ့ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Glasgow

Source: soompi

RELATED ARTICLES

Most Popular